အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

မြန်မာ့လက်ရွေးစင် ဝူရှူးအားကစားသမားများ၏ ဝူရှူး (ထောက်လု) Test Match ပြိုင်ပွဲ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး တက်ရောက်ကြည့်ရှုအားပေး

Loading

မြန်မာ့လက်ရွေးစင် ဝူရှူးအားကစားသမားများ၏ ဝူရှူး (ထောက်လု) Test Match ပြိုင်ပွဲ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး တက်ရောက်ကြည့်ရှုအားပေး နေပြည်တော်၊ ဧပြီ(၂၆)ရက်။ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးနှင့် တာဝန်ရှိသူများသည် ဗီယက်နမ်နိုင်ငံ၌ မေလ(၁၂)ရက်နေ့မှ (၂၃)ရက်နေ့အထိ ကျင်းပပြုလုပ်မည့် (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင် ဝူရှူးအားကစားသမားများ၏ ဝူရှူး (ထောက်လု) Test Match ပြိုင်ပွဲအား ယနေ့နံနက်(၁၀)နာရီအချိန်တွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း ဖူဆယ်အားကစားရုံ၌ ကျင်းပပြုလုပ်နေမှုကို တက်ရောက်ကြည့်ရှုအားပေးခဲ့ပါသည်။ ထို့နောက် ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများသည် ဝူရှူး (ထောက်လု) အားကစားနည်းမှ ထိုက်ချိချွမ်လက်ရွေးစင်အားကစားသမား မောင်ခန့်မင်းထက်နှင့် မမြတ်နိုးဝေ၊ သောင်းစုလက်ရွေးစင် အားကစားသမား မအေးသစ္စာမြင့်၊ ကျန့်စုလက်ရွေးစင်အားကစားသမား မစန္ဒီဦးနှင့် နန်းသောင်း လက်ရွေးစင်အားကစားသမား မောင်သိန်းသန်းဦးတို့၏ တစ်ဦးချင်းပြိုင်ပွဲပုံစံ […]

အာဆီယံ ကိုယ်ကာယကြံ့ခိုင်မှုညွှန်းကိန်းများ (ASEAN Physical Fitness Indicators-APFI Data) ကောက်ယူခြင်း အစည်းအဝေးကျင်းပ၊ အားကစားနှင့်ကာယပညာဦးစီး ဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးတက်ရောက်

Loading

အာဆီယံ ကိုယ်ကာယကြံ့ခိုင်မှုညွှန်းကိန်းများ (ASEAN Physical Fitness Indicators-APFI Data) ကောက်ယူခြင်း အစည်းအဝေးကျင်းပ၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးတက်ရောက် နေပြည်တော်၊ ဧပြီ(၂၂)ရက်။ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး ဦးဆောင်၍ အာဆီယံ ကိုယ်ကာယကြံ့ခိုင်မှုညွှန်းကိန်းများ (ASEAN Physical Fitness Indicators-APFI Data) ကောက်ယူခြင်း အစည်းအဝေးကို နေပြည်တော်ဝဏ္ဏသိဒ္ဓိအားကစားကွင်း အစည်းအဝေးခန်းမ၌ Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ သက်ဆိုင်ရာဌာနခွဲ ညွှန်ကြားရေးမှူးများနှင့် ပြည်နယ်နှင့်တိုင်းဒေသကြီးမှ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ ခရိုင်လက်ထောက် ညွှန်ကြားရေးမှူးများနှင့် ကိုယ်ကာယကြံ့ခိုင်မှု စစ်ဆေးဆောင်ရွက်မည့် တာဝန်ခံများ တက်ရောက်ခဲ့ကြပါသည်။ ရှေးဦးစွာ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးမှ အဖွင့်အမှာစကားပြောကြားရာတွင် အားကစားနှင့် လူငယ်ရေးရာဝန်ကြီး ဌာန၏ Vision (မျှော်မှန်းချက်) […]

(၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် စခန်းသွင်းလေ့ကျင့်လျက်ရှိသော အားကစားအဖွဲ့များ၏ စီမံအုပ်ချုပ်မှုနှင့် နည်းစနစ်ပိုင်းဆိုင်ရာအစည်းအဝေးကျင်းပ

Loading

(၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် စခန်းသွင်းလေ့ကျင့်လျက်ရှိသော အားကစားအဖွဲ့များ၏ စီမံအုပ်ချုပ်မှုနှင့် နည်းစနစ်ပိုင်းဆိုင်ရာအစည်းအဝေးကျင်းပ နေပြည်တော်၊ ဧပြီ(၂၁)ရက်။ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးမှကြီးမှူး၍ (၃၁)ကြိမ် မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် နေပြည်တော် အားကစား လေ့ကျင့်ရေးစခန်းနှင့် ရန်ကုန်မြို့ရှိ သက် ဆိုင်ရာ အားကစားအဖွဲ့ချုပ်များတွင် စခန်းသွင်းလေ့ကျင့်လျက်ရှိသော အားကစားအဖွဲ့များ၏ တာဝန်ခံ အုပ်ချုပ်/နည်းပြများနှင့် အားကစားနည်းအလိုက် စီမံအုပ်ချုပ်မှုနှင့် နည်းစနစ်ပိုင်းဆိုင်ရာ အစည်းအဝေးကို ယနေ့ မွန်းလွဲ (၁)နာရီအချိန်တွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း (Gold Camp) ရှိ (Multipurpose Hall)၌ ကျင်းပပြုလုပ်ခဲ့ရာ ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ (၁) ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင်၊ ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၂) ညွှန်ကြားရေးမှူး ဦးကျော်ဇင်မိုးနှင့် သက်ဆိုင်ရာ အားကစားနည်းအလိုက် အုပ်ချုပ်/နည်းပြများ တက်ရောက်ခဲ့ကြပါသည်။ ရှေးဦးစွာ ဒုတိယညွှန်ကြားရေးမှူးချုပ် […]

အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ပြည်နယ်/တိုင်းဒေသကြီးများနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေး တက်ရောက်

Loading

အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ပြည်နယ်/တိုင်းဒေသကြီးများနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေး တက်ရောက် နေပြည်တော်၊ ဧပြီ(၂၀)ရက်။ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပြည်နယ်/တိုင်းဒေသကြီးများနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နေ့လည် (၁)နာရီအချိန်တွင် Video Conferencing စနစ်ဖြင့် နေပြည်တော်၊ ရုံးအမှတ်(၃၁) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသော ဦးကျော်ဦးနှင့် ဦးကျော်ဆန်းဦး၊ သက်ဆိုင်ရာဌာနခွဲများမှ ညွှန်ကြားရေးမှူးများနှင့် ပြည်နယ်/တိုင်းဒေသကြီးများမှ ညွှန်ကြားရေးမှူးများ တက်ရောက်ခဲ့ကြပါသည်။ ရှေးဦးစွာ ညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာစကားပြောကြားရာတွင် ပြည်နယ်နှင့်တိုင်း ဒေသကြီးများတွင် ဒေသအလိုက် လေ့ကျင့်ရေးစခန်းများ ဖွင့်လှစ်နိုင်ရေး ကိစ္စရပ်များနှင့် ပတ်သက်ပြီး အိုလံပစ်အားကစားနည်းများဖြစ်သော ပြေးခုန်ပစ်၊ အလေးမ၊ လက်ဝှေ့၊ စက်ဘီးအားကစားနည်းများနှင့် ဒေသအလိုက်ဖြစ်နိုင်ချေရှိသော အားကစားနည်းများအား ဖွင့်လှစ်ရန်လျာထားသည့် ပြည်နယ်နှင့်တိုင်းဒေသကြီးအလိုက် ဆောင်ရွက်နိုင်မှုအခြေအနေများ၊ ပြည်နယ်နှင့်တိုင်းဒေသကြီး […]

အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး အားကစားနှင့် ကာယပညာသိပ္ပံကျောင်းများ ကျောင်းဖွင့်ချိန်အမှီ လိုအပ်သည်များ ပြင်ဆင်ထားရှိရေး ပေါင်းစပ်ညှိနှိုင်းအစည်းအဝေး တက်ရောက်

Loading

အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး အားကစားနှင့် ကာယပညာသိပ္ပံကျောင်းများ ကျောင်းဖွင့်ချိန်အမှီ လိုအပ်သည်များ ပြင်ဆင်ထားရှိရေး ပေါင်းစပ်ညှိနှိုင်းအစည်းအဝေး တက်ရောက် နေပြည်တော်၊ ဧပြီ (၆)ရက်။ အားကစားနှင့်ကာယပညာသိပ္ပံကျောင်းများ၏ သင်တန်းသားရွေးချယ်ခြင်း၊ နည်းပြရွေးချယ်ခြင်း၊ ကျောင်းဖွင့်ချိန်အမှီ လိုအပ်သည်များ ပြင်ဆင်ထားရှိရေး ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၉:၃၀)နာရီ အချိန်တွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ရုံးအမှတ်(၃၁)အစည်းအဝေးခန်းမ၌ Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ဒုတိယညွှန်ကြားရေးမှူး ချုပ် များ ဖြစ်ကြသော ဦးကျော်ဦး၊ ဦးကျော်ဆန်းဦးနှင့် သက်ဆိုင်ရာဌာနခွဲများမှ ညွှန်ကြားရေးမှူးများနှင့် အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ တောင်ကြီး၊ လွိုင်ကော်၊ မုံရွာ၊ စစ်တွေ)ကျောင်းများမှ ကျောင်းအုပ်ကြီးများ တက်ရောက်ခဲ့ကြပါသည်။ ရှေးဦးစွာ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးမှ အဖွင့်အမှာစကားပြောကြားရာတွင် သိပ္ပံ […]

အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ် ဦးထွန်းမြင့်ဦး လူငယ်အားကစားလေ့ကျင့်ရေးစခန်းတွင် စခန်းဝင် လေ့ကျင့်လျက်ရှိသော အားကစားသမားများအား လိုက်လံ ကြည့်ရှု အားပေးစကားပြောကြား

Loading

အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး လူငယ်အားကစားလေ့ကျင့်ရေးစခန်းတွင် စခန်းဝင် လေ့ကျင့်လျက်ရှိသော အားကစားသမားများအား လိုက်လံကြည့်ရှု အားပေးစကားပြောကြား နေပြည်တော် ၊ ဧပြီလ (၃)ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး ဦးဆောင် ၍ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့ နံနက်ပိုင်း၌ (၃၂)ကြိမ်မြောက် SEA Games ပြိုင်ပွဲနှင့် အခြားနိုင်ငံတကာပြိုင်ပွဲများတွင် အောင်မြင်မှုရရှိစေရန် ရည်ရွယ်၍၂၀၂၂ ခုနှစ် ဇန်နဝါရီလမှစတင်ကာ လူငယ်အားကစားလေ့ကျင့်ရေးစခန်းကို ဖွင့်လှစ်လေ့ကျင့်ပေးလျက်ရှိပြီး အားကစားသမားများလေ့ကျင့်မှု ကာလ (၃) လအတွင်း ခန္ဓာကိုယ်ကြံ့ခိုင်မှုနှင့် နည်းစနစ်ပိုင်းတိုးတက်မှုဆန်းစစ်ချက် စစ်ဆေးမှုများပြုလုပ်လျက်ရှိသည့် အားကစားကွင်း/အားကစားရုံများသို့ လိုက်လံကြည့်ရှုအားပေးခဲ့ပြီးနောက် အားကစားသမားများအနေဖြင့်လာမည့် နိုင်ငံတကာပြိုင်ပွဲများ ဝင်ရောက်ယှဥ်ပြိုင်ရန်အတွက် ယခုအချိန်ကတည်းက နည်းစနစ်မှန်မှန် ၊ ပြင်းပြင်းထန်ထန် ၊ထိထိရောက်ရောက်ကြိုးစား လေ့ ကျင့်ကြရန်လိုကြောင်း၊ ကိုဗစ်-၁၉ […]

မီးဘေးလုံခြုံရေးနှင့်ပတ်သက်သည့် အသိပညာပေးဟောပြော ပွဲနှင့် သရုပ်ပြပွဲအခမ်းအနား၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး တက်ရောက်

Loading

မီးဘေးလုံခြုံရေးနှင့်ပတ်သက်သည့် အသိပညာပေးဟောပြောပွဲနှင့် သရုပ်ပြပွဲအခမ်းအနား၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး တက်ရောက် နေပြည်တော်၊ မတ်(၂၉)။ မီးဘေးလုံခြုံရေးနှင့်ပတ်သက်သည့် အသိပညာပေးဟောပြောပွဲနှင့် သရုပ်ပြပွဲအခမ်းအနားကို ယနေ့နံနက်(၉:၃၀)နာရီအချိန်တွင် ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ရေး စည်းမျဉ်းစည်းကမ်းများနှင့်အညီ ကျင်းပပြုလုပ်ခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် များ ဖြစ်ကြသောဦးကျော်ဦး၊ ဦးကျော်ဆန်းဦးနှင့်ဌာနခွဲအလိုက်ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူး များနှင့် ဝန်ထမ်းများ၊ ဒက္ခိဏခရိုင် မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး  ဦးဟိန်းမင်းထိုက်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။ ရှေးဦးစွာ ဒက္ခိဏခရိုင် မီးသတ်ဦးစီးမှူး ဦးဟိန်းမင်းထိုက်မှ မီးသတ်တပ်ဖွဲ့ စတင်ပေါ်ပေါက် လာသည့်သမိုင်းကြောင်း၊ မီး လောင်ရသည့်အကြောင်းအရင်းနှင့် မီးဘေးအန္တရာယ်ကြုံတွေ့ပါက ပြုလုပ်သင့်သည့် အချက်များနှင့် ပတ်သက်ပြီး (Class-A) ရေနှင့်ငြိမ်းသတ်လို့ရသည့် ထင်းမီး၊ မီးဖိုမီး […]

အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ချုပ် ဦးကျော်ဦး လူငယ်အားကစားလေ့ကျင့်ရေးစခန်း (Youth Camp) တာဝန်ခံ/နည်းပြများနှင့် တွေ့ဆုံ

Loading

အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး လူငယ်အားကစားလေ့ကျင့်ရေးစခန်း (Youth Camp) တာဝန်ခံ/နည်းပြများနှင့် တွေ့ဆုံ နေပြည်တော်၊ မတ် (၁၇) ။ နေပြည်တော် လူငယ်အားကစားလေ့ကျင့်ရေးစခန်း (Youth Camp) ရှိ တာဝန်ခံ/နည်းပြများ နှင့် အားကစားနည်းအလိုက် စီမံအုပ်ချုပ်မှုနှင့် နည်းစနစ်ပိုင်းဆိုင်ရာ အစည်းအဝေးကို ယနေ့မွန်းလွဲ ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ အားကစားနှင့်ကာယ ပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ (၂) ညွှန်ကြားရေးမှူး ဦးကျော်ဇင်မိုး၊ အားကစားနည်း အလိုက် တာဝန်ခံ/နည်းပြများနှင့် တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြပါသည်။ ရှေးဦးစွာ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးမှ အဖွင့်အမှာစကားပြောကြားရာတွင် အားကစားနည်းအလိုက် တာဝန်ခံ/နည်းပြများအနေဖြင့် စည်းစည်းလုံးလုံး ချစ်ချစ်ခင်ခင် ညီညီ ညွတ်ညွတ်ဖြင့် လုပ်ငန်းတာဝန်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊  Training Programme များကို အဖွဲ့ချုပ်မှ […]

(၃၁) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် အားကစားနည်းအလိုက် စီမံအုပ်ချုပ်မှု/ နည်းစနစ်ပိုင်းဆိုင်ရာ အစည်းအဝေးအား အားက စားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး တက်ရောက်

Loading

(၃၁) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် အားကစားနည်းအလိုက် စီမံအုပ်ချုပ်မှု/ နည်းစနစ်ပိုင်းဆိုင်ရာ အစည်းအဝေးအား အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး တက်ရောက် နေပြည်တော်၊ မတ် (၁၇) ။ (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် နေပြည်တော်နှင့် ရန်ကုန်တို့တွင် စခန်းသွင်းလေ့ကျင့်လျက်ရှိသော အားကစားအဖွဲ့များ၏ တာဝန်ခံ အုပ်ချုပ်သူ၊ နည်းပြများနှင့် အားကစားနည်းအလိုက် စီမံအုပ်ချုပ်မှုနှင့် နည်းစနစ်ပိုင်းဆိုင်ရာ အစည်းအဝေး (Administerial & Technical Meeting)ကို ယနေ့ နေ့လည်(၁)နာရီ အချိန်တွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း (Gold Camp) ရှိ Multi-purpose Hall ၌ ကျင်းပပြုလုပ်ခဲ့ရာ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၂) ညွှန်ကြားရေးမှူး ဦးကျော်ဇင်မိုး၊ အားကစားဆေးဘက် ဆိုင်ရာဌာနခွဲ ညွှန်ကြားရေးမှူး […]

ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့၌ ကျင်းပပြုလုပ်မည့် ဒုတိယအကြိမ် Chef De Mission Meeting သို့ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး တက်ရောက်

Loading

ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့၌ ကျင်းပပြုလုပ်မည့် ဒုတိယအကြိမ် Chef De Mission Meeting သို့ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး တက်ရောက် နေပြည်တော်၊ မတ်(၁၆) ။ ၂၀၂၂ ခုနှစ်၊ မေလ(၁၂)ရက်နေ့မှ (၂၃)ရက်နေ့အထိ ဗီယက်နမ်နိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပပြုလုပ်မည့် (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲနှင့် စပ်လျဉ်း၍ ဒုတိယအကြိမ် Chef De Mission Meeting  အား ၂၀၂၂ ခုနှစ်၊ မတ်လ(၁၈)ရက်နေ့ နှင့် (၁၉)ရက် နေ့တို့တွင် ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့် ယှဉ်ပြိုင်ရေးနှင့် လေ့ကျင့်ရေးဌာနခွဲ(၁) ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင်တို့သည် ယနေ့နံနက် မြန်မာစံတော်ချိန် (၁၀:၂၅)နာရီအချိန်၌ စင်္ကာပူ လေကြောင်းလိုင်း […]