အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့ရှိ အားကစားကွင်း/အားကစားရုံများအား လိုက်လံကြည့်ရှုစစ်ဆေးခြင်းနှင့် (၁၃)ကြိမ်မြောက်အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲသို့သွားရောက်ယှဉ်ပြိုင်မည့် အားကစားအဖွဲ့အား သွားရောက်ကြည့်ရှုအားပေး

ရန်ကုန်၊ ဇန်နဝါရီ ၁၃

မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ်ရှိ နဝရတ်အားကစား ကွင်း အဆင့်မြှင့်တင်တည်ဆောက်ပြီးစီးမှု အခြေအနေအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ရွှေပြည်သာမြို့နယ်ရှိ နဝရတ်အားကစားကွင်းသို့ ရောက်ရှိ ပြီး ရန်ကုန်တိုင်းဒေသကြီးအားကစားအဆင့်အတန်းပိုမိုတိုးတက်မြင့်မားလာစေရေးနှင့် အများ ပြည်သူ လာရောက်လေ့ကျင့်နိုင်စေရေးတို့အတွက် ၂၀၂၅- ၂၀၂၆ ဘဏ္ဍာနှစ် တိုင်းဒေသကြီးအစိုးရ ဘတ်ဂျက် ၄၄၉.၃၁၀သန်းဖြင့် အဆင့်မြင့်အားကစားရုံ(က)အဆင့် ကျန်ရှိလုပ်ငန်း (၅၀%)ရာခိုင်နှုန်း၏ (၉၀%) ရာခိုင်နှုန်း တည်ဆောက်ပြီးစီးမှုအခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့ပြီး VIP ပွဲကြည့်စင် တည်ဆောက်ထားရှိမှုအခြေအနေ၊ လှေကားလက်ရမ်းတပ်ဆင်ထားရှိမှုများ၊ ရေမီးသုံးစွဲမှုများ အဆင်ပြေစေရေးအတွက် ရေလိုင်း၊ မီးလိုင်းသွယ်တန်းထားရှိမှုစနစ်များ ကောင်းမွန် စေရေး၊ သန့်စင်ခန်းနှင့် ရေနှုတ်မြောင်းများအား ရေစီးရေလာကောင်းမွန်စေရေး၊ အဆောက်အဦများ အား သတ်မှတ်စံချိန် စံညွှန်းနှင့်အညီ အရည်အသွေးပြည့်မီစွာ တည်ဆောက်ပြီးစီးနိုင်စေရေးနှင့် အားကစားကွင်း/အားကစားရုံ ရေရှည်တည်တံ့စေရေးတို့အတွက် ပုံမှန်သန့်ရှင်းရေးများပြုလုပ်ပြီး ထိန်းသိမ်းစောင့်ရှောက်သွားရန်၊ ဘောလုံးကွင်းအတွင်း မြက်ခင်းများ စိမ်းလန်းစိုပြေစေရေးအတွက် မြက်ဖြတ်ခြင်းနှင့် ဂိုးတိုင်၊ ဂိုးပိုက်များ သစ်လွင်ကောင်းမွန်စေရေးအတွက် လုပ်ငန်းများ ပုံမှန် ဆောင်ရွက်သွားရန် တာဝန်ရှိသူများကို မှာကြားခဲ့ပြီးနောက် အားကစားကွင်း/အားကစားရုံအား အဆင့်မြင့်တည်ဆောက်ပေးခြင်းဖြင့် ရွှေပြည်သာ မြို့နယ်ရှိ ကြက်တောင်၊ ပိုက်ကျော်ခြင်း၊ ရိုးရာခြင်းလုံး၊ ဘော်လီဘော၊ တိုက်ကွမ်ဒို၊ ကရာတေး၊ ဘတ်စကက်ဘော အစရှိသည့် အားကစား နည်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာပြီး မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာ နိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တောင်ဥက္ကလာပမြို့နယ်ရှိ မြသီတာ အားကစားကွင်း သို့ရောက်ရှိပြီး ရန်ကုန်တိုင်းဒေသကြီး အားကစားဖွံ့ဖြိုးတိုးတက်ရေးအတွက် ၂၀၂၅-၂၀၂၆ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေဖြင့် ဘောလုံးကွင်းအဆင့်မြှင့်တင်ခြင်းနှင့် အလျား (၂၀၀)ပေ၊ အနံ (၁၅၀)ပေရှိ လူဦးရေ (၂၀၀၀)ဆံ့ မိုးလုံလေလုံအားကစားရုံ တည်ဆောက် နေမှု၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ဘတ်ဂျက်ခွင့်ပြုရန်ပုံငွေ ကျပ်သန်း ၃၄၇.၄၆၀ ဖြင့် တောင်ဥက္ကလာပမြို့နယ် မြသီတာဘောလုံးကွင်း တည်ဆောက်ခြင်းလုပ်ငန်း Phase-2 ဘောလုံးကွင်းအား အုတ်ခဲကျိုးဖြည့်ခြင်း၊ သဲဖြည့်ခြင်း၊ မြက်စိုက်ခြင်း၊ ရေဖြန်းစနစ်ပြုလုပ် ထားရှိခြင်း၊ ၄ နှစ်ပိုင်း တစ်ပိုင်းလက်မ Tube well ဆောင်ရွက်ခြင်း၊ Gals 50000 ဆံ့ Ground Tank တည်ဆောက်ခြင်းနှင့်ဘောလုံးကွင်း အကာ Chain Link ဆောင်ရွက်ခြင်းလုပ်ငန်း၊ တောင်ဥက္ကလာမြို့နယ် မြသီတာအားကစားရုံ (၂၀၀ပေx ၁၅၀ပေ) တည်ဆောက် ခြင်းလုပ်ငန်းအား ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ရုံ ဘတ်ဂျက်ခွင့်ပြုရန်ပုံငွေ ကျပ်သန်း ၅၃၈၃.၁၄ အား အပိုင်း(၃)ပိုင်းခွဲ၍ တည်ဆောက်နေမှု၊မြသီတာအားကစားရုံ (၂၀၀ပေx ၁၅၀ပေ ) တည်ဆောက်ခြင်း Phase-1 လုပ်ငန်းအား ကျပ်သန်း ၉၀၀.၀၀၀ဖြင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး ဘတ်ဂျက်ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိရာ Phase-1 လုပ်ငန်း၏ (၁၀၀)ရာခိုင်နှုန်းဆောင်ရွက်ပြီးစီးမှု၊၂၀၂၅-၂၀၂၆ဘဏ္ဍာ‌ရေးနှစ်၌ မြသီတာအားကစားရုံ (၂၀၀ပေx ၁၅၀ပေ ) တည်ဆောက်ခြင်း Phase-2 လုပ်ငန်းကျပ်သန်း ၂၇၀၀.၀၀၀ ၏ တည်ဆောက်ရေးလုပ်ငန်း၏ (၄၅)ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးပြီဖြစ်၍ Roof Truss လုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေမှု၊ မြသီတာအားကစား ရုံတည်ဆောက်ခြင်း Phase-3 လုပ်ငန်းကျပ်သန်း ၁၇၈၃.၁၄၀ ဖြင့် ဆောင်ရွက်ရမည့်လုပ်ငန်း များထဲမှ 315KVA Transformer တပ်ဆင်နိုင်ရေးဆောင်ရွက်နေမှု၊ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး ဘတ်ဂျက်ခွင့်ပြုရန်ပုံငွေကျပ်သန်း ၅၃၈၃.၁၄ ဖြင့် တည်ဆောက်လျက်ရှိသည့် တောင်ဥက္ကလာပမြို့နယ် မြသီတာအားကစားရုံ တည်ဆောက်ခြင်း (၂၀၀ပေx ၁၅၀ပေ ) လုပ်ငန်းမှာ လုပ်ငန်းတစ်ခုလုံး၏ (၄၂)ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးပြီးစီးမှု စသည့် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများနှင့် ဆောင်ရွက်ပြီးစီးမှု အခြေအနေများအား လိုက်လံကြည့်ရှုစစ် ဆေးခဲ့ပြီး သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးစေရေး၊ သတ်မှတ်စံချိန်/စံညွှန်းနှင့်အညီ အရည်အသွေး ပြည့်မီစေရေးတို့အတွက် တာဝန်ရှိသူများကို လိုအပ်သည်များ မှာကြားခဲ့သည်။

ထို့နောက်ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဒဂုံမြို့သစ်မြောက်ပိုင်းရှိ မြန်မာနိုင်ငံ မသန်စွမ်း အားကစားအဖွဲ့ချုပ်သို့ သွားရောက်၍ (၁၃)ကြိမ်မြောက် အာဆီယံ မသန်စွမ်းအားကစား ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်လေ့ကျင့်နေသည့်ရေကူးအားကစားနည်းမှ ရေကူးအားကစားသမား အောင်မြင့်မြတ်(မီတာ-၅၀၀ ပတ်လက်ကူး )၊ နန္ဒာစိုးမင်း (မီတာ- ၁၀၀ ရင်ဘောင်တန်းကူး ) ၊ မင်းထူး( မီတာ -၅၀ရင်ဘောင်တန်းကူး ) ၊ ကောင်းမြတ်ကျော် (မီတာ -၁၀၀နှင့် မီတာ – ၅၀၀ လိပ်ပြာကူး) လေ့ကျင့်နေမှုတို့အားလည်းကောင်း၊ အမျိုးသား ၊ အမျိုးသမီးအသင်းလိုက် အပြည်ပြည်ဆိုင်ရာစစ်တုရင်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မျက်မမြင်စစ်တုရင် အားကစား သမားများလေ့ကျင့်နေမှုအားလည်းကောင်း၊ အမျိုးသားထိုင်လျက် သံလုံးပစ်၊ သံပြားပစ်၊ လှံတံပစ်၊ အမျိုးသမီးထိုင်လျက် သံလုံးပစ်၊ သံပြားပစ်၊ လှံတံပစ်၊ အမျိုးသား ဒူးအောက်ခြေတစ်ဖက် (ခြေတုအသုံးပြု) သံလုံးပစ်၊ လှံတံပစ်၊ အမျိုးသမီး ဒူးအောက်ခြေတစ်ဖက် (ခြေတုအသုံးပြု) သံလုံးပစ်၊ သံပြားပစ်၊ လှံတံပစ်၊ အမျိုးသား ဒူးအထက်ခြေတစ်ဖက် (ခြေတုအသုံးပြု) သံလုံးပစ်၊ လှံတံပစ်၊ အမျိုးသားလက်တစ်ဖက် သံလုံးပစ်၊ လှံတံပစ်၊ အမျိုးသမီး ဒူးအောက်တစ်ဖက် (ခြေတုအသုံးပြု) သံလုံးပစ်၊ သံပြားပစ်၊ လှံတံပစ်၊ အမျိုးသားမီတာ(၁၀၀၊ ၂၀၀၊ ၄၀၀) ဒူးအောက်တစ်ဖက် (ခြေတုအသုံးပြု) အလျားခုန် ၊ အမျိုးသမီးမီတာ(၁၀၀၊ ၂၀၀ ) ဒူးအောက်တစ်ဖက် (ခြေတုအသုံးပြု) အလျားခုန် ၊ အမျိုးသား မီတာ(၄၀၀) လက်တစ်ဖက် တစ်တောင်အောက် ၊ အမျိုးသမီး မီတာ(၄၀၀၊ ၈၀၀၊ ၁၅၀၀) လက်တစ်ဖက် တစ်တောင်အောက် ၊ အမျိုးသားမီတာ(၁၀၀၊ ၂၀၀၊ ၄၀၀၊ ၁၅၀၀) တံတောင်အထက် ၊ အမျိုးသားဒူးအထက် ခြေတစ်ဖက်အမြင့်ခုန် ၊ အမျိုးသားလက်တစ်ဖက်တံတောင်အထက်အမြင့်ခုန် ယှဉ်ပြိုင်လေ့ကျင့်နေမှုတို့အား လည်းကောင်း၊ ခုနှစ်ယောက်တစ်ဖက်ဘောလုံး လေ့ကျင့်နေမှုတို့အားလည်းကောင်း လိုက်လံကြည့်ရှုအားပေးခဲ့ပြီးနောက် အားကစားသမားများအား ကျန်းမာရေး အထူးဂရုစိုက်ကြရန်လိုကြောင်း၊ မိမိတို့လေ့ကျင့်ထားသည့်အတိုင်း ပြိုင်ပွဲတွင် မဆုတ်မနစ် သော ဇွဲ၊ စိတ်ဓာတ်ဖြင့် အစွမ်းကုန် ကြိုးစား ယှဉ်ပြိုင်သွားရန်လိုကြောင်း၊ မျှော်မှန်းထားသည့်အတိုင်း အောင်မြင်မှုများရရှိပြီး နိုင်ငံ့ဂုဏ် ဆောင်နိုင်သူများဖြစ်အောင် အစွမ်းကုန် ကြိုးစားသွားကြရန် တိုက်တွန်းမှာကြားခဲ့ကြောင်းသိရသည်။