အာဆီယံ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ပန်းတိုင်များဆိုင်ရာ ဘောလုံး ဖိုရမ်သို့ တက်ရောက်ရန်ပြည်ပထွက်ခွာ

အာဆီယံ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ပန်းတိုင်များဆိုင်ရာ ဘောလုံး ဖိုရမ်သို့ တက်ရောက်ရန်ပြည်ပထွက်ခွာ ရန်ကုန်၊ ဧပြီလ (၂၃)ရက်။ ၂၀၂၅ ခုနှစ် ၊ ဧပြီလ(၂၄)ရက်နေ့မှ (၂၅)ရက်နေ့အထိ စင်ကာပူနိုင်ငံ PARKROYAL Hotel တွင် ကျင်းပပြုလုပ်မည့် အာဆီယံ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ပန်းတိုင်များဆိုင်ရာ ဘောလုံးဖိုရမ်(ASEAN SDGs Through Football Forum) သို့ တက်ရောက်ရန် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ် ဦးမျိုးကျော်သူ (အဖွဲ့ခေါင်းဆောင်)နှင့်အတူ ကိုယ်စားလှယ် (၅)ဦးတို့သည် ယနေ့ နံနက်(၁၀:၁၅) နာရီအချိန်၌ လေယာဉ်အမှတ် SQ – 761 ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှထွက်ခွာရာ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦး၊ ရန်ကုန်တိုင်းဒေသကြီး […]
(၃၃)ကြိမ်မြောက် အရှေ့တောင် အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် စခန်းသွင်း လေ့ကျင့်လျက်ရှိသော ကစားနည်းများ၏ သက်ဆိုင်ရာ မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ်များနှင့် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ

(၃၃)ကြိမ်မြောက် အရှေ့တောင် အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် စခန်းသွင်း လေ့ကျင့်လျက်ရှိသော ကစားနည်းများ၏အုပ်ချုပ်မှု၊ လေ့ကျင့်မှုဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ သက်ဆိုင်ရာ မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ်များနှင့် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ ရန်ကုန် ၊ ဧပြီလ (၂၂)ရက် (၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲ သို့ဝင်ရောက် ယှဉ်ပြိုင် နိုင်ရန် စခန်းသွင်း လေ့ကျင့်လျက်ရှိသော ကစားနည်းများ၏အုပ်ချုပ်မှု၊ လေ့ကျင့်မှု ဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ သက်ဆိုင်ရာ မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ် များနှင့် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် (၁၀)နာရီအချိန်က ရန်ကုန်မြို့ ၊ တာမွေမြို့နယ်ကျိုက္ကဆံကွင်းရှိ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ရာ အားကစားနှင့်လူငယ် ရေးရာဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာန ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး ၊ယှဉ်ပြိုင်ရေးနှင့် လေ့ကျင့်ရေးဌာနခွဲ (၂) ညွှန်ကြားရေးမှူး […]
(၃၃)ကြိမ်မြောက် အရှေ့တောင် အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် ရန်ကုန်မြို့တွင် စခန်းသွင်း လေ့ကျင့်နေသောအားကစားအဖွဲ့များကိုလိုက်လံစစ်ဆေး

(၃၃)ကြိမ်မြောက် အရှေ့တောင် အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် ရန်ကုန်မြို့တွင် စခန်းသွင်း လေ့ကျင့်နေသောအားကစားအဖွဲ့များကိုလိုက်လံစစ်ဆေး ရန်ကုန် ၊ ဧပြီ (၁၅)ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးကျော်ဦး ၊ ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ (၂) ၊ ညွှန်ကြားရေးမှူး ဦးဝင်းထက်မွန် နှင့် ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ၊ ညွှန်ကြားရေးမှူး ဦးကျော်မင်းသန်း တို့သည် ယနေ့ နံနက် (၇)နာရီအချိန်က ရန်ကုန်မြို့ ၊ အင်းယားကန်ရှိ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်သို့ရောက်ရှိရာ (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် စခန်းဝင်လေ့ကျင့်နေသော ရိုးရာလှေ ၊ အပြည်ပြည်ဆိုင်ရာလှေ ၊ ကနူး /ကယက်လှေ အားကစားနည်းများမှ အမျိုးသား/အမျိုးသမီးများ လေ့ကျင့်နေမှုကို ကြည့်ရှူအားပေးကာ အမှာစကားပြောကြားရာတွင်မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်သည် အရှေ့တောင်အာရှအားကစားပြိုင်ပွဲများတွင် မလွတ်တမ်း ရွှေတံဆိပ်ဆုကို […]
လူသုံးကုန်ထုတ်လုပ်မှုနည်းပညာပေးသင်တန်း အမှတ်စဉ်(၁/၂၀၂၅) ဆင်းပွဲအခမ်းအနားကျင်းပ

လူသုံးကုန်ထုတ်လုပ်မှုနည်းပညာပေးသင်တန်း အမှတ်စဉ်(၁/၂၀၂၅) ဆင်းပွဲအခမ်းအနားကျင်းပ နေပြည်တော်၊ မတ် ၇ ။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာနနှင့် အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာပေး သင်တန်းအမှတ်စဉ်(၁/၂၀၂၅) ဆင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ စစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့ရုံး၌ ကျင်းပခဲ့သည်။ ဦးစွာ လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုးမိုးက အဖွင့်အမှာ စကားပြောကြားရာတွင် နိုင်ငံတော်အနေဖြင့် လူငယ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးဦးတည်ချက်(၃)ရပ်အနက် ဒုတိယအချက်ဖြစ်သည့် “တိုးတက်ကောင်းမွန်လာသည့် စီးပွားရေးမောင်းနှင်အား ကို မဏ္ဍိုင်ပြု၍ MSME စက်မှုလုပ်ငန်းများကို အားပေးဆောင်ရွက်ကာ ပို့ကုန်ကဏ္ဍမြှင့်တင်ရေး” အချက်အား အလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံ၏ အနာဂတ် ကို ဖန်တီးတည်ဆောက်ကြမည့် လူ့စွမ်းအား အရင်းအမြစ်များဖြစ်သည့် လူငယ်များအား ကုန်ထုတ်လုပ်မှု အတတ်ပညာတစ်ခုကို တတ်မြောက်ပြီး ဆင့်ကဲဆင့်ကဲ ပြန်လည်မျှဝေခြင်းဖြင့် ကုန်ထုတ်လုပ်မှုအတတ်ပညာတစ်ခု […]
“ နိုင်ငံ့ဝန်ထမ်းကောင်းတစ်ဦးဖြစ်ဖို့ ဘက်ပေါင်းစုံက ကြိုးစားစို့” ခေါင်းစဉ်ဖြင့် လူငယ်စကားဝိုင်း

“ နိုင်ငံ့ဝန်ထမ်းကောင်းတစ်ဦးဖြစ်ဖို့ ဘက်ပေါင်းစုံက ကြိုးစားစို့” ခေါင်းစဉ်ဖြင့် လူငယ်စကားဝိုင်း နေပြည်တော်၊ မတ်လ ၇ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအောက်ရှိ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် လူငယ်ရေးရာဦးစီးဌာနတို့တွင် တာဝန်ထမ်းဆောင်နေကြသည့် အသက် ၃၅ နှစ်အောက် လူငယ်ဝန်ထမ်းများအား လုပ်ငန်းခွင်နှင့်ပတ်သက်ပြီး အသိပညာများ ဆွေးနွေးနိုင်စေရန် ရည်ရွယ်၍ “ နိုင်ငံ့ဝန်ထမ်းကောင်းတစ်ဦးဖြစ်ဖို့ ဘက်ပေါင်းစုံက ကြိုးစားစို့” ခေါင်းစဉ်ဖြင့် လူငယ်စကားဝိုင်းအား ယနေ့မွန်းလွဲပိုင်းတွင် ဝဏ္ဏသိဒ္ဓိဘောလုံးကွင်း (Media Press Room)၌ ကျင်းပခဲ့သည်။ ဦးစွာ လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုးမိုးက အဖွင့်အမှာစကား ပြောကြားရာတွင် နိုင်ငံ့ဝန်ထမ်းလူငယ်များ အသိပညာဗဟုသုတများ တိုးပွားလာပြီး မိမိအလုပ် ကို တန်ဖိုးထားတတ်စေရန်နှင့် နိုင်ငံ့ဝန်ထမ်းကောင်းများဖြစ်လာစေရန် ရည်ရွယ်၍ ယနေ့ လူငယ်စကားဝိုင်းအခမ်းအနားအား ကျင်းပပေးရခြင်းဖြစ်ပါကြောင်း၊ ဝန်ထမ်းများ လိုက်နာရမည့် စည်းမျဉ်း၊ စည်းကမ်း၊ ကျင့်ဝတ်များအတိုင်း […]
အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ဝန်ထမ်းများ တွေ့ဆုံဆန္ဒထုတ်ဖော်ပွဲအခမ်းအနားကျင်းပ

အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ဝန်ထမ်းများ တွေ့ဆုံဆန္ဒထုတ်ဖော်ပွဲအခမ်းအနားကျင်းပ နေပြည်တော်၊ မတ် ၃ ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့်အရာထမ်း/အမှုထမ်းများ တွေ့ဆုံဆန္ဒထုတ်ဖော်ပွဲအခမ်းအနားကို ယနေ့ညနေပိုင်းက ဝဏ္ဏသိဒ္ဓိအားကစားရုံ(C)၌ ကျင်းပခဲ့ရာ အခမ်းအနားသို့ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် ဌာနခွဲအသီးသီးမှ အရာထမ်း/အမှုထမ်းများတက်ရောက်ခဲ့ကြသည်။ ဦးစွာ ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် ဝန်ထမ်းများအနေဖြင့် ရုံးလုပ်ငန်းများဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် လိုအပ်ချက်များနှင့် အခက်အခဲများရှိပါက တင်ပြပေးစေလိုကြောင်း၊ ယခုတွေ့ဆုံပွဲတွင် မိမိအနေဖြင့် ဖြေရှင်းဆောင်ရွက်ပေးနိုင်သည်များကို ချက်ချင်းဖြေရှင်းဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ဖြေရှင်းမပေးနိုင်သည့်ကိစ္စရပ်များကို တာဝန်ရှိ အကြီးအကဲများထံ ဆက်လက်တင်ပြပေးသွားမည်ဖြစ်ကြောင်း၊ နွေရာသီကျောင်းပိတ်ရက် သင်္ကြန်ကာလတွင် ဝန်ကြီးဌာနမှ စုပေါင်းရဟန်းခံ/ရှင်ပြုပေးသွားရန် စီစဉ်ဆောင်ရွက်လျက်ရှိသည့်အတွက် သာသနာ့ဘောင်သို့ ဝင်ရောက်လိုသည့် ဝန်ထမ်းများနှင့် ဝန်ထမ်းသားသမီးများ သက်ဆိုင်ရာဌာနသို့ အမည်စာရင်း ပေးသွင်းနိုင်ပါကြောင်းနှင့် အမှုထမ်းသားသမီးများကို ဦးစားပေးဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ နွေရာသီကာလသို့ ရောက်ရှိလာတော့မည်ဖြစ်သည့်အတွက် မီးဘေးလုံခြုံရေးကို […]
အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးမှ အားကစားနှင့်ကာယပညာဦးစီးဌာန (ရန်ကုန်) ဝန်ထမ်းများနှင့် တွေ့ဆုံအမှာစကားပြောကြား

အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးမှ အားကစားနှင့်ကာယပညာဦးစီးဌာန (ရန်ကုန်) ဝန်ထမ်းများနှင့် တွေ့ဆုံအမှာစကားပြောကြား ရန်ကုန် ၊ ဖေဖော်ဝါရီလ (၁၄)ရက် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ်ဦးကျော်ဦး နှင့် အားကစားနှင့်ကာယပညာဦးစီးဌာန (ရန်ကုန်)ရှိဝန်ထမ်းများ တွေ့ဆုံအမှာစကားပြောကြားခြင်း အခမ်းအနားကို ယနေ့ နေ့လယ် (၂)နာရီအချိန်တွင် တာမွေမြို့နယ် ကျိုက္ကဆံအားကစားကွင်းအတွင်းရှိ ပြည်ထောင်စုခန်းမ၌ကျင်းပပြုလုပ်ရာ အားကစားနှင့်ကာယ ပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦး ၊ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးဦးကျော်မင်းသန်း၊ ဒုတိယကျောင်းအုပ်ကြီးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ ဌာနခွဲအလိုက် အရာထမ်း၊ အမှုထမ်းများ၊ အားကစားနှင့်ပညာရေး ပေါင်းစပ်လေ့ကျင့်ရေး ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး၊ ဆရာ/ဆရာမ များနှင့် အားကစားနည်း အလိုက်တာဝန်ခံများ၊ စုစုပေါင်း (၂၃၉) ဦး တက်ရောက်ခဲ့ပါသည်။ ဦးစွာအားကစားနှင့်ကာယပညာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးကျော်ဦး က လမ်းညွှန် […]
(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး သက်ဆိုင်ရာအားကစားအဖွဲ့ချုပ်များမှ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း အစည်းအဝေးကျင်းပ

(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး သက်ဆိုင်ရာအားကစားအဖွဲ့ချုပ်များမှ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း အစည်းအဝေးကျင်းပ နေပြည်တော်၊ ဇန်နဝါရီ ၃၁ (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး သက်ဆိုင်ရာ အားကစားအဖွဲ့ချုပ်များမှ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၉) နာရီအချိန်တွင် ဝဏ္ဏသိဒ္ဓိဘောလုံးကွင်း(အပေါ်ထပ်) အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။ ဦးစွာ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးက (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို ထိုင်းနိုင်ငံရှိ မြို့(၃)မြို့၌ ကျင်းပ သွားမည်ဟုသိရှိရပါကြောင်း၊ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၉ ရက်နေ့မှ ၂၀ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း၊ အားကစားနည်း(၅၀)မျိုးတွင် မြန်မာနိုင်ငံအနေဖြင့် အားကစားနည်း (၂၇)နည်း ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း၊ အားကစားသမားများ လေ့ကျင့်မည့်ရက်၊ လေ့ကျင့်ရေးပစ္စည်းလိုအပ်ချက်၊ အားကစားအဖွဲ့ချုပ်အလိုက် ပါဝင်ပူးပေါင်းဆောင်ရွက်နိုင်မှု အခြေအနေများ၊ ဝန်ကြီးဌာနအနေဖြင့် စခန်းသွင်းလေ့ကျင့်မည့် အားကစားသမားများအတွက် နေထိုင်စားသောက်မှု၊ […]
“ လူငယ်စကားဝိုင်း” အခမ်းအနားကျင်းပ

“ လူငယ်စကားဝိုင်း” အခမ်းအနားကျင်းပ နေပြည်တော်၊ ဇန်နဝါရီ ၂၀ ။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအောက်ရှိ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် လူငယ်ရေးရာဦးစီးဌာနတို့တွင် တာဝန်ထမ်းဆောင်နေကြသည့် အသက် ၃၅ နှစ်အောက် ဝန်ထမ်းလူငယ်များအား ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် လုပ်ငန်းခွင်နှင့်ပတ်သက်ပြီး အသိပညာများ ဆွေးနွေးနိုင်စေရန်ရည်ရွယ်၍ “ နိုင်ငံ့ဝန်ထမ်းကောင်းတစ်ဦးဖြစ်ဖို့ ဘက်ပေါင်းစုံကကြိုးစားစို့” ခေါင်းစဉ်ဖြင့် လူငယ်စကားဝိုင်းအား ယနေ့မွန်းလွဲပိုင်းတွင် ဝဏ္ဏသိဒ္ဓိဘောလုံးကွင်း(Media Press Room)၌ ကျင်းပခဲ့သည်။ ဦးစွာ လူငယ်ရေးရာဦးစီးဌာန၊ညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုးမိုးက အဖွင့်အမှာစကား ပြောကြားရာတွင် ဝန်ထမ်းများ အသိပညာဗဟုသုတများ တိုးပွားလာပြီး မိမိအလုပ်ကိုတန်ဖိုးထားတတ်စေရန်နှင့် နိုင်ငံ့ဝန်ထမ်းကောင်းများဖြစ်လာစေရန် ရည်ရွယ်၍ ယနေ့လူငယ်စကားဝိုင်းအခမ်းအနားအား ကျင်းပပေးရခြင်းဖြစ်ပါကြောင်း၊ ဝန်ထမ်းများ လိုက်နာရမည့် စည်းမျဉ်း၊ စည်းကမ်း၊ ကျင့်ဝတ်များရှိပြီး နိုင်ငံ့ဝန်ထမ်းဂုဏ်သိက္ခာနှင့်အညီ သိက္ခာရှိရှိနေထိုင်သွားကြရန်လိုအပ်ပါကြောင်း၊ အခြားဝန်ကြီးဌာနများနှင့်ဆက်စပ်လုပ်ဆောင်ရာတွင် Communication Skill များ ကောင်းရန်လိုအပ်ပါကြောင်း၊ မိမိတာဝန်ယူဆောင်ရွက်ရသည့် […]
ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးမှ အားကာ/သိပ္ပံ(ရန်ကုန်) ISPE ဘောလုံးအသင်း၊ အားကစားနှင့်ပညာရေးပေါင်းစပ်လေ့ကျင့်ရေးအထက်တန်းကျောင်း၊ အား/ကာဦးစီးဌာန(ရန်ကုန်) ဝန်ထမ်းများနှင့် သင်တန်းသား/သင်တန်းသူများအား တွေ့ဆုံအမှာစကားပြောကြား

ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးမှ အားကာ/သိပ္ပံ(ရန်ကုန်) ISPE ဘောလုံးအသင်း၊ အားကစားနှင့်ပညာရေးပေါင်းစပ်လေ့ကျင့်ရေးအထက်တန်းကျောင်း၊ အား/ကာဦးစီးဌာန(ရန်ကုန်) ဝန်ထမ်းများနှင့် သင်တန်းသား/သင်တန်းသူများအား တွေ့ဆုံအမှာစကားပြောကြား ရန်ကုန် ၊ ဇန်နဝါရီလ (၁၇)ရက် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးသည် အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ဦးထွန်းထွန်းဦး ၊ ဒုတိယကျောင်းအုပ်ကြီးများနှင့် တာဝန်ရှိသူတို့လိုက်ပါလျက် ယမန်နေ့ညနေပိုင်းက ISPE ဘောလုံးအသင်းအား သွားရောက်တွေ့ဆုံ၍ အမှာစကားပြောကြားခဲ့ပြီးနောက် အားကစားနှင့်ပညာရေးပေါင်းစပ်လေ့ကျင့်ရေးအထက်တန်းကျောင်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်ချက်များအား ဆောင်ရွက်ပေးခဲ့ပါသည်။ ဆက်လက်၍ ယနေ့နံနက်ပိုင်းတွင် ဒုတိယညွှန်ကြားရေးမှူးချုပ်သည် တာမွေမြို့နယ် ကျိုက္ကဆံအားကစားကွင်းအတွင်းရှိ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) အစည်းအဝေးခန်းမ၌ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ သင်တန်းသား/သင်တန်းသူများအပေါ် အနှစ်ချုပ်သုံးသပ်ချက်နှင့်ပတ်သက်၍ ဆွေးနွေးဆောင်ရွက်ခဲ့ပါသည်။ ထို့နောက် မွန်းလွဲပိုင်းတွင် ဒုတိယညွှန်ကြားရေးမှူးချုပ်သည် အားကစားနှင့်ကာယပညာဦးစီးဌာန ရန်ကုန်မှ အရာထမ်း/အမှုထမ်းများနှင့် တွေ့ဆုံအမှာစကားပြောကြားရာတွင် အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)သည် ပထမဆုံးဖွင့်လှစ်ခဲ့သည့် သိပ္ပံကျောင်းဖြစ်သည့်အတွက် ဘက်ပေါင်းစုံမှ […]