အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး အသက်(၁၉)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ အောင်မြင်စွာလက်ခံကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

တောင်ကြီးမြို့၊ ဩဂုတ်လ(၁၉)ရက်။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၏ ရည်မှန်းချက်/ မျှော်မှန်းချက်များအတိုင်း အားကစားကဏ္ဍဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးနှင့် အားကစားဆိုင်ရာဗဟုသုတများ ဘက်ပေါင်းစုံ တိုးတက်စေရေးကိုရည်ရွယ်ပြီး ” အားကစားမြှင့် တင်ခြင်းသည် နိုင်ငံတော်ကိုကာကွယ် စောင့်ရှောက်နေခြင်းဖြစ်သည်” ဆိုသည့်အားကစားဆောင်ပုဒ်နှင့်အညီ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကျင်းပပြုလုပ်မည့် ၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၉)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ အောင်မြင်စွာ လက်ခံကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ယနေ့နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် ပြည်နယ်အားကစားလေ့ကျင့်ရေးရုံ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါအခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ၊ ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာကော်မတီ ဥက္ကဌ ဦးအေးလှိုင် ၊ ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်း ၊ အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး)၊ ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦး ၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်နန်းအဲမာ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ဘောလုံးဆပ်ကော်မတီဝင်များ၊ နှင့်ဖိတ်ကြားထားသောဧည့်သည်တော်များက တက်ရောက်ခဲ့ကြပါ သည်။

ရှေးဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ၊ ပြည်နယ်လူမှုရေးရာဝန်ကြီး၊ ရှမ်းပြည်နယ် အားကစားနှင့်ကာယပညာကော်မတီဥက္ကဌ ဦးအေးလှိုင်မှ အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့ပြုလုပ်တဲ့အစည်းအဝေးဟာ ၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၉)နှစ် အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ အောင်မြင်စွာလက်ခံကျင်းပနိုင်ရေးအတွက် ကြိုတင်လုပ်ငန်းညှိနှိုင်းအစည်းအဝေးဖြစ်ပါကြောင်း၊ ယခုနှစ်မှာ ပထမဦးဆုံးအကြိမ်အိမ်ရှင်အဖြစ် တောင်ကြီးမြို့တွင် လက်ခံကျင်းပပြုလုပ်ပေးသွားမည်ဖြစ်ကြောင်းနှင့် ယခုလုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့တက်ရောက်လာကြသော ဌာနဆိုင်ရာများအနေဖြင့် ပြိုင်ပွဲများအားလုံးကို အောင်မြင်စွာကျင်းပနိုင်ဖို့အတွက် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြရန် မှာကြားသွားခဲ့ပါသည်။

ဆက်လက်ပြီး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၊ ရှမ်းပြည်နယ် ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်းမှ အိမ်ရှင်အဖြစ်လက်ခံကျင်းပနိုင်အောင် ကြိုတင်ပြင်ဆင် ထားရှိမှုများအား ရှင်းလင်းသွားခဲ့ပြီး အစည်းအဝေးသို့ တက်ရောက်လာကြသော ဆပ်ကော်မတီဝင်များမှ အထွေထွေဆွေးနွေးခဲ့ကြပြီး အခမ်းအနားကို ညနေ(၁၄:၃၀) နာရီအချိန် တွင် ရုတ်သိမ်းသွားကြောင်း သိရှိရပါသည်။