အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

7th World Vovinam Championships ပြိုင်ပွဲတွင် အောင်ပွဲရ မြန်မာဗိုဗီနမ်အားကစားအဖွဲ့အား ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကြိုဆို၊ ရွှေတံဆိပ်(၂)ခု၊ ငွေတံဆိပ်(၃)ခု၊ ကြေးတံဆိပ်(၉)ခုရရှိ

ရန်ကုန်၊ဒီဇင်ဘာလ(၂)ရက်။

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၂၅)ရက်နေ့မှ (၃၀)ရက်နေ့အထိ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ၊ ဟိုချီမင်းမြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် 7th World Vovinam Championships ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော မြန်မာဗိုဗီနမ်အားကစားအဖွဲ့သည် ယနေ့ည(၁၀:၅၀)နာရီအချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိလာရာ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီဥက္ကဌ တိုင်းဒေသကြီးဥပဒေချုပ်ဦးဌေးအောင် ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်ဦး‌ကျော်ဆန်းဦး၊ အားကစားနှင့်ကာယပညာ ဦးစီးဌာန ၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦး ၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မင်းသန်းနှင့် တာဝန်ရှိပုဂ္ဂိုလ်များ ၊ မြန်မာနိုင်ငံဗိုဗီနမ်အဖွဲ့ချုပ်ဥက္ကဌဦးရဲမြင့်နှင့်အမှူဆောင်များ၊ တာဝန်ရှိသူများ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ကျောင်းမှ ကျောင်းသား/ကျောင်းသူများ မိဘ/ဆွေမျိုးများက ပန်းစည်းများဖြင့် ဝမ်းပန်းတသာကြိုဆိုကြပါသည်။

အဆိုပါ ပြန်လည်ရောက်ရှိလာသည့် အောင်ပွဲရ မြန်မာဗိုဗီနမ်အားကစားအဖွဲ့တွင် Pair Machete Form Male ပြိုင်ပွဲတွင် အောင်ခိုင်လင်းနှင့် ဟိန်းထက်အောင် အတွဲတို့က ရွှေတံဆိပ်(၁)ခု ၊ ၅၁ကီလိုတန်း (အတိုက်)ပြိုင်ပွဲတွင် နှင်းသက်ဝေက ရွှေတံဆိပ်(၁)ခု၊ Four Element Staff Form ပြိုင်ပွဲတွင် တင်ထူးဇော်က ငွေတံဆိပ်(၁)ခု ၊ 3 Male, 3 Female ပြိုင်ပွဲတွင် တင်ထူးဇော် ၊ကျော်သူစိုးအောင် ၊ ဟိန်းထက်အောင် ၊ ချစ်နိုဒီဆောင်း ၊ မေဟန်နီအောင်လွင် ၊ အိန္ဒြေဖူး တို့က ငွေတံဆိပ်(၁)ခု ၊ Ying Yang Sword Form Female ပြိုင်ပွဲတွင် မေဟန်နီအောင်လွင်က ငွေတံဆိပ်(၁)ခု ၊ ၅၄ ကီလိုတန်း(အတိုက်)ပြိုင်ပွဲတွင် မင်းမင်းထိုက်က ကြေးတံဆိပ်(၁)ခု ၊ Female Self Defense (အပြ)ပြိုင်ပွဲတွင် အောင်ခိုင်လင်း ၊ ချစ်နိုဒီဆောင်းအတွဲတို့က ကြေးတံဆိပ်(၁)ခု ၊ Pair Sword Form Male ပြိုင်ပွဲတွင် တင်ထူးဇော် ၊ ကျော်သူစိုးအောင် အတွဲတို့က ကြေးတံဆိပ်(၁)ခု၊ Ying Yang Sword Form Male ပြိုင်ပွဲတွင် ဟိန်းထက်အောင်က ကြေးတံဆိပ်(၁)ခု၊ Male Ying Yang Sword Form Team 4 ပြိုင်ပွဲတွင်အောင်ခိုင်လင်း ဟိန်းထက်အောင် ၊ ကျော်သူစိုးအောင်၊ တင်ထူးဇော်အတွဲတို့က ကြေးတံဆိပ်(၁)ခု၊Male multiple training -01male athlete defends against 03others with wespon ပြိုင်ပွဲတွင် အောင်ခိုင်လင်း၊ဟိန်းထက်အောင်၊ ကျော်သူစိုးအောင်၊ တင်ထူးဇော်အတွဲတို့က ကြေးတံဆိပ်(၁)ခု ၊ Cross form female ပြိုင်ပွဲတွင် ချစ်နိုဒီဆောင်း က ကြေးတံဆိပ်(၁)ခု ၊ One female athlete defense against 3 male athlete with weaponပြိုင်ပွဲတွင် မေဟန်နီအောင်လွင်၊ အောင်ခိုင်လင်း၊ တင်ထူးဇော်၊ ကျော်သူစိုးအောင်တို့က ကြေးတံဆိပ်(၁)ခု ၊Pair knife form male ပြိုင်ပွဲတွင် အောင်ခိုင်လင်းနှင့်ဟိန်းထက်အောင်အတွဲတို့က ကြေးတံဆိပ်(၁)ခု ဆွတ်ခူးရရှိခဲ့ကြကြောင်းသိရှိရသည်။