အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့်ဒေါက်တာစိုးဝင်း ၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၆)နှစ်အောက် (အမျိုးသား) ဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ်ပြိုင်ပွဲသို့ လာရောက်ကြည့်ရှုအားပေး

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့်ဒေါက်တာစိုးဝင်း ၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၆)နှစ်အောက် (အမျိုးသား) ဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ်ပြိုင်ပွဲသို့ လာရောက်ကြည့်ရှုအားပေး နေပြည်တော်၊ အောက်တိုဘာ(၃၁)။ မြန်မာ့ဘောလုံးအားကစားလောက အဆင့်အတန်းဖွံ့ဖြိုးတိုးတက်လာစေရေးကို အထောက်အကူပြုစေရန်နှင့် မျိုးဆက်သစ်ဘောလုံးအားကစားသမားများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၆)နှစ်အောက် (အမျိုးသား)ဘောလုံးပြိုင်ပွဲကို ယနေ့ ညနေ(၃) နာရီ အချိန်တွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ဆက်လက်ကျင်းပပြုလုပ်ခဲ့ရာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးများဖြစ်ကြသော ဦးမျိုးလှိုင်၊ ဒေါက်တာစိုးဝင်း၊ ညွှန်ကြားရေးမှူးချုပ်များ ဖြစ်ကြသော ဦးထွန်းမြင့်ဦး၊ ဦးနေဝင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဌာနခွဲများမှ ညွှန်ကြားရေးမှူးများ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှတာဝန်ရှိသူများနှင့် ဘောလုံးအားကစားဝါသနာရှင်များ လာရောက်ကြည့်ရှုအားပေးခဲ့ကြပါသည်။ ယနေ့ ဆီမီးဖိုင်နယ်ပြိုင်ပွဲ ပွဲစဉ်အဖြစ် ညနေ (၃)နာရီအချိန်တွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ကချင်ပြည်နယ်အသင်းနှင့် ရန်ကုန်တိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ […]

၂၀၂၂ ခုနှစ်၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ဌာနပေါင်းစုံအမျိုးသား ဖူဆယ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

Loading

၂၀၂၂ ခုနှစ်၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား ဌာနပေါင်းစုံ အမျိုးသား ဖူဆယ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ လောက်ကိုင်မြို့၊ အောက်တိုဘာ ၃၀ ရက် ။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဒေသအားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့တို့ ပူးပေါင်းကျင်းပသော ၂၀၂၂ ခုနှစ်၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌဖလား ဌာနပေါင်းစုံ အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ၂၉.၁၀.၂၀၂၂ရက်နေ့ နံနက်(၀၉:၀၀) နာရီအချိန်တွင်ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လောက်ကိုင်မြို့ရှိ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးဝင်းအတွင်းရှိ ဖူဆယ်အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးမြင့်ဆွေ၊ ဒေသအဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒေသအားကစားနှင့်ကာယပညာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးယောဟန်နှင့် ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူများ၊ နည်းပြများနှင့် အားကစားသမားများ၊ မြို့ပေါ်ရှိဖူဆယ်ဘောလုံးအားကစားဝါသနာရှင်မိဘပြည်သူများနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါဖွင့်ပွဲအခမ်းအနားတွင် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ […]

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် ၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၆)နှစ်အောက် (အမျိုးသား) ဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ်ပြိုင်ပွဲ လာရောက်ကြည့်ရှုအားပေး

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် ၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၆)နှစ်အောက်(အမျိုးသား) ဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ်ပြိုင်ပွဲ လာရောက်ကြည့်ရှုအားပေး နေပြည်တော်၊ အောက်တိုဘာ(၃၀)။ မြန်မာ့ဘောလုံးအားကစားလောက အဆင့်အတန်းဖွံ့ဖြိုးတိုးတက်လာစေရေးကို အထောက်အကူပြု စေရန်နှင့် မျိုးဆက်သစ်ဘောလုံးအားကစားသမားများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၆)နှစ်အောက် (အမျိုးသား)ဘောလုံးပြိုင်ပွဲကို ယနေ့ ညနေ(၃) နာရီအချိန်တွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ဆက်လက်ကျင်းပပြုလုပ်ခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသော ဦးကျော်ဦး၊ ဦးကျော်ဆန်းဦး၊ ဌာနခွဲများမှ ညွှန်ကြားရေးမှူးများ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် ဘောလုံးအားကစားဝါသနာရှင်များ လာရောက်ကြည့်ရှုအားပေးခဲ့ကြပါသည်။ ယနေ့ ဆီမီးဖိုင်နယ်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ညနေ(၃)နာရီအချိန်တွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ တနင်္သာရီတိုင်းဒေသကြီးအသင်းနှင့် မကွေးတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ မကွေးတိုင်းဒေသကြီးအသင်းမှ တနင်္သာရီတိုင်းဒေသကြီးအသင်းကို (၆)ဂိုး (၂)ဂိုး […]

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် ၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၆)နှစ်အောက်(အမျိုးသား) ဘောလုံးပြိုင်ပွဲသို့ လာရောက်ကြည့်ရှုအားပေး

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် ၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၆)နှစ်အောက်(အမျိုးသား) ဘောလုံးပြိုင်ပွဲသို့ လာရောက်ကြည့်ရှုအားပေး နေပြည်တော်၊ အောက်တိုဘာ(၂၈)။ မြန်မာ့ဘောလုံးအားကစားလောက အဆင့်အတန်းဖွံ့ဖြိုးတိုးတက်လာစေရေးကို အထောက်အကူပြုစေရန်နှင့် မျိုးဆက်သစ်ဘောလုံးအားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၆)နှစ်အောက်(အမျိုးသား)ဘောလုံးပြိုင်ပွဲကို ယနေ့ ညနေ(၃) နာရီ အချိန်တွင် နေပြည်တော်ဝဏ္ဏသိဒ္ဓိအားကစားကွင်း ကွင်းအမှတ်(၁)နှင့်(၃)တို့၌ ဆက်လက်ကျင်းပပြုလုပ် ခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဆန်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသော ဦးကျော်ဦး၊ ဦးကျော်စိုးမိုး ဌာနခွဲများမှ ညွှန်ကြားရေးမှူးများ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် ဘောလုံးအားကစားဝါသနာရှင်များလာရောက် ကြည့်ရှုအားပေးခဲ့ကြပါသည်။ ယနေ့ ကွာတားဖိုင်နယ်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ညနေ(၃)နာရီအချိန်တွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း ကွင်းအမှတ်(၁)၌ မွန်ပြည်နယ်အသင်းနှင့် ကချင်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ ကချင်ပြည်နယ် အသင်းမှ မွန်ပြည်နယ်အသင်းကို (၂)ဂိုး၊ […]

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင် ၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက် (၁၆)နှစ်အောက်(အမျိုးသား)ဘောလုံးပြိုင်ပွဲကြည့်ရှုအားပေး

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင် ၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက် (၁၆)နှစ်အောက်(အမျိုးသား)ဘောလုံးပြိုင်ပွဲကြည့်ရှုအားပေး နေပြည်တော်၊ အောက်တိုဘာ(၂၈)။ မြန်မာ့ဘောလုံးအားကစားလောက အဆင့်အတန်းဖွံ့ဖြိုးတိုးတက်လာစေရေးကို အထောက်အကူပြုစေရန်နှင့် မျိုးဆက်သစ်ဘောလုံးအားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၆)နှစ်အောက်(အမျိုးသား)ဘောလုံးပြိုင်ပွဲကို ယမန်နေ့ညနေ(၃) နာရီခွဲအချိန်တွင် နေပြည်တော်ဝဏ္ဏသိဒ္ဓိအားကစားကွင်း ကွင်းအမှတ် (၁)နှင့်(၃)တို့၌ ဆက်လက်ကျင်းပပြုလုပ်ခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊  ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဆန်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်များ ဖြစ်ကြသော ဦးကျော်ဦး၊ ဦးကျော်စိုးမိုး၊ ဌာနခွဲများမှ ညွှန်ကြားရေးမှူးများ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် ဘောလုံးအားကစားဝါသနာရှင်များ လာရောက်ကြည့်ရှုအားပေးခဲ့ကြပါသည်။ ယမန်နေ့ကွာတားဖိုင်နယ်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ညနေ(၃)နာရီခွဲအချိန်တွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း ကွင်းအမှတ်(၁)၌ ဧရာဝတီတိုင်းဒေသကြီးအသင်းနှင့် တနင်္သာရီတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ တနင်္သာရီတိုင်းဒေသကြီးအသင်းမှ ဧရာဝတီတိုင်းဒေသကြီးအသင်းကို (၄)ဂိုး၊ (၃)ဂိုး ဖြင့်လည်းကောင်း၊ […]

အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးမှ အားကစားအဖွဲ့တာဝန်ခံများနှင့် စီမံအုပ်ချုပ်မှုနှင့် နည်းစနစ်ပိုင်းဆိုင်ရာ အစည်းအဝေးကျင်းပ

Loading

အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးမှ အားကစားအဖွဲ့တာဝန်ခံများနှင့် စီမံအုပ်ချုပ်မှုနှင့် နည်းစနစ်ပိုင်းဆိုင်ရာ အစည်းအဝေးကျင်းပ နေပြည်တော်၊ အောက်တိုဘာ(၂၈)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးမှ ကြီးမှူး၍ (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစား ပြိုင်ပွဲနှင့် နိုင်ငံတကာအားကစားပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် စခန်းဝင် လေ့ကျင့်လျက် ရှိသော အားကစားအဖွဲ့များ၏ တာဝန်ခံ၊ အုပ်ချုပ်/နည်းပြများနှင့် အားကစားနည်းအလိုက် စီမံ အုပ်ချုပ်မှုနှင့် နည်းစနစ်ပိုင်းဆိုင်ရာအစည်းအဝေး(Administerial and Technical Meeting)အား ယနေ့ နေ့လယ်(၁:၀၀)နာရီတွင် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း(Gold Camp)ရှိ Multi-purpose Hall ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။၊  ဦးစွာ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးက အဖွင့်အမှာစကားပြောကြားရာတွင် ကမ္ဘောဒီးယားနိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပပြုလုပ်မည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မြန်မာအားကစားအဖွဲ့များ (ရွှေ၊ ငွေ၊ ကြေး) […]

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် ၂၀၂၂ ခုနှစ်၊ ထိုင်းဖိတ်ခေါ်ပြေးခုန်ပစ်ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်နိုင်ရန်အတွက် စံချိန်ယူလူရွေးပွဲကြည့်ရှုအားပေး

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် ၂၀၂၂ ခုနှစ်၊ ထိုင်းဖိတ်ခေါ်ပြေးခုန်ပစ်ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်နိုင်ရန်အတွက် စံချိန်ယူလူရွေးပွဲကြည့်ရှုအားပေး နေပြည်တော်၊ အောက်တိုဘာ(၂၇)။ မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ်မှ ကြီးမှူး၍ ၂၀၂၂ခုနှစ်၊ ထိုင်းနိုင်ငံတွင် နိုဝင်ဘာလ(၂၈)ရက်နေ့မှ ဒီဇင်ဘာလ(၁)ရက်နေ့ထိ ကျင်းပပြုလုပ်မည့် ထိုင်းဖိတ်ခေါ်ပြေးခုန်ပစ်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန်အတွက် စံချိန်ယူလူရွေးချယ်ပွဲကို ယနေ့နံနက် (၇)နာရီအချိန်တွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါလူရွေးချယ်ပွဲသို့ ပြိုင်ပွဲဝင် အားကစားသမား စုစုပေါင်း(၅၀)ဦးတို့မှ ပြိုင်ပွဲအမျိုးအစား(၂၀)မျိုးတွင် လာရောက်အရွေးချယ်ခံခဲ့ကြရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ်မှ တာဝန်ရှိသူများ လာရောက်ကြည့်ရှုအားပေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ အကြိုဆန်းစစ်လက်ရည်စမ်း ဂျူဒိုပြိုင်ပွဲကျင်းပ

Loading

(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ အကြိုဆန်းစစ်လက်ရည်စမ်း ဂျူဒိုပြိုင်ပွဲကျင်းပ ရန်ကုန်၊ အောက်တိုဘာလ(၂၇)ရက်။ ၂၀၂၃ ခုနှစ်၊ ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့တွင် အိမ်ရှင်နိုင်ငံအဖြစ် ကျင်းပပြုလုပ်မည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ အကြိုဆန်းစစ်လက်ရည်စမ်း ဂျူဒိုပြိုင်ပွဲကို ယနေ့နံနက်(၉)နာရီအချိန်တွင် ရန်ကုန်မြို့၊ ကျိုက္ကဆံကွင်း၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ရှိ ဂျူဒိုလေ့ကျင့်ရေးခန်းမတွင်ကျင်းပရာ မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ်ဥက္ကဌ ဦးထွန်းထွန်းနှင့် ဒုတိယဥက္ကဌများ၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးအောင်နိုင်ဆွေ၊ မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ်မှ အမှုဆောင်များ၊ နည်းပြများနှင့် လက်ရွေးစင်အားကစားသမားများတက်ရောက်ကြပါသည်။ အဆိုပါ အကြိုဆန်းစစ်လက်ရည်စမ်း ဂျူဒိုပြိုင်ပွဲတွင် ဝိတ်တန်း (-81kg) ၊ (-57kg)၊ (-66kg)၊ (-73kg)၊ (-48kg)၊ (-52kg)၊(-70kg)၊ (-60kg)၊ (-45kg)၊ စုစုပေါင်း ဝိတ်တန်း(၉)တန်းဖြင့် ပတ်လည်နှင့် ရှုံး/ထွက်စနစ် ယှဉ်ပြိုင်ကစားပြီး ဗိုလ်လုပွဲအား ၂၈.၁၀.၂၀၂၂ ရက်နေ့တွင် ဆုပေးပွဲကျင်းပသွားမည်ဖြစ်ကြောင်းသိရှိရသည်။

(၁၃)ကြိမ်မြောက် အာဆီယံ အားကစားဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများတက်ရောက်ရန် ညွှန်ကြားရေးမှူးချုပ်နှင့်အဖွဲ့ ထိုင်းနိုင်ငံသို့ ထွက်ခွာ

Loading

(၁၃)ကြိမ်မြောက် အာဆီယံ အားကစားဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများတက်ရောက်ရန် ညွှန်ကြားရေးမှူးချုပ်နှင့်အဖွဲ့ ထိုင်းနိုင်ငံသို့ ထွက်ခွာ ရန်ကုန်၊ အောက်တိုဘာလ(၂၅) ရက်။  ထိုင်းနိုင်ငံ၊ ဖူးခတ်မြို့တွင် ၂၆.၁၀.၂၀၂၂ ရက်နေ့မှ ၂၈.၁၀.၂၀၂၂ ရက်နေ့အထိ ကျင်းပပြုလုပ်မည့် (၁၃)ကြိမ်မြောက်အာဆီယံ အားကစားဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ(13th  ASEAN  Senior Officials Meeting On Sports (SOMS- 13) and Related  Meetings ) သို့ တက်ရောက်ရန်  အတွက် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့် ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁) မှ ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင်တို့သည် ယနေ့နံနက်(၁၁)နာရီခွဲ အချိန်တွင် လေယာဉ်အမှတ် WE 302  ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ […]

၂၀၂၂ခုနှစ်၊ ပြည်နယ် နှင့်တိုင်းဒေသကြီး အသက်(၁၆)နှစ်အောက်(အမျိုးသား)ဘောလုံးပြိုင်ပွဲများဆက်လက်ကျင်းပ

Loading

၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၆)နှစ်အောက်(အမျိုးသား)ဘောလုံးပြိုင်ပွဲများဆက်လက်ကျင်းပ နေပြည်တော်၊ အောက်တိုဘာ(၂၄)။ မြန်မာ့ဘောလုံးအားကစားလောကအဆင့်အတန်းဖွံ့ဖြိုးတိုးတက်လာစေရေးကို အထောက်အကူပြုစေရန်နှင့် မျိုးဆက်သစ်ဘောလုံးအားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၆)နှစ်အောက်(အမျိုးသား)ဘောလုံးပြိုင်ပွဲကို နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း ကွင်းအမှတ်(၁)နှင့်(၃)တို့၌ ညနေ(၃)နာရီခွဲအချိန်တွင် ဆက်လက်ကျင်းပပြုလုပ်ခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ ဌာနခွဲများမှ ညွှန်ကြားရေးမှူးများ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် ဘောလုံးအားကစားဝါသနာရှင်များ လာရောက်ကြည့်ရှုအားပေးခဲ့ကြပါသည်။ ယနေ့ ပထမအဆင့်အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ညနေ(၃)နာရီခွဲအချိန်တွင် ဝဏ္ဏသိဒ္ဓိ အားကစားကွင်း ကွင်းအမှတ်(၁)၌ ဧရာဝတီတိုင်းဒေသကြီးအသင်းနှင့် ကချင်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ တစ်ဖက်(ဂိုးမရှိ)သရေဖြင့်လည်းကောင်း၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း ကွင်းအမှတ်(၃)၌ မန္တလေးတိုင်းဒေသကြီးအသင်းနှင့် ရှမ်းပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ မန္တလေး တိုင်းဒေသကြီးအသင်းမှ ရှမ်းပြည်နယ်အသင်းကို (၂)ဂိုး (၁)ဂိုးဖြင့်လည်းကောင်း အသီးသီးယှဉ်ပြိုင် အနိုင်ရရှိခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီးအသင်းမှ အုပ်စု(က)တွင် ပထမဖြင့်လည်းကောင်း၊ကချင်ပြည်နယ်အသင်းမှဒုတိယဖြင့်လည်းကောင်း ကွာတားဖိုင်နယ်သို့ […]