အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇင်မင်းထက် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) သင်တန်းသား/သင်တန်းသူများအား တွေ့ဆုံလမ်းညွှန်အမှာစကားပြောကြား

ရန်ကုန်၊ ဇူလိုင်လ ၂၅ ရက်။

၂၀၂၄-၂၀၂၅ ပညာသင်နှစ် အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) သင်တန်းသား/ သင်တန်းသူများအား တွေ့ဆုံလမ်းညွှန်အမှာစကားပြောကြားသည့်အခမ်းအနားကို ယနေ့နံနက် (၈:၃၀)နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ ကျိုက္ကဆံကွင်းအားကစားနှင့် အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ရှိ ပြည်ထောင်စုခန်းမ၌ ကျင်းပပြုလုပ်ရာ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦး၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယ ပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မင်းသန်းနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ အားကစားနှင့်ပညာရေး ပေါင်းစပ်သင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ နည်းပြဆရာ/ဆရာမ များ၊ သင်တန်းသား/ သင်တန်းသူများတက်ရောက်ခဲ့ကြပါသည်။

ဦးစွာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က အားကစားနှင့်ပညာရေးပေါင်းစပ်လေ့ကျင့်ရေးသင်တန်းတွင် တက်ရောက်နေသည့် သင်တန်းသား/ သင်တန်းသူများအား တွေ့ဆုံလမ်းညွှန်အမှာစကားပြောကြားရာတွင် နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ အတွက် နိုင်ငံရဲ့အနာဂတ်တာဝန်တွေကို ပုခုံးပြောင်းလွှဲယူနိုင်မည့် လူငယ်များရဲ့စွမ်းဆောင်ရည် ကိုယ်ကျင့်တရား၊ တာဝန်ယူမှု၊ တာဝန်ခံမှု၊ ဦးဆောင်နိုင်မှုနှင့် စိတ်ဓာတ်ရေးရာမြင့်မားခိုင်မာမှုစတဲ့ အချက်တွေပေါ်မှာ များစွာမူတည်နေပါကြောင်း၊ မိမိနိုင်ငံ၊ မိမိလူမျိုးအပေါ် ချစ်မြတ်နိုးတဲ့စိတ်နှင့် နိုင်ငံ့သားကောင်း စိတ်ဓာတ်တွေပေါ်ပေါက်လာစေရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နိုင်ငံ၏ ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ်ပါဝင်နိုင်ရေး၊ ဗလငါးတန် နှင့် ပြည့်စုံသောလူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍ မြှင့်တင်ဆောင်ရွက်ရေးလုပ်ငန်းများ၊ တစ်မျိုးသားလုံးသက်ရှည်ကျန်းမာကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံးအကျုံးဝင်မည့် ကျန်းမာ ကြံ့ခိုင်ရေးကဏ္ဍနှင့် အားကစားကဏ္ဍမြှင့်တင်ဆောင်ရွက်ရေးတို့ကို ဆောင်ရွက်ပေးလျက်ရှိပါ ကြောင်း၊ အားကစားသည် လူငယ်များရဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာကြံ့ခိုင်မှုကို ဖြစ်ပေါ်စေရုံသာမက ဗလငါးတန်ဖွံ့ဖြိုးမှုရဲ့ အခြေခံမျိုးစေ့ဖြစ်သည့်အတွက် အားကစားနှင့် ပညာရေးကို ပေါင်းစပ်သင်ကြားပေးခြင်းဖြင့် ကျောင်းသားလူငယ်များရဲ့ ဗလငါးတန် ဖွံ့ဖြိုး တိုးတက်မှု ကို အလျင်အမြန် အထောက်အကူဖြစ်စေမှာဖြစ်ပါကြောင်း၊ စုစည်းညီညွတ်တဲ့ စိတ်ဓာတ်၊ အဖွဲ့အစည်းနဲ့ အောင်မြင်မှုရရှိအောင် ဆောင်ရွက်တတ်တဲ့ စိတ်ဓာတ်နဲ့ တိုင်းချစ်ပြည်ချစ်စိတ်များ ဖြစ်ပေါ်လာစေရန် ရည်ရွယ်ပြီး ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော်ကြီးကို ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလမှာ စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း၊ ၁၂-၈-၂၀၂၄ ရက်နေ့မှာကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အခမ်းအနားကို နေပြည်တော်မှာ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမှာဖြစ်ကြောင်း၊ လူငယ်များဟာ အနာဂတ်ရဲ့ တန်ဖိုး ထားရတဲ့ ရတနာများဖြစ်သည့်အတွက် မိမိဘဝတိုးတက်ကောင်းမွန်အောင်၊ မိသားစုဘဝ တိုးတက် ကောင်းမွန်အောင်၊ နိုင်ငံတော်ကအားထားရသောသူများဖြစ်အောင်၊ နိုင်ငံချစ်စိတ်ဖြင့် ကြိုးစား သွားကြရန်နှင့် အတန်းပညာများ၊ အားကစားဘာသာရပ်များကို ထူးချွန်အောင် ကြိုးစားဆောင်ရွက် သွားကြရန် အမှာစကားပြောကြားပြီးနောက် ကျောင်းဆရာ/ဆရာမများ၊ နည်းပြဆရာ/ဆရာမများ နှင့် သင်တန်းသား/သင်တန်းသူများအားရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ပါသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် အမျိုးသား/အမျိုးသမီး (၄)ထပ်အိပ်ဆောင်၊ စားရိပ်သာ၊ လေ့ကျင့်ရေးကွင်း(၁)ရှိ ပြေးခုန်ပစ်ပြေးလမ်း၊ ဝူရှူးအားကစားရုံနှင့် ဘော်လီဘောအားကစားရုံ တို့အား သွားရောက်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရှိရသည်။