အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

(၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကျင်းပရေး ယဉ်ကျေးမှုအဖွဲ့များ ကြိုဆိုနေရာချထားရေးနှင့် ဧည့်ခံကျွေးမွေးရေးဆပ်ကော်မတီ အတွင်းရေးမှူး၊ ချက်ပြုတ်ပြင်ဆင်ခြင်းနှင့် ဧည့်ခံကျွေးမွေးမည့် စားရိပ်သာ၊ တည်းခိုနေထိုင်မည့်အိပ်ဆောင် ပြင်ဆင်ထားရှိမှုများအား လိုက်လံကြည့်ရှုစစ်ဆေး

နေပြည်တော်၊ ဇန်နဝါရီ ၂၅

(၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကျင်းပရေး ယဉ်ကျေးမှုအဖွဲ့များ ကြိုဆိုနေရာချထားရေးနှင့် ဧည့်ခံကျွေးမွေးရေး ဆပ်ကော်မတီ အတွင်းရေးမှူး၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးသည် အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ ကြိုဆိုနေရာချထားရေးနှင့် ဧည့်ခံကျွေးမွေးရေး ဆပ်ကော်မတီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများလိုက်ပါလျက် ပြည်ထောင်စုနေ့ အခမ်းအနားသို့ တက်ရောက်မည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ယဉ်ကျေးမှုအဖွဲ့များအား ကြိုဆိုနေရာချထားရေး၊ ဧည့်ခံကျွေးမွေးရေးကိစ္စရပ်များနှင့် နေထိုင်စားသောက်မှုများ အဆင်ပြေချောမွေ့စေရေးအတွက် ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်စည်ပင်ဧည့်ရိပ်သာအတွင်းရှိ ကြိုဆိုမည့်နေရာ၊ ချက်ပြုတ်ပြင်ဆင်မည့်နေရာနှင့် ဧည့်ခံကျွေးမွေးမည့်စားရိပ်သာ၊ တည်းခိုနေထိုင်မည့်အိပ်ဆောင်နေရာ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။

ဦးစွာ ညွှန်ကြားရေးမှူးချုပ်နှင့်အဖွဲ့သည် တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များအား နေ့အလိုက် အစားအသောက်ကျွေးမွေးမည့် ဟင်းလျားစာရင်းနှင့် ဧည့်ခံကျွေးမွေးမည့်အချိန်၊ အဖွဲ့လိုက် စားသောက်မည့်နေရာပြင်ဆင်ထားရှိမှု၊ ချက်ပြုတ်ပြင်ဆင်မည့် မီးဖိုနေရာနှင့် ဂတ် မီးဖိုတပ်ဆင်ပြီးစီးမှု၊ ဟင်းသီးဟင်းရွက်များနှင့် ကုန်ခြောက်များ သိုလှောင်သိမ်းဆည်းထားရှိမည့်နေရာ ပြင်ဆင်ထားရှိမှု၊ တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များ တည်းခိုနေထိုင်မည့် အိပ်ဆောင်ခင်းကျင်းထားရှိမှုများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီးနောက် ဆပ်ကော်မတီများအလိုက် ပြင်ဆင်ပြီးစီးမှုအခြေအနေကို Power Point ဖြင့် ရှင်းလင်းတင်ပြခြင်းနှင့် အချောသတ် ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို အကြီးအကဲများ လာရောက်စစ်ဆေးသွားမည်ဖြစ်၍ လိုအပ်သည့်နေရာများကို အပြီးသတ် ပြန်လည်ပြင်ဆင်ဆောင်ရွက်သွားရန်လိုကြောင်း၊ ကြိုဆိုနေရာချထားရေးနှင့် ဧည့်ခံကျွေးမွေးရေးကိစ္စရပ်များ အဆင်ပြေ ချောမွေ့စေရေးအတွက် ဆပ်ကော်မတီများအလိုက် လုပ်ငန်းများ အချိန်နှင့်တစ်ပြေးညီ ပြီးစီးစေရေးအတွက် မိမိအနေဖြင့် အကြီးအကဲများထံ လိုအပ်သည်များကို ဆက်လက်တင်ပြပေးသွားမည်ဖြစ်၍ သက်ဆိုင်ရာကဏ္ဍအလိုက် ပြင်ဆင်ဆောင်ရွက်မှုများတွင် လစ်ဟင်းမှုများမရှိစေရေးအတွက် အထူးဂရုစိုက် ဆောင်ရွက်သွားရန် တာဝန်ရှိသူများကို မှာကြားခဲ့ကြောင်း သိရသည်။