![]()
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း ပြည်ထောင်စုနေ့အခမ်းအနားသို့ တက်ရောက်ရန်အတွက် တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ရောက်ရှိလာသည့် ယဉ်ကျေးမှုအဖွဲ့များအား နွေးထွေးလှိုက်လှဲစွာ ကြိုဆိုနှုတ်ဆက်
နေပြည်တော်၊ ဖေဖော်ဝါရီ ၂
(၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကျင်းပရေး ယဉ်ကျေးမှုအဖွဲ့များ ကြိုဆိုနေရာချထားရေးနှင့် ဧည့်ခံကျွေးမွေးရေးဆပ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းသည် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး၊ ကြိုဆိုနေရာချထားရေးနှင့် ဧည့်ခံကျွေးမွေးရေးဆပ်ကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ များမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဝန်ထမ်းများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် ပြည်ထောင်စုနေ့အခမ်းအနား သို့ တက်ရောက်ရန်အတွက် ပြည်ထောင်စုနယ်မြေ နေပြည်တော်စည်ပင်ဧည့်ရိပ်သာသို့ တိုင်းဒေသကြီးနှင့်ပြည်နယ် ကိုယ်စားပြုရောက်ရှိလာသည့် ယဉ်ကျေးမှုအဖွဲ့များအား နွေးထွေး လှိုက်လှဲစွာ ကြိုဆိုနှုတ်ဆက်ခဲ့သည်။
ဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားသို့ တက်ရောက်ရန်အတွက် မကွေးတိုင်းဒေသကြီး ကိုယ်စားပြုရောက်ရှိလာသည့် အုပ်ချုပ်သူ(၁)ဦး၊ အမျိုးသား(၁၄)ဦး၊ အမျိုးသမီး(၂၁)ဦး၊ စုစုပေါင်း(၃၆)ဦးတို့အားလည်းကောင်း၊ ရခိုင်ပြည်နယ် ကိုယ်စားပြုရောက်ရှိလာသည့် အုပ်ချုပ်သူ(၁)ဦး၊ အမျိုးသား(၈)ဦး၊ အမျိုးသမီး(၃၁)ဦး၊ စုစုပေါင်း(၄၀) ဦးတို့အားလည်းကောင်း၊ ချင်းပြည်နယ်ကိုယ်စားပြုရောက်ရှိလာသည့် အုပ်ချုပ်သူ(၁)ဦး၊ အမျိုးသား (၂၀)ဦး၊ အမျိုးသမီး(၁၅)ဦး၊ စုစုပေါင်း(၃၆)ဦးတို့အားလည်းကောင်း အိုးစည်၊ ဒိုးပတ်များနှင့် နွေးနွေး ထွေးထွေး လိုက်လှဲစွာဖြင့် သောင်းသောင်းဖြဖြ ကြိုဆိုနှုတ်ဆက်ခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ယဉ်ကျေးမှုအဖွဲ့များအား တည်းခိုနေထိုင်မည့် အိပ်ဆောင်များတွင် စနစ်တကျ နေရာချထားပေးခြင်းများ၊ အဖွဲ့လိုက် နံနက်စာ၊ နေ့လည်စာနှင့် ညစာ ကျွေးမွေးမှုများတွင် လစ်ဟင်းမှုများမရှိစေရေးနှင့် တည်းခိုနေထိုင်စဉ်ကာလအတွင်း အဆင်ပြေချောမွေ့ စေရေးအတွက် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။






