![]()
ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ၂၀၂၆ ခုနှစ် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများ၊ ပျော်ပွဲရွှင်ပွဲများနှင့် ဆုချီးမြှင့်ပွဲသို့တက်ရောက်
နေပြည်တော်၊ ဇန်နဝါရီလ ၄
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ ဦးဆောင်ပြီး အခြေခံပညာအထက်တန်းကျောင်း (အ.ထ.က-၆)နှင့် ပူးပေါင်း၍ ၂၀၂၆ ခုနှစ် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများ၊ ပျော်ပွဲရွှင်ပွဲများနှင့် ဆုပေးပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်၊ ပျဉ်းမနားခရိုင်၊ ဇမ္ဗူသီရိမြို့နယ်၊ ဘောဂသိဒ္ဓိရပ်ကွက်ရှိ အခြေခံပညာ အထက်တန်းကျောင်း (အ.ထ.က-၆)၌ ကျင်းပခဲ့ရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဉက္ကဋ္ဌ၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးထိန်လင်း၊ ဦးဇင်မင်းထက်၊ ဦးဖြိုးဇော်စိုး၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြည့်ရှုအားပေးခဲ့သည်။
ယနေ့ အားကစားပြိုင်ပွဲနှင့် ပျော်ပွဲရွှင်ပွဲ ပွဲစဉ်များအဖြစ် ပြေးခုန်ပစ် (မီတာ ၅၀၊ မီတာ ၁၀၀ အပြေးနှင့် လက်ဆင့်ကမ်း)၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်း၊ ထုပ်ဆီးတိုး၊ လွန်ဆွဲ၊ ယုန်ခုန်ပြေး၊ အာလူးကောက်၊ အိတ်စွပ်ပြေး၊ အပ်ချည်ထိုး၊ စကောရွက်၊ သံပုရာသီးဇွန်းကိုက်၊ ခြေပူးပြေး ပြိုင်ပွဲများတွင် Grade- 1 မှစ၍ Grade-12 တို့မှ ကျောင်းသား/ကျောင်းသူလေးများက ပျော်ပျော်ပါးပါးဖြင့် အသီးသီး ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။
ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ပွဲအား ဆက်လက်ကျင်းပခဲ့ရာ အားကစားပြိုင်ပွဲနှင့် ပျော်ပွဲရွှင်ပွဲ ပွဲစဉ်များတွင် ဆုရရှိခဲ့ကြသည့် ကျောင်းသား/ကျောင်းသူလေးများကို မြန်မာနိုင်ငံအိုလံပစ်ကော်မတီဉက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးထိန်လင်း၊ ဦးဇင်မင်းထက်၊ ဦးဖြိုးဇော်စိုး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနနှင့် အားကစားနှင့် ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် ဒုတိယ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများက ဆုကြေးငွေများကို အသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။
အလားတူ စိုက်ပျိုးရေး၊ မွေးမြူးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ဦးဆောင်ပြီး ဇေယျသိဒ္ဓိရပ်ကွက် ရှိ အခြေခံပညာအထက်တန်းကျောင်း (အ.ထ.က-၅)၌လည်းကောင်း၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ဦးဆောင်ပြီး အကွက်ကြီး(၁)ဘူးကွဲရှိ အခြေခံပညာအထက်တန်းကျောင်း (အ.ထ.က-၇)၌လည်းကောင်း၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ဦးဆောင်ပြီး အကွက်ကြီး(၂)ဘူးကွဲရှိ အခြေခံပညာအထက်တန်းကျောင်း (အ.ထ.က-၈)၌လည်းကောင်း၊ ပြည်ထဲရေးဝန်ကြီးဌာနမှ ဦးဆောင်ပြီး အကွက်ကြီး(၃)ဘူးကွဲရှိ အခြေခံပညာအထက်တန်းကျောင်း (အ.ထ.က-၉)၌ လည်းကောင်း၊ နယ်စပ် ရေးရာဝန်ကြီးဌာနနှင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနမှ ဦးဆောင်ပြီး အကွက်ကြီး(၄) ဘူးကွဲရှိ အခြေခံပညာအထက်တန်းကျောင်း (အ.ထ.က-၁၀)၌လည်းကောင်း၊ ပြန်ကြားရေးဝန်ကြီး ဌာနမှ ဦးဆောင်ပြီး အကွက်ကြီး(၅)ဘူးကွဲရှိ အခြေခံပညာအထက်တန်းကျောင်း (အ.ထ.က-၁၁)၌ လည်းကောင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဦးဆောင်ပြီး သပြေကုန်းရှိ အခြေခံပညာ အလယ်တန်းကျောင်း (အ.လ.က-၃)၌လည်းကောင်း၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်မှ ဦးဆောင်ပြီး ရွာတော်ရှိ အခြေခံပညာအထက်တန်းကျောင်း (အ.ထ.က-၃)နှင့် ဥတ္တရသီရိမြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်း (အ.ထ.က-၁၂) တို့၌လည်းကောင်း ပညာရေးဝန်ကြီးဌာန လက်အောက်ရှိ အခြေခံပညာ အထက်တန်း ကျောင်းနှင့် အခြေခံပညာအလယ်တန်းကျောင်းများတွင် ၂၀၂၆ ခုနှစ် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများ၊ ပျော်ပွဲရွှင်ပွဲများနှင့် ဆုချီးမြှင့်ပွဲများကို အောင်မြင်စွာ ကျင်းပပြုလုပ် နိုင်ရေးအတွက် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားကျွမ်းကျင်သည့် အားကစားမှူး(နည်းပြ)များအား စနစ်တကျ တာဝန်ပေးအပ်၍ ပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။








