အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

(၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲတွင် မြန်မာအမျိုးသမီးဘောလုံးအသင်းပါဝင်ယှဉ်ပြိုင်မည့် အုပ်စုပွဲစဥ်များ

တရုတ်နိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပနေသည့် (၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင် အမျိုးသမီး ဘောလုံးအသင်းအနေဖြင့် ပထမဆုံးအကြိမ် ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်သည်။

မြန်မာအမျိုးသမီးအသင်း၏ အုပ်စုပွဲစဥ်များအဖြစ် (၂၂.၉.၂၀၂၃)ရက်နေ့တွင် တောင်ကိုရီးယားအသင်းနှင့်လည်းကောင်း၊ (၂၅.၉.၂၀၂၃)ရက်နေ့တွင် ဟောင်ကောင်အသင်းနှင့်လည်းကောင်း၊ (၂၈.၉.၂၀၂၃)ရက်နေ့တွင် ဖိလစ်ပိုင်အသင်းနှင့်လည်းကောင်း အသီးသီးယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် အသင်း စုစုပေါင်း (၁၇)သင်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး စက်တင်ဘာ ၂၅ ရက်မှ အောက်တိုဘာ ၆ ရက်အထိကျင်းပမည်ဖြစ်သည်။ အုပ်စုခွဲဝေထားမှုအရ အုပ်စု (A)တွင် အိမ်ရှင်တရုတ်၊ ဥဇဘက်ကစ္စတန်၊ မွန်ဂိုလီးယား၊ အုပ်စု (B) တွင် ထိုင်း၊ အိန္ဒိယ၊ တရုတ်(တိုင်ပေ)၊ အုပ်စု (C) တွင် မြောက်ကိုရီးယား၊  စင်ကာပူ၊  ကမ္ဘောဒီးယား၊  အုပ်စု (D)တွင် ဂျပန်၊ ဗီယက်နမ်၊ နီပေါ၊ အုပ်စု (E)တွင် တောင်ကိုရီးယား၊ ဟောင်ကောင်၊ ဖိလစ်ပိုင်နှင့် မြန်မာအသင်းတို့  ပါဝင်သည်။