အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဂျူဒိုနှင့် ပီတန်းအားကစားအဖွဲ့များ၏ လေ့ကျင့်နေမှုများအား လိုက်လံကြည့်ရှုစစ်ဆေး
![]()
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဂျူဒိုနှင့် ပီတန်းအားကစားအဖွဲ့များ၏ လေ့ကျင့်နေမှုများအား လိုက်လံကြည့်ရှုစစ်ဆေး နေပြည်တော်၊ ဩဂုတ် ၈ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွာလာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး Jeng Phang နော်တောင်သည် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ရန်အတွက် နေပြည်တော်၌ စခန်းဝင်လေ့ကျင့်လျက်ရှိသည့် ဂျူဒိုနှင့် ပီတန်း အားကစား အဖွဲ့များ၏ လေ့ကျင့်နေမှုများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။ ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲတွင် ဝိတ်တန်းအပြည့်နှင့် အားကစားသမား အင်အားပြည့် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန်အတွက် […]
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း တိုင်းဒေသကြီးနှင့်ပြည်နယ် ပိုက်ကျော်ခြင်း (အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားနှင့် အားကစားနှင့်ကာယပညာသိပ္ပံကျောင်းရှိ တည်ဆောက်ရေးလုပ်ငန်းများအား လိုက်လံကြည့်ရှုစစ်ဆေး
![]()
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း တိုင်းဒေသကြီးနှင့်ပြည်နယ် ပိုက်ကျော်ခြင်း(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားနှင့် အားကစားနှင့်ကာယပညာသိပ္ပံကျောင်းရှိ တည်ဆောက်ရေးလုပ်ငန်းများအား လိုက်လံကြည့်ရှုစစ်ဆေး နေပြည်တော်၊ ဩဂုတ် ၇ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းသည် ယနေ့ မွန်းလွဲပိုင်း တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၌ ကျင်းပပြုလုပ်လျက်ရှိသည့် တိုင်းဒေသကြီးနှင့်ပြည်နယ် ပိုက်ကျော်ခြင်း(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားသို့ ဧရာဝတီ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ တာဝန်ရှိသူများနှင့်အတူ တက်ရောက်ခဲ့ပြီး ပြိုင်ပွဲယှဉ်ပြိုင်နေမှု များအား ကြည့်ရှုအားပေးခဲ့ပြီးနောက် ဆုရအသင်းအား ဆုဖလားကို ချီးမြှင့်ပေးအပ်ခဲ့ပါသည်။ ဆက်လက်ပြီး ဒုတိယဝန်ကြီးသည် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများ လိုက်ပါပြီး ပုသိမ်မြို့တွင် တည်ဆောက်လျက်ရှိသည့် အားကစားနှင့်ကာယပညာသိပ္ပံ ရှိ သင်တန်းသား/သင်တန်းသူအိပ်ဆောင် တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းများ စံချိန်၊ စံညွှန်းများနှင့်အညီ […]
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ၂၀၂၅ ခုနှစ်၊ ပထမ(၆)လပတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်
![]()
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ၂၀၂၅ ခုနှစ်၊ ပထမ(၆)လပတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက် နေပြည်တော်၊ ဩဂုတ် ၅ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၂၀၂၅ ခုနှစ်၊ ပထမ(၆)လပတ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ရုံးအမှတ်(၃၁)ရှိ စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးထိန်လင်း၊ ဦးဇင်မင်းထက်၊ ညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသည့် ဦးမျိုးကျော်သူ၊ ဦးဉာဏ်ဇော်ဦး၊ ဦးကျော်စိုးမိုး၊ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဆန်း၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသည့် ဦးကျော်ဦး၊ ဦးကျော်ဆန်းဦး၊ ဦးကျော်ဇင်မိုး၊ ဝန်ကြီးရုံးမှ လက်ထောက်အတွင်းဝန်များ၊ ဦးစီးဌာန(ရုံးချုပ်) ဌာနခွဲများမှ ညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် […]
၂၀၂၅ ခုနှစ် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန (၄)နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် ဂေါက်သီးရိုက်ပြိုင်ပွဲ ကျင်းပ
![]()
၂၀၂၅ ခုနှစ် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန (၄)နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် ဂေါက်သီးရိုက်ပြိုင်ပွဲ ကျင်းပ နေပြည်တော်၊ ဩဂုတ် ၂ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် နေပြည်တော် (ရုံးချုပ်)နှင့် တိုင်းဒေသကြီးနှင့်ပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ခံ ညွှန်ကြားရေးမှူး များအားလုံး ကျန်းမာကြံ့ခိုင်ပြီး စိတ်လက်ပေါ့ပါးစေရန်၊ ချစ်ကြည်ရင်းနှီးမှုပိုမိုရရှိစေရန်နှင့် အချင်းချင်း ပူးပေါင်းဆောင်ရွက်တတ်စေရန် ရည်ရွယ်၍ ၂၀၂၅ ခုနှစ် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန (၄)နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် ဂေါက်သီးရိုက်ပြိုင်ပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် မြို့တော်ဂေါက်ကွင်း၌ ကျင်းပခဲ့သည်။ ယနေ့ ပြိုင်ပွဲ ပွဲစဉ်များအဖြစ် အမျိုးသား 2 Coner 18 ကျင်း ပြိုင်ပွဲတွင် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ တာဝန်ခံ ညွှန်ကြားရေးမှူးများကလည်းကောင်း၊ အမျိုးသမီး ကျင်းစိမ်ပြိုင်ပွဲတွင် အကြီးအကဲများ၏ […]
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၏ (၄)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားသို့ တက်ရောက်
![]()
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၏ (၄)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားသို့ တက်ရောက် နေပြည်တော်၊ ဩဂုတ် ၃ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန (၄)နှစ်မြောက်နှစ်ပတ်လည်နေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)ရှိ (Gold Medal Hall)၌ ကျင်းပခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီး ဌာနပြည်ထောင်စုဝန်ကြီး JengPhang နော်တောင်၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးထိန်လင်း၊ ဦးဇင်မင်းထက်နှင့် ဦးဖြိုးဇော်စိုး၊ ညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသည့် ဦးမျိုးကျော်သူ၊ ဦးဉာဏ်ဇော်ဦး နှင့် ဦးကျော်စိုးမိုး၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ လက်ထောက် အတွင်းဝန်များ၊ တာဝန်ခံညွှန်ကြားရေးမှူးများနှင့် အရာထမ်း/အမှုထမ်းဝန်ထမ်းများနှင့် ဝန်ထမ်းသား/ သမီးများတက်ရောက်ခဲ့ကြသည်။ ဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ပြည်ထောင်စုဝန်ကြီးဌာန များအနက် တိုင်းတစ်ပါးမြေတွင် အမိမြန်မာနိုင်ငံတော်၏အလံကို […]
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန (၄)နှစ်ပြည့် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ဝန်ထမ်းမိသားစုများ၏ ဆွမ်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကျင်းပ
![]()
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန (၄)နှစ်ပြည့် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ဝန်ထမ်းမိသားစုများ၏ ဆွမ်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကျင်းပ နေပြည်တော်၊ ဩဂုတ် ၁ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန (၄)နှစ်ပြည့် နှစ်ပတ်လည်နေ့အထိမ်းအမှတ် ဝန်ထမ်းမိသားစုများ၏ ဆွမ်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ သဒ္ဓမ္မဝေပုလ္လကျောင်းတိုက်၌ ကျင်းပခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးများ ဖြစ်ကြသည့် ဦးထိန်လင်း၊ ဦးဇင်မင်းထက်တို့အား အမှူးပြု၍ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးနှင့် ဝန်ထမ်းမိသားစုများ တက်ရောက်ကြည်ညိုခဲ့ ကြသည်။ ဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ခဲ့ပြီး နေပြည်တော်၊ ဇမ္ဗူသီရိ မြို့နယ်၊ သဒ္ဓမ္မဝေပုလ္လကျောင်းတိုက် ပဓါနနာယက ဆရာတော် ဒေါက်တာ အရှင်ဘဒ္ဒန္တစာရိတ္တထံမှ ပရိတ်သတ်များက ငါးပါးသီလခံယူဆောက်တည်ခဲ့ကြပြီး သံဃာတော် အရှင်သူမြတ်များက ပရိတ်တရားတော်များ ရွတ်ပွားသရဇ္ဈာယ် ချီးမြှင့်တော်မူခဲ့ကြသည်။ ဆက်လက်ပြီး ဒုတိယဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်နှင့် ဝန်ထမ်းမိသားစုများက […]
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့၌ ကျင်းပပြုလုပ်ခဲ့သည့် လူငယ်ခေါင်းဆောင်ငြိမ်းချမ်းရေး စကားဝိုင်းဆွေးနွေးပွဲနှင့် ကမ္ဘာ့ငြိမ်းချမ်းရေးလူငယ်ညီလာခံများသို့ တက်ရောက်
![]()
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့၌ ကျင်းပပြုလုပ်ခဲ့သည့် လူငယ်ခေါင်းဆောင်ငြိမ်းချမ်းရေး စကားဝိုင်းဆွေးနွေးပွဲနှင့် ကမ္ဘာ့ငြိမ်းချမ်းရေးလူငယ်ညီလာခံများသို့ တက်ရောက် ရန်ကုန်၊ ဇူလိုင် ၃၁ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် မြန်မာနိုင်ငံလူငယ်ရေးရာလုပ်ငန်း ကော်မတီအတွင်းရေးမှူး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုးမိုး၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ယှဉ်ပြိုင်ရေးနှင့် လေ့ကျင့်ရေးဌာနခွဲ(၁) ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင်တို့နှင့်အတူ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်နေ့မှ ၂၉ ရက်နေ့အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေကျင်းမြို့၌ ကျင်းပပြုလုပ်ခဲ့သည့် လူငယ်ခေါင်းဆောင်ငြိမ်းချမ်းရေးစကားဝိုင်းဆွေးနွေးပွဲနှင့် ကမ္ဘာ့ငြိမ်းချမ်းရေးလူငယ်ညီလာခံ (Young Leaders Peace Dialouge and The World Youth Conference for Peace) […]
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇင်မင်းထက် မူးယစ်ဆေးဝါးနှင့် စိတ်ပညာအကြောင်း သိကောင်းစရာ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ အခမ်းအနားသို့ တက်ရောက်
![]()
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇင်မင်းထက် မူးယစ်ဆေးဝါးနှင့် စိတ်ပညာအကြောင်း သိကောင်းစရာ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ အခမ်းအနားသို့ တက်ရောက် နေပြည်တော်၊ ဇူလိုင် ၃၀ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် နေပြည်တော်ကောင်စီလူငယ်ရေးရာကော်မတီတို့ ပူးပေါင်းကျင်းပသည့် “မူးယစ်ဆေးဝါးနှင့် စိတ်ပညာအကြောင်းသိကောင်းစရာ” လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် အစိုးရစက်မှုလက်မှုသိပ္ပံ (နေပြည်တော်)၌ ကျင်းပခဲ့ရာ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီအတွင်းရေးမှူး၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာအောင်ဇေယျ၊ နေပြည်တော်ကောင်စီလူငယ်ရေးရာကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးမြင့်စိုး၊ ဌာနဆိုင်ရာများမှအကြီးအကဲများ၊ နေပြည်တော်ကောင်စီ လူငယ်ရေးရာကော်မတီဝင်များ၊ အစိုးရစက်မှုလက်မှုသိပ္ပံ (နေပြည်တော်)မှ ကျောင်းအုပ်ဆရာကြီးနှင့်ဆရာ/ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။ ဦးစွာ ကျောင်းသား/ကျောင်းသူများက “လှမ်းလို့ဖိတ်ခေါ် GTI နေပြည်တော်”သီချင်းဖြင့် သီဆို ဖျော်ဖြေခဲ့ကြပြီးနောက် မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီအတွင်းရေးမှူး၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန […]
အားကစားနှင့်ကာယပညာဦးစီးဌာန ဌာနတွင်း အခြေခံစာကြည့်တိုက်(၁/၂၀၂၅)သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ
![]()
အားကစားနှင့်ကာယပညာဦးစီးဌာန ဌာနတွင်း အခြေခံစာကြည့်တိုက်(၁/၂၀၂၅)သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ နေပြည်တော်၊ ဇူလိုင် ၂၈ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဌာနတွင်း အခြေခံစာကြည့်တိုက်(၁/၂၀၂၅)သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း(Gold Camp) ရှိ ဘက်စုံသုံးခန်းမ၌ ကျင်းပခဲ့ရာ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အရာထမ်း၊ အမှုထမ်းများ၊ သင်တန်းနည်းပြဆရာမနှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။ ဦးစွာ ပြည်ထောင်စုဝန်ကြီးကိုယ်စား ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က သင်တန်းဆင်းအမှာစကား ပြောကြားရာတွင် စာကောင်းစာမွန်များကို သိုမှီးထားရှိရာ စာကြည့်တိုက်များ၏ အခန်းကဏ္ဍကို မြှင့်တင်ပေးရန် လွန်စွာအရေးကြီးသည့်အတွက် “နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များ ဖြစ်စေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေး” ဆိုသည့် အချက်အတိုင်း […]
မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးထိန်လင်း အာရှဘောလုံး အဖွဲ့ချုပ်(AFC)မှ ကြီးမှူးကျင်းပမည့် ဘောလုံးပြိုင်ပွဲများ၏ ပွဲစဉ်များအား အိမ်ရှင်အဖြစ်အောင်မြင်စွာလက်ခံကျင်းပနိုင်ရေးပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ
![]()
မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးထိန်လင်း အာရှဘောလုံး အဖွဲ့ချုပ်(AFC)မှ ကြီးမှူးကျင်းပမည့် ဘောလုံးပြိုင်ပွဲများ၏ ပွဲစဉ်များအား အိမ်ရှင်အဖြစ်အောင်မြင်စွာလက်ခံကျင်းပနိုင်ရေးပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ ရန်ကုန် ၊ ဇူလိုင် ၂၈ ရက် မြန်မာနိုင်ငံအိုလံပစ်ကော်မတီဒုတိယဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီးဦးထိန်လင်းမှ အာရှဘောလုံး အဖွဲ့ချုပ်(AFC)မှ ကြီးမှူးကျင်းပမည့် ဘောလုံးပြိုင်ပွဲများ၏ ပွဲစဉ်များအား အိမ်ရှင်အဖြစ်အောင်မြင်စွာ လက်ခံကျင်းပနိုင်ရေး ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၉:၃၀)နာရီအချိန်တွင် ရန်ကုန်မြို့၊ ဝေဇယန္တာလမ်းရှိ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁) သုဝဏ္ဏ ၊ ပတ္တမြားခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးဌေးအောင် ၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်များတက်ရောက်ကြသည်။ အခမ်းအနားတွင် မြန်မာနိုင်ငံအိုလံပစ်ကော်မတီဒုတိယဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီးဦးထိန်လင်းမှအဖွင့်အမှာစကားပြောကြားရာတွင် […]