အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

(၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ မြန်မာအားကစားအဖွဲ့ (၂၅.၉.၂၀၂၃)ရက်နေ့ ပြိုင်ပွဲရလဒ်များ

ဟန်ကျိုး၊ စက်တင်ဘာ(၂၅)။

(၁၉)ကြိမ်မြောက်အာရှအားကစားပြိုင်ပွဲများကို ယနေ့ နံနက် ဒေသစံတော်ချိန် (၉)နာရီတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဟန်ကျိုးမြို့ရှိ Xiaoshan Guali Sports Center အားကစားရုံ၌ ကျင်းပလျက်ရှိသော ဝူရှူးအားကစားပြိုင်ပွဲတွင် မြန်မာအသင်းမှ မောင်စွမ်းရည်ထက်နိုင်က ထိုက်ချိချွမ်+ထိုက်ချိကျန့်ပြိုင်ပွဲတွင် နိုင်ငံအလိုက် အဆင့်(၁၇)ရရှိခဲ့ပြီး အမျိုးသမီးဘောလုံး ပြိုင်ပွဲတွင် မြန်မာအသင်းက တရုတ်(ဟောင်ကောင်)အသင်းကို (၁-၀)ဖြင့်အနိုင်ရရှိသွား‌ခဲ့သည်။

စက်တင်ဘာလ(၂၆)ရက်နေ့ နံနက်(၉)နာရီအချိန်တွင် တိုက်ကွမ်ဒိုအားကစားနည်းမှ မမိုးမြင့်မြတ်(-53 Kg) ပြိုင်ပွဲနှင့် နံနက်(၁၀)နာရီအချိန်တို့တွင် ဝူးရှူးအားကစားနည်းမှ မအေးသစ္စာမြင့်တို့က နန်းချွမ်(ခေါ်)တောင်ပိုင်းလက်သိုင်းနှင့် နန်းသောင်း(ခေါ်) တောင်းပိုင်း ဓါးသိုင်းပြိုင်ပွဲအမျိုးအစားဖြင့် ဝင်ရောက်ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သိရသည်။