အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ပြည်ထောင်စုဝန်ကြီးဦးမင်းသိန်းဇံ (၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲကျင်းပနိုင်ရေး အရှေ့တောင်အာရှ အားကစားအဖွဲ့ချုပ်များ ပထမအကြိမ် အစည်းအဝေးသို့တက်ရောက်ခဲ့ပြီးပြန်လည်ရောက်ရှိ

ရန်ကုန်၊ ဇွန်လ(၁၆)ရက်။

၂၀၂၄ ခုနှစ်၊ ဇွန်လ(၁၄)ရက်နေ့နှင့် (၁၅)ရက်နေ့တို့တွင် ထိုင်းနိုင်ငံ ဗန်ကောက်မြို့၌ ကျင်းပပြုလုပ်ခဲ့သည့် (၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ကျင်းပနိုင်ရေး အရှေ့တောင်အာရှအားကစားအဖွဲ့ချုပ်များ ပထမအကြိမ်အစည်းအဝေး (1st Southeast Asian Games Federation (SEAGF) Meetings)တွင် မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့် သက်ဆိုင်ရာကော်မတီအလိုက် အဖွဲ့ဝင်တို့သည် (၁၄.၆.၂၀၂၄)ရက်နေ့တွင် The Signing Ceremony of the Host City Contract for the 33rd SEA Games Thailand 2025 နှင့် 1st SEAGF Council Meeting (Part-1)သို့ လည်းကောင်း၊ (၁၅.၆.၂၀၂၄) ရက်နေ့တွင် SEAGF Anti- Doping Committee Meeting , SEAGF Medical Committee Meeting , SEAGF Sports and Rules Committee Meeting , SEAGF Women and Sports Committee Meeting , SEAGF Executive Committee Meeting နှင့် 1st SEAGF Council Meeting (Part-2) တို့ကိုတက်ရောက်ခဲ့ပြီး ယနေ့ နေ့လယ် (၁၁:၃၀)နာရီ အချိန်၌ လေယာဉ်အမှတ် 8M-336 ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိလာရာ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦး၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မင်းသန်း နှင့်တာဝန်ရှိသူတို့ က ကြိုဆိုခဲ့ကြကြောင်းသိရှိရသည်။