အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ကျင်းပနိုင်ရေး အရှေ့တောင်အာရှအားကစားအဖွဲ့ချုပ်များ ပထမအကြိမ် အစည်းအဝေးသို့ တက်ရောက်ရန် ပြည်ပထွက်ခွာ

ရန်ကုန်၊ ဇွန်လ(၁၃)ရက်။

၂၀၂၄ခုနှစ်၊ ဇွန်လ(၁၄)ရက်နေ့မှ (၁၅)ရက်နေ့အထိ ထိုင်းနိုင်ငံ ဗန်ကောက်မြို့၌ ကျင်းပပြုလုပ်မည့် (၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ကျင်းပနိုင်ရေး အရှေ့တောင်အာရှအားကစားအဖွဲ့ချုပ်များ ပထမအကြိမ်အစည်းအဝေး (1st Southeast Asian Games Federation (SEAGF) Meetings) တက်ရောက်ရန်အတွက် မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဥက္ကဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့် သက်ဆိုင်ရာ ကော်မတီအလိုက် အဖွဲ့ဝင်များလိုက်ပါလျက် ယနေ့ နေ့လယ် (၁၂:၄၀)နာရီ အချိန်၌ လေယာဉ်အမှတ် 8M-333 ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှထွက်ခွာရာ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦး၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မင်းသန်းနှင့်တာဝန်ရှိသူတို့က လိုက်လံပို့ဆောင်နှုတ်ဆက်ခဲ့ကြောင်းသိရှိရသည်။