အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၌ မြို့မအားကစားဘောလုံးကွင်းသစ်ဖွင့်ပွဲနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် မြို့မအားကစားဘောလုံးကွင်းသစ်ဖွင့်ပွဲနှင့် မြန်မာ့ဘောလုံးအားကစားလောကအဆင့်အတန်း တိုးတက်မြင့်မားလာစေရန်၊ တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်မှု အဆင့်အတန်းမြှင့်တင်ရေးနှင့် မျိုးဆက်သစ်ဘောလုံး အားကစားများစွာပေါ်ထွက်လာစေရန်ရည်ရွယ်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား ရပ်ကွက်/ကျေးရွာပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ(၂)နာရီအချိန်က မြို့မအားကစားကွင်းတွင် ပြုလုပ်သည်။

ရှေးဦးစွာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးတင်ထူးမောင်က အဖွင့်အမှာစကားပြောကြားပြီး တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်း ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် သိန်းနိုင်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်‌ရေးအဖွဲ့ အတွင်းရေးမှူး ဦးတင်ထူးမောင်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်‌ရေးအဖွဲ့ အဖွဲ့ဝင် ဦးခွန်လှသိန်း၊ ရှမ်းပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်နန်းအဲမာ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ထွန်းတို့က မြို့မအားကစားဘောလုံးကွင်းသစ်ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပြီးနောက် တာဝန်ရှိသူများက မြို့မအားကစားကွင်းသစ်ဖွင့်ပွဲ အမှတ်တံဆိပ်များကို ပေးအပ်ခဲ့ကြသည်။ အခမ်းအနားကို ဆက်လက်ကျင်းပရာ စစ်ရေးပြမှူးမှ ဦးဆောင်၍ နိုင်ငံတော်အလံကို အလေးပြုကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ထွန်းက ရပ်ကွက်/ကျေးရွာပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ယင်းနောက် တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်း ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် သိန်းနိုင်နှင့် အရာရှိကြီးများ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးတင်ထူးမောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့် အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ပြိုင်ပွဲဝင်အသင်းများကို လိုက်လံနှုတ်ဆက်ကြသည်။ ဆက်လက်၍ တိုက်ကွမ်ဒိုအဖွဲ့၊ မြန်မာ့သိုင်းအဖွဲ့နှင့် Fitness Dance အကအဖွဲ့တို့က သရုပ်ပြဖျော်ခဲ့ကြပြီး အမျိုးသားဘောလုံးပြိုင်ပွဲတွင် ပေါင်လင်းဘောလုံးအသင်းနှင့် မြို့ဦး(ကောင်ထို) ဘောလုံးအသင်းတို့ယှဉ်ပြိုင်နေမှုအားကြည့်ရှုအား ပေးခဲ့ကြသည်။ အဆိုပါ အမျိုးသားဘောလုံးပြိုင်ပွဲ ပြိုင်ပွဲဝင် အသင်းပေါင်း(၅၃)သင်းဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြပြီး ဩဂုတ်လ(၉)ရက်နေ့မှ စက်တင်ဘာလ(၁၄)ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ် ကြောင်းသိရ သည်။