အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

မြန်မာနိင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ်နှင့် Country Club တို့ စုပေါင်းလှုပ်ရှားအားကစားပြုလုပ်ခြင်းအခမ်းအနားကျင်းပ

ရန်ကုန် သြဂုတ်(၁၉)။

မြန်မာနိင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ်နှင့် Country Club တို့ စုပေါင်းလှုပ်ရှားအားကစားပြုလုပ်ခြင်းအခမ်းအနားကို ယနေ့ နံနက်(၇)နာရီက ရန်ကုန်မြို့ ဒဂုံမြို့နယ် ဦးဝိစာရလမ်း အမျိုးသားရေကူးကန်ရှိ မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ်လေ့ကျင့်ရေးခန်းမတွင် ကျင်းပရာ မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဒေါ်ချိုချိုလွင်၊ ဒေါ်ရီရီဝင်း၊ဒေါ်အေးအေးညွှန့်၊ ဒေါ်ခင်ညို၊ အထွေထွေအတွင်းရေးမှူး ဒေါ်အေးအေးရွှေနှင့် အလုပ်အမှုဆောင်များ၊ အသင်းကလပ်မှကစားသမားများတက်ရောက်ကြသည်။

ဦးစွာ မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဒေါ်ရီရီဝင်းက အဖွင့်အမှာစကားပြောကြာပြီး Lighting နှင့် ပန်ကာများအတွက် Main Sponsor ဖြစ်လှူဒါန်းပေးသော ဦးမျိုးထိန်ဝင်းနှင့် ဒေါ်မီမီဆွေ (မြန်မာ့ရတနာစိန်ရွှေရတနာဆိုင်)တို့အား ဒုတိယဥက္ကဋ္ဌများက ဂုဏ်ပြုမှတ်တမ်းလွှာအားပေးအပ်ခဲ့သည်။

ဆက်လက်၍ Club အသီးသီးမှ စုစုပေါင်းလူဦးရေ(၁၂၀)ဦးခန့်က Fit GYM ၏ Yoga Instructor ဖြင့်(၁၅)မိနစ် Demonstration ပြုလုပ်ခြင်း၊ Training Grounds Myanmar ၏ Body Combat Exercises ဖြင့်(၁၅)မိနစ် Demonstration ပြုလုပ်ခြင်း၊ Zumba Class ၏(၃၀)မိနစ် Demonstration များပြုလုပ်ကစားခဲ့ကြောင်းသိရှိရသည်