အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် မန္တလေးငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်း/အားကစားရုံများအား ငလျင်အပြီး တည်ဆောက်ရေးလုပ်ငန်း ပြန်လည်ပြုပြင်ဆောင်ရွက်နေမှု အခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေး

နေပြည်တော်၊ ဇန်နဝါရီ ၁၈

မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် မန္တလေးတိုင်း ဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးနှင့်အတူ တာဝန်ရှိသူများ လိုက်ပါ လျက် ယနေ့နံနက်ပိုင်းတွင် မန္တလေးငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် မန္တလေးတိုင်းဒေသကြီး အတွင်းရှိ အားကစားကွင်း/အားကစားရုံများအား ငလျင်အပြီး တည်ဆောက်ရေးလုပ်ငန်း ပြန်လည် ပြုပြင်ဆောင်ရွက်နေမှုအခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်ရှိ မန္တလာသီရိအားကစားကွင်းသို့ သွားရောက်၍ ငလျင်အပြီး တည်ဆောက်ရေးလုပ်ငန်း ပြန်လည်ပြုပြင် ဆောင်ရွက်နေမှုအခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး အားကစားကွင်း/အားကစားရုံ များအား သတ်မှတ်စံချိန်/စံညွှန်းနှင့်အညီ အရည်အသွေး ပြည့်မီစေရေး၊ သတ်မှတ်ကာလအတွင်း အချိန်မီပြန်လည်ပြုပြင်ပြီးစီးနိုင်စေရေးအတွက် သက်ဆိုင်ရာ ကုမ္ပဏီ၊ အရည်အသွေးစစ်ဆေးသည့် (QC)ကုမ္ပဏီနှင့် ဝန်ကြီးဌာနမှ တာဝန်ရှိသူများက စိစစ်ကြပ်မတ်ဆောင်ရွက်သွားရန်လိုကြောင်း၊ ဘောလုံးကွင်း မြက်ခင်းများ စိမ်းလန်းစိုပြေစေရေး၊ ဘောလုံးကွင်း ရေစိမ့်မြောင်းများနှင့် ရေဖြန်း စနစ်(Sprinkler)များ ကောင်းမွန်စေရေး၊ ဘောလုံးကွင်းဂိုးတိုင်၊ ဂိုးပိုက်များနှင့် Corner တိုင်များ စနစ်တကျ တပ်ဆင်ထားရှိရေး၊ ရေလုံလောက်စွာရရှိစေရေးနှင့် ရေလိုင်း၊ မီးလိုင်းများ ကောင်းမွန် စေရေးတို့အတွက် ရေစင်တည်ဆောက်ထားရှိမှုအခြေအနေ၊ မန္တလေးတိုင်းဒေသကြီး အားကစား အဆင့်အတန်း ပိုမိုတိုးတက်မြင့်မားလာစေရေး၊ နွေရာသီ အားကစားသင်တန်းများ ဖွင့်လှစ်သင်ကြား လေ့ကျင့်ပေးနိုင်စေရေး၊ သိပ္ပံသင်တန်းသားနှင့် မျိုးဆက်သစ် လူငယ်အားကစားသမားများ ပိုမို မွေးထုတ်ပေးနိုင်စေရေးတို့အတွက် သက်ဆိုင်ရာဌာနများနှင့်ချိတ်ဆက်၍ ဆက်လက်အကောင်အထည် ဖော် ဆောင်ရွက်သွားရန် တာဝန်ရှိသူများကို မှာကြားခဲ့သည်။

ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ချမ်းအေးသာစံမြို့နယ်၊ ဗထူးအားကစား ကွင်းရှိ ဗထူးမိုးလုံလေလုံအားကစားရုံသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီးနောက် မိုးလုံလေလုံ အားကစားရုံ ရေရှည်တည်တံ့စေရေး၊ ခိုငှက်များ မဝင်ရောက်နိုင်စေရေးအတွက် သံဇကာများဖြင့် စနစ်တကျကာရံသွားရန်၊ အားကစားရုံပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ်မှုရှိစေရန်နှင့် ပြည်သူများ လာရောက်လေ့ကျင့် ကစားနိုင်စေရေးတို့အတွက် စနစ်တကျ ထိန်းသိမ်းဆောင်ရွက်သွားရန်လိုကြောင်း၊ တာဝန်ရှိသူများကို လိုအပ်သည်များ မှာကြားခဲ့ပြီးနောက် မန္တလေးတိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာနမှ အရာထမ်း/အမှုထမ်း ဝန်ထမ်းများအား ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့ပြီး ဝန်ထမ်းများ အချင်းချင်း စည်းစည်းလုံးလုံးနှင့် မိသားစုစိတ်ဓာတ်ဖြင့် နေထိုင်သွားကြရန်လိုကြောင်း၊ မိမိတာဝန် ကျသည့် တိုင်းဒေသကြီး အားကစားအဆင့်အတန်း ပိုမိုတိုးတက်စေရေးအတွက် သက်ဆိုင်ရာ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များမှ တာဝန်ရှိသူများနှင့်ချိတ်ဆက်ပြီး အားကစားကဏ္ဍ ပိုမိုဖွံ့ဖြိုး တိုးတက်စေရေးအတွက် ပေါင်းစပ်အကောင်အထည်ဖော် ဆောင်ရွက်သွားရန် မှာကြားခဲ့ပြီး ဝန်ထမ်းများ၏ လိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။