အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဝဏ္ဏသိဒ္ဓိအားကစားကွင်းအတွင်းရှိ တည်ဆောက်ရေးလုပ်ငန်းပြန်လည်ပြုပြင်ဆောင်ရွက်နေမှု အခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေး

နေပြည်တော်၊ ဇန်နဝါရီ ၂ဝ

အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးသည် အားကစားကွင်း/အားကစားရုံဌာနခွဲ ညွှန်ကြားရေးမှူး ဦးမင်းမင်းထွန်းနှင့် သက်ဆိုင်ရာကုမ္ပဏီများမှ တာဝန်ရှိ သူများ လိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဝဏ္ဏသိဒ္ဓိ အားကစားကွင်းအတွင်းရှိ ဘောလုံးကွင်းနှင့် ရေကူးကန်တို့အား ငလျင်အပြီး တည်ဆောက်ရေး လုပ်ငန်းများ ပြန်လည်ပြုပြင်ဆောင်ရွက်နေမှုအခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။

ဦးစွာ ညွှန်ကြားရေးမှူးချုပ်သည် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ ဘောလုံးကွင်း မြက်ခင်းစိုက် ထားမှုအခြေအနေ၊ မီတာ ၄ဝဝ Synthetic ပြေးလမ်းခင်းကျင်းရန်အတွက် AC အလွှာခင်းကျင်း ပြီးစီးမှု၊ ရှင်းလင်းဆောင်ပြင်ဆင်ထားရှိမှု၊ ဒိုင်လူကြီးများနှင့် အားကစားသမားများနားနေခန်း၊ အဝတ်အစားလဲခန်းပြုပြင်နေမှု၊ ဓါတ်လှေကားပြုပြင် ပြီးစီးမှု၊ VIP မှန်ခန်းနှင့် မျက်နှာကျက်များ တပ်ဆင်ပြီးစီးမှု၊ ကြမ်းခင်းကြွေပြားခင်းကျင်းနေမှုများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး သတ်မှတ် ကာလအတွင်း အချိန်မီပြီးစီးစေရေးအတွက် တာဝန်ရှိသူများကို လိုအပ်သည်များ မှာကြားခဲ့ပြီးနောက် ဝဏ္ဏသိဒ္ဓိရေကူးကန်သို့ သွားရောက်၍ ပြိုင်ပွဲသုံးရေကူးကန် ၊ လေ့ကျင့်ရေးရေကူးကန်နှင့် ဒိုင်ဗင်ကန် များအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး ကျောင်းပိတ်ကာလတွင် နွေရာသီရေကူးသင်တန်းများ ပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်၍ ရေကူးကန် ရေယိုစိမ့်နေမှုများအား အမြန်ဆုံး ဖာထေးပြုပြင်ခြင်း များနှင့် ရေသန့်စင်သည့် ရေပိုက်လိုင်းများ ကောင်းမွန်စေရေးကို ဦးစားပေး ဆောင်ရွက်သွားရန် တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်းသိရသည်။