အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်များတွင် အားကစားနှင့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် သရုပ်ပြပွဲကျင်းပ

ရန်ကုန်၊ စက်တင်ဘာ(၁၆)။

၂၀၂၃ ခုနှစ် စက်တင်ဘာလ (၁၃) ရက် ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် တာမွေမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ပညာရေးဌာနနှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ တာမွေမြို့နယ်ရှိ အမှတ်(၃) အခြေခံပညာအလယ်တန်းကျောင်း၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ဒုတိယမြို့နယ်ပညာရေးမှုးက ဟောပြောပွဲပြုလုပ်ခြင်း၏ ရည်ရွယ်ချက်များကိုလည်းကောင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မို့မို့အောင်က “လူကုန်ကူးမှုအန္တရာယ်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားမှူး ဦးမျိုးလင်းအောင်က “လူငယ်နှင့်အားကစား” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီး အသိပညာပေး ဟောပြောပေးခဲ့ပြီး အခမ်းအနားသို့ ကျောင်းသား/ကျောင်းသူ အင်အား (၁၂၀)ဦးတက်ရောက်ခဲ့ပါသည်။

၂၀၂၃ခုနှစ် ၊ စက်တင်ဘာလ(၁၅)ရက်နေ့ ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပမြို့နယ် အမှတ်(၅)အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပပြုလုပ်သည့် အားကစားနှင့်လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်ညိုညိုအောင်မှ အဖွင့်အမှာစကား ပြောကြားပြီး၊ အားကစားနှင့်ကာယပညာဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင်မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးရဲကျော်သူက “လူငယ်နှင့်အားကစား” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ လူငယ်ရေးရာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအေးချိုတူး က “လူငယ်ရေးရာအကြောင်း သိကောင်းစရာများ” ကို ဟောပြောဆွေးနွေးခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းဆွေဦးမှ အားကစားအထောက်အကူပြုပစ္စည်းများ ပေးအပ်လှူဒါန်းရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ညိုညိုအောင်မှ လက်ခံရယူခဲ့ပါသည်။ ကျောင်းသား/ ကျောင်းသူများအား အားကစားနှင့်လူငယ်ရေးရာ ဗဟုသုတ မေးခွန်းများ ဖြေဆိုစေခဲ့ပြီး ဆုများချီးမြှင့်ပေးအပ်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲသို့ အင်အား(၂၀၀)ခန့် တက်ရောက်ခဲ့ကြောင်းသိရပါသည်။

၁၅.၉.၂၀၂၃ရက်နေ့ နံနက် (၁၁း၀၀)နာရီအချိန်တွင် တွံတေးမြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ အားကစားနှင့်လူငယ်ရေးရာအသိပညာပေးဟောပြောပွဲသရုပ်ပြပွဲနှင့်ပစ္စည်းပေးအပ်လှူဒါန်းပွဲအခမ်းအနားကို အ.ထ.က (ကံဘဲ) တွံတေးမြို့နယ်တွင် ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး၊ တောင်ပိုင်းခရိုင်အား/ကာ လက်ထောက်ညွှန်ကြားရေးမှူး၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်ပညာရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှတာဝန်ရှိသူများနှင့်အားကစားသမားဟောင်းများ ကျောင်းသား၊ကျောင်းသူ စုစုပေါင်း ၂၆၈ ဦး တက်ရောက်ခဲ့ပြီး အားကစားပစ္စည်းပေးအပ်လှူဒါန်းခြင်းနှင့်Physical Fitness Dance သရုပ်ပြအဖွဲ့များကသရုပ်ပြသခဲ့ပြီး ကျောင်းသား၊ကျောင်းသူများမှ ဥာဏ်စမ်းမေးခွန်းများဖြေဆိုပြီး လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ပါသည်။

၁၅.၉.၂၀၂၃ ရက်နေ့ နေလည် ၁း၀၀ အချိန်တွင် ဆိပ်ကြီးခနောင်တိုမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန၊ အခြေခံ ပညာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်းပြီး အားကစားနှင့်လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် ပစ္စည်းပေးအပ်လှူဒါန်းပွဲအခမ်းအနားကို အ.ထ.က (ဆိပ်ကြီးခနောင်တို) ကျောင်းတွင်ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူ၊း တောင်ပိုင်းခရိုင်အား/ကာ လက်ထောက်ညွှန်ကြားရေးမှူး၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်ပညာရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ အားကစားသမားဟောင်းများနှင့် ကျောင်းသား၊ကျောင်းသူ စုစုပေါင်း ၁၅၀ တက်ရောက်ခဲ့ပြီး အားကစားပစ္စည်းများပေးအပ်လှူဒါန်းပြီး ကျောင်သား၊ကျောင်းသူများမှ ဥာဏ်စမ်းမေးခွန်းများဖြေဆိုခဲ့ပြီး လက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ပါသည်။

၁၆.၉.၂၀၂၃ ရက်နေ့ နံနက် ၉း၃၀ အချိန်တွင် သန်လျင်မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန၊ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာနတို့မှ ပူးပေါင်းကျင်းပသော အားကစားနှင့်လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ သရုပ်ပြပွဲနှင့်အားကစား ပစ္စည်းပေးအပ်လှူဒါန်းပွဲအခမ်းအနားကို အ.ထ.က (၂) သန်လျင်တွင်ကျင်းပြုလုပ်ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ လက်ထောက်ညွှန်ကြားရေမှူး၊ တောင်ပိုင်းခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး၊ သန်လျင်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားမှူး၊ အားကစားသမားဟောင်းများ၊ မြို့နယ်ပညာရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှတာဝန်ရှိသူများနှင့် ကျောင်းသား ကျောင်းသူ စုစုပေါင်း ၂၈၀ ဦးတို့တက်ရောက်ပြီး အားကစားပစ္စည်းများပေးအပ်လှူဒါန်းပြီး တိုက်ကွမ်ဒိုအဖွဲ့မှသရုပ်ပြသမှုနှင့် ကျောင်းသား ကျောင်းသူများက ဥာဏ်စမ်းမေးခွန်းများဖြေဆိုပြီး လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ပါသည်။