![]()
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ၂၀၂၆ ခုနှစ်၊ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် နေပြည်တော်မာရသွန်ပြိုင်ပွဲ ယှဉ်ပြိုင်နေမှုများ၊ ဆုချီးမြှင့်ပွဲအခမ်းအနားနှင့် ဝန်ကြီးဌာနပေါင်းစုံ (အမျိုးသား/ အမျိုးသမီး) အားကစားပြိုင်ပွဲများ ယှဉ်ပြိုင်နေမှုများအား လိုက်လံကြည့်ရှုအားပေး
နေပြည်တော်၊ ဇန်နဝါရီလ ၃
ပြည်ထောင်စုနယ်မြေ နေပြည်တော်ကောင်စီနှင့် မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၆ ခုနှစ် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် နေပြည်တော် မာရသွန်ပြိုင်ပွဲ၊ ယှဉ်ပြိုင်နေမှုများ၊ ဆုချီးမြှင့်ပွဲအခမ်းအနားနှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၆ ခုနှစ် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ လွန်ဆွဲ(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ၊ ထုပ်ဆီးတိုး(အမျိုးသမီး)ပြိုင်ပွဲ၊ ခေါင်းအုံးရိုက်(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲနှင့် ပြေးခုန်ပစ် (အမျိုးသား/အမျိုးသမီး)အပြေးပြိုင်ပွဲ ပွဲစဉ်များကို ယနေ့နံနက်(၆)နာရီမှစတင်၍ နေပြည်တော် ရာဇဌာနီလမ်း၊ ဥပ္ပါတ္တသန္တိ စေတီတော်ဘုရားကွင်းနှင့် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လေ့ကျင့်ရေးကွင်းအမှတ် (၁)၊ (၃)နှင့် (၄)တို့၌ ကျင်းပခဲ့ရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ ၂၀၂၆ ခုနှစ် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲများ ကျင်းပရေးဆပ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ နေပြည်တော် အားကစားနှင့်ကာယပညာကော်မတီ နာယက၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးသန်းထွန်းဦး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးထိန်လင်း၊ ဦးဇင်မင်းထက်၊ နေပြည်တော်ကောင်စီဝင်များ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ အားကစားဝါသနာရှင်များ လာရောက် ကြည့်ရှုအားပေးခဲ့သည်။
ဦးစွာ ၂၀၂၆ ခုနှစ်၊ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် နေပြည်တော် မာရသွန်ပြိုင်ပွဲများဖြစ်သော ၂၁ ကီလိုမီတာ (အလွတ်တန်း) အသက် ၁၄ နှစ်မှ ၁၆ နှစ်အတွင်း ၁၀ ကီလိုမီတာနှင့် အသက် ၁၃ နှစ်အောက် ၅ ကီလိုမီတာ(အမျိုးသား/အမျိုးသမီး) မာရသွန်ပြိုင်ပွဲများကို စတင်ယှဉ်ပြိုင်နိုင်ရန်အတွက် ပထမဦးဆုံးပွဲစဉ်ဖြစ်သည့် ၂၁ ကီလိုမီတာ အမျိုးသား/အမျိုးသမီး (အလွတ်တန်း) မာရသွန်ပြိုင်ပွဲကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်ကလည်းကောင်း၊ ဒုတိယပွဲစဉ်ဖြစ်သည့် အသက် ၁၄ နှစ်မှ ၁၆ နှစ်အတွင်း ၁၀ ကီလိုမီတာ(အမျိုးသား/အမျိုးသမီး) မာရသွန်ပြိုင်ပွဲကို နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးသန်းထွန်းဦးကလည်းကောင်း၊ တတိယနှင့် စတုတ္ထပွဲစဉ်များဖြစ်သည့် အသက် ၁၃ နှစ်အောက် ၅ ကီလို မီတာ(အမျိုးသား/အမျိုးသမီး) မာရသွန်ပြိုင်ပွဲများကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးထိန်လင်းနှင့် ဦးဇင်မင်းထက်တို့ကလည်းကောင်း အသီးသီး သေနတ်ပစ်ဖောက်၍ တာလွှတ်ပေးခဲ့ပြီးနောက် အားကစားသမားများ၏ ယှဉ်ပြိုင်ပန်းဝင်လာမှုများအား ကြည့်ရှုအားပေးခဲ့သည်။
ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ပွဲအခမ်းအနားအား ဆက်လက်ကျင်းပခဲ့ရာ ပြိုင်ပွဲများအသီးသီး တွင် ပထမ၊ ဒုတိယ၊ တတိယ၊ စတုတ္ထ၊ ပဉ္စမ၊ နှစ်သိမ့်ဆုများရရှိခဲ့ကြသူများနှင့် ၂၁ ကီလိုမီတာ အမျိုးသမီး (အလွတ်တန်း) မာရသွန်ပြိုင်ပွဲတွင် စံချိန် ၁:၂၄:၅၁ ( ၁ နာရီ ၂၄ မိနစ် ၅၁ စက္ကန့်)ဖြင့် လူငယ်မျိုးဆက်သစ် စံချိန်သစ်တင်နိုင်ခဲ့သည့် (Youth Camp)မှ နှင်းပွင့်အောင်တို့ကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ နေပြည်တော် အားကစားနှင့်ကာယပညာကော်မတီ နာယက၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးသန်းထွန်းဦး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးထိန်လင်း၊ ဦးဇင်မင်းထက်၊ နေပြည်တော်ကောင်စီဝင်များ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် နှင့် တာဝန်ရှိပုဂ္ဂိုလ်များက တစ်ဦးချင်းဆုတံဆိပ်၊ ဂုဏ်ပြုဆုကြေးငွေများနှင့် ထပ်ဆောင်းဂုဏ်ပြုချီးမြှင့်ငွေများကို အသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လေ့ကျင့်ရေးကွင်းအမှတ်(၃)၌ ကျင်းပလျက်ရှိသည့် ဝန်ကြီးဌာနပေါင်းစုံ လွန်ဆွဲ(အမျိုးသမီး)ပြိုင်ပွဲ ဆီမီးဖိုင်နယ် ပွဲစဉ်များအဖြစ် ပြည်ထောင်စုရာထူးဝန်အဖွဲ့အသင်းနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနအသင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းနှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအသင်း၊ ဝန်ကြီးဌာနပေါင်းစုံ လွန်ဆွဲ (အမျိုးသား) ပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် ကာကွယ်ရေးဝန်ကြီးဌာနအသင်းနှင့် ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနအသင်း၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအသင်းနှင့် ပြည်ထဲရေး ဝန်ကြီးဌာနအသင်းတို့၏ ယှဉ်ပြိုင်နေမှုများအားလည်းကောင်း၊ လေ့ကျင့်ရေးကွင်းအမှတ်(၄)၌ ကျင်းပလျက် ရှိသည့် ထုပ်ဆီးတိုး(အမျိုးသမီး)ပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်များအဖြစ် နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းနှင့် ပြည်ထဲရေးဝန်ကြီးဌာနအသင်း၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအသင်းနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအသင်းတို့၏ ယှဉ်ပြိုင်နေမှုများအားလည်းကောင်း၊ လေ့ကျင့်ရေး ကွင်းအမှတ်(၁)၌ ကျင်းပလျက်ရှိသည့် ဝန်ကြီးဌာနပေါင်းစုံ ပြေးခုန်ပစ်(အမျိုးသား/အမျိုးသမီး) မီတာ ၁၀၀၊ မီတာ ၂၀၀၊ မီတာ ၄၀၀ နှင့် မီတာ ၈၀၀ ပြိုင်ပွဲယှဉ်ပြိုင်နေမှုများအားလည်းကောင်း လိုက်လံကြည့်ရှု အားပေးခဲ့ကြောင်းသိရသည်။




