အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇင်မင်းထက် လူငယ်ရေးရာဗဟိုကော်မတီမှ ကြီးမှူးကျင်းပသည့် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲသို့ တက်ရောက်သည့်သတင်း

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇင်မင်းထက် လူငယ်ရေးရာဗဟိုကော်မတီမှ ကြီးမှူးကျင်းပသည့် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲသို့ တက်ရောက်သည့်သတင်း

နေပြည်တော်၊ ဇေယျာသီရိမြို့နယ်ရှိ အမှတ်(၁)၊ အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲအခမ်းအနားကျင်းပ

Loading

နေပြည်တော်၊ ဇေယျာသီရိမြို့နယ်ရှိ အမှတ်(၁)၊ အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲအခမ်းအနားကျင်းပ နေပြည်တော်၊ ဒီဇင်ဘာ(၁၁)။ နိုင်ငံတော်မှ အားထားရသည့် လူငယ်များဖြစ်လာစေရန်၊ ပညာရေးကို အခြေခံပြီး ကျန်းမာကြံ့ခိုင်သည့် လူငယ်များ ဖြစ်လာစေရန်နှင့် အတွေးအခေါ်မှန်ကန်၍ ဗလငါးတန်နှင့် ပြည့်စုံပြီး ထူးချွန်ထက်မြက်သည့် လူငယ်လူရွယ်များ ဖြစ်လာစေရန် ရည်ရွယ်၍ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီမှ  ကြီးမှူးကျင်းပသည့် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲအခမ်းအနားကို ယနေ့နံနက် (၈)နာရီတွင် နေပြည်တော်၊ ဇေယျာသီရိမြို့နယ်ရှိ အမှတ်(၁)၊ အခြေခံပညာအထက်တန်း ကျောင်း၌ ကျင်းပခဲ့သည်။ ဦးစွာ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီအတွင်းရေးမှူး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပညာရေးကဏ္ဍကို တိုးတက်အောင် မြှင့်တင်ကြရမည်ဖြစ်သလို နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးတွင် ပညာရည်မြင့်မားရေးသည် အဓိကအရေးပါသည့်အတွက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအနေဖြင့် လူငယ်များကို အတွေးအခေါ်မှန်ကန်ပြီး နိုင်ငံတော်ကို အကျိုးပြုနိုင်မည့် […]

PENANG INVITATIONAL JUDO CHAMPIONSHIP 2023 ပြိုင်ပွဲတွင် မြန်မာဂျူဒိုအားကစားအဖွဲ့ ရွှေတံဆိပ် (၄)ခု၊ငွေတံဆိပ်(၂)ခု၊ကြေးတံဆိပ်(၂)ခု၊ စုစုပေါင်းဆုတံဆိပ် (၈)ခု ဆွတ်ခူးရရှိ

Loading

PENANG INVITATIONAL JUDO CHAMPIONSHIP 2023 ပြိုင်ပွဲတွင် မြန်မာဂျူဒိုအားကစားအဖွဲ့ ရွှေတံဆိပ် (၄)ခု၊ငွေတံဆိပ်(၂)ခု၊ကြေးတံဆိပ်(၂)ခု၊ စုစုပေါင်းဆုတံဆိပ်(၈)ခု ဆွတ်ခူးရရှိ နေပြည်တော်၊ ဒီဇင်ဘာလ(၁၁)ရက်။ မလေးရှားနိုင်ငံ၊ ပီနန်မြို့၌  ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ(၉)ရက်နေ့နှင့် (၁၀)ရက်နေ့တို့တွင် ကျင်းပပြုလုပ်ခဲ့သည့်  PENANG INVITATIONAL JUDO CHAMPIONSHIP 2023 ပြိုင်ပွဲ အမျိုးသား (-28)kg ပြိုင်ပွဲတွင် မောင်အောင်ဇေထက်က ရွှေတံဆိပ်(၁)ခု၊ (-66)kg ပြိုင်ပွဲတွင် မောင်ထက်အောင်က ရွှေတံဆိပ်(၁)ခု၊ (-73)kg ပြိုင်ပွဲတွင် မောင်ကျော်ခန့်စိုးက ရွှေတံဆိပ်(၁)ခုနှင့် အမျိုးသမီး (-32)kg ပြိုင်ပွဲတွင် မနှင်းဦးဝတ်ရည်က ရွှေတံဆိပ်(၁)ခု၊ အမျိုးသား(-24)kg ပြိုင်ပွဲတွင် မောင်ဘုန်းပြည့်ချမ်းသာထွန်းက ငွေတံဆိပ်(၁)ခု၊ (-90)kg ပြိုင်ပွဲတွင် မောင်အောင်ဝေဖြိုးက ငွေတံဆိပ်(၁)ခု၊  အမျိုးသား  (-50)kg ပြိုင်ပွဲတွင် […]

ပြည်နယ်/တိုင်းဒေသကြီးတို့တွင် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (ဒုတိယအပတ်) လူထုအားကစားလှုပ်ရှားမှုအထိမ်းအမှတ် စုပေါင်းလမ်းလျှောက်ပွဲများ ကျင်းပပြုလုပ်

Loading

ပြည်နယ်/တိုင်းဒေသကြီးတို့တွင် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (ဒုတိယအပတ်) လူထုအားကစားလှုပ်ရှားမှုအထိမ်းအမှတ် စုပေါင်းလမ်းလျှောက်ပွဲများ ကျင်းပပြုလုပ် မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ်တွင် ဒီဇင်ဘာလ လူထုစုပေါင်းလမ်းလျှောက်ပွဲ ဒုတိယအပတ်ကို ယနေ့နံနက်ခင်း(၅:၃၀)နာရီ၌ စတင်ဆင်နွှဲခဲ့ကြသည်။ မြစ်သားမြို့ ရွှေမုဠော ဘုရားအနောက်ဘက်မုဒ်တွင် စုရပ်နေရာ ပြုလုပ်ခဲ့ပြီး လမ်းလျှောက်ပွဲပါဝင်ဆင်နွှဲသူ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ဝန်ထမ်းများအပါအဝင် ပြည်သူ (၁၅၀)ကျော် ပါဝင်ခဲ့သည်။ အဆိုပါလမ်းလျှောက်ပွဲတွင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့် အဖွဲ့ဝင်များတို့က ဦးဆောင်၍ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်အားကစားမှူးနှင့်အား/ကာဝန်ထမ်းများ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ ၊မြို့ခံ ရပ်မိရပ်ဖ ဒေမသခံပြည်သူများနှင့် ကျောင်းသား/သူများသည် သက်မှတ်စုရပ်နေရာတွင် ရောက်ရှိနေရာယူ၍ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကာ လမ်းလျှောက်ပွဲကို စတင်ဆင်နွှဲကြသည်။ စုရပ်နေရာမှစတင်၍ လူထုစုပေါင်းလမ်းလျှောက်ခြင်းကို ပျော်ရွှင်စွာစုပေါင်းဆင်နွှဲ၍ ရွှေမုဠော ရင်ပြင်သို့ ရောက်ရှိလာကြကာ ကိုယ်လက်လှုပ်ရှား ကြံ့ခိုင်မှုလေ့ကျင့်ခန်းများနှင့် physical fitness dance […]

ဒီဇင်ဘာလ(ဒုတိယအပတ်) လူထုအားကစားလှုပ်ရှားမှုအထိမ်းအမှတ် စုပေါင်းလမ်းလျှောက်ပွဲကျင်းပပြုလုပ်သည့် သတင်း

Loading

ဒီဇင်ဘာလ(ဒုတိယအပတ်) လူထုအားကစားလှုပ်ရှားမှုအထိမ်းအမှတ် စုပေါင်းလမ်းလျှောက်ပွဲကျင်းပပြုလုပ်သည့် သတင်း

ဒီဇင်ဘာလ(ဒုတိယအပတ်) လူထုအားကစားလှုပ်ရှားမှုအထိမ်းအမှတ် စုပေါင်းလမ်းလျှောက်ပွဲကျင်းပပြုလုပ်

Loading

ဒီဇင်ဘာလ(ဒုတိယအပတ်) လူထုအားကစားလှုပ်ရှားမှုအထိမ်းအမှတ် စုပေါင်းလမ်းလျှောက်ပွဲကျင်းပပြုလုပ် နေပြည်တော်၊ ဒီဇင်ဘာလ(၉)ရက်။ ဒီဇင်ဘာလ(ဒုတိယအပတ်) လူထုစုပေါင်းလမ်းလျှောက်ပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူနှင့် ခွန်စံလွင်၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာများမှတာဝန်ရှိသူများ၊ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင် စုစုပေါင်းအင်အား(၃၉၀၀)ကျော် ပျော်ပျော်ရွှင်ရွှင်ဖြင့် စည်ကားသိုက်မြိုက်စွာ ပါဝင်ဆင်နွှဲကြသည်။ စုပေါင်းလှုပ်ရှားဆောင်ရွက် လမ်းလျှောက်ပွဲ ပါဝင်ဆင်နွှဲကြသူများသည် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၏ သတ်မှတ်လမ်းကြောင်းများအတိုင်း ပျော်ပျော်ပါးပါး လမ်းလျှောက်ကာ စုပေါင်းကိုယ်လက်ကြံ့ခိုင်ရေးလေ့ကျင့်ခန်းအတွဲ(၁)၊(၂)နှင့် Physical Fitness Dance Exercises လေ့ကျင့်ခန်းများကို စုပေါင်းလှုပ်ရှားဆောင်ရွက်ခဲ့ကြပြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများက ရေသန့်ဘူးနှင့် အာဟာရမုန့်များ ပေးဝေခဲ့ကြသည်။ “၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ လူထုအားကစားလှုပ်ရှားမှုအထိမ်းအမှတ်(ဒုတိယအပတ်) စုပေါင်းလမ်းလျှောက်ပွဲ” များကို မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ဆောင်ရွက်လျက်ရှိပြီး လူတစ်ဦးချင်းမှအစပြု၍ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်စေရေးနှင့် […]

အမျိုးသားနေ့အထိမ်းအမှတ် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား ကာယဗလနှင့်ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

Loading

အမျိုးသားနေ့အထိမ်းအမှတ် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား ကာယဗလနှင့်ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ ရန်ကုန်တိုင်းဒေသကြီး ကာယဗလနှင့်ကာယကြံ့ခိုင်မှုဆပ်ကော်မတီက ကြီးမှုးကျင်းပသော အမျိုးသားနေ့အထိမ်းအမှတ် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား ကာယဗလနှင့်ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကို မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်းရှိ မြန်မာကွန်ဗင်းရှင်းစင်တာ (MCC) ခန်းမ၌ ကျင်းပသည်။ ဦးစွာ နံနက်ပိုင်း၌ အမျိုးသား အသက်(၂၁)နှစ်နှင့်အောက် အငယ်တန်းကာယဗလမောင်ပြိုင်ပွဲ၊ အမျိုးသားကာယဗလမောင် ၆၀၊ ၇၀၊ ၇၀ နှင့်အထက် ကီလိုတန်းများ၊ အမျိုးသား Sports Physique ၊ အမျိုးသား Athletic Physique ၊ အမျိုးသမီး Athletic Physique ၊ အမျိုးသမီး Model Physique ပြိုင်ပွဲများ ယှဉ်ပြိုင်ကြပြီး ပဏာမရွေးချယ်ကြသည်။ ထို့နောက် ညနေပိုင်းတွင် ရွေးချယ်ခံရသော ကာယဗလမောင်များနှင့် ကာယအလှမယ်များက […]

၂၀၂၃ ခုနှစ်၊ (၆၄)ကြိမ်မြောက် ကမ္ဘောဇဖလား ဂေါက်သီးရိုက်ပြိုင်ပွဲ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးကြိုတင်ညှိနှိုင်းအစည်းအဝေးပြုလုပ်

Loading

၂၀၂၃ ခုနှစ် ၊ (၆၄)ကြိမ်မြောက် ကမ္ဘောဇဖလား ဂေါက်သီးရိုက်ပြိုင်ပွဲ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးကြိုတင်ညှိနှိုင်းအစည်းအဝေးပြုလုပ် တောင်ကြီး၊ ဒီဇင်ဘာလ(၈)ရက်။ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုများနှင့်အတူ ရှမ်းပြည်နယ်အတွင်း ဂေါက်သီးအားကစားအဆင့်အတန်းတိုးတက်မြင့်မားလာစေရေး ၊ တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးကို အထောက်အကူဖြစ်စေရေး ၊ နိုင်ငံတော်အားကစားဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုစေမည့် ထူးချွန်ထက်မြက်သော အားကစားသမားများပေါ်ထွက်လာစေရန် ရည်ရွယ်၍ ကမ္ဘောဇအုပ်စုမှ ကူညီပံ့ပိုးကာ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန နှင့် တောင်ကြီးဂေါက်ကလပ်တို့မှပူးပေါင်းကျင်းပမည့် (၆၄)ကြိမ်မြောက် ကမ္ဘောဇဖလား ဂေါက်သီးရိုက်ပြိုင်ပွဲကို ဒီဇင်ဘာလ ဒုတိယပတ်တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ အဆိုပါပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အကြိုညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ(၁၄:၀၀) နာရီအချိန်တွင် ပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါ အစည်းအဝေးသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်းနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ကြကြောင်းသိရှိရပါသည်။

မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ် ဥက္ကဋ္ဌဖလားနှင့် (၆၆)ကြိမ်မြောက် အမျိုးသားတံခွန်စိုက်(ဝန်ကြီးဌာနပေါင်းစုံ) ပြေးခုန်ပစ်ပြိုင်ပွဲ ပွဲစဉ်များနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

Loading

မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ် ဥက္ကဋ္ဌဖလားနှင့် (၆၆)ကြိမ်မြောက် အမျိုးသားတံခွန်စိုက်(ဝန်ကြီးဌာနပေါင်းစုံ) ပြေးခုန်ပစ်ပြိုင်ပွဲ ပွဲစဉ်များနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ နေပြည်တော်၊ ဒီဇင်ဘာလ(၈)ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ်တို့ ပူးပေါင်း၍ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ(၅)ရက်နေ့မှ (၈)ရက်နေ့ထိ ကျင်းပပြုလုပ်မည့် မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ် ဥက္ကဋ္ဌဖလားနှင့် (၆၆)ကြိမ်မြောက် အမျိုးသားတံခွန်စိုက်(ဝန်ကြီးဌာနပေါင်းစုံ)ပြေးခုန်ပစ်ပြိုင်ပွဲကို ယနေ့နံနက်(၆)နာရီမှစတင်၍ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ကျင်းပခဲ့ရာ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် အားကစားဝါသနာရှင်များ လာရောက်ကြည့်ရှုအားပေးခဲ့ကြသည်။ ယနေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် (အမျိုးသား/အမျိုးသမီး)မာရသွန်ပြိုင်ပွဲ၊ (အမျိုးသမီး – ၇မျိုးစုံ)ပြိုင်ပွဲ၊ (အမျိုးသား/အမျိုးသမီး) မီတာ – ၁၀၀ ပြိုင်ပွဲ၊ (အမျိုးသား/အမျိုးသမီး) လှံတံပစ်ပြိုင်ပွဲ၊ (အမျိုးသား+ အမျိုးသမီး) မီတာ(၄၀၀x၄) လက် ဆင့်ကမ်း ပြိုင်ပွဲများကို ယှဉ်ပြိုင်ကစားခဲ့ကြသည်။ ယနေ့ပြိုင်ပွဲ ပွဲစဉ်များဖြစ်သည့် (အမျိုးသား)သုံးဆင့်ခုန်ပြိုင်ပွဲတွင် […]

၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းသားအားကစားပွဲတော် ဘောလုံး(အမျိုးသား/အမျိုးသမီး) အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များဆက်လက်ကျင်းပ

Loading

၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းသားအားကစားပွဲတော် ဘောလုံး(အမျိုးသား/အမျိုးသမီး) အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များဆက်လက်ကျင်းပ နေပြည်တော်၊ ဒီဇင်ဘာ(၆)။ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာ ကျောင်းသားအားကစားပွဲတော် ဘောလုံး (အမျိုးသား/ အမျိုးသမီး)အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များကို ယနေ့မွန်းလွဲ (၃)နာရီတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လေ့ကျင့်ရေးကွင်းအမှတ်(၁)နှင့် ကွင်းအမှတ်(၃)တို့၌ ကျင်းပခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးနှင့် ညွှန်ကြားရေးမှူးများ၊ အခြေခံပညာကျောင်းမှ တာဝန်ရှိသူများနှင့်အားကစားဝါသနာရှင်များ လာရောက်ကြည့်ရှုအားပေး ခဲ့ကြသည်။ ယနေ့မွန်းလွဲပိုင်းပြိုင်ပွဲ ပွဲစဉ်များအဖြစ် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လေ့ကျင့်ရေးကွင်းအမှတ်(၁)၌ မန္တလေးတိုင်းဒေသကြီးအသင်းနှင့် တနင်္သာရီတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ တစ်ဖက် (၄)ဂိုးစီသရေ ရလဒ်ဖြင့်လည်းကောင်း၊ လေ့ကျင့်ရေးကွင်းအမှတ် (၃)၌ ကချင်ပြည်နယ်အသင်းနှင့် မွန်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ ကချင်ပြည်နယ်အသင်းက မွန်ပြည်နယ် အသင်းကို (၅)ဂိုး(၄)ဂိုးဖြင့်လည်းကောင်း […]