အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၃-၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဂျူဒိုပြိုင်ပွဲစတင်ကျင်းပ

နေပြည်တော်၊ ဇန်နဝါရီ(၈)။

ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးတွင် ရှိကြသည့် ဂျူဒိုအားကစားသမားများအချင်းချင်း ချစ်ကြည်ရင်းနှီးမှုခိုင်မာလာစေရေး၊ မျိုးဆက်သစ် ဂျူဒိုအားကစားသမားများစွာ ပေါ်ထွက်လာစေရေးနှင့် ဂျူဒိုအားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရေးတို့အတွက်ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ပြည်နယ်နှင့်တိုင်းဒေသကြီး ဂျူဒိုပြိုင်ပွဲကို ယနေ့နံနက်(၉)နာရီခွဲတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ(A)၌ ကျင်းပခဲ့သည်။

ယနေ့ ပြိုင်ပွဲ ပွဲစဉ်များအဖြစ် (အမျိုးသား/အမျိုးသမီး) ဝိတ်တန်းအလိုက် အတိုက်ပြိုင်ပွဲများနှင့် (KATA) ပြိုင်ပွဲများအား ယှဉ်ပြိုင်ကစားခဲ့ကြရာ အမျိုးသား(-၄၂)ကီလိုပြိုင်ပွဲတွင် ဂျီူနီယာခေါင်လွမ်း(ကချင်)က ပထမ၊ သန့်ဇင်ထွန်း(မန္တလေး)က ဒုတိယ၊ ဟိန်းလင်းဦး(မွန်)က တတိယ၊ စိုင်းဝဏ္ဏထွန်း(တနင်္သာရီ)က ပူးတွဲတတိယ၊ အမျိုးသမီး(-၄၂)ကီလိုပြိုင်ပွဲတွင် ဆောင်ယုံ(ကချင်)က ပထမ၊ ယမင်းသူဇာလှိုင်(ရန်ကုန်)က ဒုတိယ၊ ခိုင်ခိုင်ဝင်း(မန္တလေး)က တတိယ၊ ခင်သူသူလင်း (ဧရာဝတီ)က ပူးတွဲတတိယ၊ အမျိုးသား (-၄၅)ကီလိုပြိုင်ပွဲတွင် မျိုးဒါန်ခေါင်(ကချင်)က ပထမ၊ ရဝေစိုး(မန္တလေး)က ဒုတိယ၊ ပြည့်စုံအောင်(ရှမ်း)က တတိယ၊ တေဇာဝေယံ (ဧရာဝတီ)က ပူးတွဲတတိယ၊ အမျိုးသား (KATA)ပြိုင်ပွဲတွင် ကချင်ပြည်နယ်က ပထမ၊ ရန်ကုန်တိုင်းဒေသကြီးက ဒုတိယ၊ ကချင်ပြည်နယ်က တတိယ၊ ပဲခူးတိုင်းဒေသကြီးက ပူးတွဲတတိယအမျိုးသမီး(KATA)ပြိုင်ပွဲတွင် ကချင်ပြည်နယ်က ပထမ၊ မန္တလေးတိုင်းဒေသကြီးက ဒုတိယ၊ မန္တလေးတိုင်းဒေသကြီးက တတိယ၊ ရန်ကုန်တိုင်းဒေသကြီးက ပူးတွဲတတိယ အသီးသီး ရရှိခဲ့ကြသည်။

၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ(၉)ရက်နေ့တွင် ပြိုင်ပွဲတစ်ရက်နားမည်ဖြစ်ပြီး ဇန်နဝါရီလ (၁၀)ရက်နေ့ နံနက် (၉)နာရီမှ စတင်၍ ဝဏ္ဏသိဒ္ဓိအားကစားရုံ(A)၌ (အမျိုးသား) ဝိတ်တန်းအလိုက် ပြိုင်ပွဲ ပွဲစဉ်များအဖြစ် (-၃၈)ကီလို၊ (-၅၀)ကီလို၊ (-၆၀)ကီလိုပြိုင်ပွဲအမျိုးအစားများအားလည်းကောင်း၊ (အမျိုးသမီး)ဝိတ်တန်းအလိုက် ပြိုင်ပွဲ ပွဲစဉ်များအဖြစ် (-၃၈)ကီလို၊ (-၄၅)ကီလို၊ (-၄၈) ကီလို၊ (-၅၂)ကီလို ပြိုင်ပွဲ ပွဲစဉ်များအားလည်းကောင်း အသီးသီးဆက်လက်ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်၍ အားကစားဝါသနာရှင်များအနေဖြင့် မည်သူမဆိုအခဲ့မဲ့ လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်းသိရသည်။