ဒုတိယအဆင့်အရည်အချင်းစစ် ခရီးရှည်မြင်းစီးအားကစားပြိုင်ပွဲကျင်းပ
![]()
ဒုတိယအဆင့်အရည်အချင်းစစ် ခရီးရှည်မြင်းစီးအားကစားပြိုင်ပွဲကျင်းပ နေပြည်တော်၊ နိုဝင်ဘာ(၁၉)။ ၂၀၂၅ ခုနှစ်တွင် ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မြင်းစီးအားကစားနည်း ထည့်သွင်းကျင်းပပြုလုပ်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံမှ မြင်းစီးအားကစားသမားများ ဝင်ရောက်ယှဉ်ပြိုင်နိုင်စေရန်ရည်ရွယ်၍ ဒုတိယအဆင့် အရည်အချင်းစစ် ခရီးရှည်မြင်းစီးအားကစားပြိုင်ပွဲကို ယနေ့နံနက် (၆)နာရီတွင် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်ရှိ မြင်းစီးအားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံမြင်းစီး အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးပြုံးမောင်မောင်နှင့်တာဝန်ရှိသူများ၊ မြင်းစီးအားကစားသမားများ တက်ရောက်ခဲ့ကြ သည်။ ဦးစွာ ပြည်ထောင်စုဝန်ကြီးက (၅၅)ကီလိုမီတာနှင့် (၇၀)ကီလိုမီတာ အရည်အချင်းစစ် ခရီးရှည် မြင်းစီးအားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်သည့် အားကစားသမားများအား စတင်တာလွတ်ပေးခဲ့ ပြီးနောက် မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ မြင်းများအား စနစ်တကျထားရှိနိုင်ရေး၊ ပြိုင်ပွဲဝင်အားကစားသမားများအား စိတ်ဓာတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုရှိစေရေး၊ […]
မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်မှကြီးမှူးကျင်းပသည့် ခရီးရှည်မြင်းစီးအားကစားပြိုင်ပွဲ FEI, One star Qualification round2 ၏ ပြိုင်ပွဲနည်းပညာဆိုင်ရာရှင်းလင်းပွဲအခမ်းအနားကျင်းပ
![]()
မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်မှကြီးမှူးကျင်းပသည့် ခရီးရှည်မြင်းစီးအားကစားပြိုင်ပွဲ FEI, One star Qualification round2 ၏ ပြိုင်ပွဲနည်းပညာဆိုင်ရာရှင်းလင်းပွဲအခမ်းအနားကျင်းပ နေပြည်တော်၊ နိုဝင်ဘာ(၁၈)။ မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်မှကြီးမှူးကျင်းပသည့် ခရီးရှည်မြင်းစီးအားကစားပြိုင်ပွဲ FEI, One star Qualification round2 ၏ ပြိုင်ပွဲနည်းပညာဆိုင်ရာရှင်းလင်းပွဲအခမ်းအနားအား ယနေ့နံနက်(၁၀)နာရီအချိန်တွင် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်ရှိ မြင်းစီးအားကစားကွင်း၌ကျင်းပရာ မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်ဥက္ကဌ ဦးပြုံးမောင်မောင်က အဖွင့်အမှာစကားပြောကြားခြင်းနှင့်ပြိုင်ပွဲဝင်အားကစားသမားများ၊အထောက်အကူပြုအဖွဲ့များအား ခရီးရှည်မြင်းစီးအားကစားပြိုင်ပွဲ၏ နည်းပညာဆိုင်ရာ သိကောင်းစရာအချက်အလက်များအား ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် VET ကော်မတီဥက္ကဌ ဒေါက်တာဆန်းထွန်းဦးမှ ပြိုင်ပွဲနည်းပညာများနှင့် မြင်းမွေးမြူခြင်းဆိုင်ရာအချက်အလက်များအား ရှင်းပြခဲ့ပြီးနောက် Round 2 ခရီးရှည်မြင်းစီးအားကစားပြိုင်ပွဲအား ကူညီပံ့ပိုးသူ First National Insurance (FNI) ၏ နေပြည်တော်ရုံးတာဝန်ခံ ဒေါ်ချိုချိုသန်းက အသက်အာမခံလုပ်ငန်းများဆိုင်ရာ သိသင့်သည်များကို ရှင်းလင်းပြောကြားခဲ့ပြီး အခမ်းအနားကိုရုပ်သိမ်းခဲ့သည်။ အခမ်းအနားသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ […]
အာဆီယံ/နိုင်ငံတကာ အစည်းအဝေးများ၊ စကားဝိုင်းများ၊ သင်တန်းများနှင့် တွေ့ဆုံဆွေးနွေးပွဲများသို့ တက်ရောက်ခဲ့သည့် ကိုယ်စားလှယ်(၂)ဦးမှ အတွေ့အကြုံများအား ရှင်းလင်းမျှဝေခြင်းအခမ်းအနား ကျင်းပ
![]()
အာဆီယံ/နိုင်ငံတကာ အစည်းအဝေးများ၊ စကားဝိုင်းများ၊ သင်တန်းများနှင့် တွေ့ဆုံဆွေးနွေးပွဲများသို့ တက်ရောက်ခဲ့သည့် ကိုယ်စားလှယ်(၂)ဦးမှ အတွေ့အကြုံများအား ရှင်းလင်းမျှဝေခြင်းအခမ်းအနား ကျင်းပ နေပြည်တော်၊ နိုဝင်ဘာ(၁၇)။ အာဆီယံနှင့်နိုင်ငံတကာအစည်းအဝေးများ၊ စကားဝိုင်းပွဲများနှင့် သင်တန်းများသို့ တက်ရောက်ခဲ့သည့် ကိုယ်စားလှယ်များ၏ အတွေ့အကြုံ ရှင်းလင်းမျှဝေခြင်း အစီအစဉ်(၄/၂၀၂၃) အခမ်းအနားကို ယနေ့မွန်းလွဲ(၁၃:၀၀) နာရီအချိန်တွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လူငယ်ရေးရာဦးစီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ လူငယ်ရေးရာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဌာနခွဲ(၄)ခုတို့မှ ညွှန်ကြားရေးမှူးများနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ပါသည်။ ရှေးဦးစွာ လူငယ်ရေးရာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်က အမှာစကားပြောကြားရာ၌ ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလအတွင်း လူငယ်နှင့်စာပေအနုပညာပြပွဲကို ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ဝန်ထမ်းများအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားလိုကြောင်း၊ မိမိတို့ဦးစီးဌာနအနေဖြင့် အာဆီယံနှင့်နိုင်ငံတကာ အစည်းအဝေးများ၊ စကားဝိုင်းပွဲများနှင့် သင်တန်းများသို့ တက်ရောက်ခဲ့သည့် ကိုယ်စားလှယ်များ၏ အတွေ့အကြုံရှင်းလင်းမျှဝေခြင်းအစီအစဉ်မှာ (၄)ကြိမ်မြောက်ရှိပြီဖြစ်ပြီး […]
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ ၂၀၂၃ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး အမျိုးသမီး ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း (အေရိုးဗစ်) ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားတက်ရောက်သည့်သတင်း
![]()
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ ၂၀၂၃ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး အမျိုးသမီး ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း (အေရိုးဗစ်) ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားတက်ရောက်သည့်သတင်း
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ ၂၀၂၃ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး အမျိုးသမီး ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း (အေရိုးဗစ်) ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားတက်ရောက်
![]()
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ ၂၀၂၃ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး အမျိုးသမီး ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း (အေရိုးဗစ်) ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားတက်ရောက် နေပြည်တော်၊ နိုဝင်ဘာ(၁၇)ရက်။ ၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း (အေရိုးဗစ်)ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ(A)၌ ကျင်းပသည်။ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူ၊ ပိုးရယ်အောင်သိန်း၊ ဒေါက်တာမှုထန်၊ ဒေါက်တာဘရွှေ၊ ဦးရွှေကြိမ်း၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ/နည်းပြများ၊ အားကစားသမားများ၊ ဝန်ထမ်း မိသားစုများနှင့် အားကစားဝါသနာရှင်ပြည်သူများ တက်ရောက်ကြည့်ရှုအားပေးကြသည်။ ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် အခမ်းအနားသို့ တက်ရောက်လာကြသူများက ပြည်နယ်နှင့်တိုင်းဒေသကြီး အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း (အေရိုးဗစ်)ပြိုင်ပွဲ ဗိုလ်လုပွဲစဉ်အဖြစ် သုံးယောက်တွဲနှင့် […]
ရေကြည်မြို့နယ်အတွင်းရှိ ငါးသိုင်းချောင်းမြို့၊ (အ.မ.က) ရွှေဘိုကျောင်း၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲအခမ်းအနားကျင်းပ
![]()
ရေကြည်မြို့နယ်အတွင်းရှိ ငါးသိုင်းချောင်းမြို့၊ (အ.မ.က) ရွှေဘိုကျောင်း၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲအခမ်းအနားကျင်းပ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲအခမ်းအနားကို ရေကြည်မြို့နယ်အတွင်းရှိ ငါးသိုင်းချောင်းမြို့၊ (အ.မ.က) ရွှေဘိုကျောင်း၌ ယနေ့ နံနက်(၉:၃၀)နာရီက ကျင်းပပြုလုပ်ခဲ့ရာ ရွှေဘိုရပ်ကွက်အုပ်ချုပ်ရေးမှူးဦးနေလင်းအောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ငါးသိုင်းချောင်းမြို့ ပြန်/ဆက်ဦးစီးအရာရှိဒေါ်ဇင်မီမီဝင်းက “ စာဖတ်ခြင်း၏အကျိုးကျေးဇူး” ခေါင်းစဥ်ဖြင့်လည်းကောင်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ရေကြည်မြို့နယ် အားကစားမှူး ဒေါ်နှင်းနှင်းအေးက “ လူငယ်နှင့်အားကစား” ခေါင်းစဥ်ဖြင့်လည်းကောင်း၊ အသီးသီးပြောကြားခဲ့ပြီး အားကစားအထောက်အကူပြုပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့သည်။ ထို့နောက်အားကစားဆိုင်ရာအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ Fitness Dance အကများ၊EIM “ ကိုယ်လက်လှုပ်ရှားဆေးတစ်ပါး” အစီအစဥ်ကိုပျော်ရွှင်စွာစုပေါင်းဆင်နွှဲခဲ့ကြပြီး ကျောင်းအုပ်ဆရာမကြီးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ အခမ်းအနားကို နံနက် ၁၁:၃၀ နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။
လူငယ်ရေးရာအသိပညာပေးဟောပြောခြင်းနှင့်ဉာဏ်စမ်းပဟေဠိမေးမြန်းခြင်း အခမ်းအနားကျင်းပ
![]()
လူငယ်ရေးရာအသိပညာပေးဟောပြောခြင်းနှင့်ဉာဏ်စမ်းပဟေဠိမေးမြန်းခြင်း အခမ်းအနားကျင်းပ တပ်ကုန်း၊ နိုဝင်ဘာလ(၁၇)ရက်။ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ၊ မြဝတီရပ်ကွက်၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် နေပြည်တော်ကောင်စီ လူငယ်ရေးရာကော်မတီမှ ကျင်းပပြုလုပ်သည့် လူငယ်ရေးရာအသိပညာပေး ဟော ပြောခြင်းနှင့်ဉာဏ်စမ်းပဟေဠိမေးမြန်းခြင်း အခမ်းအနားကို နိုဝင်ဘာ ၁၇ရက် နံနက် ၁၀နာရီက အဆိုပါကျောင်း၊ ပြည်သာနိုင်ဓမ္မာရုံတွင် ကျင်းပခဲ့သည်။ အဆိုပါအခမ်းအနားတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးတင်မောင်မောင်စိုး၊ နေပြည်တော်လူငယ်ရေးရာတာဝန်ခံဒုတိယညွှန်ကြားရေးမှူး ဦးကြည်စိုးလင်းနှင့်ဝန်ထမ်းများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ဝင်(၁) ဗိုလ်မှူးဝင်းထွဋ်အောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသူရဦး၊ ခေတ္တမြို့နယ်ပညာရေးမှူး၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီးဦးတင်မောင်ထွန်းနှင့်ဆရာ၊ ဆရာမများ၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့မှ တာဝန်ရှိသူများနှင့်ဝန်ထမ်းများ၊ စာရေးဆရာမ ဒေါ်ခင်လေး(ပြည်ထောင်စုနယ်မြေ)နှင့်ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း(၃၀၀)ဦး တက်ရောက်ခဲ့သည်။ ထိုဟောပြောပွဲတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးတင်မောင်မောင်စိုးက […]
၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း (အေရိုးဗစ်) ပြိုင်ပွဲ ဒုတိယနေ့ပွဲစဉ်များ ဆက်လက်ကျင်းပ
![]()
၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း (အေရိုးဗစ်) ပြိုင်ပွဲ ဒုတိယနေ့ပွဲစဉ်များ ဆက်လက်ကျင်းပ နေပြည်တော်၊ နိုဝင်ဘာ (၁၆)။ လူထုအားကစားလုပ်ငန်းများ ကျယ်ပြန့်စွာဆောင်ရွက်နိုင်ရန်၊ အားကစားလှုပ်ရှားမှုများတွင် စုပေါင်းလှုပ်ရှားသော အလေ့အကျင့်ကောင်းများ ရရှိလာစေရန်နှင့် ဗလငါးတန်ဖွံ့ဖြိုးသော မျိုးဆက်သစ်လူငယ်များ ထွက်ပေါ်လာစေရန် ရည်ရွယ်၍ ၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း (အေရိုးဗစ်)ပြိုင်ပွဲ ဒုတိယနေ့ပွဲစဉ်များကို ယနေ့ နံနက်(၉)နာရီမှစတင်၍ နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ(A)၌ ဆက်လက်ကျင်းပခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့်ကာယပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံ အမျိုးသမီးအားကစားအဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် အားကစားဝါသနာရှင်များ လာရောက်ကြည့်ရှု အားပေးကြသည်။ ယနေ့ (၃)ယောက်တွဲပြိုင်ပွဲနှင့် (၁)ဦးချင်းပြိုင်ပွဲများ၏ (လူရွေးပွဲ) ပွဲစဉ်များတွင် ပြိုင်ပွဲဝင် အသင်း(၁၄)သင်း ဝင်ရောက်ယှဉ်ပြိုင်သရုပ်ပြသခဲ့ကြပြီး (၃)ယောက်တွဲပြိုင်ပွဲတွင် […]
အားကစားစီမံကိန်းနှင့်သုတေသနလုပ်ငန်းကော်မတီနှင့် အားကစားသုတေသနအကြံပေးအဖွဲ့ ညှိနှိုင်းအစည်းအဝေးကျင်းပ
![]()
အားကစားစီမံကိန်းနှင့်သုတေသနလုပ်ငန်းကော်မတီနှင့် အားကစားသုတေသနအကြံပေးအဖွဲ့ ညှိနှိုင်းအစည်းအဝေးကျင်းပ နေပြည်တော်၊ နိုဝင်ဘာ(၁၅)။ ပြည်တွင်းပြည်ပအားကစားပြိုင်ပွဲများအား စောင့်ကြည့်လေ့လာအကဲဖြတ်ဆောင်ရွက်ရေး၊ အားကစားဆိုင်ရာ သုတေသနလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရာတွင် အားကစားစီမံကိန်းနှင့်သုတေသနလုပ်ငန်းကော်မတီအနေဖြင့် တစ်ထောင့်တစ်နေရာမှ အထောက်အကူပြုနိုင်စေရေး၊ မြန်မာ့အားကစားလောက ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ပြန်လည်ဦးမော့လာစေရေးအတွက် ထိရောက်အကျိုးများစေမည့် အချက်အလက်များရရှိရေးနှင့်ပတ်သက်၍ အားကစားစီမံကိန်းနှင့်သုတေသနလုပ်ငန်းကော်မတီနှင့် အားကစားသုတေသနအကြံပေးအဖွဲ့ ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ(၁)နာရီတွင် ဝဏ္ဏသိဒ္ဓိဘောလုံးကွင်း(အပေါ်ထပ်) အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။ ဦးစွာ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးက အဖွင့်အမှာစကား ပြောကြားရာတွင် အားကစားသုတေသနလုပ်ငန်းနှင့်ပတ်သက်၍ အားကစားစီမံကိန်းနှင့်သုတေသန ဖွံ့ဖြိုးရေးကော်မတီကို (၁၉.၅.၂၀၂၃)ရက်နေ့တွင် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းဦး ဥက္ကဋ္ဌအဖြစ်တာဝန်ယူပြီး အဖွဲ့ဝင်(၁၅)ဦးဖြင့် ဖွဲ့စည်းခဲ့ပါကြောင်း၊ အားကစားလောကဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ကျွမ်းကျင်ပညာရှင်များ၊ မြန်မာ့လက်ရွေးစင်အားကစားသမားဟောင်းများ ပါဝင်သည့် အားကစားသုတေသနအကြံပေးအဖွဲ့ကိုလည်း ဖွဲ့စည်းခဲ့ပါကြောင်း၊ အားကစားစီမံကိန်းနှင့် သုတေသနလုပ်ငန်းကော်မတီ၏ ပထမအကြိမ်နှင့် ဒုတိယအကြိမ်အစည်းအဝေးဆုံးဖြတ်ချက်(၇)ချက်အရ သုတေသနလုပ်ငန်းများ ဆောင်ရွက်ရာတွင် […]
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များနှင့် ပြည်ထောင်စုဝန်ကြီးများ ၂၀၂၃ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး အမျိုးသမီး ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း (အေရိုးဗစ်)ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်သည့်သတင်း
![]()
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များနှင့် ပြည်ထောင်စုဝန်ကြီးများ ၂၀၂၃ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး အမျိုးသမီး ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း (အေရိုးဗစ်)ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်သည့်သတင်း