(၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် မြန်မာ E-Sports (Dota-2) အားကစားအဖွဲ့ထွက်ခွာ
ရန်ကုန်၊ စက်တင်ဘာလ(၂၆)ရက်။
၂၀၂၃ခုနှစ်၊စက်တင်ဘာလ(၂၃)ရက်နေ့မှအောက်တိုဘာ လ (၈)ရက်နေ့အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဟန်ကျိုးမြို့တွင် ကျင်းပပြုလုပ်မည့် (၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲသို့ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက်မြန်မာE-Sports(Dota-2) အားကစားအဖွဲ့မှ နည်းပြ (၁)ဦးနှင့်အမျိုးသား အားကစားသမား (၅)ဦးတို့သည် ယနေ့ ညနေ (၁၆:၁၀)နာရီ အချိန်၌ လေယာဉ်အမှတ် MU-2032 ဖြင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာသွားကြောင်း သတင်းရရှိသည်။