ဟုမ္မလင်းမြို့နယ်၊ ခေါင်ခမ်းကျေးရွာ အ-လ-က ကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ

ဟုမ္မလင်းမြို့နယ်၊ ခေါင်ခမ်းကျေးရွာ အ-လ-က ကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ ဟုမ္မလင်း၊ ဖေဖော်ဝါရီ (၁၆)။ စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ကျောင်းသူလူငယ်လူရွယ်လေးများ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့်ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ရည်ရွယ်၍ ဟုမ္မလင်းမြို့နယ်ခေါင်ခမ်းကျေးရွာ အ-လ-က စာသင်ကျောင်းတွင်ဖေဖော်ဝါရီ(၁၆)ရက်နေ့၊ နံနက်ပိုင်းက လူငယ်စကားဝိုင်းကျင်းပ ပြုလုပ်ခဲ့ကြောင်းသိရသည်။ ရှေးဦးစွာ ခေါင်ခမ်းကျေးရွာ (အ-လ-က) တာဝန်ခံ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်နှင်းခိုင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ ဟုမ္မလင်းမြို့နယ် အားကစားနှင့်ကာယာပညာဦးစီးဌာန အားကစားမှူးဦးမင်းမင်းနိုင်က လူငယ်နှင့်အားကစားသည် ဒွန်တွဲလျက်ရှိပါသဖြင့် လူငယ်နှင့်အားကစားယှဉ်တွဲ၍ တိုးတက်ဖွံဖြိုးလာအောင် နိုင်ငံတော်က အားကစားနှင့်ကာယပညာသိပ္ပံသင်တန်းကျောင်း(မုံရွာ)ကို ဖွင့်လှစ်က အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိပါကြောင်းနှင့် အဆိုပါ သင်တန်းကျောင်းသို့တက်ရောက်လိုပါက အဆက်အသွယ်ပြုအမည်ပေးနိုင်ပါကြောင်းရှင်းလင်းဆွေးခဲ့သည်။ ဆက်လက်၍ ဟုမ္မလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဧဆက်က လူငယ်စကားဝိုင်း ကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားရာတွင် […]
(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် ပဏာမလက်ရွေးစင်ခြင်းလုံးအားကစားများအား အပြီးသတ်လူရွေးချယ်မှုပြုလုပ်

(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် ပဏာမလက်ရွေးစင်ခြင်းလုံးအားကစားများအား အပြီးသတ်လူရွေးချယ်မှုပြုလုပ် နေပြည်တော်၊ ဖေဖော်ဝါရီ (၁၆)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံ ခြင်းလုံးအဖွဲ့ချုပ်တို့ ပူးပေါင်း၍ ၂၀၂၃ ခုနှစ်၊ မေလ(၅)ရက်နေ့မှ (၁၇)ရက်နေ့အထိ ကမ္ဘောဒီးယားနိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပပြုလုပ်မည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် နေပြည်တော်တွင် စခန်းသွင်းလေ့ကျင့်လျက်ရှိသည့် ပဏာမလက်ရွေးစင် ခြင်းလုံးအားကစားသမားများအား ပြိုင်ပွဲအသွင် ဆန်းစစ် အပြီးသတ်လူရွေးချယ်ခြင်းကို ယနေ့နံနက် (၉)နာရီတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစာကွင်း Training Hall No(1) ၌ ကျင်းပပြုလုပ်ခဲ့ရာ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၂) ညွှန်ကြားရေးမှူး၊ အာရှခြင်းလုံးအဖွဲ့ချုပ်အတွင်းရေးမှူး ဦးကျော်ဇင်မိုး၊ မြန်မာနိုင်ငံ ခြင်းလုံးအဖွဲ့ချုပ်မှ ဒုတိယဥက္ကဋ္ဌ ဦးရဲအောင်နှင့်တာဝန်ရှိသူများ၊ မြန်မာနိုင်ငံတွင် (Joint Training) ပူးတွဲလာရောက်လေ့ကျင့်လျက်ရှိသည့် ကမ္ဘောဒီးယားနိုင်ငံ […]
ဒုတိယဝန်ကြီး ဦးမျိုးလှိုင် ရန်ကုန်မြို့၌ စခန်းသွင်းထားသော အားကစားအဖွဲ့ချုပ်အလိုက် အားကစားသမားများလေ့ကျင့်နေမှုများနှင့် တည်ဆောက်ရေးလုပ်ငန်းများသို့ သွားရောက်ကြည့်ရှုစစ်ဆေး

ဒုတိယဝန်ကြီး ဦးမျိုးလှိုင် ရန်ကုန်မြို့၌ စခန်းသွင်းထားသော အားကစားအဖွဲ့ချုပ်အလိုက် အားကစားသမားများလေ့ကျင့်နေမှုများနှင့် တည်ဆောက်ရေးလုပ်ငန်းများသို့ သွားရောက်ကြည့်ရှုစစ်ဆေး ရန်ကုန်၊ဖေဖော်ဝါရီလ(၁၅)ရက်။ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးနှင့် တာဝန်ရှိသူများ လိုက်ပါလျှက် ယနေ့ နံနက်(၇)နာရီခွဲ အချိန်က ရန်ကုန်မြို့ အင်လျားကန်ရှိ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်သို့ရောက်ရှိပြီး (၆)ခန်းတွဲ (၄)ထပ် လှေလှော်အားကစားသမားအိပ်ဆောင်များအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြားပြီးနောက် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် လေ့ကျင့်နေသော လှေလှော်လက်ရွေးစင် အားကစားသမားများ၏ လေ့ကျင့်နေမှုအားကြည့်ရှုပြီး အဖွဲ့ချုပ်ဥက္ကဌနှင့် တာဝန်ရှိသူများ၏ တင်ပြဆွေးနွေးမှုများအား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။ ထို့နောက် ဒုတိယဝန်ကြီးသည် ဒဂုံမြို့သစ်(မြောက်ပိုင်း)ရှိ မြန်မာနိုင်ငံခရစ်ကက် အဖွဲ့ချုပ်သို့ရောက်ရှိပြီး စခန်းသွင်းလေ့ကျင့်နေသည့် အားကစားသမားများနှင့်တွေ့ဆုံ၍ အားပေးစကားပြောကြားပြီး လိုအပ်သည်များအား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။ ဆက်လက်၍ ဒုတိယဝန်ကြီးသည် ဒဂုံမြို့သစ်(မြောက်ပိုင်း)ရှိ မြန်မာနိုင်ငံ မသန်စွမ်း […]
ဒုတိယဝန်ကြီး၊ ဦးမျိုးလှိုင် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်း/အားကစားရုံ တည်ဆောက်နေမှု အခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေး

ဒုတိယဝန်ကြီး၊ ဦးမျိုးလှိုင် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်း/အားကစားရုံ တည်ဆောက်နေမှု အခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေး နေပြည်တော်၊ ဖေဖော်ဝါရီ (၁၅)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ အားကစားကွင်း/ရုံဌာနခွဲ ညွှန်ကြားရေးမှူး ဦးမင်းမင်းထွန်းနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့ နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ရှိ တောင်ငူအားကစားခန်းမ တည်ဆောက်ပြီးစီးမှု အခြေအနေများအား လိုက်လံကြည့်ရှု စစ်ဆေးခဲ့ပြီးနောက် အားကစားခန်းမအတွက် လျှပ်စစ်မီးအမြန်ရရှိရေးဆောင်ရွက်သွားရန်၊ အားကစားခန်းမ အတွင်း/အပြင် သန့်ရှင်းသာယာလှပစေရေး၊ အားကစားခန်းမနှင့်သင့်လျော်သည့် အားကစားနည်းများကို ဒေသခံပြည်သူများ လာရောက်လေ့ကျင့်ကစားနိုင်ရေးအတွက် လိုအပ်သည်များ ကြိုတင်ပြင်ဆင်ဆောင်ရွက် သွားရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ ဆက်လက်ပြီး ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့သို့ ဆက်လက်ထွက်ခွာခဲ့ပြီး ပဲခူးမြို့ရှိ တိုင်းရုံး၊ ခရိုင်ရုံးနှင့် မြို့နယ်ရုံးများမှ ဝန်ထမ်းများအားတွေ့ဆုံ၍ ဝန်ထမ်းများအနေဖြင့် ရုံးလုပ်ငန်း […]
၂၀၂၃ ခုနှစ်၊ ရှမ်းပြည်နယ် တောင်ကြီးမြို့ နွေရာသီအခြေခံအားကစားသင်တန်းများ ဖွင့်လှစ်နိုင်ရန် အကြိုညှိနှိုင်းအစည်း အဝေးပြုလုပ်

၂၀၂၃ ခုနှစ်၊ ရှမ်းပြည်နယ် တောင်ကြီးမြို့ နွေရာသီအခြေခံအားကစားသင်တန်းများ ဖွင့်လှစ်နိုင်ရန် အကြိုညှိနှိုင်းအစည်း အဝေးပြုလုပ် တောင်ကြီးမြို့၊ ဖေဖော်ဝါရီ (၁၄)ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၏ လမ်းညွှန်မှုများနှင့်အတူ တောင်ကြီးခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာန ကြီးကြပ်မှုအောက်ရှိ တောင်ကြီးမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်မည့် ၂၀၂၃ ခုနှစ်၊ ရှမ်းပြည်နယ် တောင်ကြီးမြို့ နွေရာသီအခြေခံအားကစားသင်တန်းများအား ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ထားသော အမိန့်များနှင့်အတူ ကိုဗစ်-၁၉ စည်းမျဉ်း/စည်းကမ်းများအတိုင်း ၁.၃.၂၀၂၃ ရက်နေ့မှ ၃၁.၃.၂၀၂၃ ရက်နေ့ထိ ဖွင့်လှစ်သွားနိုင်ရန် အကြိုညှိနှိုင်းအစည်းအဝေးကို ယနေ့နေ့လည် (၁:၀၀)နာရီအချိန်တွင် ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါအကြိုညှိနှိုင်းအစည်းအဝေးသို့ ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နော်မေရီမိုး၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန တာဝန်ခံ ဦးစူးညီညီသိန်းဝင်းနှင့် အားကစားနည်းအလိုက်ဆပ်ကော်မတီ တာဝန်ခံသင်တန်းနည်းပြဆရာ/ဆရာမများမှ ခရိုင်နှင့်မြို့နယ်များမှ သင်တန်းများကို ကြီးကြပ်နိုင်ရန် ဝန်ထမ်းများ တက်ရောက်ခဲ့ကြပြီး […]
ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ မြန်မာ့လက်ရွေးစင်အားကစားအဖွဲ့များ၏ ကြိုတင်ပြင်ဆင်လေ့ကျင့်နေမှုများအား လိုက်လံကြည့်ရှုစစ်ဆေး

ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် နေပြည်တော်တွင် စခန်းသွင်းလေ့ကျင့်လျက်ရှိသည့် မြန်မာ့လက်ရွေးစင်အားကစားအဖွဲ့များ၏ ကြိုတင်ပြင်ဆင်လေ့ကျင့်နေမှုများအား လိုက်လံကြည့်ရှုစစ်ဆေး နေပြည်တော်၊ ဖေဖော်ဝါရီ (၁၄)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့ ညနေ(၃)နာရီအချိန်တွင် ၂၀၂၃ ခုနှစ် မေလ (၅)ရက်နေ့မှ (၁၇)ရက်နေ့အထိ ကမ္ဘောဒီးယားနိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပပြုလုပ်မည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် နေပြည်တော်တွင် စခန်းသွင်းလေ့ကျင့်လျက်ရှိသည့် မြန်မာ့လက်ရွေးစင် အားကစားအဖွဲ့များ၏ ကြိုတင်ပြင်ဆင်လေ့ကျင့်နေမှုများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။ ဦးစွာ နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း Training Hall No.(1) ၌ လေ့ကျင့်လျက်ရှိသည့် ဂျူဒိုအားကစားသမားများအား ဂျပန်နည်းပြ YAMATO HIRANUMA နှင့် မြန်မာနည်းပြ ဆရာ/ဆရာမများမှ စနစ်တကျသင်ကြားလေ့ကျင့်ပေးနေမှုများအားလည်းကောင်း၊ […]
ဒုတိယဝန်ကြီး၊ ဦးမျိုးလှိုင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ကိုယ်စားပြု ပြခန်းသို့ သွားရောက်ကြည့်ရှုလေ့လာ

ဒုတိယဝန်ကြီး၊ ဦးမျိုးလှိုင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ကိုယ်စားပြု ပြခန်းသို့ သွားရောက်ကြည့်ရှုလေ့လာ ရန်ကုန်၊ ဖေဖော်ဝါရီ (၁၄)ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် ယနေ့ ညနေပိုင်းတွင် ရန်ကုန်မြို့၊ ပြည့်သူရင်ပြင်၌ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၀)ရက်နေ့မှ (၁၄)ရက်နေ့အထိ ကျင်းပပြုလုပ်လျက်ရှိသည့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အခမ်အနားတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ကိုယ်စားပြု ခင်းကျင်းပြသထားသည့် ပြခန်းသို့ သွားရောက်ကြည့်ရှုလေ့လာခဲ့ကြောင်းသိရသည်။
အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့် အားကစားနှင့်ကာယပညာသိပ္ပံကျောင်းအုပ်ကြီးများ သုံးသပ်ညှိနှိုင်းအစည်းအဝေးကျင်းပ

အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့် အားကစားနှင့်ကာယပညာသိပ္ပံကျောင်းအုပ်ကြီးများ သုံးသပ်ညှိနှိုင်းအစည်းအဝေးကျင်းပ နေပြည်တော်၊ ဖေဖော်ဝါရီ (၁၃)။ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးမှ အားကစားနှင့်ကာယပညာသိပ္ပံကျောင်းအုပ်ကြီးများနှင့် လုပ်ငန်းကိစ္စများနှင့်ပတ်သက်၍ သုံးသပ်ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ (၁၂)နာရီခွဲအချိန်တွင် နေပြည်တော်၊ ရုံးအမှတ်(၃၁) အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ခဲ့ရာ ဒုတိယညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသော ဦးကျော်ဦး၊ ဦးကျော်ဆန်းဦးနှင့် သက်ဆိုင်ရာဌာနခွဲများမှ ညွှန်ကြားရေးမှူးများတက်ရောက်ခဲ့ကြပြီး အားကစားနှင့်ကာယပညာသိပ္ပံကျောင်းအုပ်ကြီးများမှ Video Conferencing စနစ်ဖြင့် တက်ရောက်ခဲ့ကြသည်။ ဦးစွာ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးမှ အဖွင့်အမှာစကားပြောကြားရာတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် သင်တန်းသားများအား နှစ်ချုပ်သုံးသပ်အစည်းအဝေး ကျင်းပပြုလုပ်ပြီးစီးမှုနှင့်ပတ်သက်ပြီး လက်ကျန်အင်အားစာရင်း၊ လာမည့်ပညာသင်နှစ်တွင် သင်တန်းသားထပ်မံရွေးချယ်မှုအင်အားစာရင်းနှင့် ဆက်လက်လေ့ကျင့်မည့် အားကစားနည်းအမျိုးအစား Long Term Plan ၊ Short Term Plan များနှင့် အားကစားနှင့်ကာယပညာသိပ္ပံ ရည်ရွယ်ချက်များနှင့် ကိုက်ညီမှုမရှိသည့်အချက်များအား […]
(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ကိုယ်စားပြု ပြခန်းပါဝင်ပြသ

(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ကိုယ်စားပြု ပြခန်းပါဝင်ပြသ ရန်ကုန်၊ ဖေဖော်ဝါရီလ(၁၀)ရက်။ ၂၀၂၃ခုနှစ်၊ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြခန်းများနှင့် ရိုးရာအစားအစာပြခန်းများ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၈)နာရီ အချိန်တွင် ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်၌ ကျင်းပပြုလုပ်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်ထောင်စုဝန်ကြီးဌာန ကိုယ်စားပြု ပြခန်းတာဝန်ခံများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များနှင့်ရိုးရာအစားအစာပြခန်းကိုယ်စားလှယ်များ တက်ရောက်၍ ဖဲကြိုးဖြတ် ဖွင့်လှစ် ပေးခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ကိုယ်စားပြုပြခန်းတာဝန်ခံ လူထုအားကစားနှင့်ပညာပေးဌာနခွဲ ညွှန်ကြားရေးမှူး ဦးဌေးအောင် ပါဝင်တက်ရောက် ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီးနောက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်က ဖွင့်ပွဲအထိမ်းအမှတ် ဂုဏ်ပြုလက်ဆောင်များအား ပေးအပ်ချီးမြှင့်ခဲ့ပါသည်။ အဆိုပါ ၂၀၂၃ ခုနှစ်၊ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်ပြခန်းများနှင့် ရိုးရာအစားအစာပြခန်းများတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ကိုယ်စားပြုပြခန်း၌ ၂၀၂၂ […]
လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့်နံရံကပ်စာစောင်ပြပွဲကျင်းပ

လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့်နံရံကပ်စာစောင်ပြပွဲကျင်းပ ရွှေဘို၊ ဖေဖော်ဝါရီ ၁၀ ရက်။ စစ်ကိုင်းတိုင်းဒေသကြီး၊ရွှေဘိုခရိုင်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်လေးများ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့် ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ရည်ရွယ်၍ ခရိုင်လူငယ်ရေးရာကော်မတီနှင့်ပညာရေးဌာနတို့ပူးပေါင်းကာ၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း ရွှေရတုခန်းမတွင်၊ ယနေ့နံနက်ပိုင်းက လူငယ်စကားဝိုင်းကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။ အခမ်းအနားတွင် ကျောင်းအုပ်ဆရာကြီးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးမြမွန်နှင့် ခရိုင်အားကစားနှင့်ကာယပညာဦးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နိုင်နိုင်ဝင်းတို့က လူငယ်စကားဝိုင်း ကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားရာတွင် “ လူငယ်တွေအနေနဲ့ စကားဝိုင်းကနေ အသိဉာဏ်ပညာဗဟုသုတတွေ ပိုမိုရရှိစေရန်၊ စကားပြောအတတ်ပညာ ကျွမ်းကျင်တတ်မြောက်ပြီး လူအများရှေ့တွင် ရဲဝံ့စွာ စကားပြောဆိုတတ်စေရန်၊ လူငယ်အချင်းချင်း တစ်ဦးနှင့်တစ်ဦး အသိပညာတွေ ဖလှယ်ကြရာမှ အတွေ့အကြုံသစ်များရရှိစေရန်၊ လူငယ်အချင်းချင်း ရင်းနှီးချစ်ကြည်မှုများ တိုးပွားပြီး လုပ်ငန်းများ […]