အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန မိသားစု လမ်းလျှောက်သင်္ကြန်ပွဲတော်နှင့် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း အားကစားမောင်မယ်များ အတာသင်္ကြန်ပွဲတော်ကျင်းပ
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန မိသားစု လမ်းလျှောက်သင်္ကြန်ပွဲတော်နှင့် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း အားကစားမောင်မယ်များ အတာသင်္ကြန်ပွဲတော်ကျင်းပ နေပြည်တော်၊ ဧပြီ(၁၄)။ ၁၃၈၄ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကာလဖြစ်သည့် ဧပြီလ(၁၄)ရက်နေ့မှ (၁၆)ရက်နေ့ အထိ ကျင်းပမည့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန မိသားစုလမ်းလျှောက်သင်္ကြန်ပွဲတော် အခမ်းအနားကို ယနေ့(အကျနေ့) နံနက်(၈)နာရီအချိန်တွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ကျင်းပခဲ့သည်။ ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဌာနခွဲ အသီးသီးမှကျွေးမွေးသည့် မြန်မာ့ရိုးရာအစားအစာများကို ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များ ပျော်ပျော်ပါးပါး စားသောက်ပြီး လမ်းလျှောက်သင်္ကြန်(အကျနေ့)အား ပျော်ပျော်ရွှင်ရွှင် ဆင်နွှဲနေမှုများကို လှည့်ပတ်ကြည့်ရှုခဲ့သည်။ ဆက်လက်ပြီး ဌာနခွဲများမှ ဝန်ထမ်းများက မြန်မာ့ရိုးရာသင်္ကြန်သီချင်းများ၊ သင်္ကြန်အကများနှင့် Fitness Dance များဖြင့် ဖျော်ဖြေတင်ဆက်ခဲ့မှုများကို ကြည့်ရှုအားပေးခဲ့ပြီးနောက် ပြည်ထောင်စုဝန်ကြီးက ဖျော်ဖြေရေးအဖွဲ့များအား ဆုကြေးငွေများ ပေးအပ်ချီးမြှင့်ခဲ့သည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း၊ အားကစားမောင်မယ်များ အတာသင်္ကြန်မဏ္ဍပ်၌ […]
နွေရာသီအခြေခံရေကူးသင်တန်းအမှတ်စဉ် (၂/၂၀၂၃) သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ
နွေရာသီအခြေခံရေကူးသင်တန်းအမှတ်စဉ် (၂/၂၀၂၃)သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ နေပြည်တော်၊ ဧပြီလ(၇)ရက်။ မျိုးဆက်သစ်ရေကူးအားကစားသမားများပေါ်ထွက်လာစေရန်ရည်ရွယ်၍ နွေရာသီအခြေခံရေကူး သင်တန်းအမှတ်စဉ် (၂/၂၀၂၃) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်(၈)နာရီတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိရေကူးကန်၌ ကျင်းပခဲ့သည်။ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရန်ရည်ရွယ်ပြီး နွေရာသီအခြေခံရေကူးသင်တန်းအမှတ်စဉ်(၁/၂၀၂၃)ကို (၂၇.၂.၂၀၂၃)ရက်နေ့မှ (၁၇.၃.၂၀၂၃)ရက်နေ့အထိ သင်တန်းသား/သင်တန်းသူ(၁၁၃)ဦးတို့ဖြင့် ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး၊ ယခုသင်တန်းအမှတ်စဉ်(၂/၂၀၂၃)ကို (၂၀.၃.၂၀၂၃) ရက်နေ့မှ (၇.၄.၂၀၂၃)ရက်နေ့အထိ သင်တန်းသား/သင်တန်းသူဦးရေ(၁၂၄)ဦးတို့ဖြင့် ထပ်မံဖွင့်လှစ်သင်ကြားပေးနိုင်ခဲ့ကြောင်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များနှင့် ပြည်နယ်နှင့်တိုင်းဒေသကြီး အသီးသီးရှိ အားကစားနှင့်ကာယပညာကော်မတီတို့ပူးပေါင်းပြီး ရေကူးသင်တန်းအပြင် အခြားနွေရာသီ အခြေခံအားကစားသင်တန်းများကိုလည်း ဖွင့်လှစ်ပေးခြင်းဖြင့် အနာဂတ်မျိုးဆက်သစ်လူငယ်များ၏ ကျန်းမာကြံ့ခိုင်မှုမြင့်မားလာစေရေးအပြင် ပြည်သူလူထုတစ်ရပ်လုံး အားကစားကိုစိတ်ပါဝင်စားလာစေရေး၊ နွေရာသီကျောင်းပိတ်ရက်များ၌ ကျောင်းသားလူငယ်များအနေဖြင့် အားကစားနည်းအခြေခံများကို လေ့လာလိုက်စားခြင်းဖြင့် အချိန်ကိုအကျိုးရှိစွာအသုံးပြုတတ်စေရေး၊ ကျန်းမာကြံ့ခိုင်ပြီး အရည်အသွေးမြင့်မားသည့် နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများ ပေါ်ထွက်လာစေရေးတို့ကိုရည်ရွယ်၍ နွေရာသီ အားကစားသင်တန်းများကို ဖွင့်လှစ်သင်ကြားပေးရခြင်းဖြစ်ကြောင်း၊ နွေရာသီအခြေခံရေကူးသင်တန်းမှတဆင့် […]
(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် ဝူရှူးအားကစားနည်း ပြိုင်ပွဲအသွင် လက်ရည်စမ်းစစ်ပြိုင်ပွဲကျင်းပ
(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် ဝူရှူးအားကစားနည်း ပြိုင်ပွဲအသွင် လက်ရည်စမ်းစစ်ပြိုင်ပွဲကျင်းပ နေပြည်တော်၊ ဧပြီလ(၆)ရက်။ ၂၀၂၃ ခုနှစ်၊ မေလတွင် ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် နေပြည်တော်အားကစားလေ့ကျင့်ရေး စခန်းတွင် စခန်းဝင်လေ့ကျင့်လျက်ရှိသည့် ဝူရှူးအားကစားနည်းမှ(ချန်းစု၊ နန်းချွမ်၊ ထိုက်ချိချွမ်၊ သွေ့လျန့်၊ ဆန်းဆို) အားကစားသမား(အမျိုးသား – ၈)ဦး၊ (အမျိုးသမီး-၄)ဦးတို့၏ ပြိုင်ပွဲအသွင် လက်ရည်စမ်းစစ်ခြင်း ပြိုင်ပွဲကို ယနေ့နံနက်(၉)နာရီခွဲတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ ဖူဆယ်အားကစားရုံ၌ ကျင်းပခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့် တာဝန်ရှိသူများ လာရောက်ကြည့်ရှုအားပေးခဲ့ကြသည်။ ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးက နည်းပြများနှင့် အားကစားသမားများအားတွေ့ဆုံ၍ ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန် အချိန်နီးကပ်လာပြီဖြစ်သည့်အတွက် ကျန်းမာရေးအထူးဂရုစိုက်ကြရန်လိုကြောင်း၊ ပြည့်ပြည့်ဝဝ အိပ်စက်အနားယူကြရန်နှင့် မိမိကိုယ်မိမိ ယုံကြည်မှုရှိရန်လိုကြောင်း၊ […]
၂၀၂၂-၂၀၂၃ ပညာသင်နှစ် နည်းပညာတက္ကသိုလ်နှင့် ကွန်ပျူတာတက္ကသိုလ်ပေါင်းစုံဘောလုံးပြိုင်ပွဲ အုပ်စုပတ်လည်ပွဲစဉ်များဆက်လက်ကျင်းပ
၂၀၂၂-၂၀၂၃ ပညာသင်နှစ် နည်းပညာတက္ကသိုလ်နှင့် ကွန်ပျူတာတက္ကသိုလ်ပေါင်းစုံဘောလုံးပြိုင်ပွဲ အုပ်စုပတ်လည်ပွဲစဉ်များဆက်လက်ကျင်းပ နေပြည်တော်၊ ဧပြီ(၃)ရက်။ နည်းပညာနှင့် ကွန်ပျူတာတက္ကသိုလ်ကျောင်းသားဘောလုံးအားကစားသမားများမှသည် နိုင်ငံ့ဂုဏ်ဆောင်လက်ရွေးစင် ဘောလုံးအားကစားသမားကောင်းများ ထွက်ပေါ်လာစေရန်ရည်ရွယ်၍ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် နည်းပညာတက္ကသိုလ်များနှင့် ကွန်ပျူတာတက္ကသိုလ်များ၏ တက္ကသိုလ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲ အုပ်စုပတ်လည်ပွဲစဉ် များကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လေ့ကျင့်ရေးကွင်းအမှတ်(၁)၌ အုပ်စု(၄) နည်းပညာတက္ကသိုလ်(အောက်မြန်မာပြည်) ပွဲစဉ်များဖြစ်သည့် အသင်း(ဂ)နည်းပညာတက္ကသိုလ်(သန်လျင်၊ မော်လမြိုင်၊ ဘားအံ)နှင့် အသင်း(ဃ) ရန်ကုန်အနောက်ပိုင်း နည်းပညာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ် (မအူပင်၊ ထားဝယ်၊ မြိတ်)တို့ကလည်းကောင်း၊ လေ့ကျင့်ရေးကွင်းအမှတ်(၃)၌ နည်းပညာတက္ကသိုလ် (အောက်မြန်မာပြည်)ပွဲစဉ်များဖြစ်သည့် အသင်း(က) ပြည်နည်းပညာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ် (မှော်ဘီ၊ တောင်ငူ)နှင့် အသင်း(ခ)ရန်ကုန်နည်းပညာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်(စစ်တွေ၊ ပုသိမ်၊ ဟင်္သာတ)တို့က လည်းကောင်း အသီးသီး ယှဉ်ပြိုင်ကစားနေမှုများကို သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး […]
ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ (၃၂) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားအဖွဲ့များမှ အုပ်ချုပ်/နည်းပြ၊ အားကစားသမားများအား တွေ့ဆုံလမ်းညွှန်အမှာစကားပြောကြား
ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ (၃၂) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားအဖွဲ့များမှ အုပ်ချုပ်/နည်းပြ၊ အားကစားသမားများအား တွေ့ဆုံလမ်းညွှန်အမှာစကားပြောကြား နေပြည်တော်၊ မတ် (၃၁)။ ၂၀၂၃ခုနှစ်၊ မေလ(၅)ရက်နေ့မှ (၁၇)ရက်နေ့အထိ ကမ္ဘောဒီးယားနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားအဖွဲ့များမှ အုပ်ချုပ်/ နည်းပြ၊ အားကစားသမားများအား တွေ့ဆုံလမ်းညွှန်အမှာစကားပြောကြားခြင်း အခမ်းအနားကို ယနေ့ နံနက်(၁၀)နာရီတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ (B)၌ ကျင်းပခဲ့သည်။ ရှေးဦးစွာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက ပြိုင်ပွဲဝင် အားကစားအဖွဲ့များအား တွေ့ဆုံလမ်းညွှန်အမှာစကားပြောကြားရာတွင် အိမ်ရှင်နိုင်ငံက (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို အားကစားနည်း(၄၀)နည်း ထည့်သွင်းကျင်းပသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံအနေဖြင့် အားကစားနည်း(၁၉)နည်း ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း၊ ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားအဖွဲ့များအား နေပြည်တော်နှင့် ရန်ကုန်မြို့တို့တွင် စခန်းသွင်းလေ့ကျင့်မှုများပြုလုပ်ခဲ့ပြီး အချို့အားကစားနည်းများကို တရုတ်နိုင်ငံတွင်လည်း […]
ဒုတိယဝန်ကြီး ဒေါက်တာစိုးဝင်း အခြေခံကွန်ပျူတာသင်တန်း အမှတ်စဉ် (၁/၂၀၂၃)သင်တန်းဆင်းပွဲသို့ တက်ရောက်
ဒုတိယဝန်ကြီး ဒေါက်တာစိုးဝင်း အခြေခံကွန်ပျူတာသင်တန်းအမှတ်စဉ် (၁/၂၀၂၃)သင်တန်းဆင်းပွဲသို့ တက်ရောက် နေပြည်တော်၊ မတ်လ(၃၁)ရက်။ ဝန်ထမ်းများအနေဖြင့် ရုံးလုပ်ငန်းများဆောင်ရွက်ရာတွင် ပိုမိုထိရောက်လျင်မြန်စွာ ဆောင်ရွက်နိုင်စေရန်၊ ကွန်ပျူတာကို စနစ်တကျ နားလည်တတ်ကျွမ်းစွာ ကိုင်တွယ်အသုံးပြုနိုင်စေရန် ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာနမှ ဖွင့်လှစ်ခဲ့သည့် အခြေခံကွန်ပျူတာသင်တန်းအမှတ်စဉ်(၁/၂၀၂၃) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)ရှိ Multipurpose Hall ၌ ကျင်းပခဲ့သည်။ ရှေးဦးစွာ ဒုတိယဝန်ကြီး ဒေါက်တာစိုးဝင်းက သင်တန်းဆင်းအမှာစကားပြောကြားရာတွင် ရုံးစာများ ကွန်ပျူတာစာစီရာတွင် အသုံးဝင်သည့် အခြေခံ Microsoft Word, Excel, Power Point များကို ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးပြုနိုင်မည်ဖြစ်ပြီး ရုံးလုပ်ငန်းများကို ပိုမိုထိရောက်လျင်မြန်စွာဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ယခုသင်တန်းတွင် သင်ကြားပို့ချပေးခဲ့သည့် သင်ခန်းစာများ၊ အသိပညာ၊ အတတ်ပညာများကို လုပ်ငန်းခွင်တွင် ထိထိရောက်ရောက် […]
(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် အလေးမအားကစားနည်း ပြိုင်ပွဲအသွင် စံချိန်ဆန်းစစ်ပြိုင်ပွဲကျင်းပ
(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် အလေးမအားကစားနည်း ပြိုင်ပွဲအသွင် စံချိန်ဆန်းစစ်ပြိုင်ပွဲကျင်းပ နေပြည်တော်၊ မတ်လ(၃၀)ရက်။ ၂၀၂၃ ခုနှစ်တွင် ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် (၃၂)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် နေပြည်တော်အားကစား လေ့ကျင့်ရေးစခန်းတွင် စခန်းဝင်လေ့ကျင့်လျက်ရှိသည့် အလေးမအားကစားနည်းမှ ပဏာမလက်ရွေးစင် အားကစားသမားများကို ဝိတ်တန်းအလိုက် ပြိုင်ပွဲအသွင် စံချိန်ဆန်းစစ်ပြိုင်ပွဲကို ယနေ့နံနက်(၉)နာရီခွဲတွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ အလေးမအားကစားရုံ၌ ကျင်းပခဲ့ရာ အခမ်းအနားသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ မြန်မာနိုင်ငံအလေးမအားကစားအဖွဲ့ချုပ်ဉက္ကဋ္ဌ ဦးဥဂ္ဂါအေး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဆန်း၊ အားကစား နှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးနှင့် မြန်မာနိုင်ငံအလေးမအားကစား အဖွဲ့ချုပ်မှ တာဝန်ရှိသူများ တက်ရောက်ကြည့်ရှုအားပေးကြသည်။ အဆိုပါ အလေးမအားကစားနည်း ပြိုင်ပွဲအသွင် စံချိန်ဆန်းစစ်ပြိုင်ပွဲတွင် ဝိတ်တန်းအလိုက် အမျိုးသမီးပြိုင်ပွဲ၌ […]
(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ အောင်နိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်း အစည်းအဝေးကျင်းပ
(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ အောင်နိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်း အစည်းအဝေးကျင်းပ နေပြည်တော်၊ မတ် (၂၉)။ (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ အောင်နိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၉)နာရီတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ကျင်းပခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ အားကစားအဖွဲ့ချုပ်များမှ ဥက္ကဋ္ဌများ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ အစီအစဉ်အရ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက အဖွင့်အမှာစကားပြောကြားရာတွင် (၃၂) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ အားကစားနည်း(၁၉)နည်းဖြင့် ဝင်ရောက်ယှဉ်ပြိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်းနှင့် ရန်ကုန်မြို့ရှိ အားကစားအဖွဲ့ချုပ်များတွင် သက်ဆိုင်ရာအားကစားနည်းအလိုက် အားကစားသမားများမှ စခန်းဝင်လေ့ကျင့်မှုများ ပြုလုပ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားနည်းများအနက်မှ ဝူရှုး၊ ပြေးခုန်ပစ်၊ […]
(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ အကြို (လက်ရည်စမ်း) လက်ဝှေ့ပြိုင်ပွဲကျင်းပ
(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ အကြို (လက်ရည်စမ်း) လက်ဝှေ့ပြိုင်ပွဲကျင်းပ နေပြည်တော်၊ မတ်(၂၂)။ ၂၀၂၃ခုနှစ်၊ ကမ္ဘောဒီးယားနိုင်ငံ၌ ကျင်းပမည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစား ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန် လက်ရွေးစင်အားကစားသမားရွေးချယ်မှုအဖြစ် လက်ရည်စမ်း(လက်ဝှေ့)ပြိုင်ပွဲ ကို ယနေ့မွန်းလွဲပိုင်းတွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်းအတွင်းရှိ လက်ဝှေ့အားကစားရုံ၌ ကျင်းပခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ မြန်မာနိုင်ငံလက်ဝှေ့အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကိုကိုအောင်နှင့် တာဝန်ရှိသူများ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ကြသည်။ လက်ရည်စမ်း(လက်ဝှေ့)ပြိုင်ပွဲတွင် ဝိတ်တန်းအလိုက် အမျိုးသားပွဲစဉ်များအဖြစ် (၅၁/၅၄)ကီလိုတန်း၊ (၅၇/၆၀)ကီလိုတန်း၊ (၆၃.၅)ကီလိုတန်း၊ (၆၇/၈၀)ကီလိုတန်း ပွဲစဉ်(၄)ပွဲနှင့် အမျိုးသမီးပွဲစဉ်တွင် (၅၄/၅၇) ကီလိုတန်းတို့တွင် အားကစားသမား(၁၀)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ယင်းပြိုင်ပွဲမှတဆင့် အားကစား သမားများ၏ စွမ်းရည်ပေါ်မူတည်၍ လာမည့်ဆီးဂိမ်းစ်ပြိုင်ပွဲအတွက် နိုင်ငံ့ကိုယ်စားပြု အားကစားသမားများ […]
ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ အခြေခံကွန်ပျူတာသင်တန်းအမှတ်စဉ်(၁/၂၀၂၃)သင်တန်းဖွင့်ပွဲအခမ်းအနားတက်ရောက်
ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ အခြေခံကွန်ပျူတာသင်တန်းအမှတ်စဉ်(၁/၂၀၂၃)သင်တန်းဖွင့်ပွဲအခမ်းအနားတက်ရောက် နေပြည်တော်၊ မတ်(၂၀)ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာနမှဖွင့်လှစ်သည့် အခြေခံကွန်ပျူတာသင်တန်းအမှတ်စဉ် (၁/၂၀၂၃)သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီခွဲတွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)ရှိ Multipurpose Hall ၌ ကျင်းပခဲ့သည်။ ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက အဖွင့်အမှာစကားပြောကြားရာတွင် ဝန်ထမ်းများ အရည်အသွေးပြည့်ဝပြီး လုပ်ငန်းကျွမ်းကျင်သော ဝန်ထမ်းကောင်းများဖြစ်လာစေရန်၊ ရုံးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ကွန်ပျူတာကို ကျွမ်းကျင်ပိုင်နိုင်စွာ လုပ်ဆောင်နိုင်စေရန်အတွက် ယခုသင်တန်းအား ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်း၊ အခြေခံကွန်ပျူတာသင်တန်းကို တက်ရောက်ခြင်းဖြင့် ရုံးလုပ်ငန်းများအား ပိုမိုထိရောက်လျင်မြန်စွာ ဆောင်ရွက်နိုင်ခြင်း၊ ရုံးစာများ ရေရှည်ထိန်းသိမ်းခြင်းများကို စနစ်တကျကျွမ်းကျင်ပိုင်နိုင်စွာဆောင်ရွက်နိုင်စေရန်နှင့် ကွန်ပျူတာနှင့် ပတ်သက်သည့် ဆက်စပ်ပညာရပ်များကိုလည်း နားလည်တတ်ကျွမ်းထားရန်လိုကြောင်း၊ Information and Communications Technology (ICT) ခေတ်ဖြစ်သည့်အတွက် ကွန်ပျူတာနည်းပညာကို မဖြစ်မနေ သိရှိနားလည်ထားရန် လိုအပ်ကြောင်း၊ […]