၂၀၂၃ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ တက္ကသိုလ်များဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ်များကျင်းပ

၂၀၂၃ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ တက္ကသိုလ်များဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ်များကျင်းပ နေပြည်တော်၊ ဇွန်(၂၃)။ ၂၀၂၃ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ တက္ကသိုလ်များ ဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ်များကို နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၊ လေ့ကျင့်ရေးကွင်းအမှတ်(၃)၌ ကျင်းပပြုလုပ်ခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ လာရောက်ကြည့်ရှုအားပေးခဲ့ကြသည်။ ယနေ့အုပ်စုပြိုင်ပွဲ ပွဲစဉ်များအဖြစ် နံနက်(၇)နာရီအချိန်တွင် ကျန်းမာရေးဝန်ကြီးဌာနအသင်းနှင့် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ ကျန်းမာရေးဝန်ကြီးဌာနအသင်းက သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအသင်းကို (၇)ဂိုး (၅)ဂိုးဖြင့်လည်းကောင်း၊ မွန်းလွဲ (၃)နာရီခွဲအချိန်တွင် နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းနှင့် ပညာရေးဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ တစ်ဖက်(၃)ဂိုးစီသရေရလဒ်ဖြင့်လည်းကောင်း အသီးသီး ယှဉ်ပြိုင်ကစားခဲ့ကြောင်း သိရသည်။
လူငယ်ရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးနေဝင်းနှင့်ဝန်ထမ်းများ ဆန္ဒဖော်ထုတ်ပွဲအခမ်းအနားကျင်းပ

လူငယ်ရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးနေဝင်းနှင့်ဝန်ထမ်းများ ဆန္ဒဖော်ထုတ်ပွဲအခမ်းအနားကျင်းပ နေပြည်တော်၊ ဇွန်လ(၂၃)ရက်။ ၂၀၂၃ ခုနှစ်၊ ဇွန်လ(၂၃)ရက်နေ့၊ နံနက် (၁၀:၀၀) အချိန်တွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးနေဝင်း ဦးဆောင်၍ ဌာနခွဲ(၄)ခုတို့မှ အရာထမ်း၊အမှုထမ်းများနှင့် ဝန်ထမ်းများ၏ဆန္ဒဖော်ထုတ်ပွဲကို နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လူငယ်ရေးရာဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ညွှန်ကြားရေးမှူးချုပ် ဦးနေဝင်းက အဖွင့်အမှာစကားပြောကြားရာတွင် (၁၂)ကြိမ်မြောက်အာဆီယံလူငယ်ဆိုင်ရာ ဝန်ကြီးများအဆင့်အစည်းအဝေး (AMMY) နှင့် ဆက်စပ်အစည်းအဝေးများ၊ (၁၂)ကြိမ်မြောက်အာဆီယံလူငယ်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများအစည်းအဝေး (SOMY) နှင့်ဆက်စပ်အစည်းအဝေးများအား (၁၉.၆.၂၀၂၃)ရက်နေ့မှ (၂၁.၆.၂၀၂၃) ရက်နေ့အထိ Virtual စနစ်ဖြင့်တက်ရောက်ခဲ့ပြီးဖြစ်ရာ လက်ရှိဥက္ကဋ္ဌတာဝန်ထမ်းဆောင်လျက်ရှိသော မလေးရှားနိုင်ငံက ဥက္ကဋ္ဌတာဝန်များအား မြန်မာနိုင်ငံထံသို့ လွှဲပြောင်းခဲ့ပြီ ဖြစ်သောကြောင့် မိမိတို့ဌာနမှလိုအပ်သည်များ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရမည်ဖြစ်ပါကြောင်း၊ ဥက္ကဋ္ဌတာဝန်ထမ်းဆောင်ချိန်တွင် လက်ရှိဝန်ထမ်းအင်အားနှင့် အကောင်အထည်ဖော် ဆောင်ရွက်ရန် အခက်အခဲရှိသောကြောင့် […]
၂၀၂၃ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ တက္ကသိုလ်များ ဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကျင်းပ

၂၀၂၃ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ တက္ကသိုလ်များ ဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကျင်းပ နေပြည်တော်၊ ဇွန် (၂၂)။ ၂၀၂၃ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ တက္ကသိုလ်များ ဘောလုံးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ဝဏ္ဏသိဒ္ဓိ ဘောလုံးအားကစားကွင်း၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး တက်ရောက်အားပေးသည်။ ဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင်များဖြစ်ကြသည့် ပိုးရယ်အောင်သိန်း၊ မန်းငြိမ်းမောင်၊ ဒေါက်တာမှုထန်၊ ဒေါက်တာအောင် ကျော်မင်း၊ ဒေါက်တာကျော်ထွန်း၊ ဦးရန်ကျော်၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ဆရာ ဆရာမများ၊ ကျောင်းသားကျောင်းသူများ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ ဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက ယခုကျင်းပသည့်ဝန်ကြီး ဌာနပေါင်းစုံတက္ကသိုလ်များ […]
အပြည်ပြည်ဆိုင်ရာ အိုလံပစ်နေ့အထိမ်းအမှတ် 3×3 ဘတ်စကက်ဘောပြိုင်ပွဲ ဗိုလ်လုပွဲစဉ်များနှင့်ဆုပေးပွဲ အခမ်းအနားကျင်းပ

အပြည်ပြည်ဆိုင်ရာ အိုလံပစ်နေ့အထိမ်းအမှတ် 3×3 ဘတ်စကက်ဘောပြိုင်ပွဲ ဗိုလ်လုပွဲစဉ်များနှင့်ဆုပေးပွဲ အခမ်းအနားကျင်းပ ရန်ကုန်၊ ဇွန်လ(၂၂)ရက်။ နှစ်စဉ် ဇွန်လ(၂၃)ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ အိုလံပစ်နေ့အထိမ်းအမှတ် 3×3 ဘတ်စကက်ဘောပြိုင်ပွဲ ဗိုလ်လုပွဲစဉ်များနှင့်ဆုပေးပွဲ အခမ်းအနားကို ယနေ့ နေ့လယ်(၂:၀၀)နာရီ၌ တာမွေမြို့နယ် အနောက်မြင်းပြိုင်ကွင်းလမ်း၊ ကျိုက္ကဆံ ဘတ်စကက်ဘောအားကစားရုံ၌ ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံဘတ်စကက်ဘော အဖွဲ့ချုပ် ဒုတိယဥက္ကဌများ၊ ဗဟိုအလုပ်အမှုဆောင်များ တက်ရောက်ကြပါသည်။ ပထမဦးစွာ အသက်(၁၆)နှစ်နှင့်အောက် အမျိုးသားပြိုင်ပွဲ၊ အသက်(၁၈)နှစ်နှင့်အောက် အမျိုးသား/အမျိုးသမီး ပြိုင်ပွဲ၊ အသက်(၂၀)နှစ်နှင့်အောက် အမျိုးသား/အမျိုးသမီးပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်များ ကျင်းပပြီးနောက် အသက်(၁၆)နှစ်အောက် အမျိုးသမီးပြိုင်ပွဲတွင် ပထမရရှိသော Blank အသင်း၊ ဒုတိယရရှိသော Hoops အသင်း၊ တတိယရရှိသော Giants (A)အသင်း၊ အသက်(၁၆)နှစ်အောက် အမျိုးသားပြိုင်ပွဲတွင် ပထမရရှိသော ISM […]
၂၀၂၃ ခုနှစ် ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်အလိုက် အသက်(၁၉) နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် အသင်းအုပ်ချုပ်သူများအစည်းအဝေးကျင်းပ

၂၀၂၃ ခုနှစ် ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်အလိုက် အသက်(၁၉) နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် အသင်းအုပ်ချုပ်သူများအစည်းအဝေးကျင်းပ တောင်ကြီးမြို့၊ ဇွန်လ(၂၂)ရက်။ ရှမ်းပြည်နယ်အစိုးအဖွဲ့၏ လမ်းညွှန်မှုများကိုခံယူကာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပပြုလုပ်မည့် ၂၀၂၃ ခုနှစ် ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်အလိုက် အသက်(၁၉)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် အသင်းများမှ ပြိုင်ပွဲဝင်အားကစားသမားများ လူစစ်ဆေးခြင်းနှင့် အသင်းအုပ်ချုပ်သူများအစည်းအဝေးကို ဇွန် (၂၂)ရက် မနက်(၀၉:၀၀)အချိန်တွင် ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၌ ကျင်းပပြုလုပ်ခဲ့ရာ အားကစားနှင့်ကာယပညာသိပ္ပံ (တောင်ကြီး) ကျောင်းအုပ်ကြီး ဦးထွန်းထွန်းဦး ၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်နန်းအဲမာ ၊ မြို့နယ်တာဝန်ခံများ ၊ ပြည်နယ်ဘောလုံးဆပ်ကော်မတီမှတာဝန်ရှိသူများ ၊ ပြိုင်ပွဲဝင်အသင်းများမှ အသင်းအုပ်ချုပ်သူ / နည်းပြများ ၊ […]
အားကစားနှင့်ကာယပညာဉီးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းဦး ပူတာအိုခရိုင်အတွင်းရှိ အားကစားကွင်း/အားကစားရုံများအား လိုက်လံကြည့်ရှုစစ်ဆေး

အားကစားနှင့်ကာယပညာဉီးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းဦး ပူတာအိုခရိုင်အတွင်းရှိ အားကစားကွင်း/အားကစားရုံများအား လိုက်လံကြည့်ရှုစစ်ဆေး နေပြည်တော်၊ ဇွန်လ(၁၇)ရက်။ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းဦးမှ ပူတာအိုခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာနရှိ ခရိုင်/မြို့နယ် ဝန်ထမ်းများနှင့် တွေ့ဆုံပွဲအခမ်းအနားတွင် ဒုတိယညွှန်ကြားရေးမှူးချုပ်မှ လမ်းညွှန်အမှာစကား ပြောကြားခဲ့ပြီး ပူတာအိုခရိုင် အားကစား ဆောင်ရွက်မှုအခြေအနေများအား လက်ထောက်ညွှန်ကြားရေးမှူးနှင့် ပူတာအိုမြို့နယ် အားကစားမှူးတို့မှ power point ဖြင့် ရှင်းလင်းတင်ပြခြင်း၊ ပြည်နယ်ညွှန်ကြားရေးမှူးမှ လိုအပ်သည်များ ဖြည့်စွက် တင်ပြခဲ့ပြီး ဒုတိယညွှန်ကြားရေးမှူးချုပ်က တင်ပြချက်များအပေါ် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။ ထို့နောက် ဒုတိယညွှန်ကြားရေးမှူးချုပ်က ဝန်ထမ်းသားသမီးများထဲမှ တက္ကသိုလ်ဝင်စားမေးပွဲ အောင်မြင်သူများအား ဂုဏ်ပြုထောက်ပံ့ခြင်းနှင့် တက္ကသိုလ်/ကောလိပ် တက်ရောက်နေသော ဝန်ထမ်းများအား ပညာသင်ထောက်ပံ့ကြေးများထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ (၁၂) ကြိမ်မြောက် အာဆီယံလူငယ်ဆိုင်ရာ ဝန်ကြီးများအဆင့်အစည်းအဝေးတက်ရောက်

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ (၁၂) ကြိမ်မြောက် အာဆီယံလူငယ်ဆိုင်ရာ ဝန်ကြီးများအဆင့်အစည်းအဝေးတက်ရောက် နေပြည်တော်၊ ဇွန်(၂၁)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် (၁၂) ကြိမ်မြောက် အာဆီယံလူငယ်ဆိုင်ရာ ဝန်ကြီးများအဆင့်အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ ယနေ့ နံနက်(၇)နာရီခွဲတွင် နေပြည်တော် ရုံးအမှတ်(၃၁)ရှိ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ(အပေါ်ထပ်) ၌ Virtual စနစ်ဖြင့် တက်ရောက်ခဲ့သည်။ အစီအစဉ်အရ (၁၂)ကြိမ်မြောက် အာဆီယံလူငယ်ဆိုင်ရာ ဝန်ကြီးများအဆင့်အစည်းအဝေးတွင် မလေးရှားနိုင်ငံမှ Mr. YB ADAM ADLI ABD MALM က ဒေသတွင်းလူငယ်များ၏ စိတ်ကျန်းမာရေးကို မြှင့်တင်ပေးနိုင်ရန် “စိတ်ကျန်းမာရေး ပြဿနာများအားလုံးနှင့်အတူ ရင်ဆိုင်ကျော်လွှား” ဆောင်ပုဒ်ဖြင့် ကြိုးပမ်းဆောင်ရွက်ခဲ့မှုများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက ၂၀၂၀ ခုနှစ်တွင် […]
နေပြည်တော်၊ ဥတ္တရသီရိမြို့နယ် အ.ထ.က(၁၂)ရှိ ကျောင်းခန်းမဆောင်၌ လူငယ်အသိပညာပေးဟောပြောပွဲကျင်းပ

နေပြည်တော်၊ ဥတ္တရသီရိမြို့နယ် အ.ထ.က(၁၂)ရှိ ကျောင်းခန်းမဆောင်၌ လူငယ်အသိပညာပေးဟောပြောပွဲကျင်းပ နေပြည်တော်၊ ဇွန်လ(၂၁)ရက်။ ပြည်ထောင်စုနယ်မြေနေပြည်တော်အတွင်းရှိ လူငယ်များဘက်စုံဖွံဖြိုးတိုးတက်ပြီး ဗလငါးတန်နှင့် ပြည့်စုံကာ နိုင်ငံတော်အတွက် အားထားရမည့် နိုင်ငံသားကောင်းရတနာများ ဖြစ်လာစေရန်ရည်ရွယ်၍ ယနေ့ နံနက်(၉)နာရီအချိန်တွင် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ် အ.ထ.က(၁၂)ရှိ ကျောင်းခန်းမဆောင်၌ လူငယ်အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ ကျောင်းသား/ကျောင်းသူအင်အား (၁၅၀)ခန့် တက်ရောက်ခဲ့ပြီး ပြည်ထောင်စုနယ်မြေ(နေပြည်တော်) အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးတင်မောင်မောင်စိုးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြည်ထောင်စုနယ်မြေ (နေပြည်တော်) လူငယ်ရေးရာတာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဦးကြည်စိုးလင်းမှ လူငယ်အသိပညာပေး အကြောင်းများဟောပြောဆွေးနွေးခဲ့ပါသည်။ ဟောပြောပွဲအပြီးတွင် ပြည်ထောင်စုနယ်မြေ (နေပြည်တော်) အာကစားနှင့်ကာယပညာ ဦးစီးဌာနမှ စာသင်ကျောင်းအတွက် အားကစားပစ္စည်းများထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရှိရပါသည်။
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ အားကစားရုံနှင့် ပွဲကြည့်စင် တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေး

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ အားကစားရုံနှင့် ပွဲကြည့်စင် တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေး နေပြည်တော်၊ ဇွန်လ(၂၁)ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် ဇွန်လ(၂၀)ရက်နေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် အားကစားနှင့်ကာပညာဦးစီးဌာန ရွှေကြာပင် အားကစားကွင်းသို့ရောက်ရှိပြီး အားကစားရုံနှင့် ပွဲကြည့်စင် တည်ဆောက်နေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဂျူဒိုနည်းပြနှင့်ဒိုင်လူကြီးသင်တန်းအမှတ်စဉ်(၁/၂၀၂၃) သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

ဂျူဒိုနည်းပြနှင့်ဒိုင်လူကြီးသင်တန်းအမှတ်စဉ်(၁/၂၀၂၃) သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ နေပြည်တော်၊ ဇွန်(၂၀)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံဂျူဒို အဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် ဂျူဒိုနည်းပြနှင့်ဒိုင်လူကြီးသင်တန်း အမှတ်စဉ် (၁/၂၀၂၃) သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီတွင် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း(Gold Camp)ရှိ Multipurpose Hall ၌ ကျင်းပခဲ့သည်။ ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက အဖွင့်အမှာစကားပြောကြားရာတွင် ဂျူဒိုပညာရပ်သည် ဂျပန်လူမျိုးများ၏ ရိုးရာအားကစားနည်းဖြစ်ပြီး အပြန်အလှန်လေးစားမှုရှိရန်၊ တစ်ဦးနှင့်တစ်ဦး တွေ့ဆုံနှုတ်ဆက်တိုင်း စနစ်တကျဦးညွတ်အလေးပြုနှုတ်ဆက်ရသည့်ဓလေ့ကို ရိုသေလေးစားသမှုနှင့် လေးနက်စွာ နှုတ်ဆက်အလေးပြုရန် လွန်စွာအရေးကြီးကြောင်း၊ ဂျူဒိုအစ အလေးပြုခြင်းကဆိုသည့်အတိုင်း ပထမဦးဆုံး ဂျူဒိုအားကစားနည်းကို သင်ကြားသည့်အခါ အလေးပြုခြင်းက စတင်သင်ကြားရခြင်းဖြစ်ပြီး မိမိပြိုင်ဖက်အား လေးစားခြင်း၊ မိမိကိုယ်ကို နှိမ့်ချရိုကျိုးခြင်းဖြစ်သည့်အတွက် အလေးပြုရခြင်း ရည်ရွယ်ချက်ကို သိရှိအောင် သင်ကြားပေးရန်လိုကြောင်း၊ သင်တန်းသားများအနေဖြင့် မိမိတို့မသိသေးသည့် အချို့သော နည်းစနစ်များ၊ […]