အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော်ဖိတ်ကြားရေးနှင့် ကြိုဆိုနေရာချထားရေးဆပ်ကော်မတီ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

Loading

၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော်ဖိတ်ကြားရေးနှင့် ကြိုဆိုနေရာချထားရေးဆပ်ကော်မတီ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ နေပြည်တော်၊ နိုဝင်ဘာလ(၁၃)ရက်။ ၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော်အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဖိတ်ကြားရေးနှင့် ကြိုဆိုနေရာချထားရေးဆပ်ကော်မတီ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း လူငယ်ရေးရာဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။ ဦးစွာ ၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဖိတ်ကြားရေးနှင့် ကြိုဆိုနေရာချထားရေးဆပ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က အဖွင့်အမှာစကားပြောကြားရာတွင် အမျိုးသားအားကစားပွဲတော် အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးအတွက် ဖိတ်ကြားရေးနှင့်ကြိုဆိုနေရာချထားရေးဆပ်ကော်မတီပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို အောက်တိုဘာလ ၂၅ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပြီး အစည်းအဝေးဆုံးဖြတ်ချက် ၄ ချက်အားချမှတ်၍ လုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်း၊ အားကစားပွဲတော်တွင် လာရောက်ကြည့်ရှုမည့် ပရိသတ်များ အဆင်ပြေချောမွေ့စေရေးအတွက် ယခုအစည်းအဝေးအား ကျင်းပပြုလုပ်ရခြင်းဖြစ်ပြီး ဖိတ်ကြားရေးနှင့်ကြိုဆိုနေရာချထားရေးဆပ်ကော်မတီမှ တာဝန်ရှိသူများက ယခုတက်ရောက်လာကြသည့် ဝန်ကြီးဌာနအသီးသီးမှ အရာထမ်းများကို […]

အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီ သွေးစည်း ညီညွတ်ရေးအစီစဉ်ဖြင့် ဖွင့်လှစ်သည့် ရေကူးနည်းပြသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

Loading

အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီ သွေးစည်း ညီညွတ်ရေးအစီစဉ်ဖြင့် ဖွင့်လှစ်သည့် ရေကူးနည်းပြသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ နေပြည်တော် ၊ နိုဝင်ဘာ၁၁ အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီ သွေးစည်း ညီညွတ်ရေးအစီစဉ်ဖြင့် ဖွင့်လှစ်သည့် ရေကူး နည်းပြသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်အားကစားလေ့ကျင့်ရေး စခန်း Gold Camp ရှိ Multipurpose Hall ၌ ကျင်းပခဲ့သည်။ ဦးစွာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက သင်တန်းဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်၏ အားကစားအဆင့်အတန်းတိုးတက်မြင့်မားရေးလုပ်ငန်းများကို ရေတိုရေရှည်စီမံချက်များချမှတ်ပြီး ဆောင်ရွက်အကောင်အထည်ဖော်ရာ၌ ပထမခြေလှမ်းအဖြစ် အရှေ့တောင်အာရှနိုင်ငံများအလယ်တွင် အနိုင်ရရှိရေးအတွက်ဦးစွာကြိုးပမ်းသွားကြရမည်ဖြစ်ပြီး ထိုမှတစ်ဆင့် အာရှနိုင်ငံများအတွင်း အောင်မြင်မှုများရရှိရေးနှင့် ကမ္ဘာ့နိုင်ငံများအလယ်တွင် အောင်မြင်မှုများ ဆက်လက်ရရှိစေရေးအတွက် အဆင့်ဆင့်ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ရေကူးအားကစားနည်းသည် အိုလံပစ် အားကစားနည်းဖြစ်သည့်အပြင် ဆုတံဆိပ်များစွာ မျှော်မှန်းနိုင်သည့်အားကစားနည်းဖြစ်သည့်အတွက် ရေကူးအားကစားနည်းပိုမိုဖွံ့ဖြိုးတိုးတက်စေရန် အတူတကွ ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ရေကူးအားကစားနည်း ပိုမိုဖွံ့ဖြိုးတိုးတက်စေရန်အတွက် […]

ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် ဦးမင်းသိန်းဇံ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဖွင့်ပွဲအခမ်းအနားတွင် အကအလှများဖြင့် ဖျော်ဖြေတင်ဆက်ကြမည့် ကျောင်းသူများ ကြိုတင်ပြင်ဆင်နေမှု ကြည့်ရှုအားပေး

Loading

ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် ဦးမင်းသိန်းဇံ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဖွင့်ပွဲအခမ်းအနားတွင် အကအလှများဖြင့် ဖျော်ဖြေတင်ဆက်ကြမည့် ကျောင်းသူများ ကြိုတင်ပြင်ဆင်နေမှု ကြည့်ရှုအားပေး နေပြည်တော်၊ နိုဝင်ဘာလ(၈)ရက်။ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း(C)ရုံ၌ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဖွင့်ပွဲအခမ်းအနားတွင် အကအလှများဖြင့် မြိုင်မြိုင်ဆိုင်ဆိုင် ပါဝင်ဆင်နွှဲဖျော်ဖြေတင်ဆက်ကြမည့် ကျောင်းသူများ၏ ကြိုတင်ပြင်ဆင်လေ့ကျင့်နေမှုကို ကြည့်ရှုအားပေးကြသည်။ ဦးစွာ “လှပချစ်စရာ တို့ရွှေမြန်မာ” တေးသီချင်းနှင့်အတူ အခြေခံပညာအထက်တန်းကျောင်းများမှ ကျောင်းသူ ၃၂၀ ၏ အကအလှများဖြင့် မြိုင်မြိုင်ဆိုင်ဆိုင် ဇာတ်တိုက်လေ့ကျင့်နေမှုများကို ကြည့်ရှုအားပေးကြသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက မှာကြားရာတွင် အမျိုးသားအားကစားပွဲတော် ကျင်းပရန် အချိန်အားဖြင့် တစ်လခန့်သာကျန်ရှိတော့ကြောင်း၊ ကျောင်းသူများ၏ အကအလှများသည် အားကစားပွဲတော် […]

၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အခမ်းအနားပြင်ဆင်ရေးဆပ်ကော်မတီ ဥက္ကဋ္ဌ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေ ဖွင့်ပွဲ/ပိတ်ပွဲအခမ်းအနား ကျင်းပပြုလုပ်မည့်နေရာများအား လိုက်လံကြည့်ရှုစစ်ဆေး

Loading

၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အခမ်းအနားပြင်ဆင်ရေးဆပ်ကော်မတီ ဥက္ကဋ္ဌ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေ ဖွင့်ပွဲ/ပိတ်ပွဲအခမ်းအနား ကျင်းပပြုလုပ်မည့်နေရာများအား လိုက်လံကြည့်ရှုစစ်ဆေး နေပြည်တော်၊ နိုဝင်ဘာလ(၇)ရက်။ ၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အခမ်းအနားပြင်ဆင်ရေးဆပ်ကော်မတီဥက္ကဋ္ဌ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေနှင့် တာဝန်ရှိသူများ၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများသည် ယနေ့မွန်းလွဲပိုင်းတွင် ၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော် ဖွင့်ပွဲ/ပိတ်ပွဲအခမ်းအနား ကျင်းပပြုလုပ်မည့်နေရာများအား ကြိုတင်ပြင်ဆင် ဆောင်ရွက်နေမှုများနှင့် ဒိုင်/ဂျူရီများတည်းခိုနေထိုင်မည့် အိပ်ဆောင်များ ပြုပြင်မွမ်းမံ ဆောင်ရွက်နေမှုအခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။ ဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဖွင့်ပွဲ/ပိတ်ပွဲအခမ်းအနားတွင် နိုင်ငံတော်အကြီးအကဲများ တက်ရောက်ကြည့်ရှုအားပေးမည့် နေရာထိုင်ခင်းများအား ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ အားကစားပွဲတော်ကာလအတွင်း လျှပ်စစ်မီးများ မပြတ်တောက်စေရေးအတွက် အရန်မီးစက်များ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေ၊ အားကစားလေ့ကျင့်ရေးစခန်း (Gold […]

၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ပါဝင်ယှဉ်ပြိုင်မည့် အသင်းလိုက်အားကစားနည်းများအတွက် ပွဲစဉ်ဇယားကြိုတင်ရေးဆွဲနိုင်ရေး အစည်းအဝေးကျင်းပ

Loading

၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ပါဝင်ယှဉ်ပြိုင်မည့် အသင်းလိုက်အားကစားနည်းများအတွက် ပွဲစဉ်ဇယားကြိုတင်ရေးဆွဲနိုင်ရေး အစည်းအဝေးကျင်းပ နေပြည်တော်၊ နိုဝင်ဘာ ၆ ။ ၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ကျင်းပရေးဦးစီးကော်မတီ အစည်းအဝေး ဆုံးဖြတ်ချက်အရ ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့် ၂၃ နည်းမှ အသင်းလိုက်အားကစားနည်းများဖြစ်သည့် ဘောလုံး၊ ဖူဆယ်၊ ဘော်လီဘော၊ ဘက်စကက်ဘော၊ ပိုက်ကျော်ခြင်း၊ ကြက်တောင်၊ ရိုးရာခြင်းလုံး၊ စားပွဲတင်တင်းနစ်၊ တင်းနစ်နှင့် ခရစ်ကက် အားကစားနည်း ၁၀ နည်းနှင့်ပတ်သက်၍ ပြိုင်ပွဲ ပွဲစဉ်ဇယား ကြိုတင်ရေးဆွဲနိုင်ရေးအတွက် အုပ်စုမဲနှိုက်ခြင်းကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိဘောလုံးကွင်း အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။ ဦးစွာ ၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ပြိုင်ပွဲကျင်းပရေးနှင့် နည်းစနစ်ဆပ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး […]

ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် ဦးမင်းသိန်းဇံတို့ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဖွင့်ပွဲ/ပိတ်ပွဲအခမ်းအနား ကျင်းပမည့်နေရာများ ကြည့်ရှုစစ်ဆေး

Loading

ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် ဦးမင်းသိန်းဇံတို့ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဖွင့်ပွဲ/ပိတ်ပွဲအခမ်းအနား ကျင်းပမည့်နေရာများ ကြည့်ရှုစစ်ဆေး နေပြည်တော်၊ နိုဝင်ဘာ(၄)ရက်။ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံတို့သည် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံနှင့်အတူ ယနေ့ညနေပိုင်းတွင် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဖွင့်ပွဲ/ပိတ်ပွဲ အခမ်းအနားများ ကျင်းပပြုလုပ်မည့် ဝဏ္ဏသိဒ္ဓိအားကစားကွင်းသို့ သွားရောက်ကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်သည်။ ပြည်ထောင်စုဝန်ကြီးများသည် ဝဏ္ဏသိဒ္ဓိအားကစားကွင်းအတွင်းရှိ ဖွင့်ပွဲ/ပိတ်ပွဲကျင်းပမည့် နေရာ၊ LED တပ်ဆင်မည့်နေရာနှင့် မီးများတပ်ဆင်အသုံးပြုမည့် နေရာများကိုလည်းကောင်း၊ ဖျော်ဖြေရေးအဖွဲ့များနှင့် အားကစားသမားများ ဝင်/ထွက်သွားလာမည့် နေရာများကိုလည်းကောင်း၊ ဖျော်ဖြေတင်ဆက်မည့် သီချင်းများအလိုက် ဆက်တင်ပစ္စည်းများ ထည့်သွင်းအသုံးပြုမည့် အစီအစဉ်များကိုလည်းကောင်း ကြည့်ရှုစစ်ဆေး၍ လုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်နိုင်ရေးနှင့် အချိန်မီပြီးစီးရေးတို့အတွက် အသေးစိတ်ဆွေးနွေးညှိနှိုင်းကြပြီး လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။ ထို့နောက် ပဉ္စမအကြိမ် […]

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ၂ဝ၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကျင်းပရေးဦးစီးကော်မတီ စတုတ္ထအကြိမ် အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

Loading

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ၂ဝ၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကျင်းပရေးဦးစီးကော်မတီ စတုတ္ထအကြိမ် အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား နေပြည်တော်၊ အောက်တိုဘာ ၃၀။ ၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကျင်းပရေးဦးစီးကော်မတီ စတုတ္ထအကြိမ် အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပရာ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကျင်းပရေးဦးစီးကော်မတီနာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကားပြောကြားသည်။ အစည်းအဝေးသို့ ကျင်းပရေးဦးစီးကော်မတီဝင် ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။ ဦးစွာ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကျင်းပရေးဦးစီးကော်မတီနာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက အမှာစကားပြောကြားရာတွင် အားကစားကဏ္ဍ မြှင့်တင်ဆောင်ရွက်ခြင်းသည် […]

စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာပေးသင်တန်း အမှတ်စဉ်(၁/၂၀၂၄) သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

Loading

စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာပေးသင်တန်း အမှတ်စဉ်(၁/၂၀၂၄) သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ နေပြည်တော်၊ အောက်တိုဘာ၂၉။ လယ်ဝေးခရိုင်အတွင်းရှိ မသန်စွမ်းလူငယ်များ ဂုဏ်သိက္ခာရှိရှိ အမှီအခိုကင်းစွာ ဘဝရပ်တည် နိုင်စေရေး၊ အသက်မွေးဝမ်းကျောင်းပညာရရှိစေရေး၊ အလုပ်အကိုင်အခွင့်အလမ်းနှင့် ကိုယ်ပိုင်ဝင်ငွေ ရရှိနိုင်စေရေးတို့အတွက် ရည်ရွယ်၍ စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာပေးသင်တန်း အမှတ်စဉ်(၁/၂၀၂၄)သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ လယ်ဝေးမြို့နယ် Training Center-2 ၌ ကျင်းပခဲ့သည်။ ဦးစွာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က အဖွင့်အမှာ စကားပြောကြားရာတွင် နိုင်ငံတော်အနေဖြင့် “ နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိက စွမ်းအားစုအဖြစ်ပါဝင်နိုင်ရေး၊ ဗလငါးတန်နှင့် ပြည့်စုံသောလူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေး” ဦးတည်ချက်ကို ချမှတ်၍ မသန်စွမ်းလူငယ်များအပါအဝင် လူငယ်ထုတိုးတက်စေရေးအတွက် အလေးထား အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ လူငယ်များ အသိပညာ၊ ဉာဏ်ပညာ၊ ကိုယ်ကျင့်တရား၊ ဗလငါးတန်နှင့်ပြည့်စုံပြီး […]

ဒုတိယဝန်ကြီး ဦးထိန်လင်း အရှေ့တောင်အာရှအားကစားအဖွဲ့ချုပ်များ ၊ ဒုတိယအကြိမ်မြောက်အစည်းအဝေးသို့ တက်ရောက်ခဲ့ပြီးပြန်လည်ရောက်ရှိ

Loading

ဒုတိယဝန်ကြီး ဦးထိန်လင်း အရှေ့တောင်အာရှအားကစားအဖွဲ့ချုပ်များ ၊ ဒုတိယအကြိမ်မြောက်အစည်းအဝေးသို့ တက်ရောက်ခဲ့ပြီးပြန်လည်ရောက်ရှိ ရန်ကုန် ၊ အောက်တိုဘာလ ၂၆ ရက်။ မြန်မာနိုင်ငံအိုလံပစ်ကော်မတီအထွေထွေအတွင်းရေးမှူး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးထိန်လင်းနှင့် အားကစားနှင့်ကာယပညာဦးစီးဌာန၊ ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁) ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင်တို့သည် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ(၂၅)ရက်နေ့တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ ကျင်းပပြုလုပ်ခဲ့သည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး၊ အရှေ့တောင်အာရှ အားကစား အဖွဲ့ချုပ်များ၊ ဒုတိယအကြိမ်မြောက်အစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး ယနေ့ နံနက်(၁၁:၃၀)နာရီ အချိန်၌ လေယာဉ်အမှတ် 8M-336 ဖြင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိလာရာ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦးနှင့် ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မင်းသန်း တို့က ကြိုဆိုခဲ့ကြကြောင်းသိရှိရသည်။

၂၀၂၄ ခုနှစ် ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော် ဖိတ်ကြားရေးနှင့်ကြိုဆိုနေရာချထားရေးဆပ်ကော်မတီ ပထမအကြိမ်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

Loading

၂၀၂၄ ခုနှစ် ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော် ဖိတ်ကြားရေးနှင့်ကြိုဆိုနေရာချထားရေးဆပ်ကော်မတီ ပထမအကြိမ်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ နေပြည်တော်၊ အောက်တိုဘာ၂၅။၂၀၂၄ခုနှစ်ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော်အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဖိတ်ကြားရေးနှင့်ကြိုဆိုနေရာချထားရေးဆပ်ကော်မတီ ပထမအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၁နာရီတွင် နေပြည်တော်၊ရုံးအမှတ်(၃၁)ရှိအားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။ ဦးစွာ ၂၀၂၄ ခုနှစ် ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော် ဖိတ်ကြားရေးနှင့် ကြိုဆိုနေရာချထားရေးဆပ်ကော်မတီဥက္ကဋ္ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်အကြီးအကဲကိုယ်တိုင်ကလည်း “အားကစားဆောင်ရွက်ခြင်းသည် မျိုးချစ်စိတ်၊ တိုင်းပြည်ချစ်စိတ်များနှင့် အမျိုးသားရေးစရိုက် လက္ခဏာတို့ကို ရှင်သန်ထက်မြက်စေပြီး တစ်မျိုးသားလုံး၏ ကျန်းမာကြံ့ခိုင်ရေးကိုလည်း ဖြစ်ပေါ်စေနိုင် သည့်အတွက် အားကစားနှင့်ပတ်သက်ပါက အားပေးဆောင်ရွက်ရမည်”ဟု လမ်းညွှန်ထားပါကြောင်း၊ အားကစားအဆင့်အတန်းဖွံ့ဖြိုးတိုးတက်စေရေးအတွက် အဘက်ဘက်ကလည်း အားပေးပံ့ပိုးဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဖွင့်ပွဲနှင့်ပိတ်ပွဲအခမ်းအနားများကို စည်းကားသိုက်မြိုက်စွာဖြင့် အောင်အောင်မြင်မြင် ပျော်ပျော်ပါးပါး ပါဝင်ဆင်နွဲနိုင်စေရေးအတွက် ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများ၊ တက္ကသိုလ်/နည်းပညာကျောင်းများ၊ အခြေခံပညာကျောင်းများနှင့် ပြိုင်ပွဲဝင်အားကစားသမားများ၏ သတ်မှတ်ထားသည့် […]