၂၀၂၃ ခုနှစ် အိုလံပစ်နေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများကျင်းပ

၂၀၂၃ ခုနှစ် အိုလံပစ်နေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများကျင်းပ နေပြည်တော်၊ ဇွန်(၃၀)။ ၂၀၂၃ ခုနှစ်၊ အိုလံပစ်နေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများကို ယနေ့နံနက်(၇)နာရီတွင် ဝဏ္ဏသိဒ္ဓိ ဘောလုံးအားကစားကွင်း၌ ပြေးခုန်ပစ်အားကစားနည်းမှ မီတာ ၈၀၀ (အမျိုးသား/အမျိူးသမီး) အပြေးပြိုင်ပွဲ၊ အလျားခုန် (အမျိုးသား/အမျိုးသမီး)၊ သံလုံးပစ်(အမျိုးသား/အမျိုးသမီး)၊ မီတာ ၁၀၀ (အမျိုးသား/ အမျိုးသမီး)၊ မီတာ ၁၀၀ x ၄ လက်ဆင့်ကမ်း (အမျိုးသား/အမျိုးသမီး)၊ မီတာ ၁၀၀ x ၄ လက်ဆင့်ကမ်း (အမျိုးသား+အမျိုးသမီး) ပြိုင်ပွဲများကို ကျင်းပခဲ့သည်။ မီတာ ၈၀၀ (အမျိုးသား) အပြေးပြိုင်ပွဲတွင် မောင်စီရမ်းပေါ့က ပထမ၊ မောင်ဖိုးချိုက ဒုတိယ၊ မောင်ထက်မြက်အောင်က တတိယဆုများကိုလည်းကောင်း၊ မီတာ ၈၀၀ (အမျိုးသမီး) အပြေးပြိုင်ပွဲတွင် မကိမ်ရှန်းဒိတ်ဆာန်က ပထမ၊ […]
၂၀၂၃ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ တက္ကသိုလ်များဘောလုံးပြိုင်ပွဲ အုပ်စုပတ်လည်ပွဲစဉ်များ ဆက်လက်ကျင်းပ

၂၀၂၃ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ တက္ကသိုလ်များဘောလုံးပြိုင်ပွဲ အုပ်စုပတ်လည်ပွဲစဉ်များ ဆက်လက်ကျင်းပ နေပြည်တော်၊ ဇွန်(၂၈)။ မျိုးဆက်သစ်ဘောလုံးအားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ၂၀၂၃ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ တက္ကသိုလ်များ ဘောလုံးပြိုင်ပွဲ အုပ်စုပတ်လည်ပွဲစဉ်များကို နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၊ လေ့ကျင့်ရေးကွင်းအမှတ်(၁)နှင့်(၃)တို့၌ ကျင်းပလျက်ရှိသည်။ နံနက်ပိုင်းတွင် အုပ်စု(က)ပွဲစဉ်အဖြစ် လေ့ကျင့်ရေးကွင်းအမှတ်(၃)၌ ပညာရေးဝန်ကြီးဌာန(က) အသင်းနှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန(ခ)အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ပညာရေးဝန်ကြီးဌာန(က) အသင်းက (၈)ဂိုး ဂိုးမရှိဖြင့်လည်းကောင်း၊ မွန်းလွဲ (၃)နာရီခွဲအချိန်တွင် လေ့ကျင့်ရေးကွင်းအမှတ်(၁)၌ အုပ်စု(ခ)ပွဲစဉ်အဖြစ် ကျန်းမာရေးဝန်ကြီးဌာနအသင်းနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာနအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ ဂိုးမရှိသရေရလဒ်ဖြင့်လည်းကောင်း၊ လေ့ကျင့်ရေးကွင်းအမှတ်(၃)၌ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအသင်းနှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ တစ်ဖက်(၂)ဂိုးစီသရေရလဒ်ဖြင့်လည်းကောင်း အသီးသီး ယှဉ်ပြိုင်ကစားခဲ့ကြသည်။ အဆိုပါ ပြိုင်ပွဲများ ယှဉ်ပြိုင်ကစားနေမှုများအား […]
သာကေတမြို့နယ်တွင် အားကစားနှင့်လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ၊ သရုပ်ပြပွဲနှင့် အားကစားပစ္စည်းများလှူဒါန်းခြင်းအခမ်းအနားကျင်းပ

သာကေတမြို့နယ်တွင် အားကစားနှင့်လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ၊ သရုပ်ပြပွဲနှင့် အားကစားပစ္စည်းများလှူဒါန်းခြင်းအခမ်းအနားကျင်းပ ရန်ကုန်၊ ဇွန်လ(၂၈)ရက်။ ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် အားကစားနှင့်လူငယ်ရေးရာ ဟောပြောပွဲ၊ သရုပ်ပြပွဲနှင့် အားကစားပစ္စည်းများလှူဒါန်းခြင်းအခမ်းအနားကို ယနေ့နံနက်(၁၀:၀၀)နာရီအချိန်က အမှတ်(၁) အခြေခံပညာ မူလတန်းကျောင်း၌ ကျင်းပခဲ့သည်။ ရှေးဦးစွာ အရှေ့ပိုင်းခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးရဲကျော်သူမှ အဖွင့်အမှာစကားပြောကြားခဲ့ကာ အမှတ်(၁)အခြေခံပညာ မူလတန်းကျောင်းအုပ်ဆရာမ ဒေါ်အေးအေးအောင်က ကျေးဇူးတင်စကားပြောကြားခဲ့သည်။ ဆက်လက်ပြီးလူငယ်ရေးရာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအေးချိုတူးက ”အနာဂတ်နိုင်ငံတော်ကြီးကို လက်ဆင့်ကမ်းပြီး နိုင်ငံနှင့်လူမျိုးအကျိုးအတွက် သယ်ပိုးထမ်းရွက်ကြမဲ့ မျိုးဆက်သစ် လူငယ်လူရွယ်များသည် ဗလငါးတန်နှင့် ပြည့်စုံအောင်၊ နိုင်ငံနဲ့လူမျိုးကို ချစ်မြတ်နိုးတတ်အောင်၊ တန်ဖိုးထားတက်အောင် အသိပညာ၊ အတတ်ပညာတွေကို ကြိုးစားလေ့လာဆည်းပူးဖို့လိုသကဲ့သို့ ကျန်းမာကြံ့ခိုင်ခြင်းသည်လည်း အရေးကြီးသည့်ကဏ္ဍဖြစ်သည့်အတွက် ကျန်းမာ ကြံ့ခိုင်ပြီး ဉာဏ်ပညာပြည့်ဝစေရန် အားကစားနည်း […]
၂၀၂၃ ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံ တက္ကသိုလ်များဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ်များဆက်လက်ကျင်းပ

၂၀၂၃ ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံ တက္ကသိုလ်များဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ်များဆက်လက်ကျင်းပ နေပြည်တော်၊ ဇွန်(၂၇)ရက်။ ၂၀၂၃ ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံ တက္ကသိုလ်များ ဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ်များကို နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၊ လေ့ကျင့်ရေးကွင်းအမှတ်(၁)နှင့်(၃)တို့၌ ကျင်းပပြုလုပ်ခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် အားကစားဝါသနာရှင်ပရိတ်သတ်များ လာရောက်ကြည့်ရှု အားပေးခဲ့ကြသည်။ ယနေ့အုပ်စုပြိုင်ပွဲ ပွဲစဉ်များအဖြစ် နံနက်(၇)နာရီခွဲအချိန်တွင် လေ့ကျင့်ရေးကွင်းအမှတ်(၃)၌ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန (ခ)အသင်းနှင့် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင် ကစားခဲ့ရာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန(ခ) အသင်းက သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနအသင်းကို (၅)ဂိုး (၀)ဂိုးဖြင့်လည်းကောင်း၊ မွန်းလွဲ (၃)နာရီခွဲအချိန်တွင် လေ့ကျင့်ရေးကွင်းအမှတ်(၁)၌ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန(က)အသင်းနှင့် ပညာရေးဝန်ကြီးဌာန(ခ)အသင်း၊ လေ့ကျင့်ရေးကွင်းအမှတ်(၃)၌ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနအသင်းနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြောင်းသိရသည်။
အင်္ဂလိပ်စာဘာသာပြန်သင်တန်းအမှတ်စဉ် (၁/၂၀၂၃)သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

အင်္ဂလိပ်စာဘာသာပြန်သင်တန်းအမှတ်စဉ် (၁/၂၀၂၃)သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ နေပြည်တော်၊ ဇွန်လ(၂၇)ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာနမှ အရာထမ်း/အမှုထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားလာစေရန် ရည်ရွယ်၍ ယနေ့နံနက်(၁၀)နာရီတွင် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)ရှိ Multipurpose Hall ၌ အင်္ဂလိပ်စာဘာသာပြန်သင်တန်းအမှတ်စဉ်(၁/၂၀၂၃) ဖွင့်ပွဲ အခမ်းအနားကို ကျင်းပခဲ့သည်။ ဦးစွာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက အဖွင့်အမှာစကားပြောကြားရာတွင် လူငယ်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အဓိကတာဝန်ယူထမ်းဆောင်နေကြသည့် လူငယ်ရေးရာဦးစီးဌာနမှ ဝန်ထမ်းများ တစ်ဦးချင်းစီ စွမ်းဆောင်ရည်မြင့်မားလာစေရန်နှင့် အင်္ဂလိပ်စာ ဘာသာပြန် အခြေခံအဆင့် ကျွမ်းကျင်တတ်မြောက်စေရန်၊ လုပ်ငန်းသုံးအင်္ဂလိပ်စာ(Departmental English)နှင့် ပတ်သက်သည့် ဝေါဟာရများကြွယ်ဝစေရန်၊ လူငယ်ရေးရာကိစ္စရပ်များနှင့်ပတ်သက်၍ နိုင်ငံတကာတွင် ဆောင်ရွက်နေသည့်ကိစ္စရပ်များကို သိရှိနားလည်နိုင်စေရန် ရည်ရွယ်၍ ယခုသင်တန်းအား ဖွင့်လှစ်ပေးရခြင်းဖြစ်ပါကြောင်း၊ ထို့အပြင် အခြေခံအင်္ဂလိပ်စကားပြောသင်တန်းအမှတ်စဉ်(၁/၂၀၂၂)နှင့် အခြေခံကွန်ပျူတာ သင်တန်းအမှတ်စဉ်(၁/၂၀၂၃)တို့ကိုလည်း ဖွင့်လှစ်ပေးခဲ့ပြီးဖြစ်ပါကြောင်း၊ အာဆီယံနိုင်ငံများနှင့် ချိတ်ဆက်ဆောင်ရွက်ရာ၌ အင်္ဂလိပ်ဘာသာစကား အသုံးပြုဆက်သွယ်ရာတွင် […]
၂၀၂၃ ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံ တက္ကသိုလ်များဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ်များကျင်းပ

၂၀၂၃ ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံ တက္ကသိုလ်များဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ်များကျင်းပ နေပြည်တော်၊ ဇွန်(၂၆)။ ၂၀၂၃ ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံ တက္ကသိုလ်များ ဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ်များကို နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၊ လေ့ကျင့်ရေးကွင်းအမှတ်(၃)၌ ကျင်းပပြုလုပ်ခဲ့ရာ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် အားကစားဝါသနာရှင်ပရိတ်သတ်များ လာရောက်ကြည့်ရှုအားပေးခဲ့ကြသည်။ ယနေ့အုပ်စုပြိုင်ပွဲ ပွဲစဉ်များအဖြစ် နံနက်(၇)နာရီခွဲအချိန်တွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအသင်းနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအသင်းက နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းကို (၂)ဂိုး (၀)ဂိုးဖြင့်လည်းကောင်း၊ မွန်းလွဲ (၃)နာရီခွဲအချိန်တွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနအသင်းနှင့် ကျန်းမာရေးဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနအသင်းက ကျန်းမာရေးဝန်ကြီးဌာနအသင်းကို (၁)ဂိုး (၀)ဂိုးဖြင့်လည်းကောင်း အသီးသီး အနိုင်ရရှိခဲ့ကြောင်း သိရသည်။
၂၀၂၃ ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်အလိုက်အသက်(၁၉)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲများ ဇုန်အလိုက် ဆက်လက်ကျင်းပ

၂၀၂၃ ခုနှစ် ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်အလိုက်အသက်(၁၉)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲများ ဇုန်အလိုက် ဆက်လက်ကျင်းပ ရှမ်းပြည်နယ်အမျိုးသမီးဘောလုံးအားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရေး ၊ ပြည်နယ်အတွင်းရှိဒေသခံတိုင်းရင်းသားများအချင်းချင်း ချစ်ကြည်ရင်းနှီးမှုရှိစေရေး ၊ မျိုးဆက်သစ်ရွက်ပုန်းသီးအားကစားသမားများ ပေါ်ထွက်လာစေရေးတို့ကိုရည်ရွယ်ကာ ၂၀၂၃ ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်အလိုက် အသက် (၁၉)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲများကို ၂၃.၆.၂၀၂၃ ရက်နေ့ မှစတင်၍ ပြည်နယ်အားကစားကွင်း ၊ အား/ကာ(သိပ္ပံ)အားကစားကွင်းတို့၌ ဇုန်(၂)ဇုန်ခွဲ၍ကျင်းပပြုလုပ်ခဲ့ရာ ယနေ့ပွဲစဥ်များအဖြစ် မွန်းလွဲ(၁၄:၀၀)နာရီအချိန်တွင် ပင်လောင်းမြို့နယ်သင်း နှင့် ဖယ်ခုံမြို့နယ်အသင်း ၊ ညနေ(၁၆:၀၀)နာရီအချိန်တွင် ကျိုင်းတုံမြို့နယ်အသင်း နှင့် လွိုင်လင်မြို့နယ်အသင်းတို့သည် ပြည်နယ်အားကစားကွင်း၌လည်းကောင်း ၊ မွန်းလွဲ(၁၄း၃၀)နာရီအချိန်တွင် ရွာငံမြို့နယ်သင်း နှင့် သီပေါမြို့နယ်အသင်း ၊ ညနေ(၁၆း၀၀)နာရီအချိန်တွင် နမ္မတူမြို့နယ်အသင်း နှင့် ညောင်ရွှေမြို့နယ်အသင်းတို့သည် အား/ကာသိပ္ပံအားကစားကွင်း၌လည်းကောင်း အသီးသီးယှဥ်ပြိုင်ကစားခဲ့ကြပြီး […]
ပျဉ်းမနားမြို့နယ် အမှတ်(၁)၊ အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ လူငယ်အသိပညာပေးဟောပြောပွဲကျင်းပ

ပျဉ်းမနားမြို့နယ် အမှတ်(၁)၊ အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ လူငယ်အသိပညာပေးဟောပြောပွဲကျင်းပ နေပြည်တော်၊ ဇွန် (၂၆)။ ပြည်ထောင်စုနယ်မြေ(နေပြည်တော်ကောင်စီ)အတွင်းရှိ ကျောင်းသား/ကျောင်းသူ လူငယ်လူရွယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ပြီး လူငယ်များ ဗလငါးတန်နှင့်ပြည့်စုံစေရန် ရည်ရွယ်၍ ယနေ့နံနက်(၉)နာရီအချိန်တွင် ပျဉ်းမနားမြို့နယ် အမှတ်(၁)၊ အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ လူငယ်အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုနယ်မြေ (နေပြည်တော်)အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွန်ကြားရေးမှူးဦးတင်မောင်စိုးက လူငယ်နှင့်အားကစားကဏ္ဍ၊ အား/ကာ (သိပ္ပံ)နှင့် B.Sc (Sports) အားကစားသိပ္ပံဘာသာရပ်အကြောင်း သိကောင်းစရာများဟောပြော၍ လည်းကောင်း၊ ပြည်ထောင်စုနယ်မြေ(နေပြည်တော်) လူငယ်ရေးရာဦးစီးဌာနတာဝန်ခံဒုတိယညွန်ကြားရေးမှူးဦးကြည်စိုးလင်းမှ လူငယ်နဲ့တိုင်းပြည်ရဲ့ အနာဂတ်ခေါင်းစဉ်နှင့် လူငယ်များအားကစားပြုလုပ်ရခြင်းကြောင့်ရရှိသော အကျိုးကျေးဇူးများအကြောင်းကိုလည်းကောင်း အကျယ်တဝင့် ရှင်းလင်းဟောပြောခဲ့ကြပါသည်။ ထို့နောက် ပျဉ်မနားမြို့နယ်လက်ထောက်ပညာရေးမှူးမှကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီး စာသင်ကျောင်းအတွက် အားကစားအထောက်ကူပြုပစ္စည်းများလှူဒါန်းကာ Fitness Dance အကဖြင့် သရုပ်ပြသဆောင်ရွက်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲအခမ်းအနားသို့ ပြည်ထောင်စုနယ်မြေ (နေပြည်တော်)အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွန်ကြားရေးမှူးဦးတင်မောင်စိုး၊ လူငယ်ရေးရာဦးစီးဌာနတာဝန်ခံ ဒုတိယညွန်ကြားရေးမှူးဦးကြည်စိုးလင်းနှင့် တာဝန်ရှိသူများ၊ ကျောင်းအုပ်ကြီးနှင့် ဆရာ/ဆရာမများ၊ […]
အိုလံပစ်နေ့အထိမ်းအမှတ် ဝူရှူး(ထောက်လု)ပြိုင်ပွဲဖွင့်ပွဲနှင့်ဆုချီးမြှင့်ခြင်းအခမ်း အနားကျင်းပ

အိုလံပစ်နေ့အထိမ်းအမှတ် ဝူရှူး(ထောက်လု)ပြိုင်ပွဲဖွင့်ပွဲနှင့်ဆုချီးမြှင့်ခြင်းအခမ်း အနားကျင်းပ တောင်ကြီးမြို့၊ ဇွန်လ(၂၅)ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၊ ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ရှမ်းပြည်နယ်ဝူရှူး (မိဘ/ဆရာ)အသင်းတို့ ပူးပေါင်းကျင်းပပြုလုပ်သော အပြည်ပြည်ဆိုင်ရာအိုလံပစ်နေ့အထိမ်းအမှတ် ဒုတိယအကြိမ်မြောက် ဝူရှူး(ထောက်လု)ပြိုင်ပွဲကို ယနေ့ နံနက် (၀၉:၀၀)နာရီအချိန်မှစတင်၍ တောင်ကြီးမြို့ ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၌ ကျင်းပပြုလုပ်ခဲ့ပြီး အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးအေးလှိုင် ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်နန်းအဲမာ ၊ လူငယ်ရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းဌေး ၊ အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး) ဒုတိယကျောင်းအုပ်ကြီး ဒုတိယညွှန်ကြားရေးမှူး ဦးမောင်မောင်ညွန့် ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ နှင့် ဖိတ်ကြားထားသောဧည့်သည်တော်များက တက်ရောက်ခဲ့ကြပါသည်။ ရှေးဦးစွာ ပြည်နယ်လူမှုရေးရာဝန်ကြီးက ဝူရှူး(ထောက်လု)ပြိုင်ပွဲ ကျင်းပပြုလုပ်ပေးရခြင်းရဲ့ ရည်ရွယ်ချက်များနှင့်စပ်လျဥ်းပြီး ပြောကြားရာတွင် အမှတ်တရထူးခြားလှတဲ့နေ့တစ်နေဖြစ်တဲ့ အိုလံပစ်နေ့ကို မမေ့မလျော့ပဲ အထိမ်းအမှတ်ဖြစ်စေရန်နှင့် နွေရာသီအခြေခံအားကစားသင်တန်းများမှတဆင့် […]
၂၀၂၃ ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်အလိုက် အသက်(၁၉)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဖွင့်ပွဲ ကျင်းပ

၂၀၂၃ ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်အလိုက် အသက်(၁၉)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဖွင့်ပွဲ ကျင်းပ တောင်ကြီး၊ ဇွန် လ(၂၄)ရက်။ ၂၀၂၃ခုနှစ် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်အလိုက် အသက်(၁၉)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကို ဇွန်(၂၄)ရက် ညနေ(၃)နာရီခွဲက တောင်ကြီးမြို့ ၊ ပြည်နယ်အားကစားကွင်း၌ ကျင်းပသည်။ ဖွင့်ပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက အသက်(၁၉)နှစ်အောက် မြို့နယ်အလိုက် အမျိုးသမီး ဘောလုံးပြိုင်ပွဲ ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်မှာ ကျန်းမာကြံ့ခိုင်သော အမျိုးသမီးများ ပေါ်ထွက်လာစေရေး၊ အမျိုးသမီးတို့၏ ကာယ၊ ဉာဏ၊ စာရိတ္တ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး၊ အမျိုးသမီးအားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရေး၊ မြန်မာအမျိုးသမီးဘောလုံးအသင်းအား တစ်ထောင့်တစ်နေရာမှ အထောက်အကူဖြစ်စေရေး၊ မြန်မာအမျိုးသမီးများ၏ ကျား/မ တန်းတူအခွင့်အရေး ရရှိပြီး ပြိုင်တူဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်ရေးတို့ဖြစ်ကြောင်း၊ ယခုပြိုင်ပွဲမှ […]