(၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲတွင် မြန်မာအားကစားအဖွဲ့၏ (၂၆.၉.၂၀၂၃)ပြိုင်ပွဲရလဒ်များ
![]()
(၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲတွင် မြန်မာအားကစားအဖွဲ့၏ (၂၆.၉.၂၀၂၃)ပြိုင်ပွဲရလဒ်များ
ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ Park Trainers Association မှ ဂျပန်နည်းပြဆရာများက Trainers နှင့်ပတ်သက်သည့် လုပ်ငန်းစဉ်များနှင့် Taping & Therapy နှင့်သက်ဆိုင်သည့်သင်ခန်းစာများအား သင်ကြားပို့နေမှုကို လာရောက်ကြည့်ရှု
![]()
ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ Park Trainers Association မှ ဂျပန်နည်းပြဆရာများက Trainers နှင့်ပတ်သက်သည့် လုပ်ငန်းစဉ်များနှင့် Taping & Therapy နှင့်သက်ဆိုင်သည့်သင်ခန်းစာများအား သင်ကြားပို့နေမှုကို လာရောက်ကြည့်ရှု နေပြည်တော်၊ စက်တင်ဘာ(၂၆)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ ၊ မြန်မာနိုင်ငံ ဂျူဒိုအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးထွန်းထွန်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်(၈)နာရီတွင် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း Cluster (3)ရှိ Judo Training Hall ၌ Park Trainers Association မှ ဂျပန်နည်းပြဆရာများဖြစ်ကြသည့် NAKAJIMA YOSHIKAZU, NAKAJIMA YOSUKE, HOSHINO SEIYA, OTAKE REN, ABE YAMATO တို့က မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များမှ အုပ်ချုပ်/နည်းပြများ၊ […]
(၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် မြန်မာ E-Sports (Dota-2) အားကစားအဖွဲ့ထွက်ခွာ
![]()
(၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် မြန်မာ E-Sports (Dota-2) အားကစားအဖွဲ့ထွက်ခွာ ရန်ကုန်၊ စက်တင်ဘာလ(၂၆)ရက်။ ၂၀၂၃ခုနှစ်၊စက်တင်ဘာလ(၂၃)ရက်နေ့မှအောက်တိုဘာ လ (၈)ရက်နေ့အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဟန်ကျိုးမြို့တွင် ကျင်းပပြုလုပ်မည့် (၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲသို့ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက်မြန်မာE-Sports(Dota-2) အားကစားအဖွဲ့မှ နည်းပြ (၁)ဦးနှင့်အမျိုးသား အားကစားသမား (၅)ဦးတို့သည် ယနေ့ ညနေ (၁၆:၁၀)နာရီ အချိန်၌ လေယာဉ်အမှတ် MU-2032 ဖြင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာသွားကြောင်း သတင်းရရှိသည်။
အသက်မွေးဝမ်းကြောင်းပညာသင် ထောက်ပံ့ကြေးလျှောက်ထားမှုနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည့် အခမ်းအနားကျင်းပ
![]()
အသက်မွေးဝမ်းကြောင်းပညာသင် ထောက်ပံ့ကြေးလျှောက်ထားမှုနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည့် အခမ်းအနားကျင်းပ နေပြည်တော်၊ စက်တင်ဘာလ (၂၆)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ အသက်မွေးဝမ်းကြောင်း ပညာသင်ထောက်ပံ့ကြေးအစီအစဉ်နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည့်အခမ်းအနားအား ယနေ့နံနက် (၁၀:၀၀) အချိန်တွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိ အားကစားကွင်းရှိ လူငယ်ရေးရာဦးစီးဌာန အစည်းအဝေးခန်းမ၌လည်းကောင်း၊ Virtual စနစ်ဖြင့်လည်းကောင်း ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါအခမ်းအနားသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအေးမင်းညွှန့်၊ လူငယ်ရေးရာ ဦးစီးဌာနရှိ ဌာနခွဲများမှ တာဝန်ရှိသူများ၊ ပြည်ထောင်စုနယ်မြေ(နေပြည်တော်ကောင်စီ)/ တိုင်း ဒေသကြီး/ ပြည်နယ်လူငယ်ရေးရာကော်မတီ အတွင်းရေးမှူးများနှင့် တွဲဖက်အတွင်းရေးမှူးများမှ ပါဝင်တက်ရောက်ခဲ့ကြပါသည်။ ဦးစွာ လူငယ်ရေးရာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်က အခမ်းအနားတွင် လူငယ် ရေးရာဦးစီးဌာနအနေဖြင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဦးတည်ဆောင် ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များ၊ သက်မွေးဝမ်းကြောင်းပညာသင်ထောက်ပံ့ကြေး လျှောက်ထားမှု နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ရာ […]
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ (၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ ဝူရှူးပြိုင်ပွဲအား သွားရောက်ကြည့်ရှုအားပေး
![]()
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ (၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ ဝူရှူးပြိုင်ပွဲအား သွားရောက်ကြည့်ရှုအားပေး ဟန်ကျိုး၊ စက်တင်ဘာ(၂၆)။ တရုတ်ပြည်သူ့သမ္မတနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် (၁၉)ကြိမ်မြောက် အာရှ အားကစားပြိုင်ပွဲများကို မြို့အသီးသီးရှိ အားကစားကွင်း/အားကစားရုံများ၌ ကျင်းပလျက်ရှိရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမင်းသိန်းဇံနှင့် အုပ်ချုပ်မှုအဖွဲ့တာဝန်ရှိသူများသည် ယနေ့နံနက် ဒေသစံတော်ချိန် (၁၀)နာရီတွင် ဟန်ကျိုးမြို့ရှိ Xiaoshan Guali Sports Center အားကစားရုံ၌ ကျင်းပ လျက်ရှိသည့် ဝူရှူးအားကစားနည်းပြိုင်ပွဲ၌ မြန်မာနိုင်ငံမှ မအေးသစ္စာမြင့်က နန်းချွမ်(ခေါ်) တောင်ပိုင်းလက်သိုင်းပြိုင်ပွဲနှင့် နန်းသောင်း(ခေါ်) တောင်ပိုင်းဓါးသိုင်းပြိုင်ပွဲတို့တွင် ဝင်ရောက် ယှဉ်ပြိုင်ကစားနေမှုကို သွားရောက်ကြည့်ရှုအားပေးခဲ့သည်။ ထို့နောက် လင်အန်းမြို့ရှိ Lin’an Sports Culture & Exhibition အားကစားရုံတွင် ကျင်းပလျက်ရှိသော တိုက်ကွမ်ဒို အားကစားနည်း […]
(၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ မြန်မာအားကစားအဖွဲ့ (၂၅.၉.၂၀၂၃)ရက်နေ့ ပြိုင်ပွဲရလဒ်များ
![]()
(၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ မြန်မာအားကစားအဖွဲ့ (၂၅.၉.၂၀၂၃)ရက်နေ့ ပြိုင်ပွဲရလဒ်များ ဟန်ကျိုး၊ စက်တင်ဘာ(၂၅)။ (၁၉)ကြိမ်မြောက်အာရှအားကစားပြိုင်ပွဲများကို ယနေ့ နံနက် ဒေသစံတော်ချိန် (၉)နာရီတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဟန်ကျိုးမြို့ရှိ Xiaoshan Guali Sports Center အားကစားရုံ၌ ကျင်းပလျက်ရှိသော ဝူရှူးအားကစားပြိုင်ပွဲတွင် မြန်မာအသင်းမှ မောင်စွမ်းရည်ထက်နိုင်က ထိုက်ချိချွမ်+ထိုက်ချိကျန့်ပြိုင်ပွဲတွင် နိုင်ငံအလိုက် အဆင့်(၁၇)ရရှိခဲ့ပြီး အမျိုးသမီးဘောလုံး ပြိုင်ပွဲတွင် မြန်မာအသင်းက တရုတ်(ဟောင်ကောင်)အသင်းကို (၁-၀)ဖြင့်အနိုင်ရရှိသွားခဲ့သည်။ စက်တင်ဘာလ(၂၆)ရက်နေ့ နံနက်(၉)နာရီအချိန်တွင် တိုက်ကွမ်ဒိုအားကစားနည်းမှ မမိုးမြင့်မြတ်(-53 Kg) ပြိုင်ပွဲနှင့် နံနက်(၁၀)နာရီအချိန်တို့တွင် ဝူးရှူးအားကစားနည်းမှ မအေးသစ္စာမြင့်တို့က နန်းချွမ်(ခေါ်)တောင်ပိုင်းလက်သိုင်းနှင့် နန်းသောင်း(ခေါ်) တောင်းပိုင်း ဓါးသိုင်းပြိုင်ပွဲအမျိုးအစားဖြင့် ဝင်ရောက်ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သိရသည်။
(၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ မြန်မာအားကစားအဖွဲ့ (၂၄.၉.၂၀၂၃)ရက်နေ့ ပြိုင်ပွဲရလဒ်များ
![]()
(၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ မြန်မာအားကစားအဖွဲ့ (၂၄.၉.၂၀၂၃)ရက်နေ့ ပြိုင်ပွဲရလဒ်များ
ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ (၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ ဝူရှူး၊ ဘောလုံးအားကစားပြိုင်ပွဲများ သွားရောက်ကြည့်ရှုအားပေး
![]()
ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ (၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ ဝူရှူး၊ ဘောလုံးအားကစားပြိုင်ပွဲများ သွားရောက်ကြည့်ရှုအားပေး ဟန်ကျိုး၊ စက်တင်ဘာ(၂၄)။ တရုတ်ပြည်သူ့သမ္မတနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် (၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲများကို မြို့အသီးသီးရှိ အားကစားကွင်း/အားကစားရုံများ၌ ကျင်းပလျက်ရှိရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့် အုပ်ချုပ်မှုအဖွဲ့တာဝန်ရှိသူများသည် ယနေ့ နံနက် ဒေသစံတော်ချိန်(၁၀)နာရီတွင် ဟန်ကျိုးမြို့ရှိ Xiaoshan Guali Sports Center အားကစားရုံ၌ ကျင်းပလျက်ရှိသည့် ဝူရှူးအားကစားပြိုင်ပွဲတွင် မြန်မာအသင်းမှ မမြတ်နိုးအိမ်က ထိုက်ချိချွမ်နှင့် ထိုက်ချိကျန့် အားကစားနည်းများ ဝင်ရောက်ယှဉ်ပြိုင်ကစားနေမှုကို သွားရောက်ကြည့်ရှု အားပေးခဲ့ပြီး အားကစားရွာရှိ နိုင်ငံတကာအားကစားသမားများ နေထိုင်ရန်စီစဉ်ထားသည့် အဆောက်အဦးများအား လိုက်လံကြည့်ရှူ၍ မြန်မာအားကစားသမားများ နေထိုင်သည့်နေရာနှင့် မြန်မာနိုင်ငံအိုလံပစ်ကော်မတီရုံးခန်းတွင်ပြင်ဆင်ဖွဲ့စည်းထားသောအခန်းများအား လိုက်လံကြည့်ရှုပြီး အုပ်စုပြိုင်ပွဲများတွင် (၂)ပွဲအနိုင်ရရှိထားသော E-Sports အားကစားသမားများအား အားပေးအမှာစကားများပြောကြားခဲ့သည်။ ထို့နောက် […]
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ (၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတက်ရောက်
![]()
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ (၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတက်ရောက် ဟန်ကျိုး၊ စက်တင်ဘာ(၂၄)။ တရုတ်ပြည်သူ့သမ္မတနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် (၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ည ဒေသစံတော်ချိန် (၈)နာရီတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဟန်ကျိုးမြို့ရှိ အိုလံပစ်အားကစားကွင်း (Hangzhou Olympic Center) ၌ ကျင်းပသည်။ အခမ်းအနားတွင် (၁၉)ကြိမ်မြောက် တရုတ်အိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ (၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲကျင်းပရေးကော်မတီဥက္ကဋ္ဌနှင့် အာရှအိုလံပစ်ကော်မတီယာယီဥက္ကဋ္ဌတို့က အဖွင့်မိန့်ခွန်းပြောကြားခဲ့ကြပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ ရှီကျင့်ဖျင်က (၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ ဖွင့်လှစ်ကြောင်း ကြေညာခဲ့သည်။ ထို့နောက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အမှတ်တရနေရာများ၊ ရိုးရာအကအလှများ၊ ဖျော်ဖြေရေးအစီအစဉ်များဖြင့် တင်ဆက်သရုပ်ဖော်ပြသခဲ့သည်။ အာရှအားကစားပြိုင်ပွဲ အလံလွှင့်တင်ပြီး အားကစားသစ္စာအဓိဌာန်နှင့် ဒိုင်လူကြီးသစ္စာအဓိဌာန်တို့ကိုရွတ်ဆိုခဲ့ကြပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ လက်ရွေးစင်အားကစားသမားများက အာရှအားကစားပြိုင်ပွဲ မီးရှူးတိုင်ကို ကွင်းအတွင်းသို့ လက်ဆင့်ကမ်းသယ်ဆောင်ကာ […]
၂၀၂၃ ခုနှစ် ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ
![]()
၂၀၂၃ ခုနှစ် ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ တောင်ကြီးမြို့၊ စက်တင်ဘာလ(၂၂)ရက်။ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှကြီးမှူး၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်းကာ ၂၀၂၃ ခုနှစ် ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသများနှင့် ခရိုင်များအလိုက် အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် (၀၉:၀၀)နာရီအချိန်တွင် တောင်ကြီးမြို့ ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် ပြည်နယ်တရားသူကြီးချုပ်နှင့်ဇနီး ၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးရာဝန်ကြီး ၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ပြည်နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဌ ၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ၊ ပြည်နယ်ဥပဒေချုပ် ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်ပြည်နယ်ဝန်ကြီးများ၏ ဇနီးများ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန အားကစားနှင့်ကာယပညာဦးစီးဌာန […]