အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များသို့ ပံ့ပိုးလှူဒါန်းပွဲတက်ရောက်ပြီး ရန်ကုန်မြို့ရှိ တည်ဆောက်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

Loading

ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များသို့ ပံ့ပိုးလှူဒါန်းပွဲတက်ရောက်ပြီး ရန်ကုန်မြို့ရှိ တည်ဆောက်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး ရန်ကုန်၊ စက်တင်ဘာ(၁၃)ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် ရန်ကုန်မြို့၊ ဝေဇယန္တာလမ်းရှိ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)(သုဝဏ္ဏ)တွင် ယနေ့နံနက်ပိုင်းက ကျင်းပသော မြန်မာ-တရုတ်နှစ်နိုင်ငံချစ်ကြည်ရေးအထိမ်းအမှတ်အဖြစ် အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လှူဒါန်းပွဲသို့ တက်ရောက်အမှာစကား ပြောကြားသည်။ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီး H.E. Ms Ma Jia နှင့် တာဝန်ရှိသူများ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့်တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ လှေလှော်အဖွဲ့ချုပ်၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံဝူရှူးအဖွဲ့ချုပ်တို့မှ ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများ၊ ဖိတ်ကြား ထားသူများ တက်ရောက်ကြသည်။ အခမ်းအနားအစီအစဉ်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီး H.E. Ms Ma […]

ပြည်ထောင်စုဝန်ကြီးဦးမင်းသိန်းဇံ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ရှိ အားကစားကွင်း/ရုံများနှင့် အိပ်ဆောင်များကို ကြည့်ရှုစစ်ဆေးခြင်း

Loading

ပြည်ထောင်စုဝန်ကြီးဦးမင်းသိန်းဇံ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ရှိ အားကစားကွင်း/ရုံများနှင့် အိပ်ဆောင်များကို ကြည့်ရှုစစ်ဆေးခြင်း ရန်ကုန် ၊စက်တင်ဘာလ (၁၂ )ရက် ။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူ များ လိုက်ပါလျှက် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့၊ ကျိုက္ကဆံကွင်းအတွင်းရှိ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)သို့ ရောက်ရှိပြီး Synthetic ပြေးလမ်းပါဘောလုံးကွင်းနှင့် ဝူရှူးအားကစားလေ့ကျင့်ရေးရုံကြမ်းခင်းပြင်ဆင်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ဘောလုံးကွင်းမြက်ခင်း အမြဲတမ်းကောင်းမွန်စေရေးအတွက် ထိန်းသိမ်းသွားရန်၊ ဝူရှူးအားကစားရုံ ကြမ်းခင်းတွင် အသုံးပြုမည့်သစ်များ အမျိုးအစားမှန်ကန်ရန်နှင့် သတ်မှတ်ပုံစံအတိုင်းဖြစ်အောင်ခင်းရန် ၊ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ ဘဏ္ဍာရေးနှစ်မကုန်မီ ပြီးစီးအောင်ဆောင်ရွက်သွားရန် မှာကြားခဲ့သည်။ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ရှိ ဝူရှူးအားကစားရုံ ကြမ်းခင်းများမှာ နှစ်ကာလ ကြာမြင့်မှုကြောင့် ပျက်စီးလျက်ရှိ၍ (၂၀၂၄-၂၀၂၅) ခွင့်ပြုရန်ပုံငွေကျပ် (၄၀၁)သန်းဖြင့် နှစ်ထပ် ပျဉ်းကတိုး လျှာထိုးကြမ်းခင်းအဖြစ် ပြုပြင်သွားမည်ဖြစ်ပြီး ပြုပြင်ပြီးစီးပါက ဝူရှူးဆန်းဆိုနှင့် […]

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ခြင်းလုံးနည်းပြနှင့် ဒိုင်လူကြီးသင်တန်း တက်ရောက် အဖွင့်အမှာစကားပြောကြား

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ခြင်းလုံးနည်းပြနှင့် ဒိုင်လူကြီးသင်တန်း တက်ရောက် အဖွင့်အမှာစကားပြောကြား နေပြည်တော်၊ စက်တင်ဘာ ၉ ။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာ နိုင်ငံရိုးရာခြင်းလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် ခြင်းလုံးနည်းပြနှင့် ဒိုင်လူကြီးသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်၊ အားကစားလေ့ကျင့်ရေးစခန်း(Gold Camp) ရှိ Multipurpose Hall ၌ ကျင်းပခဲ့သည်။ ဦးစွာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာ့ရိုးရာခြင်းလုံးကစားနည်းသည် မိမိတို့နိုင်ငံတွင် လွန်ခဲ့သည့် နှစ်ပေါင်း ၁၅၀၀ ခန့်က တွင်တွင်ကျယ်ကျယ်ကစားခဲ့သည့် သမိုင်းအထောက်အထား များရှိခဲ့ပါကြောင်း၊ မြန်မာ့ရိုးရာခြင်းလုံးအားကစားနည်းကို နိုင်ငံတကာအားကစားပြိုင်ပွဲ အနေဖြင့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲများတွင် စုစုပေါင်း ရွှေတံဆိပ် ၁၄ ခု ဆွတ်ခူးရယူ ပေးနိုင်ခဲ့သော […]

နေပြည်တော်ကောင်စီ ဥက္ကဌ ဦးသန်းထွန်းဦး မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် နေပြည်တော်ကောင်စီ လူငယ်ရေးရာကော်မတီတို့ ပူးပေါင်းကျင်းပသည့် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ တက်ရောက်

Loading

နေပြည်တော်ကောင်စီ ဥက္ကဌ ဦးသန်းထွန်းဦး မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် နေပြည်တော်ကောင်စီ လူငယ်ရေးရာကော်မတီတို့ ပူးပေါင်းကျင်းပသည့် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ တက်ရောက် နေပြည်တော် စက်တင်ဘာ ၄ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် နေပြည်တော်ကောင်စီ လူငယ်ရေးရာကော်မတီတို့ ပူးပေါင်းကျင်းပသည့် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၈ ) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပရာ နေပြည်တော်ကောင်စီ လူငယ်ရေးရာကော်မတီ ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီ အတွင်းရေးမှူး၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊နေပြည်တော်ကောင်စီဝင်များ၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် များ၊ နေပြည်တော်ကောင်စီလူငယ်ရေးရာ ကော်မတီဝင်များ၊ အားကစားနှင့်လူငယ် ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူများ တက်ရောက်ကြသည်။ ရှေးဦးစွာ နေပြည်တော်ကောင်စီ လူငယ်ရေးရာကော်မတီ […]

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ကျင်းပရေးဦးစီးကော်မတီ တတိယအကြိမ်အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

Loading

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ကျင်းပရေးဦးစီးကော်မတီ တတိယအကြိမ်အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား နေပြည်တော် ဩဂုတ် ၂၉။ ၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ကျင်းပရေးဦးစီးကော်မတီ တတိယအကြိမ်အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ကျင်းပရာ ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော် ကျင်းပရေးဦးစီးကော်မတီနာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်အမှာစကားပြောကြားသည်။ အစည်းအဝေးသို့ ကျင်းပရေးဦးစီးကော်မတီဝင် ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီဝင်၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။ ဦးစွာ ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော် ကျင်းပရေးဦးစီးကော်မတီနာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက အမှာစကားပြောကြားရာတွင် အားကစားနှင့်ပတ်သက်၍ အဓိပ္ပာယ်ဖွင့်ဆိုမှုများစွာရှိသည့်အနက် “အားကစားသည် ယဉ်ကျေးသော လူ့အဖွဲ့အစည်းတစ်ရပ်၏ အထိမ်းအမှတ်လက္ခဏာဖြစ်သည်ဟု မှတ်ယူကြသည်၊ တစ်နည်းအားဖြင့် အားကစားသည် လူသားထုတစ်ရပ်လုံး၏ ကျန်းမာကြံ့ခိုင်ရေးကိုရှေးရှုသော […]

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးထိန်လင်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်း/အားကစားရုံများအား လိုက်လံကြည့်ရှုစစ်ဆေး

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးထိန်လင်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်း/အားကစားရုံများအား လိုက်လံကြည့်ရှုစစ်ဆေး ရန်ကုန် ၊ ဩဂုတ်လ ၂၇ ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးထိန်လင်းသည် အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများလိုက်ပါလျက် ယနေ့ နံနက် (၇:၃၀)နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ ကျိုက္ကဆံအားကစားကွင်း အတွင်းရှိ ဝူရှူးအားကစားရုံသို့ ရောက်ရှိပြီး (၂၄၀ပေx ၆၀ပေ)ကြမ်းခင်းအဟောင်းအားဖျက်သိမ်းပြီး (၂)ထပ် လျှာထိုး ခင်းကျင်းရန်အတွက် ဆောင်ရွက်နေမှုများအား သွားရောက်ကြည့်ရှုစစ်ဆေးရာ ကောင်းမွန်သော သစ်အမျိုးအစားကို အသုံးပြုပြီး စံချိန်စံညွှန်းမီစွာဖြင့် သတ်မှတ်ကာလအတွင်း ပြီးစီးအောင်တည်ဆောက်ရန်အတွက် တာဝန်ရှိသူများအား မှာကြားခဲ့ပါသည်။ ဆက်လက်၍ ဒုတိယဝန်ကြီးသည် အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) အစည်းအဝေးခန်းမ၌တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ အားကစားနှင့်ပညာရေးပေါင်းစပ်သင်တန်းကျောင်း၌ တက်ရောက်နေသော ကျောင်းသား/ကျောင်းသူများသည် အားကစား၌သာမက စာပေပညာရပ်ဘက်တွင်ပါ ထူးချွန်အောင်မြင်ရန်လိုအပ်ပါကြောင်း၊ မိမိတို့၏ သားသမီးများကဲ့သို့ သဘောထား၍ အဆင့်မြင့်မြင့် အောင်မြင်နိုင်ရေးအတွက် […]

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ မြန်မာ့လက်ရွေးစင်အားကစားလေ့ကျင့်ရေးစခန်းနှင့် လူငယ်အားကစားလေ့ကျင့်ရေးစခန်းတို့မှ ပြေးခုန်ပစ်အားကစားနည်း၏ အုပ်ချုပ်/နည်းပြများ၊ အားကစားသမားများအား တွေ့ဆုံအမှာစကားပြောကြား

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ မြန်မာ့လက်ရွေးစင်အားကစားလေ့ကျင့်ရေးစခန်းနှင့် လူငယ်အားကစားလေ့ကျင့်ရေးစခန်းတို့မှ ပြေးခုန်ပစ်အားကစားနည်း၏ အုပ်ချုပ်/နည်းပြများ၊ အားကစားသမားများအား တွေ့ဆုံအမှာစကားပြောကြား နေပြည်တော်၊ ဩဂုတ် ၂၇ ။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် မြန်မာနိုင်ငံ ပြေးခုန်ပစ်အဖွဲ့ချုပ်၊ မြန်မာ့လက်ရွေးစင်အားကစားလေ့ကျင့်ရေးစခန်း (Gold Camp) နှင့် လူငယ် အားကစားလေ့ကျင့်ရေးစခန်း (Youth Camp)တို့မှ ပြေးခုန်ပစ်အားကစားနည်း ၏ အုပ်ချုပ်/နည်းပြ အားကစားသမားများအား တွေ့ဆုံအမှာစကားပြောကြားသည့်အခမ်းအနားကို ယနေ့ နံနက် (၉)နာရီ တွင် အားကစားလေ့ကျင့်ရေးစခန်း (Gold Camp) ရှိ Multipurpose Hall ၌ ကျင်းပခဲ့သည်။ ဦးစွာ ပြေးခုန်ပစ်အားကစားနည်းမှ အုပ်ချုပ်/နည်းပြ အားကစားသမားများက အဖွဲ့လိုက် မိတ်ဆက်ခဲ့ပြီးနောက် ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက တွေ့ဆုံအမှာစကားပြောကြားရာတွင် ပြေးခုန်ပစ်အားကစားနည်းသည် အခြားအားကစားနည်းများထက် အားကစားသမားဦးရေများပြီး […]

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့များ ၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက် (၁၈)အောက် ပြေးခုန်ပစ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက်ကြည့်ရှုအားပေးပြီး ဆုများပေးအပ်ချီးမြှင့်

Loading

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့များ ၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက် (၁၈)အောက် ပြေးခုန်ပစ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက်ကြည့်ရှုအားပေးပြီး ဆုများပေးအပ်ချီးမြှင့် နေပြည်တော်၊ ဩဂုတ် ၂၆။ ၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက် (၁၈) နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိ အားကစားကွင်းနှင့် လေ့ကျင့်ရေးကွင်းအမှတ် (၁) တို့တွင် ကျင်းပသည်။ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူ၊ ပိုးရယ်အောင်သိန်း၊ မန်းငြိမ်းမောင်၊ ဒေါက်တာမှုထန်၊ ဒေါက်တာဘရွှေ၊ ခွန်စံလွင်၊ ဦးရွှေကြိမ်းနှင့် ဦးရန်ကျော်၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ မြန်မာနိုင်ငံ ပြေးခုန်ပစ် အဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ/နည်းပြများ၊ အားကစားသမားများ၊ ဝန်ကြီးဌာနများမှ […]

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအသက် (၁၈)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲယှဉ်ပြိုင်ကစားနေမှုများအား လိုက်လံကြည့်ရှုအားပေး

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအသက် (၁၈)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲယှဉ်ပြိုင်ကစားနေမှုများအား လိုက်လံကြည့်ရှုအားပေး နေပြည်တော်၊ ဩဂုတ် ၂၄။ ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးတွင်ရှိသည့် မျိုးဆက်သစ်လူငယ်အားကစားသမားများ ပေါ်ထွက်လာစေရေးနှင့် ပြေးခုန်ပစ်အားကစားနည်း ဖွံ့ဖြိုးတိုးတက်လာစေရေးတို့အတွက် ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၈)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းနှင့် လေ့ကျင့်ရေးကွင်းအမှတ် (၁)တို့တွင် ကျင်းပခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးထိန်လင်း၊ ဦးဇင်မင်းထက်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိ သူများ၊ မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ်မှတာဝန်ရှိသူများက ပြိုင်ပွဲယှဉ်ပြိုင်နေမှုများအား လိုက်လံကြည့်ရှုအားပေးခဲ့သည်။ ယနေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် အမျိုးသမီး (မီတာ ၅၀၀၀ လမ်းလျှောက်၊ အလျားခုန်၊ မီတာ ၈၀၀၊ […]

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ ၂၀၂၄ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး အသက် (၁၈) နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ကြည့်ရှုအားပေး

Loading

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ ၂၀၂၄ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး အသက် (၁၈) နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ကြည့်ရှုအားပေး နေပြည်တော် ဩဂုတ် ၂၃။ ၂၀၂၄ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး အသက် (၁၈) နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိဘောလုံးကွင်း၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ တက်ရောက်ကြည့်ရှုအားပေးကြသည်။ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဒေါ်ဒွဲဘူ၊ ပိုးရယ်အောင်သိန်း၊ ဒေါက်တာမှုထန်၊ ဒေါက်တာဘရွှေ၊ ခွန်စံလွင်၊ ဦးရွှေကြိမ်းနှင့် ဦးရန်ကျော်၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့်ဧည့်သည်တော်များ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ/ နည်းပြများနှင့် အားကစားသမားများ တက်ရောက်ကြသည်။ အခမ်းအနားတွင် မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမင်းသိန်းဇံက ပြေးခုန်ပစ်အားကစားနည်းသည် မျက်မှောက်ခေတ်ကာလ အားကစားပြိုင်ပွဲကြီးများတွင် […]