အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးက အားကစားနှင့်ကာယပညာသိပ္ပံကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန တာဝန်ခံညွှန်ကြားရေးမှူးများအား လုပ်ငန်းလမ်းညွှန်မှာကြား

နေပြည်တော်၊ ဩဂုတ် ၂၆ ။

အားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးက အားကစားနှင့်ကာယပညာသိပ္ပံကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ခံညွှန်ကြားရေးမှူးများအား လုပ်ငန်းလမ်းညွှန်မှာကြားသည့် အခမ်းအနား ကို ယနေ့မွန်းလွဲ (၁)နာရီတွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း(အပေါ်ထပ်)၌ Video Conferencing စနစ်ဖြင့် ကျင်းပခဲ့သည်။

ဦးစွာ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးက အဖွင့်အမှာစကားပြောကြားရာတွင် ယခုအစည်း အဝေးအား လစဉ်ပုံမှန်ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ တာဝန်ခံညွှန်ကြားရေးမှူးများအနေဖြင့် ဒေသ လုံခြုံရေးကို အထူးဂရုပြုဆောင်ရွက်သွားရန်လိုကြောင်း၊ နယ်မြေဒေသလုံခြုံမှုမရှိသည့် ပြည်နယ်/ တိုင်းများမှဝန်ထမ်းများကို အချိန်မီ ပြောင်းရွှေ့တာဝန်ထမ်းဆောင်နိုင်ရေး ဆောင်ရွက်သွားရန် လိုကြောင်း၊ ဝန်ထမ်းရေးရာကိစ္စရပ်များ၊ ဘဏ္ဍာရေးဆိုင်ရာကိစ္စရပ်များ၊ အရေးကြီးစာရွက်စာတမ်း များနှင့် သတင်းအချက်အလက်များအား Soft Copy ထိန်းသိမ်းထားရှိရမည်ဖြစ်ကြောင်း၊ ဝန်ထမ်းများ ဘေးအန္တရာယ်ကင်းရှင်းရေး အလေးထားဆောင်ရွက်သွားရန်လိုကြောင်း၊ လတ်တလောဖြစ်ပေါ်နေ သည့် မျောက်ကျောက်ရောဂါနှင့်ပတ်သက်၍ ဂရုတစိုက်နေထိုင်ကြရန်လိုကြောင်းနှင့် တစ်ကိုယ်ရည် ကျန်းမာရေးကို အထူးဂရုပြုရန်လိုကြောင်း၊ ဝန်ထမ်းအချင်းချင်း အထက်အောက် အပြန်အလှန် လေးစားမှုရှိပြီး ကိုယ်ချင်းစာတရားထား၍ ကူညီရိုင်းပင်းသွားကြရန်လိုကြောင်း၊ ညွှန်ကြားရေးမှူးများ အနေဖြင့် ရုံးလုပ်ငန်းများ စနစ်ကျနမှုရှိစေရန်အတွက် ဌာနခွဲစာရေးနှင့်အထက်ဝန်ထမ်းများကို ရုံးလုပ်ငန်းလက်စွဲစာအုပ် လေ့လာဖတ်ရှုနိုင်ရေး စိစစ်ကြပ်မတ်ဆောင်ရွက်သွားရန်လိုကြောင်း၊ ဝန်ထမ်း များအနေဖြင့် ပြည်ထောင်စုရာထူးဝန်အဖွဲ့မှဖွင့်လှစ်သည့် သတ်မှတ်သင်တန်းများအား တက်ရောက် နိုင်ရေး ညွှန်ကြားရေးမှူးများမှ စိစစ်တင်ပြသွားရန်လိုကြောင်း၊ ဌာနမှဝန်ထမ်းများအနေဖြင့် ပြည်ထောင်စုရာထူးဝန်အဖွဲ့မှတစ်ဆင့် အခြားဝန်ကြီးဌာနများမှခေါ်ယူသည့် လစ်လပ်ရာထူးနေရာများ နှင့် ပြည်ပ ပညာသင်ဆုများလျှောက်ထားရာတွင် သတ်မှတ်ချက် လုပ်ထုံးလုပ်နည်းများနှင့်အညီ တာဝန်ရှိသူများထံ အဆင့်ဆင့် တင်ပြခွင့်ပြုချက်ရယူပြီးမှ လျှောက်ထားနိုင်မည်ဖြစ်ကြောင်း၊ ဝန်ထမ်း များမှ ဖွဲ့စည်းပုံအရ လစ်လပ်ရာထူးနေရာမရှိသည့်ဒေသများသို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခြင်းများ လျှောက်ထားလာပါက တာဝန်ခံညွှန်ကြားရေးမှူးများမှ စုံစမ်းစစ်ဆေးပြီး စိစစ်ကြပ်မတ်ဆောင်ရွက် သွားရန်လိုကြောင်း၊ လုံခြုံမှုမရှိသည့်ဒေသများမှ ဝန်ထမ်းများ ဘေးအန္တရာယ် ကင်းရှင်းသည့်နေရာသို့ ပြောင်းရွှေ့လျှင် မိမိရောက်ရှိသည့်နယ်မြေမှ ညွှန်ကြားရေးမှူးထံ သတင်းပေးပို့သွားရန်လိုကြောင်း၊ ဘဏ္ဍာရေးဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်းပြီး စာရင်းစစ်ကန့်ကွက်ချက်များ စိစစ်သုံးသပ်ရာတွင် ဌ.စ များ မှားယွင်းဖြည့်သွင်းမှု၊ ငွေစာရင်းခေါင်းစဉ်မှားယွင်းသုံးစွဲမှု၊ လစာများ မှားယွင်းတွက်ချက်မှုများကို တွေ့ရှိရသည့်အတွက် ညွှန်ကြားရေးမှူးများမှ စနစ်တကျ ကြပ်မတ်ဆောင်ရွက်သွားရန်လိုကြောင်း၊ အား/ကာ(သိပ္ပံ)ကျောင်းများနှင့် ပြည်နယ်/တိုင်း အားကစားနှင့်ကာယပညာဦးစီးဌာနများတွင် အထက် ဌာန၏ ညွှန်ကြားချက်များဖိုင်ထားရှိရန်နှင့် လုပ်ငန်းလိုအပ်ချက်အရ ကိုးကားနိုင်မည်ဖြစ်ကြောင်း၊ အမှန်တကယ်ဆောင်ရွက်နိုင်မည့် တည်ဆောက်ရေးလုပ်ငန်းများကိုသာ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် တွင် ထည့်သွင်းရေးဆွဲသွားရန်လိုကြောင်း၊ ၎င်းတည်ဆောက်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ ရုံးချုပ်သို့ တင်ပြခွင့်ပြုချက်ရယူပြီးမှသာလျှင် သင့်လျော်သည့် Layout Plan ရေးဆွဲ၍ ဆောင်ရွက်သွားရန်နှင့် သတ်မှတ်စံချိန်/စံညွှန်းများနှင့်ကိုက်ညီမှုရှိစေရေး ညွှန်ကြားရေးမှူးများမှ စိစစ်ကြပ်မတ်ဆောင်ရွက် သွားရမည်ဖြစ်ကြောင်း၊ အားကစားကွင်း/အားကစားရုံများ သန့်ရှင်းသပ်ရပ်မှုရှိစေရေး ရှောင်တခင် ကွင်းဆင်းဆောင်ရွက်သွားရန်နှင့် စနစ်တကျတာဝန်ပေးဆောင်ရွက်သွားရန်လိုကြောင်း ပြောကြားခဲ့သည်။

ဆက်လက်ပြီး ညွှန်ကြားရေးမှူးချုပ်က အားကစားနှင့်ကာယပညာ(သိပ္ပံ)ကျောင်းများနှင့် ပတ်သက်ပြီး ယခုဖြစ်ပေါ်နေသော ကုန်ဈေးနှုန်းမြင့်မားမှုကြောင့် တစ်နေ့တာကျွေးမွေးစရိတ်အား တစ်ရက်လျှင် ကျပ် ၃၅ဝဝိ/- နှုန်းအစား တစ်ရက်လျှင် ကျပ် ၇၅ဝဝိ/- နှုန်းဖြင့် ကျွေးမွေးနိုင်ရေး လာမည့်ဘတ်ဂျက်တွင် တင်ပြဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တာဝန်ခံကျောင်းအုပ်ကြီးများ အနေဖြင့် ဆန်၊ ဆီ၊ ကုလားပဲနှင့် အသား/ငါးများအား သက်သာနှုန်းထားများဖြင့်ရရှိရေး သက်ဆိုင်ရာ ဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားရန်လိုကြောင်း၊ ကျောင်းသား/ကျောင်းသူများအား ထိရောက်သည့် လေ့ကျင့်သင်ကြားမှုများဖြစ်ရန်အတွက် လေ့ကျင့်ရေးဇယားများကို မှန်မှန်ကန်ကန် ရေးဆွဲနိုင်ရေး ကြပ်မတ်ဆောင်ရွက်သွားရန်လိုကြောင်း၊ အမျိုးသား/အမျိုးသမီး အဆောင်များတွင် သင့်လျှော်မည့်သူများကိုသာ အဆောင်မှူးအဖြစ် ခန့်အပ်တာဝန်ပေးရန်လိုကြောင်း၊ သင်တန်းသားများ ကို ၃ လတစ်ကြိမ် ကျန်းမာရေးဆန်းစစ်မှုများ ပြုလုပ်သွားရန်လိုကြောင်း၊ ပြည်နယ်/တိုင်းပြိုင်ပွဲများ တွင် သိပ္ပံကျောင်းများမှ ကျောင်းသားများကို သက်ဆိုင်ရာကျောင်းအုပ်ကြီး၏ ထောက်ခံချက်ရရှိမှသာ ကစားခွင့်ပြုမည်ဖြစ်ကြောင်း၊ ကျောင်းသားများ လိမ္မာယဉ်ကျေးမှုရှိစေရန် ပြည်သူ့နိတိဘာသာရပ်ကို သင်ကြားပေးရန်လိုကြောင်း၊ နည်းပြများနှင့်အဆောင်မှူးများမှ ကျောင်းသားများအပေါ် မျက်နှာသာ ပေးဘက်လိုက်မှုမရှိစေရေး ကျောင်းအုပ်ကြီးမှ စိစစ်ကြပ်မတ်ဆောင်ရွက်သွားရန်လိုကြောင်း၊ သိပ္ပံ ကျောင်းများတွင် ညအိပ်ဧည့်သည်လက်မခံရန်နှင့် မဖြစ်မနေလက်ခံရမည်ဆိုပါက ဧည့်စာရင်းတိုင်ကြား ထားရန်လိုကြောင်းနှင့် ဝင်/ထွက် ခွင့်ကဒ်များ ပြုလုပ်သွားရန်လိုကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် အားကစားနည်းအလိုက် ဒိုင်/နည်းပြသင်တန်းများ ဖွင့်လှစ်ပေးလျက်ရှိရာ အမျိုးသားအားကစားပွဲတော် တွင် အမှန်တကယ် တာဝန်ပေးအပ်မည့်သူများကိုသာ တက်ရောက်နိုင်ရေး ဆောင်ရွက်သွားရန် လိုကြောင်းပြောကြားခဲ့သည်။

ထို့နောက် အားကစားနှင့်ကာယပညာ(သိပ္ပံ) ကျောင်းအုပ်ကြီးများက ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အတွက် အောင်ချက်မြင့်မားရေး ကြိုတင်ဆောင်ရွက်ထားရှိမှုများ၊ တည်ဆောက်ပြုပြင်ရေးလုပ်ငန်းများ အားလည်းကောင်း၊ ပြည်နယ်/တိုင်းဒေသကြီး တာဝန်ခံညွှန်ကြားရေးမှူးများက လုပ်ငန်ဆောင်ရွက် ထားရှိမှုများနှင့်စပ်လျဉ်းပြီး အမျိုးသားအားကစားပွဲတော်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားနည်း နှင့် အားကစားသမားအင်အားအခြေအနေများ၊ မသန်စွမ်းအားကစားပြိုင်ပွဲတွင်ဝင်ရောက်ယှဉ်ပြိုင်မည့် အခြေအနေများ၊ ဘဏ္ဍာရေးဆိုင်ရာကိစ္စရပ်များ၊ တည်ဆောက်ပြုပြင်ရေးလုပ်ငန်းများနှင်ပတ်သက်၍ အသီးသီး ဆွေးနွေးတင်ပြခဲ့မှုအပေါ် ဒုတိယညွှန်ကြားရေးမှူးချုပ်များက လိုအပ်သည်များကို ဖြည့်စွက် ဆွေးနွေးတင်ပြခဲ့ပြီးနောက် ညွှန်ကြားရေးမှူးချုပ်က ရုံလုပ်ငန်းဆိုင်ရာကိစ္စရပ်များ၊ ဝန်ထမ်းရေးရာ ကိစ္စရပ်များ၊ လုံခြုံရေးကိစ္စရပ်များ၊ အောင်ချက်မြင့်မားရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်ပြီး အမိန့်၊ ညွှန်ကြားချက်၊ လုပ်ထုံး/လုပ်နည်းများနှင့်အညီ စနစ်တကျဆောင်ရွက်သွားရန် ပြောကြားခဲ့ကြောင်း သိရသည်။