အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

မြန်မာနိုင်ငံလူငယ်ရေးရာလုပ်ငန်းကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၂၄) အခမ်းအနားကျင်းပ

Loading

နေပြည်တော်၊ ဇူလိုင် ၅ ရက်။ မြန်မာနိုင်ငံလူငယ်ရေးရာလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၄) အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ရုံးအမှတ် (၃၁)ရှိ စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ မြန်မာနိုင်ငံလူငယ်ရေးရာ လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ မြန်မာနိုင်ငံ လူငယ်ရေးရာလုပ်ငန်းကော်မတီအဖွဲ့ဝင်များက လူကိုယ်တိုင်စနစ်ဖြင့်လည်းကောင်း၊ နေပြည်တော် ကောင်စီ/ တိုင်းဒေသကြီး/ ပြည်နယ် လူငယ်ရေးရာကော်မတီ ဒုတိယဥက္ကဋ္ဌများနှင့် လူငယ်ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် အဖွဲ့အစည်းများမှ တာဝန်ရှိသူများက ဗီဒီယိုကွန်းဖရင့် စနစ်ဖြင့်လည်းကောင်း တက်ရောက်ခဲ့သည်။ ဦးစွာ မြန်မာနိုင်ငံလူငယ်ရေးရာလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က အဖွင့်အမှာစကား ပြောကြားရာတွင် မြန်မာနိုင်ငံ လူငယ်ရေးရာလုပ်ငန်းကော်မတီအနေဖြင့် ပြည်ထောင်စုဝန်ကြီးဌာနအချင်းချင်း၊ ပြည်ထောင်စု အစိုးရအဖွဲ့နှင့် နေပြည်တော်ကောင်စီ/ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရများကြား၊ လူမှုအဖွဲ့အစည်းများနှင့် […]

၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကျင်းပရေးဦးစီးကော်မတီ ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ

Loading

၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကျင်းပရေးဦးစီးကော်မတီ ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ နေပြည်တော်၊ ဇူလိုင်လ(၂)ရက်။ ၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကျင်းပရေးဦးစီးကော်မတီ ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိဘောလုံးကွင်းအပေါ်ထပ်အစည်းအဝေးခန်းမ၌ကျင်းပခဲ့သည်။ ဦးစွာ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ကျင်းပရေးဦးစီးကော်မတီ အတွင်းရေးမှူး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းက အဖွင့်အမှာစကားပြောကြားရာတွင် ဦးစီးကော်မတီများနှင့် ဆပ်ကော်မတီများကို ဝန်ကြီးဌာနအသီးသီးမှ တာဝန်ရှိသူများနှင့် ဖွဲ့စည်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ အဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် ပထမအကြိမ်ကျင်းပပြုလုပ်ခဲ့သည့်အစည်းအဝေးတွင် အားကစားနည်းများအလိုက် စည်းမျဉ်း/စည်းကမ်းများဆိုင်ရာကိစ္စရပ်များ၊ နည်းပညာပိုင်းဆိုင်ရာကိစ္စရပ်များ၊ သတင်းအချက်အလက်ပိုင်းဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်ပြီး ဆွေးနွေးခဲ့ပြီးဖြစ်၍ ယခုအစည်းအဝေးသည် ပါဝင်ယှဉ်ပြိုင်မည့်အားကစားနည်းများ၊ ပြောင်းလဲပြင်ဆင်ရေးဆွဲမည့် စည်းမျဉ်း/စည်းကမ်း၊ နည်းဥပဒေများကို အသေးစိတ်ဆွေးနွေးတင်ပြအတည်ပြုနိုင်ရန်ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း၊ မသန်စွမ်းအားကစားပြိုင်ပွဲများပါထည့်သွင်းကျင်းပသွားမည်ဖြစ်၍ ထည့်သွင်းကျင်းပမည့် အားကစားနည်းများနှင့် ပါဝင်ယှဉ်ပြိုင်မည့် အားကစားသမားအင်အားစာရင်းများကို ကြိုတင်ပြင်ဆင်ထားရန် ချိတ်ဆက်ဆောင်ရွက်ထားပြီဖြစ်၍ အဖွဲ့ချုပ်မှ […]

၂၀၂၃-၂၀၂၄ ပညာသင်နှစ်တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား/ကျောင်းသူများအားဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

Loading

၂၀၂၃-၂၀၂၄ ပညာသင်နှစ်တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား/ကျောင်းသူများအားဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ နေပြည်တော်၊ ဇူလိုင်(၁)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား/ကျောင်းသူများအား ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ကျင်းပခဲ့သည်။ ဦးစွာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက ဂုဏ်ပြုအမှာစကား ပြောကြားရာတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင်ဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင် ခဲ့သည့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ဝန်ထမ်းသား/သမီးများနှင့် အားကစားနှင့်ကာယပညာ သိပ္ပံများမှ သင်တန်းသား/သင်တန်းသူများကို ဂုဏ်ပြုချီးမြှင့် ထောက်ပံ့ပေးလျက်ရှိသည့်အတွက် ဂုဏ်ထူးရ ကျောင်းသား/ကျောင်းသူများအနေဖြင့် ယခုတက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်မြင်ခဲ့ခြင်းသည် ရည်မှန်းချက် ပန်းတိုင်မဟုတ်သေးဘဲ ဘဝအစ၏ ပထမဆုံးခြေလှမ်းတစ်ခုသာဖြစ်ကြောင်း၊ ပညာရှာသည့်အချိန်တွင် ပညာတစ်ခုတည်းကိုသာ ဆက်လက်ဆည်းပူး လေ့လာသွားရန်နှင့် “အစကောင်းမှ အနှောင်းသေချာ” ဆိုသလို ဘဝအစတက်လမ်းမှ အခြေခံကောင်းမွန်ခိုင်မာစွာဖြင့် ရည်မှန်းချက်ပန်းတိုင်ကို အရောက်သွား နိုင်ပြီး […]

၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာအိုလံပစ်နေ့အထိမ်းအမှတ် မြန်မာနိုင်ငံအလေးမအဖွဲ့ချုပ်၏ ပဏာမလက်ရွေးစင်လူရွေးချယ်ရေးပြိုင်ပွဲကျင်းပ

Loading

၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာအိုလံပစ်နေ့အထိမ်းအမှတ် မြန်မာနိုင်ငံအလေးမအဖွဲ့ချုပ်၏ ပဏာမလက်ရွေးစင်လူရွေးချယ်ရေးပြိုင်ပွဲကျင်းပ နေပြည်တော်၊ ဇွန်(၂၇)။ ၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာအိုလံပစ်နေ့အထိမ်းအမှတ် မြန်မာနိုင်ငံအလေးမအဖွဲ့ချုပ်၏ ပဏာမလက်ရွေးစင်လူရွေးချယ်ရေးပြိုင်ပွဲကို ယနေ့နံနက်(၈)နာရီခွဲတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ အလေးမလေ့ကျင့်ရေးရုံ၌ ကျင်းပခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့်တာဝန်ရှိသူများ၊ မြန်မာနိုင်ငံအလေးမအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဥဂ္ဂါအေးနှင့်တာဝန်ရှိသူများ တက်ရောက်ကြည့်ရှုအားပေးခဲ့သည်။ ယနေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် (အမျိုးသား/အမျိုးသမီး)ဝိတ်တန်းများအလိုက် အမြန်မနှင့် နှစ်ဆင့်မ ပြိုင်ပွဲများအား ယှဉ်ပြိုင်ခဲ့ရာ အလေးမအားကစားသမား အမျိုးသား(၅)ဦးနှင့် အမျိုးသမီး(၁၁)ဦး၊ စုစုပေါင်းအားကစားသမား(၁၆)ဦး ဝင်ရောက်ယှဉ်ပြိုင်ရွေးချယ်ခံခဲ့သည်။ အမျိုးသား(+၈၉)ကီလိုတန်းပြိုင်ပွဲတွင် ဝင်းနိုင်ထွန်းက နှစ်ဆင့်မစံချိန်(၁၇၆)ကီလိုဖြင့် မြန်မာပြည် စံချိန်(၁၇၅)အား ကျော်လွန်၍ စံချိန်သစ်တင်နိုင်ခဲ့ကြောင်း သိရသည်။

၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာအိုလံပစ်နေ့အထိမ်းအမှတ် မြန်မာနိုင်ငံမြင်းစီးအားကစား အဖွဲ့ချုပ်၏ FEI (1 Star) Endurance Qualification Round (3) ခရီးရှည် မြင်းစီးအားကစား အရည်အချင်းစစ်ပြိုင်ပွဲနှင့် Endurance Steward သင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ

Loading

၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာအိုလံပစ်နေ့အထိမ်းအမှတ် မြန်မာနိုင်ငံမြင်းစီးအားကစား အဖွဲ့ချုပ်၏ FEI (1 Star) Endurance Qualification Round (3) ခရီးရှည် မြင်းစီးအားကစား အရည်အချင်းစစ်ပြိုင်ပွဲနှင့် Endurance Steward သင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ နေပြည်တော်၊ ဇွန်(၂၉)။ ၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာအိုလံပစ်နေ့အထိမ်းအမှတ် မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်၏ FEI (1 star) Endurance Qualification Round (3) ခရီးရှည် မြင်းစီးအားကစား အရည်အချင်းစစ် ပြိုင်ပွဲနှင့် Endurance Steward သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီတွင် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ် မြင်းစီးအားကစားကွင်း၌ ကျင်းပခဲ့သည်။ ဦးစွာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက အဖွင့်အမှာစကား ပြောကြားရာတွင် မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်ကို ၁၉၉၂ ခုနှစ်တွင် စတင်ထူထောင်ဖွဲ့စည်းခဲ့ပြီး […]

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ကျင်းပရေးဦးစီးကော်မတီ ဒုတိယအကြိမ်အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

Loading

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ကျင်းပရေးဦးစီးကော်မတီ ဒုတိယအကြိမ်အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား နေပြည်တော်၊ ဇွန်လ(၂၈)ရက်။ ၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ကျင်းပရေးဦးစီးကော်မတီ ဒုတိယအကြိမ်အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ကျင်းပရာ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ကျင်းပရေးဦးစီးကော်မတီနာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်အမှာစကားပြောကြားသည်။ အစည်းအဝေးသို့ ကျင်းပရေးဦးစီးကော်မတီဝင် ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ ဦးစွာ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကျင်းပရေးဦးစီးကော်မတီ နာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက အမှာစကားပြောကြားရာတွင် အားကစားဆိုသည့်ဝေါဟာရကို နိုင်ငံတကာအဘိဓာန်များက “ယှဉ်ပြိုင်မှုရှိသော ရုပ်ပိုင်းဆိုင်ရာ ပြုမူဆောင်ရွက်မှုပုံစံအားလုံးကိုအားကစား” ဟု အဓိပ္ပာယ်ဖွင့်ဆိုကြကြောင်း၊ […]

အိုလံပစ်နေ့အထိမ်းအမှတ် လမ်းလျှောက်ပွဲနှင့်အားကစားပြိုင်ပွဲများကျင်းပ

Loading

အိုလံပစ်နေ့အထိမ်းအမှတ် လမ်းလျှောက်ပွဲနှင့်အားကစားပြိုင်ပွဲများကျင်းပ နေပြည်တော်၊ ဇွန်(၂၆)။ (၃၃)ကြိမ်မြောက်အိုလံပစ်နေ့အထိမ်းအမှတ် လမ်းလျှောက်ပွဲနှင့်အားကစားပြိုင်ပွဲများကို ယနေ့နံနက်(၆)နာရီတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ကျင်းပခဲ့ရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက သေနတ်ပစ်ဖောက်၍ စတင်တာလွတ်ပေးခဲ့ပြီးနောက် စုပေါင်းလမ်းလျှောက်ခဲ့သည်။ ဆက်လက်ပြီး ပြေးခုန်ပစ်(အမျိုးသား/အမျိုးသမီး) မီတာ(၁၀၀၊ ၂၀၀၊ ၄၀၀၊ ၈၀၀ နှင့် ၁၀၀ x ၄ လက်ဆင့်ကမ်း)အပြေးပြိုင်ပွဲများကို ကျင်းပခဲ့ရာ Gold Camp နှင့် Youth Camp မှ အားကစားသမားများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီးနောက် အားကစားပြိုင်ပွဲများတွင် ဆုရရှိခဲ့သူများကို မြန်မာနိုင်ငံအိုလံပစ် ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးထိန်လင်း၊ ဦးဇင်မင်းထက်နှင့် တာဝန်ရှိသူများက အမှတ်တရဆုများ အသီးသီးပေးအပ်ခဲ့ပြီးနောက် ဉာဏ်စမ်းမေးခွန်း မေးမြန်းဖြေကြားခြင်းများပြုလုပ်ခဲ့ပြီး အမှတ်တရ လက်ဆောင်ပစ္စည်းများ […]

အလေးမဒိုင်နှင့်နည်းပြသင်တန်း အမှတ်စဉ်(၁/၂၀၂၄) သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

Loading

အလေးမဒိုင်နှင့်နည်းပြသင်တန်း အမှတ်စဉ်(၁/၂၀၂၄) သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ နေပြည်တော်၊ ၂၆ ရက်။ အလေးမအားကစားနည်း ဖွံ့ဖြိုးတိုးတက်စေရန်၊ မျိူးဆက်သစ်အားကစားသမားများစွာ မွေးထုတ်ပေးနိုင်စေရန်နှင့် အချိန်နှင့်တပြေးညီ တိုးတက်ပြောင်းလဲနေသည့် ဥပဒေ/နည်းဥပဒေ၊ စည်းမျဉ်း/စည်းကမ်းများကို အချိန်တိုအတွင်း သိရှိနားလည်နိုင်စေရန်ရည်ရွယ်၍ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံအလေးမအဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် အလေးမဒိုင်နှင့်နည်းပြသင်တန်း အမှတ်စဉ်(၁/၂၀၂၄) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း(Gold Camp)ရှိ Multipurpose Hall ၌ ကျင်းပခဲ့သည်။ ဦးစွာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံအလေးမအားကစားအဖွဲ့ချုပ်ကို ၁၉၄၆ ခုနှစ်၊ မေလ ၅ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပြီး ၁၉၄၇ ခုနှစ်၊ စက်တင်ဘာလတွင် အပြည်ပြည်ဆိုင်ရာအလေးမအဖွဲ့ချုပ်နှင့်လည်းကောင်း၊ ၁၉၈၅ ခုနှစ်၊ နိုဝင်ဘာလတွင် […]

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ ၂၀၂၄ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး တိုက်ကွမ်ဒိုပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားတက်ရောက်

Loading

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ ၂၀၂၄ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး တိုက်ကွမ်ဒိုပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားတက်ရောက် နေပြည်တော် ဇွန်လ(၂၁)ရက်။ ၂၀၂၄ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး တိုက်ကွမ်ဒိုပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ (A) ၌ ကျင်းပသည်။ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူ၊ ပိုးရယ်အောင်သိန်း၊ မန်းငြိမ်းမောင်၊ ဒေါက်တာမှုထန်၊ ဒေါက်တာဘရွှေ၊ ခွန်စံလွင်၊ ဦးရွှေကြိမ်းနှင့် ဦးရန်ကျော်၊ ပြည်ထောင်စု ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံတိုက်ကွမ်ဒိုအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ/နည်းပြများ၊ အားကစားသမားများ၊ ဝန်ကြီးဌာနများမှ ဝန်ထမ်းမိသားစုများနှင့် ဝါသနာရှင်ပြည်သူများ တက်ရောက်ကြသည်။ ကြည့်ရှုအားပေး ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များသည် အခမ်းအနားသို့ တက်ရောက်လာကြသူ များနှင့်အတူ ၂၀၂၄ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး တိုက်ကွမ်ဒိုပြိုင်ပွဲ ဗိုလ်လုပွဲပွဲစဉ်များအဖြစ် ကီလိုတန်းအလိုက် […]

ဆေးလိပ်နှင့်ဆေးရွက်ကြီးသုံးစွဲမှုလျော့နည်းကျဆင်းရေး အသိပညာပေးဟောပြောပွဲအခမ်းအနားကျင်းပ

Loading

ဆေးလိပ်နှင့်ဆေးရွက်ကြီးသုံးစွဲမှုလျော့နည်းကျဆင်းရေး အသိပညာပေးဟောပြောပွဲအခမ်းအနားကျင်းပ နေပြည်တော်၊ ဇွန်(၁၉)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာနနှင့် ပြည်သူ့ကျန်းမာရေး ဖောင်ဒေးရှင်းတို့ ပူးပေါင်းကျင်းပသည့် ဆေးလိပ်နှင့်ဆေးရွက်ကြီးသုံးစွဲမှု လျော့နည်းကျဆင်းရေး အသိပညာပေးဟောပြောပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် အမှတ်(၁၀) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။ ဦးစွာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က အဖွင့်အမှာ စကားပြောကြားရာတွင် လူမှုရေးဦးတည်ချက်၏ တတိယအချက်ဖြစ်သည့် “ နိုင်ငံ၏ဖွံဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ်ပါဝင်နိုင်ရေး ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေး” ဆိုသည့်အတိုင်း နိုင်ငံတော်အနေနှင့် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လူငယ်ပြုစုပျိုးထောင်ရေးလုပ်ငန်းများကို အလေးထားဆောင်ရွက် လျက်ရှိပြီး လူငယ်များ အရက်၊ ဆေးလိပ်၊ ဆေးရွက်ကြီး၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေတတ်သော ဆေးဝါးများကို အသုံးမပြုနိုင်အောင် ထိရောက်စွာကာကွယ်ပေးနိုင်ရန် ဌာနဆိုင်ရာ […]