အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ဦးနေဝင်းမှ ဝန်ထမ်းများလုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းအမှတ်စဉ်(၂/၂၀၂၂) သင်တန်းဆင်းပွဲအခမ်းအနားတက်ရောက်

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးနေဝင်းမှ ဝန်ထမ်းများလုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းအမှတ်စဉ် (၂/၂၀၂၂)သင်တန်းဆင်းပွဲအခမ်းအနားတက်ရောက် နေပြည်တော်၊ နိုဝင်ဘာ (၂၈)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာနမှ ဖွင့်လှစ်သည့် ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း အမှတ်စဉ်(၂/၂၀၂၂) သင်တန်းဆင်းပွဲ အခမ်းအနားအား ယနေ့ မွန်းလွဲ(၃:၃၀)နာရီတွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လူငယ်ရေးရာဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ ဦးစွာ လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးနေဝင်းက သင်တန်းဆင်းအမှာစကား ပြောကြားရာတွင် ဝန်ထမ်းများ တစ်ဦးချင်းလုပ်ငန်းစွမ်းဆောင်ရည် မြင့်မားစေရန် သာမက မိမိတို့ဦးစီးဌာန၏ မူဝါဒရည်မှန်းချက်များပြည့်မီစေရေး အကောင်အထည်ဖော် ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များ အောင်မြင်အောင် ဆောင်ရွက်ရာတွင် ဝန်ထမ်းစည်းမျဉ်း/ စည်းကမ်းများ၊ ဘဏ္ဍာရေး စည်းမျဉ်း/စည်းကမ်းများနှင့် ရုံးလုပ်ငန်းများကို အချိန်တိုအတွင်း ပိုမိုသိရှိ နားလည်ပြီး ကျွမ်းကျင်စွာ ဆောင်ရွက်နိုင်စေရန်အတွက် ရည်ရွယ်၍ ယခုသင်တန်းအား ဖွင့်လှစ်သင်ကြား ပေးရခြင်းဖြစ်ပါကြောင်း၊ လူငယ်ရေးရာဦးစီးဌာန၏ဆောင်ပုဒ်ဖြစ်သည့် […]
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့်ဝန်ထမ်းများတွေ့ဆုံဆန္ဒထုတ်ဖော်ပွဲအခမ်းအနားကျင်းပ

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့်ဝန်ထမ်းများတွေ့ဆုံဆန္ဒထုတ်ဖော်ပွဲအခမ်းအနားကျင်းပ နေပြည်တော်၊ နိုဝင်ဘာ(၂၅)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့် ဝန်ထမ်းများ တွေ့ဆုံဆန္ဒထုတ်ဖော်ပွဲအခမ်းအနားကိုယနေ့နံနက်(၀၉:၀၀)နာရီတွင် ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ကျင်းပသည်။ တွေ့ဆုံပွဲသို့ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းဦး၊ ဌာနခွဲများမှ ညွှန်ကြားရေးမှူးများနှင့် အရာထမ်း/အမှုထမ်းများတက်ရောက်ကြသည်။ ဦးစွာ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးက အဖွင့်အမှာစကားပြောကြားရာတွင် ယခင်ဝန်ကြီးဌာနလက်ထက်များတွင် ဝန်ထမ်းများ ဆန္ဒထုတ်ဖော်ပွဲအခမ်းအနားများကို ပုံမှန်ဆောင်ရွက်ခဲ့သော်လည်း ကိုဗစ်-၁၉ ရောဂါအခြေအနေများကြောင့် ယခုနောက်ပိုင်းတွင် ကျင်းပပြုလုပ်နိုင်ခဲ့ခြင်းမရှိပါကြောင်း၊ ဝန်ထမ်းများ၏ လိုအပ်ချက်များနှင့်အခက်အခဲများကိုသက်ဆိုင်ရာတာဝန်ခံ ညွှန်ကြားရေးမှူးများမှတစ်ဆင့် စာဖြင့်ဖြစ်စေ၊ လူကိုယ်တိုင်ဖြစ်စေတင်ပြလာခဲ့ခြင်းအပေါ် ကူညီဖြေရှင်းဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ဝန်ထမ်းများ၏ ရာထူးတိုးမြှင့်ခန့်ထားရေးကိစ္စကိုတစ်နှစ်လျှင်(၂)ကြိမ်နှင့် ပြောင်းရွှေ့နေရာချထားရေးကိစ္စများကိုတစ်နှစ်လျှင် (၃)ကြိမ် သတ်မှတ်ပြီးဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် ရုံးလုပ်ငန်းကိစ္စများနှင့်ပတ်သက်သည့် စာရွက်စာတမ်းများကို ပြင်ပသို့ ပေါက်ကြားမှုမရှိစေရန်အတွက် လူမှုကွန်ယက်စာမျက်နှာများပေါ်သို့ တင်ပြခြင်းများမပြုလုပ်ကြရန်လိုကြောင်း၊ ဝန်ထမ်းများမှ ခွင့်တောင်းခံခြင်းကိစ္စများ၊ လုံခြုံရေးကိစ္စများနှင့် […]
တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် ပူးတွဲလေ့ကျင့်မှု (Joint Training)ပြုလုပ်ရန် မြန်မာအားကစားအဖွဲ့ (ဒုတိယအသုတ်) ပြည်ပထွက်ခွာ

တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် ပူးတွဲလေ့ကျင့်မှု (Joint Training)ပြုလုပ်ရန် မြန်မာအားကစားအဖွဲ့ (ဒုတိယအသုတ်) ပြည်ပထွက်ခွာ ရန်ကုန်၊ နိုဝင်ဘာလ(၁၆)ရက်။ မြန်မာ-တရုတ် နှစ်နိုင်ငံအားကစားပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ချန်ဆားမြို့၌ ပူးတွဲလေ့ကျင့်မှုပြုလုပ်ရန် ဒုတိယအသုတ်အနေဖြင့် ထွက်ခွာမည့် မြန်မာဝူရှူးအားကစားအဖွဲ့အား အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး သည် နှုတ်ဆက်အမှာစကားပြောကြားရာ၌ မိမိကျန်းမာရေးအား အထူးဂရုစိုက်စေရန်၊ အားကစားသမားအချင်းချင်း ညီအစ်ကိုမောင်နှမအရင်းအခြာအတိုင်း စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နှင့် စိတ်ဝမ်းမကွဲစေဘဲနေထိုင်ကြစေရန်၊ ပူးတွဲလေ့ကျင့်သည့် ပညာရပ်များအား နောင်လာမည့် မျိုးဆက်သစ်များအား မွေးထုတ်ပေးနိုင်ရန်အတွက် အစွမ်းကုန်လေ့လာသင်ယူစေပြီး၊ SEA Games တွင်လည်းအောင်မြင်မှုရရှိစေရန်နှင့် အရေးပေါ် အခက်အခဲကိစ္စရပ်များရှိပါက အသင်းအုပ်ချုပ်သူနှင့် တာဝန်ရှိသူများအား အဆင့်ဆင့် တင်ပြသတင်းပို့ရန် ပြောကြားခဲ့ပါသည်။ ဆက်လက်၍ မြန်မာနိုင်ငံဝူရှူးအဖွဲ့ချုပ် ဥက္ကဋ္ဌကလည်း အားကစားသမားများအား လိုအပ်ချက်များမှာကြား၍ တစ်ဦးလျှင် အမေရိကန်ဒေါ်လာ […]
တရုတ်ပြည်သူ့ သမ္မတနိုင်ငံတွင် ပူးတွဲလေ့ကျင့်မှုပြုရန် မြန်မာအားကစားအဖွဲ့ ပထမအသုတ် ပြည်ပထွက်ခွာ

တရုတ်ပြည်သူ့ သမ္မတနိုင်ငံတွင် ပူးတွဲလေ့ကျင့်မှုပြုရန် မြန်မာအားကစားအဖွဲ့ ပထမအသုတ် ပြည်ပထွက်ခွာ ရန်ကုန်၊နိုဝင်ဘာလ(၁၄)ရက်။ မြန်မာ-တရုတ် နှစ်နိုင်ငံအားကစားပူးပေါင်းဆောင်ရွက်ရေးအစီအစဉ်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကူမင်းမြို့နှင့် ချန်ဆားမြို့တို့တွင် ၂၀.၁၀.၂၀၂၂ ရက်နေ့မှ ၂၅.၁.၂၀၂၃ ရက်နေ့အထိ ပူးတွဲလေ့ကျင့်မှုပြုရန်အတွက် ပြေးခုန်ပစ်အားကစားနည်းမှ အားကစားအဖွဲ့(၂၅)ဦး၊ လက်ဝှေ့အားကစားနည်းမှ အားကစားအဖွဲ့(၂၁)ဦး၊ ဘော်လီဘောအားကစားနည်းမှ အားကစားအဖွဲ့ (အမျိုးသား/အမျိုးသမီး)(၃၈)ဦးနှင့် ဝူရှူးအားကစားနည်းမှ အားကစားအဖွဲ့ (၁၇)ဦး စုစုပေါင်း အားကစားအဖွဲ့ဝင် (၁၀၁)ဦး သွားရောက်မည်ဖြစ်ပါသည်။ ပူးတွဲလေ့ကျင့်မှုပြုရန် သွားရောက်မည့် မြန်မာအားကစားအဖွဲ့များအနက်မှ ပထမအသုတ်အနေဖြင့် နည်းပြချုပ် ဦးလွှမ်းမိုး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန အားကစားမှူး ဒေါ်စုမြတ်မွန်တို့နှင့်အတူ နည်းပြ(၃)ဦး၊ အမျိုးသားအားကစားသမား(၁၈)ဦး၊ အမျိုးသမီးအားကစားသမား (၁၅)ဦး စုစုပေါင်း(၃၈)ဦးတို့ပါဝင်သည့် မြန်မာဘော်လီဘောအားကစားအဖွဲ့သည် ယနေ့နံနက်(၁၁) နာရီအချိန်တွင် လေယာဉ်အမှတ် UB 805 ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာသွားရာအားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ […]
အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးမှ နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်းရှိ တိုက်တာဝန်ခံများနှင့် တွေ့ဆုံညှိနှိုင်းအစည်းအဝေးကျင်းပ

အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးမှ နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်းရှိ တိုက်တာဝန်ခံများနှင့် တွေ့ဆုံညှိနှိုင်းအစည်းအဝေးကျင်းပ နေပြည်တော်၊ နိုဝင်ဘာ(၁)။ နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း(Gold Camp) အိမ်ရာ/အဆောင်များ ကြီးကြပ်ကွပ်ကဲရေးကော်မတီဥက္ကဋ္ဌ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးမှ Cluster အလိုက် Buildings တစ်ခုချင်းစီ၏ တိုက်တာဝန်ခံများနှင့် တွေ့ဆုံညှိနှိုင်းအစည်းအဝေးအား ယနေ့နံနက်(၉:၃၀)နာရီတွင် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း(Gold Camp)ရှိ Multipurpose Hall ၌ ကျင်းပပြုလုပ်ခဲ့ရာ စီမံ/ဘဏ္ဍာဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးစန်းချို၊ ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၂)မှ ညွှန်ကြားရေးမှူး ဦးကျော်ဇင်မိုး၊ ဒုတိယညွှန်ကြားရေးမှူးများ၊ တိုက်တာဝန်ခံများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။ ဦးစွာ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးက(Gold Camp)အတွင်း နေထိုင်လျက်ရှိသော ဝန်ထမ်းများမှ ဂိတ်လုံခြုံရေးကို ပေါင်းစပ်ကူညီဆောင်ရွက်ပေးရန် လိုကြောင်း၊ မိမိတို့အဆောင်လုံခြုံရေးကို အဆောင်တွင်နေထိုင်သူအားလုံး၌ တာဝန်ရှိကြောင်းနှင့် အဆောင်သို့ ပြင်ပဧည့်သည်များလာရောက်ပါက သက်ဆိုင်ရာတာဝန်ရှိသူများထံ အချိန်နှင့်တစ်ပြေးညီ […]
အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးမှ အားကစားအဖွဲ့တာဝန်ခံများနှင့် စီမံအုပ်ချုပ်မှုနှင့် နည်းစနစ်ပိုင်းဆိုင်ရာ အစည်းအဝေးကျင်းပ

အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးမှ အားကစားအဖွဲ့တာဝန်ခံများနှင့် စီမံအုပ်ချုပ်မှုနှင့် နည်းစနစ်ပိုင်းဆိုင်ရာ အစည်းအဝေးကျင်းပ နေပြည်တော်၊ အောက်တိုဘာ(၂၈)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးမှ ကြီးမှူး၍ (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစား ပြိုင်ပွဲနှင့် နိုင်ငံတကာအားကစားပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် စခန်းဝင် လေ့ကျင့်လျက် ရှိသော အားကစားအဖွဲ့များ၏ တာဝန်ခံ၊ အုပ်ချုပ်/နည်းပြများနှင့် အားကစားနည်းအလိုက် စီမံ အုပ်ချုပ်မှုနှင့် နည်းစနစ်ပိုင်းဆိုင်ရာအစည်းအဝေး(Administerial and Technical Meeting)အား ယနေ့ နေ့လယ်(၁:၀၀)နာရီတွင် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း(Gold Camp)ရှိ Multi-purpose Hall ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။၊ ဦးစွာ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးက အဖွင့်အမှာစကားပြောကြားရာတွင် ကမ္ဘောဒီးယားနိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပပြုလုပ်မည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မြန်မာအားကစားအဖွဲ့များ (ရွှေ၊ ငွေ၊ ကြေး) […]
(၁၃)ကြိမ်မြောက် အာဆီယံ အားကစားဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများတက်ရောက်ရန် ညွှန်ကြားရေးမှူးချုပ်နှင့်အဖွဲ့ ထိုင်းနိုင်ငံသို့ ထွက်ခွာ

(၁၃)ကြိမ်မြောက် အာဆီယံ အားကစားဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများတက်ရောက်ရန် ညွှန်ကြားရေးမှူးချုပ်နှင့်အဖွဲ့ ထိုင်းနိုင်ငံသို့ ထွက်ခွာ ရန်ကုန်၊ အောက်တိုဘာလ(၂၅) ရက်။ ထိုင်းနိုင်ငံ၊ ဖူးခတ်မြို့တွင် ၂၆.၁၀.၂၀၂၂ ရက်နေ့မှ ၂၈.၁၀.၂၀၂၂ ရက်နေ့အထိ ကျင်းပပြုလုပ်မည့် (၁၃)ကြိမ်မြောက်အာဆီယံ အားကစားဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ(13th ASEAN Senior Officials Meeting On Sports (SOMS- 13) and Related Meetings ) သို့ တက်ရောက်ရန် အတွက် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့် ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁) မှ ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင်တို့သည် ယနေ့နံနက်(၁၁)နာရီခွဲ အချိန်တွင် လေယာဉ်အမှတ် WE 302 ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ […]
နေပြည်တော်ဝဏ္ဏသိဒ္ဓိအားကစားကွင်း Social Zone ရှိ မြန်မာ့အားကစားလှုပ်ရှားမှုများ ပြခန်းသို့ မြန်မာနိုင်ငံရေကူးအဖွဲ့ချုပ်ဥက္ကဋ္ဌ(ဟောင်း)၊ မြန်မာ့လက်ရွေးစင် ရေကူးအားကစားသမားဟောင်း ဦးနန္ဒကျော်စွာနှင့်အဖွဲ့လာရောက်လေ့လာ

နေပြည်တော်ဝဏ္ဏသိဒ္ဓိအားကစားကွင်း Social Zone ရှိ မြန်မာ့အားကစားလှုပ်ရှားမှုများပြခန်းသို့ မြန်မာနိုင်ငံရေကူးအဖွဲ့ချုပ်ဥက္ကဋ္ဌ(ဟောင်း)၊ မြန်မာ့လက်ရွေးစင် ရေကူးအားကစားသမားဟောင်း ဦးနန္ဒကျော်စွာနှင့်အဖွဲ့လာရောက်လေ့လာ နေပြည်တော်၊ အောက်တိုဘာ(၁၉)။ နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ မြန်မာ့အားကစားလှုပ်ရှားမှုများပြခန်းသို့ ယနေ့မွန်းလွဲ (၁:၃၀)နာရီအချိန်တွင် မြန်မာ့လက်ရွေးစင်အားကစားသမားဟောင်းကြီးများဖြစ်ကြသော ဦးနန္ဒကျော်စွာ၊ ဦးမြင့်အောင်နှင့် ဒေါ်ချိုချိုတင်တို့ လာရောက် လေ့လာကြည့်ရှုခဲ့ကြပါသည်။ ရှေးဦးစွာ မြန်မာနိုင်ငံရေကူးအဖွဲ့ချုပ်ဥက္ကဋ္ဌ(ဟောင်း)၊ မြန်မာ့လက်ရွေးစင်ရေကူးအားကစားသမားဟောင်း ဦးနန္ဒကျော်စွာနှင့်အဖွဲ့သည် မြန်မာ့အားစားလှုပ်ရှားမှုများပြခန်းအတွင်းရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရလက်ထက် မြန်မာ့အားကစားလှုပ်ရှားမှုများ ပြခန်းအားလည်းကောင်း၊ မြန်မာ့ အားကစားမော်ကွန်းခန်းမအတွင်း မှတ်တမ်းတင်ထားရှိထားသော နိုင်ငံ့ဂုဏ်ဆောင် မြန်မာ့လက်ရွေးစင် အားကစားသမားများ၏ ပုံတူရုပ်တုများအား လေ့လာကြည့်ရှုနေစဉ် လူထုအားကစားနှင့်ပညာပေးဌာနခွဲမှ တာဝန်ခံ ညွှန်ကြားရေးမှူး ဦးဌေးအောင်မှ လိုက်လံရှင်းလင်းဖြေကြားခဲ့ကြောင်း သတင်းရရှိပါသည်။
၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး U-16(အမျိုးသား) ဘောလုံးပြိုင်ပွဲအောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရန် လူတွေ့စစ်ဆေးခြင်း၊ ပွဲစဉ်ဇယားရေးဆွဲခြင်းနှင့် အသင်းအုပ်ချုပ်သူများ ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ

၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး U-16(အမျိုးသား) ဘောလုံးပြိုင်ပွဲအောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရန် လူတွေ့စစ်ဆေးခြင်း၊ ပွဲစဉ်ဇယားရေးဆွဲခြင်းနှင့် အသင်းအုပ်ချုပ်သူများ ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ နေပြည်တော်၊ အောက်တိုဘာ(၁၈)။ ၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး U-16(အမျိုးသား)ဘောလုံးပြိုင်ပွဲအောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရန် လူတွေ့စစ်ဆေးခြင်း၊ ပွဲစဉ်ဇယားရေးဆွဲခြင်းနှင့် အသင်းအုပ်ချုပ်သူများ ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀:၀၀)နာရီအချိန်တွင် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)ရှိ Multipurpose Hall ၌ ကျင်းပပြုလုပ်ခဲ့ရာ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး တက်ရောက်အမှာ စကားပြောကြားခဲ့ပါသည်။ ဦးစွာ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးမှ အဖွင့်အမှာစကားပြောကြားရာတွင် ပြည်ထောင်စုဖွားတိုင်းရင်းသားလူမျိုးများ အချင်းချင်း ချစ်ကြည်ရင်းနှီးမှုရရှိစေရေး၊ ကျန်းမာကြံ့ခိုင်သော လူငယ်/လူရွယ်များပေါ်ထွက်လာစေရေး၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးမှ မျိုးဆက်သစ် လူငယ်ဘောလုံးအားကစားသမားများ ပေါ်ထွက်လာစေရေးနှင့် ထူးချွန်ထက်မြက်သော ဘောလုံးအားကစားသမားများ ပေါ်ထွက်လာစေရေးတို့အတွက် ရည်ရွယ်၍ ယခုပြိုင်ပွဲအား ကျင်းပ ပြုလုပ်ပေးရခြင်းဖြစ်ကြောင်း၊ ပြည်နယ်နှင့်တိုင်းဒေသကြီး […]
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာနက လူငယ်ပရဟိတဂေဟာများမှ လူငယ်များ လေ့လာရေးအစီအစဉ် ဆောင်ရွက်ခြင်း

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာနက လူငယ်ပရဟိတဂေဟာများမှ လူငယ်များ လေ့လာရေးအစီအစဉ် ဆောင်ရွက်ခြင်း နေပြည်တော်၊ အောက်တိုဘာ(၁၆)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာနသည် လူငယ်များဘက်စုံ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အဓိကဗဟိုချက်ဌာနအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များကို လူငယ်များ သိရှိနားလည်စေရန်အတွက် လူသားအရင်းအမြစ်များ ပြုစုပျိုးထောင်နေသည့် နေပြည်တော်ကောင်စီနယ်မြေရှိ ကျောင်းစုနှင့်အေးမေတ္တာစံ လူငယ်ပရဟိတဂေဟာများမှ ကျောင်းသား/ကျောင်းသူများအား ဖိတ်ခေါ်၍ ယမန်နေ့နံနက်(၈)နာရီအချိန်တွင် ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ဒုတိယအကြိမ် လေ့လာရေးခရီးစဉ် ဆောင်ရွက်သည့်အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။ ယခုလေ့လာရေးခရီးစဉ်တွင် အားကစားလေ့လာရေးအစီအစဉ်များသာမက မြန်မာ့ရိုးရာယဉ်ကျေးမှုအစဉ်အလာများ မတိမ်ကော မပပျောက်စေရေးအတွက် အကောင်အထည် ဖော်ဆောင်ရွက်နေသည့် ” ၂၀၂၂ခုနှစ်၊ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ” များကိုပါ သွားရောက်လေ့လာနိုင်ရန် စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာနမှ ဆောင်ရွက်နေသည့် လူငယ်ဆိုင်ရာကဏ္ဍ(၁၆)ရပ်တွင် စာပေအနုပညာနှင့် ယဉ်ကျေးမှုကဏ္ဍများလည်းပါရှိသဖြင့် […]