ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် (၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားအဖွဲ့များအား ကြည့်ရှုစစ်ဆေး၍ မြန်မာနိုင်ငံဆိုင်ရာတရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ မြန်မာအားကစားအဖွဲ့အား အလှူငွေပေးအပ်လှူဒါန်းသည့် အခမ်းအနားတက်ရောက်
![]()
ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် (၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားအဖွဲ့များအား ကြည့်ရှုစစ်ဆေး၍ မြန်မာနိုင်ငံဆိုင်ရာတရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ မြန်မာအားကစားအဖွဲ့အား အလှူငွေပေးအပ်လှူဒါန်းသည့် အခမ်းအနားတက်ရောက် ရန်ကုန် ၊ ဒီဇင်ဘာ ၅ရက် မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် အားကစားနှင့်ကာယပညာဦးစီးဌာနဒုတိယညွှန်ကြားရေးမှူးချုပ်ဦးကျော်ဦးနှင့် တာဝန်ရှိသူ များ လိုက်ပါလျက် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ စနစ်တကျ ဝင်ရောက်ယှဉ်ပြိုင်အောင်မြင်မှုများရရှိစေရေးအတွက် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ စခန်းဝင်လေ့ကျင့် နေသည့် အားကစားအဖွဲ့များအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။ ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တာမွေမြို့နယ် အားကစားနှင့် ကာယပညာသိပ္ပံ (ရန်ကုန်) အားကစားကွင်းအတွင်းရှိ ဝူရှူးလေ့ကျင့်ရေးရုံ၌ လေ့ကျင့်လျက်ရှိသည့် ကျော်ဇေဝင်း+ ဇော်ထွန်းနိုင် (သွေ့လျန့်) (လက်နက်)၊ ခိုင်စန္ဒာစိုး+သူ့ပန်ထွာ (သွေ့လျန့်)(လက်နက်မဲ့) […]
ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ (၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် တိုက်ကွမ်ဒို၊ ဘိလိယက်နှင့်စနူကာ အားကစားအဖွဲ့များ၏ လေ့ကျင့်နေမှုအား လိုက်လံကြည့်ရှုစစ်ဆေး
![]()
ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ (၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် တိုက်ကွမ်ဒို၊ ဘိလိယက်နှင့်စနူကာ အားကစားအဖွဲ့များ၏ လေ့ကျင့်နေမှုအား လိုက်လံကြည့်ရှုစစ်ဆေး ရန်ကုန်၊ ဒီဇင်ဘာ ၄ရက် မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ် နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးဦးဌေးအောင် ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြာရေးမှူးချုပ်ဦးကျော်ဦးနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့မွန်းလွဲပိုင်းတွင် (၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားအဖွဲ့ များ၏လေ့ကျင့်နေမှုများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။ ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လူငယ်အားကစားလေ့ကျင့်ရေးစခန်း သုဝဏ္ဏရှိ တိုက်ကွမ်ဒိုလေ့ကျင့်ရေးရုံသို့ရောက်ရှိရာ အမျိုးသားတစ်ဦးချင်း တီထွင်ကကွက် (freestyle poomsae)တွင် ညိုမင်းလွင် မှလည်းကောင်း၊ Recognized poomsae pair ကျား+မ နှစ်ဦး ပြိုင်ပွဲအတွက် ကောင်းဇင်ခန့်နှင့် […]
(၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့မြန်မာအားကစားအဖွဲ့ဒုတိယအဖွဲ့ခေါင်းဆောင် အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဇင်မိုးနှင့်အတူ အုပ်ချုပ်မှုအဖွဲ့ဝင် ၅ ဦး ပြည်ပထွက်ခွာ
![]()
(၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့မြန်မာအားကစားအဖွဲ့ဒုတိယအဖွဲ့ခေါင်းဆောင် အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဇင်မိုး နှင့်အတူ အုပ်ချုပ်မှုအဖွဲ့ဝင် ၅ ဦး ပြည်ပထွက်ခွာ ရန်ကုန်၊ ဒီဇင်ဘာ ၄ ရက် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့မှ ၂၀ ရက်နေ့အထိ ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့၌ ကျင်းပမည့် (၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မြန်မာအားကစားအဖွဲ့ သွားလာ နေထိုင်ရေး ကိစ္စရပ်များ၊ ပြိုင်ပွဲအောင်နိုင်ရေးကိစ္စရပ်များ ဆောင်ရွက်နိုင်ရန်အတွက် မြန်မာအားကစား အုပ်ချုပ်မှု ဒုတိယအဖွဲ့ခေါင်းဆောင် အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဇင်မိုး နှင့်အတူ အုပ်ချုပ်မှုအဖွဲ့ဝင် အမျိုးသား ၁ ဦး၊ အမျိုးသမီး ၄ ဦး စုစုပေါင်း ၆ ဦးတို့သည် ယနေ့ နံနက် ၀၆: ၀၀ နာရီအချိန်၌ […]
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း ဒက္ခိဏသီရိခရိုင်အတွင်း ဘောလုံးကွင်း ဖောက်လုပ်နိုင်မှုအခြေအနေများနှင့် ဥတ္တရသီရိမြို့နယ် အားကစားကွင်း တည်ဆောက်နေမှုအခြေအနေများ ကွင်းဆင်းကြည့်ရှုစစ်ဆေး
![]()
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း ဒက္ခိဏသီရိခရိုင်အတွင်း ဘောလုံးကွင်း ဖောက်လုပ်နိုင်မှုအခြေအနေများနှင့် ဥတ္တရသီရိမြို့နယ် အားကစားကွင်း တည်ဆောက်နေမှုအခြေအနေများ ကွင်းဆင်းကြည့်ရှုစစ်ဆေး နေပြည်တော်၊ ဒီဇင်ဘာ ၄ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းသည် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးနှင့်တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် ဒက္ခိဏသီရိခရိုင်၊ ရန်အောင်မြင် ကျေးရွာအုပ်စု၊ ရွာမကျေးရွာ ဘောလုံးကွင်းသစ် ဖောက်လုပ်နိုင်ရေး အခြေအနေများအား ကွင်းဆင်း သွားရောက် ကြည့်ရှုစစ်ဆေးခဲ့သည်။ ဦးစွာ ဒုတိယဝန်ကြီးသည် ဘောလုံးကွင်းသစ်ဖောက်လုပ်ရန် လျာထားသော မြေနေရာအား ကြည့်ရှုစစ်ဆေးပြီး မြေရာဇဝင်၊ မြေပိုင်ဆိုင်မှုနှင့်မြေပုံရေးဆွဲခြင်း အစီရင်ခံစာ ဆက်လက် တင်ပြနိုင်ရေးအတွက် လိုအပ်သည့် အချက်အလက်များပြုစုခြင်းစသဖြင့်ဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။ ဆက်လက်ပြီး ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဥတ္တရသီရိခရိုင်၊ ဥတ္တရသီရိမြို့နယ် အားကစားကွင်း အုတ်တံတိုင်းကာရံနေမှုအခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ယူတည်ဆောက်နေသည့် ကုမ္ပဏီနှင့် QC […]
(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ မြန်မာအားကစားအဖွဲ့ခေါင်းဆောင် (Chef-de-Mission) အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး နှင့် မြန်မာအားကစားအုပ်ချုပ်မှုအဖွဲ့ ပြည်ပထွက်ခွာ
![]()
(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ မြန်မာအားကစားအဖွဲ့ခေါင်းဆောင် (Chef-de-Mission) အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး နှင့် မြန်မာအားကစားအုပ်ချုပ်မှုအဖွဲ့ ပြည်ပထွက်ခွာ ရန်ကုန်၊ ဒီဇင်ဘာ ၃ရက် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့မှ ၂၀ ရက်နေ့အထိ ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့၌ ကျင်းပမည့် (၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် မြန်မာအားကစား အဖွဲ့ ခေါင်းဆောင် အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး နှင့်အတူ မြန်မာအားကစားအုပ်ချုပ်မှု အဖွဲ့သည် ယနေ့ နံနက် ၁၀: ၀၅ နာရီအချိန်၌ လေယာဉ်အမှတ် 8M 360 အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်းလိုင်း (MAI) ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့ ထွက်ခွာသွားရာ အားကစားနှင့်ကာယပညာဦးစီးဌာန […]
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ်နှင့် ဝန်ထမ်းများ တွေ့ဆုံဆန္ဒဖော်ထုတ်ပွဲ အခမ်းအနားကျင်းပ
![]()
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ်နှင့် ဝန်ထမ်းများ တွေ့ဆုံဆန္ဒဖော်ထုတ်ပွဲ အခမ်းအနားကျင်းပ နေပြည်တော်၊ ဒီဇင်ဘာ ၃ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ်နှင့် ဝန်ထမ်းများ တွေ့ဆုံဆန္ဒဖော်ထုတ်ပွဲ အခမ်းအနားကို ယနေ့နေ့လည် (၁၃:၀၀)နာရီအချိန်တွင် နေပြည်တော်၊ ရုံးအမှတ်(၃၁)ရှိ စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ ပြည်ထောင်စုဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ် ဦးမျိုးကျော်သူ၊ လက်ထောက်အတွင်းဝန်များနှင့် အရာထမ်း/ အမှုထမ်းများ တက်ရောက်ခဲ့ပါသည်။ ဦးစွာ ညွှန်ကြားရေးမှူးချုပ်က အမှာစကားပြောကြားခဲ့ပြီး ဌာနခွဲများအလိုက် ဝန်ထမ်းများက အသီးသီး တင်ပြခဲ့ကြရာ ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေးခဲ့ပြီး၊ သက်ပြည့်အငြိမ်းစားယူရန် ကြိုတင်ပြင်ဆင်ခွင့် (၄)လခံစားမည့် ပြည်တွင်း/ပြည်ပဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်နွယ်နွယ်မြင့်အား အမှတ်တရဂုဏ်ပြုလက်ဆောင် ပေးအပ်ခဲ့ပါ သည်။ နိဂုံးချုပ်အမှာစကား ပြောကြားရာတွင် ဝန်ထမ်းများအနေဖြင့် မိမိတို့ဝန်ကြီးဌာနမှ ပေးအပ်ထားသည့် လုပ်ငန်းတာဝန်များကို […]
၂၀၂၆ ခုနှစ် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲများနှင့် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလူထုအားကစားလ စုပေါင်းလမ်းလျှောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဒုတိယအကြိမ် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ
![]()
၂၀၂၆ ခုနှစ် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲများနှင့် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလူထုအားကစားလ စုပေါင်းလမ်းလျှောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဒုတိယအကြိမ် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ နေပြည်တော်၊ ဒီဇင်ဘာ ၂ ၂၀၂၆ ခုနှစ် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ အားကစား ပြိုင်ပွဲများနှင့် ၂၀၂၅ ခုနှစ် ဒီဇင်ဘာ လူထုအားကစားလ စုပေါင်းလမ်းလျှောက်ပွဲများအား စည်ကား သိုက်မြိုက်စွာဖြင့် အောင်မြင်စွာကျင်းပ နိုင်ရေးအတွက် ဒုတိယအကြိမ် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေး ကို ယနေ့နံနက်(၁၀)နာရီအချိန်တွင် နေပြည်တော်၊ ရုံးအမှတ်(၃၁)ရှိ စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း၊ ညွှန်ကြားရေးမှူးချုပ် များနှင့် တာဝန်ရှိသူများ၊ ပြည်ထောင်စုအဆင့် ဗဟိုအဖွဲ့အစည်းများနှင့် ဝန်ကြီးဌာနများမှ တာဝန်ရှိ သူများ တက်ရောက်ခဲ့သည်။ ဦးစွာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန […]
(၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် မြန်မာ့လက်ရွေးစင်အမျိုးသမီးဘောလုံးအသင်းထွက်ခွာ
![]()
(၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် မြန်မာ့လက်ရွေးစင်အမျိုးသမီးဘောလုံးအသင်းထွက်ခွာ ရန်ကုန်၊ ဒီဇင်ဘာ ၂ရက် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့မှ ၂၀ ရက်နေ့အထိ ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့၌ ကျင်းပမည့် (၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက်မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်းသည် ယနေ့ နံနက် ၁၀: ၀၅ နာရီအချိန်၌ လေယာဉ်အမှတ် 8M 360 အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်းလိုင်း (MAI) ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့ ထွက်ခွာသွားရာ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် မိဘဆွေမျိုးများက လိုက်လံပို့ဆောင်ခဲ့သည်။ မြန်မာ့လက်ရွေးစင်အမျိုးသမီးဘောလုံးအသင်းမှ အုပ်ချုပ်/ နည်းပြ ၁၁ ဦး ၊ အမျိုးသမီး အားကစားသမား ၂၃ ဦး စုစုပေါင်း ၃၄ ဦးတို့သည် […]
အားကစားနှင့်ကာယပညာဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး (၃၃)ကြိမ်မြောက်အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားအဖွဲ့များ၏လေ့ကျင့်နေမှုအား လိုက်လံကြည့်ရှုစစ်ဆေးခြင်းနှင့် အာမခံအကာအကွယ်ပေးအပ်ခြင်းသဘောတူညီမှု စာချွန်လွှာအားလက်မှတ်ရေးထိုး
![]()
အားကစားနှင့်ကာယပညာဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး (၃၃)ကြိမ်မြောက်အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားအဖွဲ့များ၏လေ့ကျင့်နေမှုအား လိုက်လံကြည့်ရှုစစ်ဆေးခြင်းနှင့် အာမခံအကာအကွယ်ပေးအပ်ခြင်းသဘောတူညီမှု စာချွန်လွှာအားလက်မှတ်ရေးထိုး ရန်ကုန်၊ ဒီဇင်ဘာ ၁ ရက် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးသည် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် (၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားအဖွဲ့များ၏ လေ့ကျင့်နေမှုအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။ ဦးစွာ ညွှန်ကြားရေးမှူးချုပ်သည် ရန်ကုန်တိုင်းဒေသကြီးတာမွေမြို့နယ် ကျိုက္ကဆံအားကစား ကွင်းအတွင်းရှိ သက်ဆိုင်ရာ လေ့ကျင့်ရေးကွင်း/လေ့ကျင့်ရေးရုံများ၌ (၃၃)ကြိမ်မြောက် အရှေ့တောင် အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် လေ့ကျင့်လျက်ရှိသည့် ပြေးခုန်ပစ်၊ ဝူရှူး၊ ခြင်းလုံး၊ ပန်ကြပ်ဆီလပ်နှင့် မြားပစ်အားကစားအဖွဲ့များ၏ လေ့ကျင့်နေမှုများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီးနောက် အုပ်ချုပ် /နည်းပြများနှင့် အားကစားသမားများအား တွေ့ဆုံ၍ (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မျှော်မှန်းထားသည့်အတိုင်း အောင်မြင်မှုများရရှိစေရေး အတွက် ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှာကြားချက်များအား […]
(၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် အတွက် မြန်မာကနူး/ ကယက်လှေလှော်အသင်း ထိုင်းနိုင်ငံသို့ ထွက်ခွာ
![]()
(၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် အတွက် မြန်မာကနူး/ ကယက်လှေလှော်အသင်း ထိုင်းနိုင်ငံသို့ ထွက်ခွာ ရန်ကုန်၊ ဒီဇင်ဘာ ၁ ရက် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့မှ ၂၀ ရက်နေ့အထိ ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့၌ ကျင်းပမည့် (၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာကနူး/ ကယက် လှေလှော်အသင်းသည် ယနေ့ နံနက် ၇: ၂၅ နာရီအချိန်၌ လေယာဉ်အမှတ် 8M 335 အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်းလိုင်း (MAI) ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့သို့ ထွက်ခွာသွားရာ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်မှ အတွင်းရေးမှူး ဦးသက်လွင်နှင့်တာဝန်ရှိသူတို့က လိုက်လံပို့ဆောင်နှုတ်ဆက်ခဲ့ကြသည်။ မြန်မာကနူး/ကယက်လှေလှော်အသင်းမှ အုပ်ချုပ်/ နည်းပြ ၃ ဦး […]