အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၄ခုနှစ်၊ အာရှသက်ငယ်တန်း အားကစားပြိုင်ပွဲ(Asia Junior Exchange Games 2024) သို့ ဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာအားကစားအဖွဲ့ပြည်ပထွက်ခွာ

ရန်ကုန် ၊ ဩဂုတ် ၂၆ ရက်။

၂၀၂၄ခုနှစ်၊ ဩဂုတ် လ(၂၇)ရက်နေ့မှ စက်တင်ဘာလ(၂)ရက်နေ့အထိ ဂျပန်နိုင်ငံ၊တိုကျိုမြို့ တွင် ကျင်းပပြုလုပ်မည့် ၂၀၂၄ခုနှစ်၊ အာရှသက်ငယ်တန်း အားကစားပြိုင်ပွဲ(Asia Junior Exchange Games 2024) သို့ ဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာအားကစားအဖွဲ့ခေါင်းဆောင် အားကစားနှင့် လူငယ် ရေးရာဝန်ကြီးဌာန ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ၊ အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦး ၊ ဒုတိယအဖွဲ့ခေါင်းဆောင်နှင့် မြန်မာအားကစားအဖွဲ့တို့သည် ယနေ့ည (၇)နာရီ အချိန်၌ လေယာဉ်အမှတ် TG – 304 ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာရာ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ၊ ညွှန်ကြားရေးမှူးဦးကျော်မင်းသန်း ၊ မြန်မာနိုင်ငံကြက်တောင်အားကစား အဖွဲ့ချုပ်ဥက္ကဌဦး‌ အောင်ပိုင်နှင့် အဖွဲ့ချုပ်မှတာဝန်ရှိသူများ၊ မြန်မာနိုင်ငံစားပွဲတင်တင်းနစ်အဖွဲ့ချုပ်ဥက္ကဌ ဦးကျော်ကျော်နှင့်အဖွဲ့ချုပ်မှတာဝန်ရှိသူများ၊ မိဘဆွေမျိုးများက လိုက်လံပို့ဆောင်နှုတ် ဆက်ကြသည်။

အဆိုပါအားကစားအဖွဲ့တွင် မြန်မာနိုင်ငံ ကြက်တောင်အဖွဲ့ချုပ်မှ အုပ်ချုပ်သူအဖြစ် ဒုတိယ ဥက္ကဌ ဦးထွန်းထွန်းဦး နှင့် နည်းပြ(၁)ဦး၊ အားကစားသမား(၆)ဦး ၊ မြန်မာနိုင်ငံစားပွဲတင်တင်းနစ် အဖွဲ့ချုပ်မှ အုပ်ချုပ်သူအဖြစ် ဒုတိယဥက္ကဌ ဦးအောင်မြတ်ကျော် နှင့် နည်းပြ(၁)ဦး၊ အားကစား သမား(၆)ဦး၊ Para စားပွဲတင်တင်းနစ် မှ အုပ်ချုပ်သူ/နည်းပြ (၁)ဦး ၊ အားကစားသမား (၁)ဦး၊ စုစုပေါင်း (၂၀)ဦးတို့ လိုက်ပါသွားကြောင်းသိရှိရသည်။