အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အပြည်ပြည်ဆိုင်ရာမြင်းစီးတန်းခုန်ပြိုင်ပွဲကျင်းပ

ရန်ကုန် ၊ ဇန်နဝါရီ ၄။

(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် အပြည်ပြည်ဆိုင်ရာ မြင်းစီးတန်းခုန်ပြိုင်ပွဲ (International Show Jumping)ကို ဇန်နဝါရီ ၄ ရက်(လွတ်လပ်ရေးနေ့) နံနက် ၉ နာရီတွင် ရန်ကုန်မြို့ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ် (မြင်းစီးအားကစားကွင်း)၌ ကျင်းပသည်။

အဆိုပါပြိုင်ပွဲအပြီးတွင် Children (အသက်၁၄နှစ်အောက်)တန်းအမြင့် ၄၀-၅၀ စင်တီမီတာပြိုင်ပွဲတွင် ပထမဆုရ ကျော်တိုးလင်းနှင့် ဒုတိယဆုရ မြတ်သူထက်တို့အား မြန်မာနိုင်ငံမြင်းစီးအဖွဲ့ချုပ်ဒုတိယဥက္ကဋ္ဌ(၂)ဦး အေးချိုကလည်းကောင်း၊ Junior (အသက်၁၄ နှစ်မှ၁၈နှစ်) တန်းအမြင့် ၉၀ စင်တီမီတာပြိုင်ပွဲတွင် ပထမဆုရ လှိုင်ဌေးအောင် ၊ ဒုတိယဆုရ ကျော်ဝဏ္ဏအောင်နှင့်တတိယဆုရ အောင်ကိုကိုခန့်တို့အား မြန်မာနိုင်ငံမြင်းစီးအဖွဲ့ချုပ်ဒုတိယဥက္ကဋ္ဌ(၁) ဦးကျင်ဦးကလည်းကောင်း၊ Senior (အသက် ၁၈နှစ်အထက်) တန်းအမြင့် ၁၁၀ စင်တီမီတာ ပြိုင်ပွဲတွင် ပထမဆုရ ထွန်းလင်းအောင်၊ဒုတိယဆုရ ကျော်ထက်နှင့်တတိယဆုရ နန်းဝင်းတို့အား မြန်မာနိုင်ငံမြင်းစီးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးပြုံးမောင်မောင်နှင့် ရန်ကုန်မြင်းစီးအသင်းဥက္ကဋ္ဌ ဦး‌ဇော်လွင်ဦးတို့က ဆုရရှိသည့်ကစားသမားနှင့် မြင်းများအား ဆုဖလား၊ အသိအမှတ်ပြုလက်မှတ်နှင့် ဖဲပြားများ အသီးသီးဆုများ ချီးမြှင့်ခဲ့ကြသည်။

ယင်းအပြည်ပြည်ဆိုင်ရာမြင်းစီးတန်းခုန်ပြိုင်ပွဲကို ကမ္ဘာ့မြင်းစီးအားကစားအဖွဲ့ချုပ်(F.E.I) ၏တန်းခုန်ပြိုင်ပွဲ စည်းမျဥ်းများအတိုင်း ယှဥ်ပြိုင်ခြင်းဖြစ်ကြောင်းသိရှိရသည်။