အားကစားရေးရာဝန်ကြီးဌာန

၂၀၂၃ခုနှစ်၊ အသက်(၂၅)နှစ်အောက် ပြည်နယ်နှင့်တိုင်းဒေသကြီး ပြေးခုန်ပစ်ပြိုင်ပွဲ ဆက်လက်ကျင်းပ

Loading

၂၀၂၃ခုနှစ်၊ အသက်(၂၅)နှစ်အောက် ပြည်နယ်နှင့်တိုင်းဒေသကြီး ပြေးခုန်ပစ်ပြိုင်ပွဲ ဆက်လက်ကျင်းပ နေပြည်တော်၊ အောက်တိုဘာ(၁၉)။ ပြေးခုန်ပစ်အားကစားနည်း အဆင့်အတန်းတိုးတက်မြင့်မားလာစေရန်နှင့် မျိုးဆက်သစ် ပြေးခုန်ပစ်အားကစားသမားများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ၂၀၂၃ခုနှစ်၊ အသက်(၂၅)နှစ်အောက် ပြည်နယ်နှင့်တိုင်းဒေသကြီးပြေးခုန်ပစ်ပြိုင်ပွဲ ပွဲစဉ်များကို ယနေ့နံနက်(၇)နာရီမှစတင်၍ ဝဏ္ဏသိဒ္ဓိဘောလုံး အားကစားကွင်းနှင့် လေ့ကျင့်ရေးကွင်းအမှတ်(၁)တို့၌ ကျင်းပရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့်တာဝန်ရှိသူများ၊ မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် အားကစားဝါသနာရှင်များ ကြည့်ရှုအားပေးခဲ့ကြသည်။ ယနေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် (အမျိုးသား/အမျိုးသမီး) ကြိုးတပ်သံလုံးပစ်၊ (အမျိုးသား)(၁၀မျိုးစုံ) (အမျိုးသမီး)(၇မျိုးစုံ)ပြိုင်ပွဲ (အမျိုးသမီး) ကီလိုမီတာ(၂၀)လမ်းလျှောက်၊ (အမျိုးသား/အမျိုးသမီး) မီတာ (၁၀၀၀၀)၊ (အမျိုးသား/အမျိုးသမီး)သံလုံးပစ်၊ (အမျိုးသား) တုတ်ထောက်ခုန်၊ (အမျိုးသား/ အမျိုးသမီး) မီတာ (၄၀၀x၄) လက်ဆင့်ကမ်း၊ (အမျိုးသား/ အမျိုးသမီး) မီတာ၂၀၀၊ (အမျိုးသမီး)တန်းမြင့်ခုန်၊ […]

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ ၂၀၂၃ခုနှစ် အသက်(၂၅)နှစ်အောက် ပြည်နယ်နှင့်တိုင်းဒေသကြီး ပြေးခုန်ပစ်ပြိုင်ပွဲ ကြည့်ရှုအားပေး ဆုချီးမြှင့်

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ ၂၀၂၃ခုနှစ် အသက်(၂၅)နှစ်အောက် ပြည်နယ်နှင့်တိုင်းဒေသကြီး ပြေးခုန်ပစ်ပြိုင်ပွဲ ကြည့်ရှုအားပေး ဆုချီးမြှင့် နေပြည်တော်၊ အောက်တိုဘာ(၁၈)။ ပြေးခုန်ပစ်အားကစားနည်းအဆင့်အတန်းတိုးတက်မြင့်မားလာစေရန်နှင့် မျိုးဆက်သစ် ပြေးခုန်ပစ် အားကစားသမားများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ၂၀၂၃ခုနှစ်၊ အသက်(၂၅)နှစ်အောက် ပြည်နယ်နှင့် တိုင်းဒေသကြီးပြေးခုန်ပစ်ပြိုင်ပွဲ ပွဲစဉ်များကို ယနေ့နံနက်(၇)နာရီမှစတင်၍ ဝဏ္ဏသိဒ္ဓိဘောလုံး အားကစားကွင်းနှင့် လေ့ကျင့်ရေးကွင်းအမှတ်(၁)တို့၌ ကျင်းပရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးထွန်းမြင့်ဦး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဆန်း၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် အားကစားဝါသနာရှင်များ ကြည့်ရှုအားပေးခဲ့ကြသည်။ ယနေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် (အမျိုးသား)ကီလိုမီတာ၂၀လမ်းလျှောက်၊ (အမျိုးသမီး) ကြိုးတပ်သံလုံးပစ်၊ (အမျိုးသား)(၁၀မျိုးစုံ-၆) မီတာ(၁၁၀)တန်းကျော်ပြေး၊ (အမျိုးသမီး)(၇မျိုးစုံ-၁) မီတာ(၁၀၀)တန်းကျော်ပြေး၊ (အမျိုးသား/အမျိုးသမီး) မီတာ၂၀၀၊ (အမျိုးသမီး)(၇မျိုးစုံ-၂) […]

၂၀၂၄ ခုနှစ်၊ (၇၆)ကြိမ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲများတွင် အောင်မြင်မှုများရရှိစေရေးအတွက် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ

Loading

၂၀၂၄ ခုနှစ်၊ (၇၆)ကြိမ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲများတွင် အောင်မြင်မှုများရရှိစေရေးအတွက် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ နေပြည်တော်၊ အောက်တိုဘာ(၁၇)။ ၂၀၂၄ ခုနှစ် (၇၆)ကြိမ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲများတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအသင်းများ အဆင့်မီပြီး အောင်မြင်မှုများရရှိစေရေး ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးတွင် တင်ပြဆွေးနွေးနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်သည့်အစည်း‌အဝေးကို ယနေ့မွန်းလွဲ (၁)နာရီတွင် နေပြည်တော်၊ ရုံးအမှတ် (၃၁)၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ စုပေါင်းအစည်းဝေးခန်းမ၌ ကျင်းပခဲ့သည်။ ဦးစွာ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးက အဖွင့်အမှာစကားပြောကြားရာတွင် ဝန်ကြီးဌာနပေါင်းစုံအားကစားပြိုင်ပွဲများတွင် အားကစားနည်းများအားလုံးပါဝင်ယှဉ်ပြိုင်ပြီး ယခင်နှစ်များအတိုင်းအောင်မြင်မှုများရရှိစေရန်အတွက် အားကစားသမားများကို ယခုကတည်းက စနစ်တကျ ရွေးချယ်စုစည်းပြီး စခန်းသွင်းလေ့ကျင့်ပေးသွားရန်လိုကြောင်း၊ ပြိုင်ပွဲတွင်ပါဝင်ယှဉ်ပြိုင်ကြမည့် အားကစားအသင်းများအတွက် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးအတွက် တာဝန်ရှိအကြီးကဲများထံ ဆက်လက်တင်ပြဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဆက်လက်ပြီး ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်မည့် ဘောလုံး(ကျား/မ)၊ […]

၂၀၂၃ခုနှစ်၊ အသက်(၂၅)နှစ်အောက် ပြည်နယ်နှင့်တိုင်းဒေသကြီး ပြေးခုန်ပစ်ပြိုင်ပွဲ စတင်ကျင်းပ

Loading

၂၀၂၃ခုနှစ်၊ အသက်(၂၅)နှစ်အောက် ပြည်နယ်နှင့်တိုင်းဒေသကြီး ပြေးခုန်ပစ်ပြိုင်ပွဲ စတင်ကျင်းပ နေပြည်တော်၊ အောက်တိုဘာ(၁၇)။ ပြေးခုန်ပစ်အားကစားနည်းအဆင့်အတန်းတိုးတက်မြင့်မားလာစေရန်နှင့် မျိုးဆက်သစ် ပြေးခုန်ပစ် အားကစားသမားများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ၂၀၂၃ခုနှစ်၊ အသက်(၂၅)နှစ်အောက် ပြည်နယ်နှင့်တိုင်းဒေသကြီးပြေးခုန်ပစ်ပြိုင်ပွဲ ပွဲစဉ်များကို ယနေ့နံနက်(၇)နာရီမှစတင်၍ ဝဏ္ဏသိဒ္ဓိဘောလုံး အားကစားကွင်းနှင့် လေ့ကျင့်ရေးကွင်းအမှတ်(၁)တို့၌ ကျင်းပရာ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် အားကစားဝါသနာရှင်များ ကြည့်ရှုအားပေးခဲ့ကြသည်။ ယနေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် (အမျိုးသား/အမျိုးသမီး)သံပြားဝိုင်းပစ်၊ (အမျိုးသား ၁၀မျိုးစုံ-၁) မီတာ-၁၀၀၊ (အမျိုးသမီး) မီတာ ၁၀၀၀၀၊ (အမျိုးသား ၁၀မျိုးစုံ-၂)အလျားခုန်၊ (အမျိုးသား) မီတာ-၁၀၀၀၀၊ (အမျိုးသမီး) တုတ်ထောက်ခုန်၊ (အမျိုးသား ၁၀မျိုးစုံ-၃) သံလုံးပစ်၊ (အမျိုးသား) သံပြားဝိုင်းပစ်၊ (အမျိုးသား/အမျိုးသမီး)မီတာ-၄၀၀၊ (အမျိုးသား ၁၀မျိုးစုံ-၄)တန်းမြင့်ခုန်၊ (အမျိုးသား) မီတာ-၁၁၀ […]

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလူထုအားကစားလှုပ်ရှားမှု အထိမ်းအမှတ် ဝတ္ထုတို၊ ဆောင်းပါး၊ ကဗျာနှင့် ဓါတ်ပုံပြိုင်ပွဲ ကျင်းပမည်

Loading

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလူထုအားကစားလှုပ်ရှားမှု အထိမ်းအမှတ် ဝတ္ထုတို၊ ဆောင်းပါး၊ ကဗျာနှင့် ဓါတ်ပုံပြိုင်ပွဲ ကျင်းပမည်

အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီ သွေးစည်းညီညွတ်ရေးအစီအစဉ်အရ ဖွင့်လှစ်သည့် ပြေးခုန်ပစ်နည်းပြသင်တန်း အဆင့်(၁)သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပသည့်သတင်း

Loading

အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီ သွေးစည်းညီညွတ်ရေးအစီအစဉ်အရ ဖွင့်လှစ်သည့် ပြေးခုန်ပစ်နည်းပြသင်တန်း အဆင့်(၁)သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပသည့်သတင်း

အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီ သွေးစည်းညီညွတ်ရေးအစီအစဉ်အရ ဖွင့်လှစ်သည့် ပြေးခုန်ပစ်နည်းပြသင်တန်း အဆင့်(၁)သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

Loading

အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီ သွေးစည်းညီညွတ်ရေးအစီအစဉ်အရ ဖွင့်လှစ်သည့် ပြေးခုန်ပစ်နည်းပြသင်တန်း အဆင့်(၁)သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ နေပြည်တော်၊ အောက်တိုဘာ(၁၆)။ ပြေးခုန်ပစ်အားကစားနည်း ပိုမိုဖွံ့ဖြိုးတိုးတက်စေရန်နှင့် ပြေးခုန်ပစ်နည်းပြဆရာကောင်းများ ထွက်ပေါ် လာစေရန်ရည်ရွယ်၍ အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီ သွေးစည်းညီညွတ်ရေးအစီအစဉ်အရ ဖွင့်လှစ် သည့် ပြေးခုန်ပစ်နည်းပြသင်တန်း အဆင့်(၁)သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်(၉)နာရီခွဲတွင် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း(Gold Camp)ရှိ Multipurpose Hall ၌ ကျင်းပခဲ့သည်။ ဦးစွာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမင်းသိန်းဇံက သင်တန်းဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်၏ အားကစားအဆင့်အတန်း တိုးတက်မြင့်မားရေးလုပ်ငန်းများကို ရေတိုရေရှည်စီမံချက်များ ချမှတ်ပြီး ဆောင်ရွက်အကောင်အထည်ဖော် ရာတွင် ပထမခြေလှမ်းအဖြစ် အရှေ့တောင်အာရှနိုင်ငံများအလယ်တွင် ဗိုလ်စွဲအနိုင်ရရှိရေးအတွက် ဦးစွာ ကြိုးပမ်းသွားကြရမည်ဖြစ်ပြီး ထိုမှတဆင့် အာရှနိုင်ငံများအတွင်း အောင်မြင်မှုရရှိစေရေးနှင့် နောက်ဆုံး အဆင့်အဖြစ် ကမ္ဘာ့နိုင်ငံများအလယ်တွင် အောင်မြင်မှုများ ဆက်လက်ရရှိလာစေရန်အတွက် […]

(၄)ကြိမ်မြောက် အာရှမသန်စွမ်းသူများ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာမသန်စွမ်းအားကစားအဖွဲ့ ထွက်ခွာ

Loading

(၄)ကြိမ်မြောက် အာရှမသန်စွမ်းသူများ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာမသန်စွမ်းအားကစားအဖွဲ့ ထွက်ခွာ ရန်ကုန်၊ အောက်တိုဘာလ(၁၆)ရက်။ ၂၀၂၃ ခုနှစ် ၊ အောက်တိုဘာလ(၂၂) ရက်နေ့မှ (၂၈)ရက်နေ့အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဟန်ကျိုးမြို့တွင် ကျင်းပပြုလုပ်မည့် (၄)ကြိမ်မြောက် အာရှမသန်စွမ်းသူများ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာ မသန်စွမ်းအားကစားအဖွဲ့သည် ယနေ့ ညနေ(၁၆း၁၀)နာရီအချိန်၌ လေယာဉ်အမှတ် MU-2032 ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှထွက်ခွာရာ အားကစားနှင့်ကာယပညာဦးစီးဌာနဦ၊ အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးအောင်နိုင်ဆွေ၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုးနှင့် မြန်မာနိင်ငံမသန်စွမ်းသူများအားကစားအဖွဲ့ချုပ်မှ တာဝန်ရှိပုဂ္ဂိုလ်များက လိုက်လံပို့ဆောင် နှုတ်ဆက်ခဲ့ကြပါသည်။ အဆိုပါပြိုင်ပွဲသို့ ဖိတ်ကြားခံပုဂ္ဂိုလ်အဖြစ် တက်ရောက်ရန်နှင့် မြန်မာအားကစား အဖွဲ့ခေါင်းဆောင်အဖြစ် မြန်မာနိုင်ငံ မသန်စွမ်းသူများအားကစားအဖွဲ့ချုပ် ဥက္ကဌ ဗိုလ်ချုပ်လှမိုး နှင့်အတူ အတွင်းရေးမှူး(၁)ဦး၊ အုပ်ချုပ်သူ/ […]

၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး U-25 ပြေးခုန်ပစ်ပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အသင်းအုပ်ချုပ်သူများနှင့် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ

Loading

၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး U-25 ပြေးခုန်ပစ်ပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အသင်းအုပ်ချုပ်သူများနှင့် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ နေပြည်တော်၊ အောက်တိုဘာ(၁၅)။ ပြေးခုန်ပစ်အားကစားနည်းဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ပြေးခုန်ပစ်ပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးမှ အသင်းအုပ်ချုပ်သူ/နည်းပြများနှင့် ပေါင်းစပ်ညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲ(၁)နာရီတွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်းရှိ (Gold Medal Hall)၌ ကျင်းပသည်။ အစီအစဉ်ရ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးက အဖွင့်အမှာစကားပြောကြားရာတွင် ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးရှိ ပြေးခုန်ပစ်အားကစားသမားများအချင်းချင်း သွေးစည်းညီညွတ်မှုရှိပြီး ချစ်ကြည်ရင်းနှီးမှုခိုင်မာလာစေရေး၊ ကျန်းမာကြံ့ခိုင်သော လူငယ်၊လူရွယ်များ ပေါ်ထွက်လာစေရေး ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးမှ ပြေးခုန်ပစ်မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရေး တို့ကိုရည်ရွယ်၍ ပြည်နယ်နှင့်တိုင်းဒေသကြီး ပြေးခုန်ပစ်ပြိုင်ပွဲကို ကျင်းပပြုလု်ပရခြင်းဖြစ်ပါကြောင်း၊ ပြိုင်ပွဲဝင်အသင်းများအနေဖြင့် သက်မှတ်ထားသော စည်းမျဉ်း/စည်းကမ်းများအတိုင်း စနစ်တကျလိုက်နာ ဆောင်ရွက်ပြီး ဝင်ရောက်ယှဉ်ပြိုင်ကြရန်လိုကြောင်း၊ […]

မြန်မာနိုင်ငံ လူငယ်ရေးရာဗဟိုကော်မတီနှင့် ရခိုင်ပြည်နယ်လူငယ်ရေးရာကော်မတီတို့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပသည့်သတင်း

Loading

မြန်မာနိုင်ငံ လူငယ်ရေးရာဗဟိုကော်မတီနှင့် ရခိုင်ပြည်နယ်လူငယ်ရေးရာကော်မတီတို့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပသည့်သတင်း