![]()
၂၀၂၆ ခုနှစ် ၊ မြန်မာနိုင်ငံဝူရှူးအဖွဲ့ချုပ် အလုပ်အမှုဆောင်သစ် ပြန်လည်ဖွဲ့စည်း ရွေးကောက်ပွဲကျင်းပ
ရန်ကုန် ၊ ဇွန်လိုင် ၅
မြန်မာနိုင်ငံအိုလံပစ်ကော်မတီ၏လမ်းညွှန်မှု့ ဖြင့် နိုင်ငံ့ဂုဏ်ဆောင် လက်ရွေးစင် ဝူရှူးအားကစားသမားများ ပေါ်ထွက်လာစေရန်နှင့် မျိုးဆက်သစ်အားကစားလူငယ်များ ပိုမို ရရှိစေရေးအတွက် ၂၀၂၆ခုနှစ် ၊ မြန်မာနိုင်ငံဝူရှူးအဖွဲ့ချုပ် အလုပ်အမှုဆောင်သစ် ပြန်လည်ဖွဲ့စည်းခြင်းနှင့်ရွေးကောက်ပွဲကျင်းပသည့်အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ရန်ကုန်မြီု့ ၊ သင်္ဃန်ကျွန်းမြို့နယ်ရှိ Myanmar Sport Hotel ၌ ကျင်းပခဲ့သည်။
ဦးစွာမြန်မာနိုင်ငံဝူရှူးအဖွဲ့ချုပ် ဥက္ကဋ္ဌဦးသစွာ(ခ) Mr. Li Bobo က အဖွင့်အမှာစကားပြောကြာ၍ ဒုတိယဥက္ကဋ္ဌများက ရွေးချယ်ရေးကိစ္စရပ်များ ဆွေနွေးပြောကြားပြီး အထွေထွေအတွင်းရေးမှူး ဒေါ်ဆွေဆွေသန့်က မြန်မာနိုင်ငံဝူရှူးအဖွဲ့ချုပ်သမိုင်းကြောင်းနှင့် ၂၀၂၅/၂၀၂၆ခုနှစ် လုပ်ငန်းဆောင်ရွက်ချက်များ ၊ ရှေ့ဆက်လုပ်ဆောင်ရမည့်လုပ်ငန်းစဥ်များကို တင်ပြခဲ့သည်။
ယင်းနောက်တက်ရောက်လာကြသည့် ဥက္ကဋ္ဌ ၊ ဒုတိယဥက္ကဋ္ဌများ ၊ အထွေထွေအတွင်းရေးမှူး နှင့် အမှုဆောင်များက ရွေးချယ်တင်မြှောက်ခဲ့ကြသည့် ဂုဏ်ထူးဆောင်ဥက္ကဋ္ဌ (၂)ဦး ၊ ဥက္ကဋ္ဌ (၁)ဦး ၊ ဒုတိယဥက္ကဋ္ဌ (၆)ဦး ၊ အမှုဆောင် (၁၂)ဦး ၊ တွဲဖက်အတွင်းရေးမှူး (၂)ဦး နှင့်အထွေထွေအတွင်းရေးမှူး (၁)ဦး စုစုပေါင်း (၂၄)ဦး တို့ဖြင့် ရွေးကောက်ခံ၍ ပြန်လည်ဖွဲ့စည်းခဲ့ကြကြောင်း သိရှိရသည်။


