အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ပါရီမသန်စွမ်းအိုလံပစ်အားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် ပြေးခုန်ပစ်အားကစားသမား စိုးပေ ပြင်သစ်နိုင်ငံသို့ထွက်ခွာ

ရန်ကုန် ၊ သြဂုတ် ၂၁ရက်။

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့၌ ၂၀၂၄ ခုနှစ်၊ သြဂုတ် ၂၈ ရက်မှ စက်တင်ဘာ ၈ ရက်အထိ ကျင်းပမည့် ၂၀၂၄ နွေရာသီမသန်စွမ်းအိုလံပစ်အားကစားပြိုင်ပွဲ (Paris 2024 Paralympic Games) သို့ဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာနိုင်ငံမသန်စွမ်းသူများအားကစားအဖွဲ့ချုပ်မှ ပြေးခုန်ပစ်အားကစားသမား စိုးပေနှင့် အုပ်ချုပ်သူ ဦးမင်းနိုင်ဦး၊ နည်းပြ ဒေါက်တာ ထက်ဇေယျာ တို့သည် ယနေ့မွန်းလွဲပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှထွက်ခွာသွားရာ မြန်မာနိုင်ငံမသန်စွမ်းသူများ အားကစားအဖွဲ့ချုပ်ဥက္ကဌဗိုလ်ချုပ်လှမိုး၊ အတွင်းရေးမှူးနှင့်အမှုဆောင်များ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များပို့ဆောင်နှုတ်ဆက်ခဲ့ကြသည်။

အဆိုပါပြိုင်ပွဲတွင် စိုးပေသည်အမျိုးသား မီတာ ၁၀၀ နှင့် မီတာ ၂၀၀ ပြိုင်ပွဲဆေးအဆင့် (T64) (ဒူးအောက်တစ်ဖက်) ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး စိုးပေအနေဖြင့် ပြီးခဲ့သည့်လေးနှစ်တာ ကာလအတွင်း နိုင်ငံတကာပြိုင်ပွဲများတွင် ရွှေတံဆိပ်သုံးခု၊ ငွေတံဆိပ်တစ်ခုနှင့် ကြေးတံဆိပ်ငါးခု စုစုပေါင်းဆုတံဆိပ်ကိုးခုရရှိခဲ့သည့်အတွက် ကမ္ဘာ့မသန်စွမ်းပြေးခုန်ပစ်အဖွဲ့ချုပ်နှင့် ကမ္ဘာ့မသန်စွမ်းအားကစားအဖွဲ့ချုပ်တို့က ယခုနွေရာသီမသန်စွမ်းအိုလံပစ် အားကစားပြိုင်ပွဲကို ဝင်ရောက်ယှဥ်ပြိုင်ရန် ဖိတ်ကြားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။