၂၀၂၆ -၂၀၂၇ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေဖြင့် ဝယ်ယူမည့်စက်ပစ္စည်းများနှင့် ပရိဘောဂပစ္စည်းများ ဖွင့်ဖောက်စစ်ဆေးခြင်း အခမ်းအနားကျင်းပ
![]()
၂၀၂၆ -၂၀၂၇ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေဖြင့် ဝယ်ယူမည့်စက်ပစ္စည်းများနှင့် ပရိဘောဂပစ္စည်းများ ဖွင့်ဖောက်စစ်ဆေးခြင်း အခမ်းအနားကျင်းပ နေပြည်တော်၊ ဇွန် ၂၂ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေဖြင့် ဝယ်ယူမည့် စက်ပစ္စည်းများနှင့် ပရိဘောဂပစ္စည်းများ ဖွင့်ဖောက်စစ်ဆေးခြင်း အခမ်းအနားကို ယနေ့မွန်းလွဲပိုင်း တွင် နေပြည်တော်၊ ရုံးအမှတ် (၃၁)ရှိ အားကစားရေးရာဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။ ဦးစွာ တင်ဒါကော်မတီ ဥက္ကဋ္ဌ၊ အားကစားရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညီညီက အဖွင့်အမှာစကားပြောကြားရာတွင် တင်ဒါလုပ်ငန်းများကို စိစစ်ရွေးချယ်ရာ၌ နိုင်ငံတော်မှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့်အညီ Lot 5 ခုတွင် သက်ဆိုင်ရာ ကုမ္ပဏီများမှ တင်သွင်းလာသော ဈေးနှုန်း၊ စာအိတ်နှင့် ပစ္စည်းအမျိုးအစားများကို သတ်မှတ်ချက်နှင့်ကိုက်ညီမှုရှိ/မရှိ ဖွင့်ဖောက် စစ်ဆေး၍ ရွေးချယ်သွားမည်ဖြစ်ကြောင်း၊ ပစ္စည်းနမူနာများပြသရန် […]
မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်း ၂၀၂၆ ခုနှစ်၊ အိုလံပစ်နေ့ အထိမ်းအမှတ် ဝူရှူး(ထောက်လု)ဖိတ်ခေါ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်၊ အားကစားနှင့် ကာယပညာသိပ္ပံ (မန္တလေး) အတွင်းရှိ တည်ဆောက်ရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး
![]()
မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်း ၂၀၂၆ ခုနှစ်၊ အိုလံပစ်နေ့ အထိမ်းအမှတ် ဝူရှူး(ထောက်လု)ဖိတ်ခေါ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်၊ အားကစားနှင့် ကာယပညာသိပ္ပံ (မန္တလေး) အတွင်းရှိ တည်ဆောက်ရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး နေပြည်တော်၊ ဇွန် ၂၀ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်းသည် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ လွှတ်တော် ဥက္ကဋ္ဌ ဦးအောင်ကျော်မိုး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး ကောင်စစ်ဝန်ချုပ် Ms, Gao Ping ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး မြန်မာနိုင်ငံဝူရှူးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးသစ္စာ၊ ဌာနဆိုင်ရာများမှတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်း ဒေသကြီး၊ ဗထူး အားကစားရုံ၌ ရက် ၁၀၀ အတွင်း စီမံချက်တစ်ခုအဖြစ် အားကစားရေးရာဝန်ကြီးဌာန၊ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ၊ […]
မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်း ၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက် (၂၅)နှစ်အောက် ဘော်လီဘော (အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်ယှဉ်ပြိုင်ကစားနေမှုများနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်
![]()
မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်း ၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက် (၂၅)နှစ်အောက် ဘော်လီဘော (အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်ယှဉ်ပြိုင်ကစားနေမှုများနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက် နေပြည်တော်၊ ဇွန် ၁၉ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်းသည် ရှမ်းပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ ဦးစိုင်းလုံကျော်၊ ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးများ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့နှင့်အတူ ယနေ့နံနက်ပိုင်းတွင် ၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၅)နှစ်အောက် ဘော်လီဘော(အမျိုးသား/ အမျိုးသမီး)ပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်ယှဉ်ပြိုင်ကစားနေမှုများနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်ခြင်း၊ အားကစားနှင့် ကာယပညာသိပ္ပံ(တောင်ကြီး)ရှိ သင်တန်းသား/သင်တန်းသူများ၏ လေ့ကျင့်နေမှုများ၊ အဆောက်အဦများ နှင့်ရွှေညောင် အားကစားကွင်းရှိ အားကစားကွင်း/အားကစားရုံများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။ ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ရှမ်းပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ […]
မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်း ရှမ်းပြည်နယ် ကလောမြို့နယ်ရှိ အားကစားကွင်း/အားကစားရုံများနှင့် Football for School အစီအစဉ်ဖြင့် သင်တန်းသား/သင်တန်းသူများ၏ လေ့ကျင့်နေမှုများအား လိုက်လံကြည့်ရှုစစ်ဆေး
![]()
မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်း ရှမ်းပြည်နယ် ကလောမြို့နယ်ရှိ အားကစားကွင်း/အားကစားရုံများနှင့် Football for School အစီအစဉ်ဖြင့် သင်တန်းသား/သင်တန်းသူများ၏ လေ့ကျင့်နေမှုများအား လိုက်လံကြည့်ရှုစစ်ဆေး နေပြည်တော်၊ ဇွန် ၁၈ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်းသည် ရှမ်းပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ ဦးစိုင်းလုံကျော်၊ လူမှုရေးရာဝန်ကြီး ဒေါ်နန်းခမ်းလူ၊ အင်းတိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်တင်တင်ရီ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးတို့နှင့်အတူ တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ် ကလော မြို့နယ်ရှိ အားကစားကွင်း/အားကစားရုံများနှင့် Football for School အစီအစဉ်ဖြင့် သင်တန်းသား/ သင်တန်းသူများ၏ လေ့ကျင့်နေမှုများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။ ဦးစွာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သည် လွှတ်တော်ဥက္ကဋ္ဌနှင့်အတူ ရှမ်းပြည်နယ်အတွင်းရှိ ကလောမြို့နယ် အားကစားကွင်းသို့ […]
၂၀၂၆ ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံအားကစားပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပြည်ထောင်စုအဆင့်ဗဟိုအဖွဲ့အစည်းများနှင့် ပြည်ထောင်စုဝန်ကြီးဌာနများ ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ
![]()
၂၀၂၆ ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံအားကစားပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပြည်ထောင်စုအဆင့်ဗဟိုအဖွဲ့အစည်းများနှင့် ပြည်ထောင်စုဝန်ကြီးဌာနများ ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ နေပြည်တော်၊ ဇွန် ၁၆ ၂၀၂၆ ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံအားကစားပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပြည်ထောင်စုအဆင့်ဗဟိုအဖွဲ့အစည်းများနှင့် ပြည်ထောင်စုဝန်ကြီးဌာနများ ပေါင်းစပ်ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ရုံးအမှတ် (၃၁)ရှိ အားကစားရေးရာဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်း၌ ကျင်းပခဲ့သည်။ ဦးစွာ အားကစားရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညီညီက အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်သမ္မတကြီး၏ လမ်းညွှန်ချက်ဖြင့် ပြည်ထောင်စုအဆင့် ဗဟိုအဖွဲ့အစည်းများနှင့် ပြည်ထောင်စုဝန်ကြီးဌာနများတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဝန်ထမ်းများအချင်းချင်း ချစ်ကြည်ရင်းနှီးမှုရှိလာစေရေး၊ ဝန်ထမ်းများကျန်းမာကြံ့ခိုင်ပြီး လုပ်ငန်းတာဝန်များကို ထမ်းဆောင်ရာတွင် လုပ်ငန်းခွင်အတွင်း ပျော်ရွင်စေရေးနှင့် မြန်မာ့အားကစားကဏ္ဍတိုးတက်မြင့်မားလာစေ ရေးတို့အတွက် ရည်ရွယ်၍ မိမိတို့ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များ ပူးပေါင်း၍ ဝန်ကြီးဌာနပေါင်းစုံအားကစားပြိုင်ပွဲအား ကျင်းပပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း၊ ယခုပြိုင်ပွဲတွင် ဘောလုံး၊ ဖူဆယ်၊ ပြေးခုန်ပစ်၊ […]
အားကစားရေးရာဝန်ကြီးဌာန၊ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ကျပ်သန်း (၃၀၀) အထက် တည်ဆောက်ရေးလုပ်ငန်းများအတွက် QA/QC ငှားရမ်းခြင်းလုပ်ငန်းများအား အိတ်ဖွင့်တင်ဒါစာအိတ်(A) ဖွင့်ဖောက်စစ်ဆေးခြင်းအခမ်းအနားကျင်းပ
![]()
အားကစားရေးရာဝန်ကြီးဌာန၊ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ကျပ်သန်း (၃၀၀) အထက် တည်ဆောက်ရေးလုပ်ငန်းများအတွက် QA/QC ငှားရမ်းခြင်းလုပ်ငန်းများအား အိတ်ဖွင့်တင်ဒါစာအိတ်(A) ဖွင့်ဖောက်စစ်ဆေးခြင်းအခမ်းအနားကျင်းပ နေပြည်တော်၊ ဇွန် ၁၂ အားကစားရေးရာဝန်ကြီးဌာန၊ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ကျပ်သန်း (၃၀၀)အထက် တည်ဆောက်ရေးလုပ်ငန်းများအတွက် QA/QC ငှားရမ်းခြင်းလုပ်ငန်းများအား အိတ်ဖွင့်တင်ဒါစာအိတ် (A)ဖွင့်ဖောက်စစ်ဆေးခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ(A)၌ ကျင်းပခဲ့သည်။ ဦးစွာ တင်ဒါကော်မတီ ဥက္ကဋ္ဌ၊ အားကစားရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညီညီက အဖွင့်အမှာစကားပြောကြားရာတွင် ကျပ်သန်း (၃၀၀)အထက် တည်ဆောက်ရေးလုပ်ငန်းများဖြစ်သည့် ရေကူးကန်၊ Synthetic ပြေးလမ်း၊ မိုးလုံလေလုံအားကစားရုံ၊ ပွဲကြည့်စင်များနှင့် သင်တန်းသား/သင်တန်းသူအိပ်ဆောင်များသည် ရေရှည်အသုံးပြုရမည်ဖြစ်၍ ကြမ်းခင်းဈေး အောင်မြင်သူများကို လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ […]
အားကစားရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး) ၂၀၂၆-၂၀၂၇ ပညာသင်နှစ် အားကစားနှင့်ပညာရေးပေါင်းစပ်သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ
![]()
အားကစားရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး) ၂၀၂၆-၂၀၂၇ ပညာသင်နှစ် အားကစားနှင့်ပညာရေးပေါင်းစပ်သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ တောင်ကြီး၊ ဇွန် ၁၁ အားကစားရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ အားကစားနှင့်ကာယ ပညာသိပ္ပံ(တောင်ကြီး) ၂၀၂၆-၂၀၂၇ ပညာသင်နှစ် အားကစားနှင့်ပညာရေးပေါင်းစပ်သင်တန်း ဖွင့်ပွဲကို ဇွန်(၁၁)ရက် နံနက်(၈)နာရီက အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး) ဘက်စုံသုံး အားကစားခန်းမ၌ ကျင်းပရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုး၊ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ၊ အားကစားရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ပြည်နယ်ဝန်ကြီးများ၊ တိုင်းရင်းသား ရေးရာဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့်တာဝန်ရှိသူများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။ ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်၊ အားကစားရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူ များအား ၂၀၂၆-၂၀၇ ပညာသင်နှစ်တွင် တက်ရောက်ကြမည့် အားကစားနှင့်ပညာရေးပေါင်းစပ် သင်တန်းမှ သင်တန်းသား၊ သင်တန်းသူများမှ အားကစားနည်းအလိုက် ဂါရဝပြု မိတ်ဆက် […]
ဒုတိယဝန်ကြီး ဦးညီညီ အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး)ရှိ ဝန်ထမ်းများနှင့်တွေ့ဆုံပွဲတက်ရောက်၊ ရွှေညောင်မြို့နယ်အားကစားကွင်းနှင့် ကလောမြို့နယ် အားကစားကွင်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး
![]()
ဒုတိယဝန်ကြီး ဦးညီညီ အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး)ရှိ ဝန်ထမ်းများနှင့်တွေ့ဆုံပွဲတက်ရောက်၊ ရွှေညောင်မြို့နယ်အားကစားကွင်းနှင့် ကလောမြို့နယ် အားကစားကွင်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး တောင်ကြီး၊ ဇွန် ၁၁ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ၊ အားကစားရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးညီညီသည် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ရှမ်းပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး၊ အားကစားနှင့်ကာယပညာသိပ္ပံ (တောင်ကြီး) မှ ကျောင်းအုပ်ကြီးတို့နှင့်အတူ ဇွန်လ(၁၁)ရက် နံနက်ပိုင်းက အားကစားနှင့်ကာယပညာသိပ္ပံ (တောင်ကြီး)ရှိ ဘက်စုံသုံးခန်းမ၌ အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး)မှ ဝန်ထမ်းများနှင့် တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သည်။ ဦးစွာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ၊ အားကစားရေးရာဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီး ဦးညီညီက အဖွင့်အမှာစကားပြောကြားရာတွင် မျိုးဆက်သစ်အားကစားသမားများ စဉ်ဆက်မပြတ်ရရှိစေရန် ရေတို၊ ရေရှည် စီမံချက်များရေးဆွဲ၍ စနစ်တကျ အကောင်ထည်ဖော် ဆောင်ရွက်သွားရန်လိုအပ်ပါကြောင်း၊ အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုများ ယခင်ထက်ပိုမိုရရှိစေရန် နည်းပြနှင့်အားကစားသမားများက ခံယူချက်ထားပြီး […]
တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၅)နှစ်အောက် အမျိုးသား၊ အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ
![]()
တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၅)နှစ်အောက် အမျိုးသား၊ အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ တောင်ကြီး၊ ဇွန် ၁၀ ၂၀၂၆ ခုနှစ် တိုင်းဒေကြီးနှင့်ပြည်နယ် အသက်(၂၅)နှစ်အောက် အမျိုးသား၊ အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲကို ဇွန်(၁၀) နံနက်(၁၀)နာရီခွဲက တောင်ကြီးမြို့၊ ပြည်နယ်အားကစား လေ့ကျင့်ရုံ၌ ကျင်းပရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဒုတိယဥက္ကဋ္ဌ၊ အားကစားရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့်တာဝန်ရှိသူများ၊ အားကစားဝါသနာရှင်များ တက်ရောက်ကြသည်။ ဦးစွာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးက ၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် ဘော်လီဘောပြိုင်ပွဲကို ရှမ်းပြည်နယ်က အိမ်ရှင်အဖြစ်လက်ခံကျင်းပခွင့်ရသည့်အတွက် ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ အားကစားသမားများအတွက် တည်းခိုနေထိုင်၊ စားသောက်ရေးကိစ္စရပ်များကိုလည်း အဆင်ပြေချောမွေ့အောင် စီစဉ်ဆောင်ရွက်ထားရှိပါကြောင်းနှင့် လှိုက်လှဲစွာကြိုဆိုပါကြောင်း၊ ယနေ့ကျင်းပပြုလုပ်သည့် […]
ဒုတိယဝန်ကြီး ဦးညီညီ အားကစားနှင့်ကာယပညာဦးစီးဌာန ရှမ်းပြည်နယ်/ခရိုင်/မြို့နယ်မှ အရာထမ်း/အမှုအထမ်းများနှင့်တွေ့ဆုံပွဲတက်ရောက်၊ အားကစားသမားများ လေ့ကျင့်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေး
![]()
ဒုတိယဝန်ကြီး ဦးညီညီ အားကစားနှင့်ကာယပညာဦးစီးဌာန ရှမ်းပြည်နယ်/ခရိုင်/မြို့နယ်မှ အရာထမ်း/အမှုအထမ်းများနှင့်တွေ့ဆုံပွဲတက်ရောက်၊ အားကစားသမားများ လေ့ကျင့်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေး တောင်ကြီး၊ ဇွန် ၁၀ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ၊ အားကစားရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးညီညီသည် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ရှမ်းပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးနှင့်အတူ ဇွန်လ(၁၀)ရက်နေ့ မွန်းလွဲပိုင်းက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနအစည်းဝေးခန်းမ၌ ပြည်နယ်၊ ခရိုင်၊ မြို့နယ်မှ အရာထမ်း/အမှုထမ်းများနှင့်တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သည်။ ဦးစွာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ၊ အားကစားရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးညီညီက အဖွင့်အမှာစကားပြောကြားရာတွင် အရည်အသွေးပြည့်ဝသည့် အားကစားသမားများကို စဉ်ဆက်မပျက်ရှာဖွေပြုစုပျိုးထောင်ပေးကြရန်လိုအပ်ပါကြောင်း၊ ထူးချွန်ထက်မြတ်သည့် အားကစားသမားများပေါ်ပေါက်လာစေရန် ငယ်စဉ်ကတည်းက မျိုးစေ့ချ ပြုစု ပျိုးထောင်ပေးကြရန် လိုအပ်ပါကြောင်း၊ သက်ဆိုင်ရာ ခရိုင်/မြို့နယ်များအလိုက် အားကစားပြိုင်ပွဲများကို စဉ်ဆက်မပြတ်ကျင်းပပေးကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။ ထို့နောက် […]