အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အာဆီယံအစိုးရများဆိုင်ရာ လူ့အခွင့်အရေးကော်မရှင် (ASEAN Intergovernmental Commission on Human Rights-AICHR) ၏ ဒေသအဆင့်ဆွေးနွေးပွဲသို့ Virtual စနစ်ဖြင့်တက်ရောက်

နေပြည်တော်၊ ဒီဇင်ဘာ(၄)။

အာဆီယံအတွင်းရေးမှူးချုပ်ရုံးနှင့် ထိုင်းနိုင်ငံ၊ အာဆီယံအစိုးရများဆိုင်ရာ လူ့အခွင့်အရေး ကော်မရှင် (Thailand, AICHR) တို့က ကြီးမှူးကျင်းပသည့် “၂၀၂၅ခုနှစ် Enabling Master Plan ၏ တိုးတက်မှုဆိုင်ရာအခြေအနေနှင့် နှစ်လယ်သုံးသပ်ချက်များနှင့် စပ်လျဉ်း၍ အာဆီယံအစိုးရများဆိုင်ရာ လူ့အခွင့်အရေးကော်မရှင် (ASEAN Intergovernmental Commission on Human Rights-AICHR) ၏ ဒေသအဆင့် ဆွေးနွေးပွဲ” အား မြန်မာစံတော်ချိန် ယနေ့နံနက် (၀၈:၃၀) အချိန်တွင် ကျင်းပ ပြုလုပ်ရာ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ အာဆီယံအစိုးရများဆိုင်ရာ လူ့အခွင့်အရေးကော်မရှင် (AICHR) ကိုယ်စား လှယ်များ၊ အာဆီယံလုပ်ငန်းအစုအဖွဲ့များမှ ကိုယ်စားလှယ်များ၊ နိုင်ငံတကာ/ အာဆီယံမှ မသန်စွမ်းသူများဆိုင်ရာ အဖွဲ့အစည်းများနှင့် ဆက်စပ်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့်အတူ အာဆီယံ လူငယ်ဆိုင်ရာအဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး၏ လက်ရှိဥက္ကဋ္ဌ (SOMY Chair)အဖြစ် ဆောင် ရွက်နေသည့် မြန်မာနိုင်ငံ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဆောင်သည့် တာဝန်ရှိသူများက Virtual စနစ်ဖြင့် ပါဝင်တက်ရောက်ခဲ့ကြပါသည်။

အဆိုပါ ဒေသအဆင့်ဆွေးနွေးပွဲတွင် ၂၀၂၅ခုနှစ်၊ Enabling Master Plan ကို အကောင်အထည် ဖော်ဆောင်ရွက်နေမှု နှစ်လယ်သုံးသပ်ချက်များ၊ Enabling Master Plan ကို ဆန်းစစ်အကဲဖြတ်ရာတွင် နိုင်ငံအလိုက်ဆောင်ရွက်နေသည့် အချက်အလက်များ စုစည်းသည့်နည်းလမ်းများနှင့် အချက်အလက်များ စုစည်းရာတွင် ကြုံတွေ့ရသည့် စိန်ခေါ်မှုများနှင့် မသန်စွမ်းသူများအားလုံး စီးပွားရေး ဆောင်ရွက်ချက်များတွင် ပါဝင်အကျိုးပြုနိုင်ရေး မည်သို့ပံ့ပိုးကူညီမလဲ စသည်တို့ကို တက်ရောက်လာကြသည့် ကိုယ်စားလှယ်များမှ အသီးသီးပါဝင်ဆွေးနွေးခဲ့ကြပါသည်။

မြန်မာနိုင်ငံ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်သည် ဆွေးနွေးပွဲ၏ အပိုင်း(၄)-“တည်ငြိမ်၍ သာယာဝပြောကာ ယှဉ်ပြိုင်နိုင်စွမ်းရှိတဲ့ စီးပွားရေးကို အားကောင်းအောင် ဆောင်ရွက်ရာတွင် မသန်စွမ်းသူများအားလုံး ပါဝင်နိုင်ပြီး အကျိုးပြုနိုင်ဖို့ ဖန်တီးဆောင်ရွက်ပေးကြပါစို့” ခေါင်းစဉ်ဖြင့် ဆွေးနွေးပြောကြားခဲ့ပြီး မြန်မာစံတော်ချိန် မွန်းလွဲ (၁၅:၃၀) အချိန်တွင် ဒေသအဆင့်ဆွေးနွေးပွဲ၏ ပထမနေ့အစီအစဉ်အား ရပ်နားခဲ့ပါသည်။

ဆက်လက်၍ ဒုတိယနေ့အစီအစဉ်အား (၅.၁၂.၂၀၂၃) ရက်နေ့၊ မြန်မာစံတော်ချိန် နံနက် (၀၈:၃၀) အချိန်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။