၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲအုပ်စုပွဲစဉ်များကျင်းပ
၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲအုပ်စုပွဲစဉ်များကျင်းပ နေပြည်တော်၊ ဖေဖော်ဝါရီ(၂၃)။ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲ အုပ်စု နောက်ဆုံးပြိုင်ပွဲ ပွဲစဉ်များကို ယနေ့ မွန်းလွဲ(၃)နာရီခွဲအချိန်တွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၊ လေ့ကျင့်ရေး ကွင်းအမှတ်(၁)နှင့် (၃)တို့၌ ကျင်းပပြုလုပ်ခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ လာရောက်ကြည့်ရှုအားပေးခဲ့ကြသည်။ အဆိုပါအုပ်စုနောက်ဆုံးပြိုင်ပွဲ ပွဲစဉ်များအဖြစ် လေ့ကျင့်ရေးကွင်းအမှတ်(၁)၌ ရန်ကုန်ဇုန်အသင်းနှင့် မြစ်ကြီးနားဇုန်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ တစ်ဖက်(၁)ဂိုးစီဖြင့်လည်းကောင်း၊ လေ့ကျင့်ရေးကွင်း အမှတ်(၃)၌ ဒဂုံဇုန်အသင်းနှင့် ပုသိမ်ဇုန်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ ပုသိမ်ဇုန်အသင်းက ဒဂုံဇုန် အသင်းကို (၄)ဂိုး (၁)ဂိုးဖြင့်လည်းကောင်း အနိုင်ရရှိခဲ့သည်။ (၂၄.၂.၂၀၂၃)ရက်နေ့ အုပ်စုနောက်ဆုံးပြိုင်ပွဲ ပွဲစဉ်များအဖြစ် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစား […]
(၂၀၂၂-၂၀၂၃) ပညာသင်နှစ်ပညာရေးဒီဂရီကောလိပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲ(အမျိုးသား) ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်ကြည့်ရှု အားပေးချီးမြှင့်
(၂၀၂၂-၂၀၂၃) ပညာသင်နှစ်ပညာရေးဒီဂရီကောလိပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲ(အမျိုးသား) ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်ကြည့်ရှု အားပေးချီးမြှင့် နေပြည်တော် ဖေဖော်ဝါရီ ၂၂ (၂၀၂၂-၂၀၂၃) ပညာသင်နှစ် ပညာရေးဒီဂရီကောလိပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲ (အမျိုးသား) ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိဘောလုံးကွင်း၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်ကြည့်ရှုအားပေးပြီး ဆုများပေးအပ်ချီးမြှင့်သည်။ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့်အတူ ကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်များမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ အားကစားမောင်မယ်များ တက်ရောက်ကြည့်ရှုအားပေးကြသည်။ ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် […]
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာစိုးဝင်း ဧရာဝတီတိုင်းဒေသကြီးရှိ တိုင်း/ ခရိုင်/ မြို့နယ်ရှိ ဝန်ထမ်းများနှင့်တွေ့ဆုံအမှာစကားပြောကြား
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာစိုးဝင်း ဧရာဝတီတိုင်းဒေသကြီးရှိ တိုင်း/ ခရိုင်/ မြို့နယ်ရှိ ဝန်ထမ်းများနှင့်တွေ့ဆုံအမှာစကားပြောကြား နေပြည်တော်၊ ဖေဖော်ဝါရီ (၂၂) ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ စိုးဝင်းသည် ဧရာဝတီတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးဌာနရုံးတွင် တိုင်းဒေသကြီး / ခရိုင်/ မြို့နယ်ရှိဝန်ထမ်းများနှင့်တွေ့ဆုံအမှာစကားပြောကြားရာတွင် မိမိတို့အားလုံးသည် နိုင်ငံ့ဝန်ကိုထမ်းဆောင်နေကြသည့် နိုင်ငံ့ဝန်ထမ်းများသာဖြစ်ကြောင်း၊ ရုံးလုပ်ငန်းတာဝန်များကို ထမ်းဆောင်ရာတွင် လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီသာ လုပ်ကိုင်ဆောင်ရွက်ကြရန်လိုကြောင်း၊ အဖွဲ့အစည်းဖြင့်လုပ်ဆောင်ရသည့် လုပ်ငန်းဖြစ်သည့်အတွက် စည်းစည်းလုံးလုံးနှင့် မိသားစုစိတ်ဓာတ်ထားရှိပြီး တစ်ဦးနှင့်တစ်ဦး အထက်အောက်အပြန်အလှန် လေးလေးစားစားပြောဆိုဆက်ဆံ၍ ကူညီဖေးမဆောင်ရွက်လုပ်ကိုင်ကြရန်လိုကြောင်း၊ စာအုပ်စာပေများဖတ်မှသာ စဉ်းစားတွေးခေါ်ဝေဖန်ပိုင်းခြားနိုင်ပြီး ဗဟုသုတများစွာရရှိလာမည်ဖြစ်ကြောင်း၊ ကျန်းမာရေးအထူးဂရုစိုက်ကြရန်လိုကြောင်း၊ ကျန်းမာရေးကောင်းမွန်မှသာ လုပ်ငန်းတာဝန်များကို ကျေပွန်စွာထမ်းဆောင်နိုင်မည်ဖြစ်ကြောင်း၊ ဝန်ထမ်းများတွင် အခက်အခဲများနှင့် အခြားလိုအပ်သည်များရှိပါက တာဝန်ရှိသူများမှတဆင့် အချိန်မရွေးတင်ပြနိုင်ကြောင်း ပြောကြားခဲ့ပြီး တာဝန်ရှိသူများအား လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာစိုးဝင်း လူငယ်ရေးအသိပညာပေးဟောပြောပွဲ တက်ရောက်အမှာစကားပြောကြား
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာစိုးဝင်း လူငယ်ရေးအသိပညာပေးဟောပြောပွဲ တက်ရောက်အမှာစကားပြောကြား ပုသိမ်၊ ဖေဖော်ဝါရီ (၂၂)။ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် ဧရာဝတီတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီတို့ ပူးပေါင်းကျင်းပသည့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ပုသိမ်ပညာရေးဒီကရီကောလိပ်၌ ယမန်နေ့ မွန်းလွဲပိုင်းအချိန်တွင် ကျင်းပခဲ့ရာ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီ အတွင်းရေးမှူး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာစိုးဝင်းက အဖွင့်အမှာစကားပြောကြားပြီး ပညာရေးဒီဂရီကောလိပ်တွင် ပညာသင်ကြားနေသည့်သူများသည် အနာဂါတ်အတွက် ကျောင်းသား ကျောင်းသူများကို ပညာသင်ကြားပေးမည့် ဆရာ/ဆရာမအလောင်းအလျာများဖြစ်၍ နောင်တစ်ချိန်၌ လူငယ်များကို ပြုစုပျိုးထောင်ရန် တာဝန်ရှိသူများဖြစ်သည့်အတွက် ဗလငါးတန်ဖွံ့ဖြိုးဖို့၊ ဆင်ခြင်တုံတရားလက်ကိုင်ထားရန် ၊ စိတ်ကောင်းစေတနာကောင်းထားရှိရန်၊ မိမိကိုယ်ကိုမိမိ လေးစားတန်ဖိုးထားတတ်စေရန်နှင့်၊ IQ (Intelligence Quotient) ဉာဏ်ရည်ဉာဏ်စွမ်းရှိဖို့၊ EQ (Emotional Quotient) ရိုးသားမှု၊ နှိမ့်ချမှု၊ အလိုက်သိနားလည်မှုတွေရှိဖို့၊ AQ (Adversity Quotient) အခက်အခဲတွေ့ကြုံချိန်တွင် ဖြေရှင်းနိုင်မှု၊ အနိုင်ရရှိမှုကို […]
၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ပညာရေးဒီဂရီကောလိပ်ပေါင်းစုံ အားကစားပြိုင်ပွဲများနှင့် ဆုပေးပွဲအခမ်းအနားကျင်းပ
၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ပညာရေးဒီဂရီကောလိပ်ပေါင်းစုံ အားကစားပြိုင်ပွဲများနှင့် ဆုပေးပွဲအခမ်းအနားကျင်းပ နေပြည်တော်၊ ဖေဖော်ဝါရီ(၂၁)။ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ပညာရေးဒီဂရီကောလိပ်ပေါင်းစုံ အားကစားပြိုင်ပွဲများအား ယနေ့ နံနက် (၇)နာရီအချိန်တွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ကျင်းပပြုလုပ်လျက်ရှိရာ ပြေးခုန်ပစ် အားကစားပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ ပညာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ လာရောက်ကြည့်ရှုအားပေးခဲ့သည်။ ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဆက်လက်ကျင်းပရာ အမျိုးသား မီတာ(၁၅၀၀) ပြိုင်ပွဲတွင် ပထမဆု မောင်ခန့်ဇင်ကိုကို(သင်္ဃန်းကျွန်း)၊ ဒုတိယဆု မောင်ခွန်ရန်နိုင်ထွန်း(တောင်ကြီး)၊ တတိယဆု မောင်စိုင်းသီဟစိုး(ဘားအံ)နှင့် အမျိုးသမီး မီတာ(၁၅၀၀)ပြိုင်ပွဲတွင် ပထမဆု မနန်းစုထွေး (စစ်ကိုင်း)၊ ဒုတိယဆု မခိုင်စံပယ်ဦး(တောင်ကြီး)၊ တတိယဆု မအေးမြင့်ဦး(ဟားခါး)တို့အား ပညာရေးဝန်ကြီးဌာန […]
ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ စစ်ကိုင်းတိုင်းဒေသကြီးရှိ အားကစားနှင့်ကာယပညာဦးစီးဌာနရုံးတို့မှ ဝန်ထမ်းများနှင့်အားကစားနှင့်ကာယပညာသိပ္ပံ(မုံရွာ)မှ သင်တန်းသား/သူများအား တွေ့ဆုံလမ်းညွှန်အမှာစကားပြောကြား
ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ စစ်ကိုင်းတိုင်းဒေသကြီးရှိ အားကစားနှင့်ကာယပညာဦးစီးဌာနရုံးတို့မှ ဝန်ထမ်းများနှင့်အားကစားနှင့်ကာယပညာသိပ္ပံ(မုံရွာ)မှ သင်တန်းသား/သူများအား တွေ့ဆုံလမ်းညွှန်အမှာစကားပြောကြား နေပြည်တော်၊ ဖေဖော်ဝါရီ (၂၁)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးအေးလှိုင်နှင့်အတူ စစ်ကိုင်းတိုင်းဒေသကြီး တိုင်း/ခရိုင်/ မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနရုံးတို့မှ ဝန်ထမ်းများ၊ အားကစားနှင့်ကာယပညာသိပ္ပံ (မုံရွာ)မှ ဝန်ထမ်းများနှင့် သင်တန်းသား/သူများအား တွေ့ဆုံလမ်းညွှန် အမှာစကားပြောကြားခြင်း အခမ်းအနားကို ဖေဖော်ဝါရီ (၁၉)ရက်နေ့ မွန်းလွဲပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ အားကစားနှင့်ကာယပညာသိပ္ပံ(မုံရွာ)၌ ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက ဝန်ထမ်းများနှင့် သင်တန်းသား/သူများအား တွေ့ဆုံလမ်းညွှန်အမှာစကားပြောကြားရာတွင် ဝန်ထမ်းများအနေဖြင့် ရုံးလုပ်ငန်းတာဝန်များကို ပိုမိုကျွမ်းကျင်ပြီး မှန်မှန်ကန်ကန်နှင့် မြန်ဆန်စွာဆောင်ရွက်နိုင်စေရန် အမြဲတမ်းလေ့လာဆည်းပူး မှတ်သားနေကြရန်နှင့် ဝန်ကြီးဌာန၏ ဂုဏ်သိက္ခာမြင့်မားစေရန်အတွက် မိမိတို့အား ပေးအပ်ထားသည့် လုပ်ငန်းတာဝန်များကို စွမ်းစွမ်းတမံကြိုးစားဆောင်ရွက်ကြရန်လိုကြောင်း၊ စိတ်ဓာတ်ကျ အားငယ်စိတ်များမထားဘဲ […]
၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲအုပ်စုပွဲစဉ်များကျင်းပ
၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲအုပ်စုပွဲစဉ်များကျင်းပ နေပြည်တော်၊ ဖေဖော်ဝါရီ(၂၀)။ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ် ပြိုင်ပွဲများကို ယနေ့ မွန်းလွဲ(၃)နာရီခွဲအချိန်တွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၊ လေ့ကျင့်ရေး ကွင်းအမှတ်(၃)၌ ကျင်းပပြုလုပ်ခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ လာရောက် ကြည့်ရှုအားပေးခဲ့ကြသည်။ အဆိုပါအုပ်စုပွဲစဉ်တွင် မော်လမြိုင်ဇုန်အသင်းနှင့် တောင်ကြီးဇုန်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ မော်လမြိုင်ဇုန်အသင်းမှ တောင်ကြီးဇုန်အသင်းကို (၃)ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။ (၂၁.၂.၂၀၂၃)ရက်နေ့ အုပ်စုပွဲစဉ်များအဖြစ် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၊ လေ့ကျင့်ရေး ကွင်းအမှတ်(၃)၌ နံနက် (၇)နာရီခွဲအချိန်တွင် ဒဂုံဇုန်အသင်းနှင့် ရန်ကုန်ဇုန်အသင်း၊ မွန်းလွဲ (၃)နာရီခွဲအချိန် တွင် ပုသိမ်ဇုန်အသင်းနှင့် […]
ဝန်ထမ်းများလုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းအမှတ်စဉ်(၁/၂၀၂၃) ဖွင့်ပွဲအခမ်းအနားကျင်းပ
ဝန်ထမ်းများလုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းအမှတ်စဉ်(၁/၂၀၂၃) ဖွင့်ပွဲအခမ်းအနားကျင်းပ နေပြည်တော်၊ ဖေဖော်ဝါရီ(၂၀)။ အရည်အသွေးပြည့်ဝပြီး လုပ်ငန်းကျွမ်းကျင်သော ဝန်ထမ်းကောင်းများဖြစ်လာစေရန် ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းအမှတ်စဉ်(၁/၂၀၂၃) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉) နာရီခွဲတွင် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်းရှိ Multipurpose Hall ၌ ကျင်းပသည်။ အစီအစဉ်အရ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်က သင်တန်းအဖွင့်အမှာစကားပြောကြားရာတွင် လူငယ်ရေးရာဦးစီးဌာနအနေဖြင့် လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် မူဝါဒ (၇)ရပ်၊ ရည်မှန်းချက်(၇)ရပ်နှင့် လုပ်ငန်းစဉ်(၁၀)ရပ်ချမှတ်ပြီး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ သို့ရာတွင် ဝန်ထမ်းများ၏လုပ်ငန်းစွမ်းဆောင်ရည်ပြည့်ဝမှသာ ဌာန၏ ရည်မှန်းချက်များကို ပြည့်မီအောင်ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ ယခုခန့်အပ်လိုက်သည့် ဝန်ထမ်းများ အနေဖြင့် ဝန်ထမ်းစည်းမျဉ်း/စည်းကမ်းများ၊ ဘဏ္ဍာရေးစည်းမျဉ်း/စည်းကမ်းများနှင့် ရုံးလုပ်ငန်းဆိုင်ရာ ဘာသာရပ်များကို ကောင်းမွန်စွာသိရှိနားလည်ထားရန်လိုအပ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် နိုင်ငံတော်မှပေးအပ်သည့်တာဝန်များကို ကျေပွန်စွာထမ်းဆောင်ကြရန်နှင့် နိုင်ငံ့ဝန်ထမ်းသစ္စာအဓိဌာန် (၆)ချက်ကိုလည်း တိကျစွာ လိုက်နာကျင့်သုံးရန်လိုအပ်ကြောင်း၊ လုပ်ငန်းခွင်အတွင်း […]
၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲနှင့် ပညာရေးဒီဂရီကောလိပ်ပေါင်းစုံ အားကစားပြိုင်ပွဲများကျင်းပ
၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲနှင့် ပညာရေးဒီဂရီကောလိပ်ပေါင်းစုံ အားကစားပြိုင်ပွဲများကျင်းပ နေပြည်တော်၊ ဖေဖော်ဝါရီ(၁၈)။ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်ပေါင်းစုံဘောလုံးပြိုင်ပွဲနှင့် ပညာရေး ဒီဂရီကောလိပ်ပေါင်းစုံ အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ (၂)နာရီအချိန်တွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားစားရုံ (B)၌ ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ပညာရေးဝန်ကြီးဌာနမှတာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်း အုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမားများ တက်ရောက်ခဲ့ကြသည်။ ဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက အဖွင့်အမှာစကားပြောကြား၍ ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားအား ဖွင့်လှစ်ပေးခဲ့ပြီးနောက် မိတ္ထီလာပညာရေးဒီဂရီကောလိပ်မှ ကျောင်းသား/ ကျောင်းသူလေးများက Fitness Dance ဖြင့်လည်းကောင်း၊ တောင်ငူပညာရေးဒီဂရီကောလိပ်မှ ကျောင်းသူလေးများက ကဗျာလွတ်အကဖြင့်လည်းကောင်း၊ မုံရွာပညာရေးဒီဂရီကောလိပ်မှ ကျောင်းသား/ကျောင်းသူ လေးများက မြန်မာ့သိုင်းဖြင့်လည်းကောင်း၊ ရန်ကင်းနှင့်လှည်းကူး […]
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် မွန်ပြည်နယ်အတွင်းရှိ အားကစားကွင်း/အားကစားရုံများအား လိုက်လံကြည့်ရှုစစ်ဆေး
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် မွန်ပြည်နယ်အတွင်းရှိ အားကစားကွင်း/အားကစားရုံများအား လိုက်လံကြည့်ရှုစစ်ဆေး နေပြည်တော်၊ ဖေဖော်ဝါရီ (၁၇)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် အားကစားနှင့်ကာယပညာ ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ အားကစားကွင်း/အားကစားရုံဌာနခွဲ ညွှန်ကြားရေးမှူး ဦးမင်းမင်းထွန်းနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် မွန်ပြည်နယ်၊ (၃၄)ဧက အားကစားဉယျာဉ်အတွင်း အဆင့်မြင့်အားကစားရုံ တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး တည်ဆောက်ရေးလုပ်ငန်းများအား သတ်မှတ်အရည်အသွေး၊ စံချိန်စံညွှန်းပြည့်မှီပြီး သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးစေရေး ကြပ်မတ်ဆောင်ရွက်သွားရန် တာဝန်ရှိသူများအားမှာကြားခဲ့ပြီးနောက် အရာထမ်း/အမှုထမ်းနေအိမ်နှင့် အားကစားသမားအိပ်ဆောင် တည်ဆောက်ပြီးစီးမှု အခြေအနေတို့အား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး ရေရှည်တည်တံ့စေရေးအတွက် ထိန်းသိမ်းဆောင်ရွက်သွားရန် တာဝန်ရှိသူများအား လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။ ဆက်လက်ပြီး ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အားကစားနှင့်ကာယပညာ သိပ္ပံ(မော်လမြိုင်)တွင် သင်တန်းတက်ရောက်လျက်ရှိသည့် Grade-10 နှင့် Grade-11 (စနစ်သစ်နှင့် […]