မကွေးတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်း လူငယ်ရေးရာစုံညီပွဲတော် ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးတက်ရောက်

မကွေးတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်း လူငယ်ရေးရာစုံညီပွဲတော် ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးတက်ရောက် မကွေး၊ ဒီဇင်ဘာ(၁၄)။ ၂၀၂၄ ခုနှစ်တွင် မကွေးတိုင်းဒေသကြီး လူငယ်ရေးရာစုံညီပွဲတော် ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်(၉)နာရီက မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ အစည်းအဝေးသို့ လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်း၊ တိုင်းဒေသကြီးဉပဒေချုပ် ဦးတင့်ဝေ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်များမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။ ရှေးဦးစွာ မကွေးတိုင်းဒေသကြီး၊ လူငယ်ရေးရာကော်မတီဒုတိယဥက္ကဋ္ဌ၊ လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်းက အမှာစကား ပြောကြားရာတွင် နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့်အဓိက စွမ်းအားစုအဖြစ်ပါဝင်နိုင်ရေး၊ ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍမြှင့်တင်ဆောင်ရွက်ရေးကို ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ အနာဂတ်နိုင်ငံတော်၏ တာဝန်ကိုထမ်းဆောင်ရာတွင် ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလ၊ ဘောဂဗလ ဆိုသည့် […]
(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၌ ကျင်းပ

(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၌ ကျင်းပ နေပြည်တော်၊ ဒီဇင်ဘာလ (၁၄) ရက် နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် လူငယ်များ အဓိကစွမ်းအားအဖြစ် ပါဝင်နိုင်ရေး၊ ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရေး၊ လူငယ်များကဏ္ဍတိုးမြှင့် ဆောင်ရွက်ပေးရေး တို့ကိုရည်ရွယ်ကျင်းပသော (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကို ဒီဇင်ဘာလ(၁၄) ရက်နေ့ နံနက်ပိုင်းက ရေဆင်း စိုက်ပျိုးရေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမဆောင်၌ ကျင်းပပြုလုပ်ရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် နှင့် ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီ အတွင်းရေးမှူး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ၊ နေပြည်တော်ကောင်စီဝင်များ၊ စာရေး ဆရာမ သက်သက်နွယ် (ရန်ကုန်တက္ကသိုလ်)၊ စိုက်ပျိုးရေးတက္ကသိုလ်၊ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်နှင့် စိုက်ပျိုးရေးသိပ္ပံ(ပျဉ်းမနား)တို့မှ ပါမောက္ခချုပ်များ၊ […]
(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၌ ကျင်းပသည့်သတင်း

(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၌ ကျင်းပသည့်သတင်း
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ အားကစားနှင့်ကာယပညာသိပ္ပံ တည်ဆောက်မည့်မြေနေရာနှင့် ကိုးသိန်းအားကစားပြိုင်ကွင်းတို့အား လိုက်လံကြည့်ရှုစစ်ဆေးသည့်သတင်း

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ အားကစားနှင့်ကာယပညာသိပ္ပံ တည်ဆောက်မည့်မြေနေရာနှင့် ကိုးသိန်းအားကစားပြိုင်ကွင်းတို့အား လိုက်လံကြည့်ရှုစစ်ဆေးသည့်သတင်း
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ အားကစားနှင့်ကာယပညာသိပ္ပံ တည်ဆောက်မည့်မြေနေရာနှင့် ကိုးသိန်းအားကစားပြိုင်ကွင်းတို့အား လိုက်လံကြည့်ရှုစစ်ဆေး

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ အားကစားနှင့်ကာယပညာသိပ္ပံ တည်ဆောက်မည့်မြေနေရာနှင့် ကိုးသိန်းအားကစားပြိုင်ကွင်းတို့အား လိုက်လံကြည့်ရှုစစ်ဆေး နေပြည်တော်၊ ဒီဇင်ဘာ(၁၄)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ လူမှုရေးဝန်ကြီး ဦးအောင်ဝင်းသိန်းနှင့် တာဝန်ရှိသူများသည် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်လာစေရေးနှင့် လက်ရွေးစင်အားကစားသမားများကို အထောက်အကူပြုနိုင်မည့် မျိုးဆက်သစ် အားကစားသမားများစွာ ပေါ်ထွက်လာစေရေးတို့အတွက် ပုသိမ်မြို့နယ်၊ သစ်ပုတ်ကုန်းကျေးရွာအုပ်စု၌ တည် ဆောက်မည့် အားကစားနှင့်ကာယပညာသိပ္ပံ ကျောင်း (ပုသိမ်)မြေနေရာကို ယနေ့နံနက်(၇)နာရီခွဲတွင် သွားရောက်ကြည့်ရှုစစ်ဆေး၍ မြေပြင် အနေအထားကို စနစ်တကျ တိုင်းတာပြီး ကျောင်းအဆောက်အဦနှင့် အားကစားလေ့ကျင့်ရေးကွင်း/ရုံ တည်ဆောက်မည့် အကွက်ချပုံစံ ရေးဆွဲတင်ပြသွားရန် တာဝန်ရှိသူများကို မှာကြားခဲ့သည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပုသိမ်မြို့နယ်ရှိ ကိုးသိန်းအားကစားပြိုင်ကွင်းအား သွား ရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ကွင်းရေစိမ့်မြောင်းပြုလုပ်ခြင်း၊ သဲ/နုန်းမြေဖြည့်ခြင်း၊ မြေသားပြုပြင် […]
ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ အားကစားကွင်းနှင့်အားကစားရုံများအား သွားရောက်ကြည့်ရှုစစ်ဆေးသည့်သတင်း

ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ အားကစားကွင်းနှင့်အားကစားရုံများအား သွားရောက်ကြည့်ရှုစစ်ဆေးသည့်သတင်း
၂၀၂၄ ခုနှစ်၊ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ အသက်(၂၅)နှစ်အောက် ဘောလုံး(အမျိုးသမီး) ပြိုင်ပွဲကျင်းပ

၂၀၂၄ ခုနှစ်၊ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ အသက်(၂၅)နှစ်အောက် ဘောလုံး(အမျိုးသမီး) ပြိုင်ပွဲကျင်းပ နေပြည်တော်၊ ဒီဇင်ဘာ (၁၄)။ National Fitness ဖြစ်သည့် တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးအတွက် အထောက်အကူဖြစ်စေရေး၊ ဝန်ကြီးဌာနအသီးသီးမှ ဝန်ထမ်းများအား ပျော်ပျော်ရွှင်ရွှင် စည်းစည်းလုံးလုံးဖြင့် ချစ်ခင် ရင်းနှီးမှုရရှိစေရေး ဝန်ထမ်းများတက်ကြွရွှင်လန်းစွာဖြင့် လုပ်ငန်းတာဝန်များကို ပိုမိုထမ်းရွက်နိုင်စေရေးတို့အတွက် ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၄ ခုနှစ်၊ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ အသက် (၂၅)နှစ်အောက် ဘောလုံး (အမျိုးသမီး)ပြိုင်ပွဲကို နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လေ့ကျင့်ရေးကွင်း အမှတ်(၁)နှင့် ကွင်းအမှတ်(၃)တို့၌ ကျင်းပခဲ့သည်။ ပထမအဆင့်အုပ်စု ပတ်လည်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ယနေ့နံနက်(၇)နာရီခွဲတွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လေ့ကျင့်ရေးကွင်းအမှတ်(၁)၌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအသင်းနှင့် ကာကွယ်ရေးဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ တစ်ဖက်တစ်ဂိုးစီ သရေရလဒ်ဖြင့်လည်းကောင်း၊ […]
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်း/အားကစားရုံများအား လိုက်လံကြည့်ရှုစစ်ဆေး

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်း/အားကစားရုံများအား လိုက်လံကြည့်ရှုစစ်ဆေး နေပြည်တော်၊ ဒီဇင်ဘာ(၁၃)။ အားကစားကွင်းနှင့် အားကစားရုံများ ရေရှည်တည်တံ့စေရေးနှင့် မျိုးဆက်သစ်အားကစားသမားများစွာ မွေးထုတ်ပေးနိုင်စေရေးတို့အတွက် ရည်ရွယ်၍ ယနေ့ နံနက်(၇)နာရီတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့် တာဝန်ရှိသူများလိုက်ပါလျက် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ် အားကစားကွင်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး အားကစားဝါသနာရှင်များနှင့် အများပြည်သူများ အားကစားလေ့ကျင့်ခန်းများ ပျော်ရွှင်စွာ လာရောက်ပြုလုပ်နိုင်စေရေး၊ သန့်ရှင်းသပ်ရပ်မှု ရှိစေရေး၊ ဘောလုံးကွင်း စိမ်းလန်းစိုပြေစေရေး၊ လူငယ်များ စိတ်ချမ်းမြေ့စွာကစားနိုင်စေရေးတို့ အတွက် ပုံမှန်မြက်ဖြတ်ခြင်းနှင့် သန့်ရှင်းသပ်ရပ်မှုရှိစေရေး ဆောင်ရွက်သွားရန်နှင့် ပွဲကြည့်စင်အား ကြည့်ရှုစစ်ဆေး၍ တာဝန်ရှိသူများကို လိုအပ်သည်များ မှာကြားခဲ့သည်။ ဆက်လက်၍ ဖျာပုံမြို့နယ်ရှိ ခရိုင်အားကစားခန်းမအား ကြည့်ရှုစစ်ဆေးခဲ့ပြီး အားကစားရုံအား ပုံမှန်သန့်ရှင်းမှုပြုလုပ်သွားရန်၊ အားကစားရုံရေရှည်တည်တံ့စေရေး ထိန်းသိမ်းဆောင်ရွက်သွားရန် […]
ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်း/အားကစားရုံများအား လိုက်လံကြည့်ရှုစစ်ဆေး

ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်း/အားကစားရုံများအား လိုက်လံကြည့်ရှုစစ်ဆေး နေပြည်တော်၊ ဒီဇင်ဘာ(၁၂)။ အားကစားကွင်း/အားကစားရုံများ ရေရှည်တည်တံ့စေရေး၊ ပြည်သူများ လာရောက်လေ့ကျင့်ကစားနိုင်စေရေးနှင့် မျိုးဆက်သစ်အားကစားသမားများစွာ မွေးထုတ်ပေးနိုင်စေရေးတို့အတွက် ရည်ရွယ်၍ ယနေ့နံနက်(၁၀)နာရီတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ် အားကစားကွင်း/အားကစားရုံအား လိုက်လံ ကြည့်ရှုစစ်ဆေးခဲ့ပြီး ဘောလုံးအားကစားကွင်း အမြဲတမ်း စိမ်းလန်းစိုပြေစေရေး၊ သန့်ရှင်းသာယာမှုရှိပြီး နွယ်မြက်များနှင့် အမှိုက်များ ကင်းရှင်းစေရေးအတွက် မြက်ဖြတ်ခြင်းနှင့် သန့်ရှင်းရေးအား အမြဲတမ်း ပြုလုပ်ဆောင်ရွက်သွားရန်၊ အားကစားရုံအတွင်း ခို၊ ဌက်များ မဝင်ရောက်နိုင်စေရန်အတွက် ဝင်ရောက်နိုင်သည့် အပေါက်များကို စနစ်တကျ ကာရံသွားရန်နှင့် လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားခဲ့သည်။ ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်ရှိ ခရိုင်အားကစားကွင်းနှင့် […]
မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီတို့ ပူးပေါင်းကျင်းပသည့် ” လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ” အခမ်းအနားကျင်းပ

မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီတို့ ပူးပေါင်းကျင်းပသည့် ” လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ” အခမ်းအနားကျင်းပ ရန်ကုန်၊ ဒီဇင်ဘာလ(၁၂)ရက်။ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် ရန်ကုန်တိုင်း ဒေသကြီး လူငယ်ရေးရာကော်မတီတို့ ပူးပေါင်းကျင်းပသည့် ” လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ” အခမ်းအနားကို ယနေ့နေ့လယ်(၁၃ :၀၀)နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး ၊ ရန်ကင်းမြို့နယ်၊ ရန်ကင်းပညာရေးဒီဂရီကောလိပ် မြတ်ပညာခန်းမ၌ကျင်းပပြုလုပ်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီဥက္ကဌ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ မြန်မာနိုင်ငံ လူငယ်ရေးရာဗဟိုကော်မတီအတွင်းရေးမှူး၊ အားကစား နှင့်လူငယ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက် ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ရန်ကင်းပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီးဦးအောင်မြတ်စိုး၊ စာရေးဆရာ ဦးလင်းသိုက်ညွန့်၊ ဖိတ်ကြား ထားသောဧည့်သည်တော်များနှင့် သင်တန်းသား/သင်တန်း သူများ တက်ရောက်ကြပါသည်။ ဦးစွာ ရန်ကုန်တိုင်းဒေသကြီးလူငယ်ရေးရာကော်မတီဥက္ကဌ ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းက […]