အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

၂၀၂၂ ခုနှစ်၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ဌာနပေါင်းစုံအမျိုးသား ဖူဆယ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

Loading

၂၀၂၂ ခုနှစ်၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား ဌာနပေါင်းစုံ အမျိုးသား ဖူဆယ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ လောက်ကိုင်မြို့၊ အောက်တိုဘာ ၃၀ ရက် ။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဒေသအားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့တို့ ပူးပေါင်းကျင်းပသော ၂၀၂၂ ခုနှစ်၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌဖလား ဌာနပေါင်းစုံ အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ၂၉.၁၀.၂၀၂၂ရက်နေ့ နံနက်(၀၉:၀၀) နာရီအချိန်တွင်ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လောက်ကိုင်မြို့ရှိ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးဝင်းအတွင်းရှိ ဖူဆယ်အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးမြင့်ဆွေ၊ ဒေသအဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒေသအားကစားနှင့်ကာယပညာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးယောဟန်နှင့် ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူများ၊ နည်းပြများနှင့် အားကစားသမားများ၊ မြို့ပေါ်ရှိဖူဆယ်ဘောလုံးအားကစားဝါသနာရှင်မိဘပြည်သူများနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါဖွင့်ပွဲအခမ်းအနားတွင် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ […]

(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ အကြိုဆန်းစစ်လက်ရည်စမ်း ဂျူဒိုပြိုင်ပွဲကျင်းပ

Loading

(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ အကြိုဆန်းစစ်လက်ရည်စမ်း ဂျူဒိုပြိုင်ပွဲကျင်းပ ရန်ကုန်၊ အောက်တိုဘာလ(၂၇)ရက်။ ၂၀၂၃ ခုနှစ်၊ ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့တွင် အိမ်ရှင်နိုင်ငံအဖြစ် ကျင်းပပြုလုပ်မည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ အကြိုဆန်းစစ်လက်ရည်စမ်း ဂျူဒိုပြိုင်ပွဲကို ယနေ့နံနက်(၉)နာရီအချိန်တွင် ရန်ကုန်မြို့၊ ကျိုက္ကဆံကွင်း၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ရှိ ဂျူဒိုလေ့ကျင့်ရေးခန်းမတွင်ကျင်းပရာ မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ်ဥက္ကဌ ဦးထွန်းထွန်းနှင့် ဒုတိယဥက္ကဌများ၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးအောင်နိုင်ဆွေ၊ မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ်မှ အမှုဆောင်များ၊ နည်းပြများနှင့် လက်ရွေးစင်အားကစားသမားများတက်ရောက်ကြပါသည်။ အဆိုပါ အကြိုဆန်းစစ်လက်ရည်စမ်း ဂျူဒိုပြိုင်ပွဲတွင် ဝိတ်တန်း (-81kg) ၊ (-57kg)၊ (-66kg)၊ (-73kg)၊ (-48kg)၊ (-52kg)၊(-70kg)၊ (-60kg)၊ (-45kg)၊ စုစုပေါင်း ဝိတ်တန်း(၉)တန်းဖြင့် ပတ်လည်နှင့် ရှုံး/ထွက်စနစ် ယှဉ်ပြိုင်ကစားပြီး ဗိုလ်လုပွဲအား ၂၈.၁၀.၂၀၂၂ ရက်နေ့တွင် ဆုပေးပွဲကျင်းပသွားမည်ဖြစ်ကြောင်းသိရှိရသည်။

၂၀၂၂ခုနှစ်၊ ပြည်နယ် နှင့်တိုင်းဒေသကြီး အသက်(၁၆)နှစ်အောက်(အမျိုးသား)ဘောလုံးပြိုင်ပွဲများဆက်လက်ကျင်းပ

Loading

၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၆)နှစ်အောက်(အမျိုးသား)ဘောလုံးပြိုင်ပွဲများဆက်လက်ကျင်းပ နေပြည်တော်၊ အောက်တိုဘာ(၂၄)။ မြန်မာ့ဘောလုံးအားကစားလောကအဆင့်အတန်းဖွံ့ဖြိုးတိုးတက်လာစေရေးကို အထောက်အကူပြုစေရန်နှင့် မျိုးဆက်သစ်ဘောလုံးအားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၆)နှစ်အောက်(အမျိုးသား)ဘောလုံးပြိုင်ပွဲကို နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း ကွင်းအမှတ်(၁)နှင့်(၃)တို့၌ ညနေ(၃)နာရီခွဲအချိန်တွင် ဆက်လက်ကျင်းပပြုလုပ်ခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ ဌာနခွဲများမှ ညွှန်ကြားရေးမှူးများ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် ဘောလုံးအားကစားဝါသနာရှင်များ လာရောက်ကြည့်ရှုအားပေးခဲ့ကြပါသည်။ ယနေ့ ပထမအဆင့်အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ညနေ(၃)နာရီခွဲအချိန်တွင် ဝဏ္ဏသိဒ္ဓိ အားကစားကွင်း ကွင်းအမှတ်(၁)၌ ဧရာဝတီတိုင်းဒေသကြီးအသင်းနှင့် ကချင်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ တစ်ဖက်(ဂိုးမရှိ)သရေဖြင့်လည်းကောင်း၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း ကွင်းအမှတ်(၃)၌ မန္တလေးတိုင်းဒေသကြီးအသင်းနှင့် ရှမ်းပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ မန္တလေး တိုင်းဒေသကြီးအသင်းမှ ရှမ်းပြည်နယ်အသင်းကို (၂)ဂိုး (၁)ဂိုးဖြင့်လည်းကောင်း အသီးသီးယှဉ်ပြိုင် အနိုင်ရရှိခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီးအသင်းမှ အုပ်စု(က)တွင် ပထမဖြင့်လည်းကောင်း၊ကချင်ပြည်နယ်အသင်းမှဒုတိယဖြင့်လည်းကောင်း ကွာတားဖိုင်နယ်သို့ […]

ROTHO TAKEWONDO CHAMPIONSHIP 2022 ပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကျင်းပ

Loading

ROTHO TAKEWONDO CHAMPIONSHIP 2022 ပြိုင်ပွဲဆုပေးပွဲအခမ်းအနားကျင်းပ ရန်ကုန်၊ အောက်တိုဘာလ(၂၃)ရက်။ မြန်မာနိုင်ငံတိုက်ကွမ်ဒိုအဖွဲ့ချုပ်နှင့် Rotho Mentholatun (Myanmar)Co..Ltd.တို့ ဦးစီးကျင်းပသော (ROTHO TAKEWONDO CHAMPIONSHIP 2022)ပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကို ယနေ့ညနေ ၅နာရီအချိန်ကရန်ကုန်မြို့ ၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ သုဝဏ္ဏ (ဘူယောင်းတိုက်ကွမ်ဒိုလေ့ကျင့်ရေးစင်တာ)တွင် ကျင်းပရာ မြန်မာနိုင်ငံ တိုက်ကွမ်ဒိုအဖွဲ့ချုပ် ဥက္ကဋ္ဌဒေါက်တာမြဟန်၊ Rotho-Mentholatun(Myanmar) Co..Ltd MD ဒေါ်စန္ဒာရွှေ နှင့် ဖိတ်ကြားထားသောဧည့်သည်တော်များ၊ မြန်မာနိုင်ငံ တိုက်ကွမ်ဒိုအဖွဲ့ချုပ်မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဒိုင်လူကြီးများ၊ နည်းပြများ၊ ပြိုင်ပွဲဝင်အားကစားသမားများ၊အားကစားဝါသနာရှင် ပရိတ်သတ်များ တက်ရောက်ကြသည်။ ပြိုင်ပွဲအပြီးတွင် အမျိုးသား/အမျိုးသမီး ” အတိုက်” (Kyorung )နှင့် ” က” ကွက် (Poomsae) ပြိုင်ပွဲများ ၊ သက်ငယ်တန်း (Cadet)အဆင့် […]

၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၆)နှစ်အောက်(အမျိုးသား)ဘောလုံးပြိုင်ပွဲများဆက်လက်ကျင်းပ

Loading

၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၆)နှစ်အောက်(အမျိုးသား)ဘောလုံးပြိုင်ပွဲများဆက်လက်ကျင်းပ နေပြည်တော်၊ အောက်တိုဘာ(၂၃)ရက်။ မြန်မာ့ဘောလုံးအားကစားလောက အဆင့်အတန်းဖွံ့ဖြိုးတိုးတက်လာစေရေးကို အထောက်အကူပြုစေရန်နှင့် မျိုးဆက်သစ်ဘောလုံးအားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၆)နှစ်အောက်(အမျိုးသား)ဘောလုံးပြိုင်ပွဲကို နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း ကွင်းအမှတ်(၁)နှင့်(၃)တို့၌ ယနေ့နံနက်(၇) နာရီနှင့် ညနေ(၃)နာရီခွဲအချိန်တို့တွင် ဆက်လက်ကျင်းပပြုလုပ်ခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ဌာနခွဲများမှ ညွှန်ကြားရေးမှူးများ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် ဘောလုံးအားကစားဝါသနာရှင်များ လာရောက်ကြည့်ရှုအားပေးခဲ့ကြပါသည်။ ယနေ့ ပထမအဆင့်အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် နံနက်(၇)နာရီအချိန်တွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း ကွင်းအမှတ်(၃)၌ ကရင်ပြည်နယ်အသင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ ကရင်ပြည်နယ်အသင်းမှ စစ်ကိုင်းတိုင်းဒေသကြီးအသင်းကို (၃)ဂိုး၊ ဂိုး(၂)ဖြင့်လည်းကောင်း၊ ညနေ(၃)နာရီခွဲအချိန်တွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း ကွင်းအမှတ်(၁)၌ ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့် ရခိုင်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ ရန်ကုန်တိုင်းဒေသကြီး အသင်းမှ ရခိုင်ပြည်နယ်အသင်းကို […]

ROTHO TAKEWONDO CHAMPIONSHIP 2022 ပြိုင်ပွဲကျင်းပ

Loading

ROTHO TAKEWONDO CHAMPIONSHIP 2022 ပြိုင်ပွဲကျင်းပ ရန်ကုန် အောက်တိုဘာ-၂၂ မြန်မာနိုင်ငံတိုက်ကွမ်ဒိုအဖွဲ့ချုပ်နှင့်Rotho -Mentholatun(Myanmar)Co..Ltd.တို့ ဦးစီးကျင်းပသော (ROTHO TAKEWONDO CHAMPIONSHIP 2022) ပြိုင်ပွဲကို ယနေ့နံနက်၈နာရီ၃၀မိနစ်က ရန်ကုန်မြို့ ၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ သုဝဏ္ဏ (ဘူယောင်းတိုက်ကွမ်ဒိုလေ့ကျင့်ရေးစင်တာ)တွင် ကျင်းပရာ မြန်မာနိုင်ငံတိုက်ကွမ်ဒိုအဖွဲ့ချုပ်ဥက္ကဋ္ဌဒေါက်တာမြဟန်၊အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူ းဦးအောင်နိုင်ဆွေ၊ ရန်ကုန်တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးအောင်မိုးနှင့် ဒုတိယညွှန်ကြားရေးမှူး ဦးအောင်သန်း၊ Rotho-Mentholatun (Myanmar) Co..Ltd MD ဒေါ်စန္ဒာရွှေ နှင့် ဖိတ်ကြားထားသောဧည့်သည်တော်များ၊ မြန်မာုင်ငံတိုက်ကွမ်ဒိုအဖွဲ့ချုပ်မှတာဝန်ရှိပုဂ္ဂိုလ်များ၊ ဒိုင်လူကြီးများ၊ နည်းပြများ၊ ပြိုင်ပွဲဝင်အားကစားသမားများ၊ အားကစားဝါသနာရှင်ပရိတ်သတ်များတက်ရောက်ကြသည်။ ရှေးဦးစွာ Rotho-Mentholatun(Myanmar) Co..Ltd MD ဒေါ်စန္ဒာရွှေ က ပြိုင်ပွဲကျင်းပရခြင်းရည်ရွယ်ချက်အားပြောကြား၍ မြန်မာနိုင်ငံတိုက်ကွမ်ဒိုအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါက်တာမြဟန်က ကျေးဇူးတင်စကားပြောကြားပြီး ပြိုင်ပွဲဝင်အသင်းများအား လိုက်လံနှုတ်ဆက်အားပေးစကားပြောကြားခဲ့သည်။ […]

၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၆)နှစ်အောက်(အမျိုးသား) ဘောလုံးပြိုင်ပွဲများ ဆက်လက်ကျင်းပ

Loading

၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၆)နှစ်အောက်(အမျိုးသား) ဘောလုံးပြိုင်ပွဲများ ဆက်လက်ကျင်းပ နေပြည်တော်၊ အောက်တိုဘာ(၂၂)။ မြန်မာ့ဘောလုံးအားကစားလောက အဆင့်အတန်းဖွံ့ဖြိုးတိုးတက်လာစေရေးကို အထောက်အကူပြုစေရန်နှင့် မျိုးဆက်သစ်ဘောလုံးအားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၆)နှစ်အောက်(အမျိုးသား)ဘောလုံးပြိုင်ပွဲကို နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း ကွင်းအမှတ်(၁)နှင့်(၃)တို့၌ ညနေ(၃)နာရီခွဲအချိန်တွင် ဆက်လက်ကျင်းပပြုလုပ်ခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ဌာနခွဲများမှ ညွှန်ကြားရေးမှူးများ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် ဘောလုံးအားကစား ဝါသနာရှင်များ လာရောက်ကြည့်ရှုအားပေးခဲ့ကြပါသည်။ ယနေ့ ပထမအဆင့်အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ညနေ(၃)နာရီခွဲအချိန်တွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း ကွင်းအမှတ် (၁)၌ မန္တလေးတိုင်းဒေသကြီးအသင်းနှင့် ဧရာဝတီတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ ဧရာဝတီတိုင်းဒေသကြီးအသင်းမှ မန္တလေးတိုင်းဒေသကြီးအသင်းကို (၁)ဂိုး ဂိုးမရှိ ဖြင့်လည်းကောင်း၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း ကွင်းအမှတ် (၃)၌ ကချင်ပြည်နယ်အသင်းနှင့် ရှမ်းပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ […]

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် တိုင်းဒေသကြီး အမျိုးသမီးအားကစားအဖွဲ့နာယကဖလား မြို့နယ်ပေါင်းစုံ အသက်(၁၈)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားတက်ရောက်

Loading

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် တိုင်းဒေသကြီး အမျိုးသမီးအားကစားအဖွဲ့နာယကဖလား မြို့နယ်ပေါင်းစုံ အသက်(၁၈)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားတက်ရောက် မကွေး၊ အောက်တိုဘာ ၁၂။ ၂၀၂၂ခုနှစ်၊ မကွေးတိုင်းဒေသကြီးအမျိုးသမီးအားကစားအဖွဲ့ နာယကဖလား မြို့နယ်ပေါင်းစုံ အသက် (၁၈)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ ညနေ(၄)နာရီအချိန်က မကွေးခရိုင်အားကစားကွင်း၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အားကစားဝါသနာရှင် ပရိတ်သတ်များ တက်ရောက်၍ နောက်ဆုံး ဗိုလ်လုပွဲစဉ်အဖြစ် ရေနံချောင်းမြို့နယ်အသင်းနှင့် ဆင်ပေါင်ဝဲမြို့နယ်အသင်းတို့ ယှဉ်ပြိုင်ကစား နေမှုအား ကြည့်ရှုအားပေးသည်။ ၂၀၂၂ ခုနှစ်၊ မကွေးတိုင်းဒေသကြီးအမျိုးသမီးအားကစားအဖွဲ့ နာယကဖလား မြို့နယ်ပေါင်းစုံ အသက်(၁၈)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲစဉ်အဖြစ် ရေနံချောင်းမြို့နယ်အသင်းနှင့် ဆင်ပေါင်ဝဲမြို့နယ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ရေနံချောင်းမြို့နယ်အသင်းမှ အနိုင်ရဗိုလ်စွဲခဲ့သည်။ […]

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား အမျိုးသမီးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပပြုလုပ်

Loading

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား အမျိုးသမီးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပပြုလုပ် ပဲခူး၊ အောက်တိုဘာ ၁၀ ၂၀၂၂ ခုနှစ် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဖလား (၆)ခရိုင် အသက်(၁၈)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို အောက်တိုဘာလ (၁၀)ရက်နေ့ ညနေပိုင်းက ပဲခူးခရိုင်အားကစားကွင်း၌ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် တက်ရောက်ချီးမြှင့်ပေးခဲ့သည်။ ရှေးဦးစွာ သာယာဝတီခရိုင်အသင်းနှင့် တောင်ငူခရိုင်အသင်းတို့ ဗိုလ်လုပွဲစဥ်အဖြစ်ယှဥ်ပြိုင်ကစားနေမှု့အား ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ အစိုးရအဖွဲ့တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ ဘောလုံးအားကစားဝါသနာရှင်များက ကြည့်ရှု့အားပေးကြရာ သာယာဝတီခရိုင်အသင်းမှ (၁ : ၀)ဂိုးဖြင့် အနိုင်ရရှိသွားသည်။ ထို့နောက် ဆုချီးမြှင့်ခြင်းအခမ်းအနား ဆက်လက်ကျင်းပပြုလုပ်ရာ ပွဲစဥ်တစ်လျှောက် အကောင်းဆုံးဂိုးသမားဆု၊ အကောင်းဆုံးနောက်တန်းအားကစားသမားဆု၊ အကောင်းဆုံးအလယ်တန်းအားကစားသမားဆု၊ အကောင်းဆုံးရှေ့တန်းအားကစားသမားဆုနှင့် အကောင်းဆုံးဘောလုံးသမားဆုရရှိသူများအား အစိုးရအဖွဲ့အတွင်းရေးမှူး၊ တိုင်းရင်းသားရေးရာဝန်ကြီးနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးတို့မှ ဆုတံဆိပ်နှင့်ငွေသားဆုကျပ်(၁)သိန်းစီအားလည်းကောင်း၊ ပူးတွဲတတိယဆုရရှိသော ညောင်လေးပင်ခရိုင်အသင်းနှင့် နတ်တလင်းခရိုင်အသင်းတို့အား သယံဇာတရေးရာဝန်ကြီးနှင့် စီးပွားရေးရာဝန်ကြီးတို့မှ […]

၂၀၂၂ ခုနှစ် ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးပြိုင်ပွဲများတွင် ရွှေ ၊ ငွေ ၊ ကြေးတံဆိပ်ဆုများ ရရှိခဲ့သည့် ရှမ်းပြည်နယ်ဂုဏ်ဆောင် အားကစားသမားများအား ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

Loading

၂၀၂၂ ခုနှစ် ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးပြိုင်ပွဲများတွင် ရွှေ ၊ ငွေ ၊ ကြေးတံဆိပ်ဆုများ ရရှိခဲ့သည့် ရှမ်းပြည်နယ်ဂုဏ်ဆောင် အားကစားသမားများအား ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ အောက်တိုဘာ ၈ ရက်၊ တောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ၊ ပြည်နယ်ဝန်ကြီးချုပ်မှ ၂၀၂၂ ခုနှစ် ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးပြိုင်ပွဲများ (ကြက်တောင် ၊ စားပွဲတင်တင်းနစ် ၊ ဘတ်စကက်ဘော ၊ ဘိလိယက်/စနူကာ)တွင် ရွှေ ၊ ငွေ ၊ ကြေးတံဆိပ်ဆုများ ရရှိခဲ့ကြသော ရှမ်းပြည်နယ်ဂုဏ်ဆောင်အားကစားသမားများအား ဂုဏ်ပြုချီးမြှင့်ငွေနှင့် အားကစားသမားများ ဂုဏ်ပြုခြင်းအခမ်းအနားကို ယနေ့ နံနက် (၀၉း၀၀)နာရီအချိန်တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရှိရကာ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း ၊ […]