အားကစားရေးရာဝန်ကြီးဌာန

Loading

၂၀၂၆ -၂၀၂၇ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေဖြင့် ဝယ်ယူမည့်စက်ပစ္စည်းများနှင့် ပရိဘောဂပစ္စည်းများ ဖွင့်ဖောက်စစ်ဆေးခြင်း အခမ်းအနားကျင်းပ

နေပြည်တော်၊ ဇွန် ၂၂

၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေဖြင့် ဝယ်ယူမည့် စက်ပစ္စည်းများနှင့် ပရိဘောဂပစ္စည်းများ ဖွင့်ဖောက်စစ်ဆေးခြင်း အခမ်းအနားကို ယနေ့မွန်းလွဲပိုင်း တွင် နေပြည်တော်၊ ရုံးအမှတ် (၃၁)ရှိ အားကစားရေးရာဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ဦးစွာ တင်ဒါကော်မတီ ဥက္ကဋ္ဌ၊ အားကစားရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညီညီက အဖွင့်အမှာစကားပြောကြားရာတွင် တင်ဒါလုပ်ငန်းများကို စိစစ်ရွေးချယ်ရာ၌ နိုင်ငံတော်မှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့်အညီ Lot 5 ခုတွင် သက်ဆိုင်ရာ ကုမ္ပဏီများမှ တင်သွင်းလာသော ဈေးနှုန်း၊ စာအိတ်နှင့် ပစ္စည်းအမျိုးအစားများကို သတ်မှတ်ချက်နှင့်ကိုက်ညီမှုရှိ/မရှိ ဖွင့်ဖောက် စစ်ဆေး၍ ရွေးချယ်သွားမည်ဖြစ်ကြောင်း၊ ပစ္စည်းနမူနာများပြသရန် ကုမ္ပဏီများကို ကြိုတင် အကြောင်းကြားထားပြီးဖြစ်၍ ကြမ်းခင်းဈေး အောင်မြင်သူများကို လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ စိစစ်ရွေးချယ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်ပြီး တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီ ဥက္ကဋ္ဌ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးက တင်ဒါဖွင့်ဖောက်စစ်ဆေးမည့် Lot 5 ခုသည် အားကစားပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ ရုံးသုံးပစ္စည်းများနှင့် ပရိဘောဂပစ္စည်းများဖြစ်၍ ရေရှည်အသုံးပြုနိုင်စေရန် ပစ္စည်းအရေအသွေးကောင်းမွန်ပြီး သတ်မှတ်ချက်နှင့်ကိုက်ညီသည့် ကုမ္ပဏီများကို ဦးစားပေး ရွေးချယ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီးနောက် တင်သွင်းလာသည့် စက်ပစ္စည်းများနှင့် ပရိဘောဂပစ္စည်းများအား ဖွင့်ဖောက်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပြီး တင်ဒါ အောင်မြင်သည့် ကုမ္ပဏီများကို ကြေငြာခဲ့၍ ဈေးနှုန်းများအား စိစစ်အတည်ပြုခဲ့ပြီး အခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။