အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၃ ခုနှစ်၊  ပြည်နယ်နှင့်တိုင်းဒေသကြီး ဖူဆယ် (အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲဝင်အသင်းများ   မြန်မာ့အားကစားလှုပ်ရှားမှုများပြခန်းသို့ လာရောက်ကြည့်ရှုလေ့လာ

နေပြည်တော်၊ ဇူလိုင်(၂၈)။

၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဖူဆယ်(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်လျက် ရှိသည့် မွန်ပြည်နယ်အသင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီးအသင်းတို့မှ အုပ်ချုပ်သူ/နည်းပြများနှင့် အားကစား သမားများသည် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ မြန်မာ့အားကစား လှုပ်ရှားမှုများပြခန်းအတွင်းရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရလက်ထက် မြန်မာ့အားကစား လှုပ်ရှားမှုများပြခန်းအားလည်းကောင်း၊ မြန်မာ့အားကစားမော်ကွန်းခန်းမအတွင်းရှိ မှတ်တမ်းတင်ထားရှိ ထားသော နိုင်ငံ့ဂုဏ်ဆောင် မြန်မာ့လက်ရွေးစင်အားကစားသမားများ၏ ပုံတူရုပ်ထုများအား လာရောက် ကြည့်ရှုလေ့လာခဲ့ရာ ပြခန်းတာဝန်ရှိသူမှ သိရှိမေးမြန်းလိုသည်များကို လိုက်လံရှင်းလင်းဖြေကြားခဲ့ကြောင်း သိရသည်။