၂၀၂၄ ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား အသက် (၂၅)နှစ်အောက် အမျိုးသား /အမျိုးသမီး ကြက်တောင်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ
၂၀၂၄ ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား အသက်(၂၅)နှစ်အောက် အမျိုးသား /အမျိုးသမီး ကြက်တောင်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ တောင်ကြီးမြို့၊ အောက်တိုဘာလ(၁)ရက်။ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုနှင့်အတူ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၄ ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသများနှင့်ခရိုင်များအလိုက် အသက်(၂၀)နှစ်အောက် အမျိုးသားဘော်လီဘောပြိုင်ပွဲနှင့် မြို့နယ်အလိုက် အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ကြက်တောင်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားအား ယနေ့ညနေ (၁၅:၀၀)နာရီအချိန်တွင် တောင်ကြီးမြို့၊ ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၌ ဖွင့်ပွဲအခမ်းအနားကို ကျင်းပခဲ့ရာ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင် နှင့်ဇနီး ၊ ရှမ်းပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးသန်းဦးလွင်၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးစိန်ဝင်း ၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးရာဝန်ကြီး ဦးနေဝင်းအောင် ၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးစိုင်းလိတ်၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း၊ […]
၂၀၂၄ ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်အလိုက် အခြေခံပညာပေါင်းစုံအမျိုးသား / အမျိုးသမီး ခရစ်ကက်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ
၂၀၂၄ ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်အလိုက် အခြေခံပညာပေါင်းစုံအမျိုးသား / အမျိုးသမီး ခရစ်ကက်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုများနှင့်အတူ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ခရစ်ကက်အားကစားနည်းအဆင့်အတန်း တိုးတက်မြင့်မားလာစေရန်နှင့် မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ၂၀၂၄ ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်အလိုက် အခြေခံပညာပေါင်းစုံ အမျိုးသား / အမျိုးသမီး ခရစ်ကက်ပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်များကို ၃၀.၉.၂၀၂၄ ရက်နေ့ ညနေ(၁၅:၀၀)နာရီအချိန်မှစတင်ကာ ပြည်နယ်အားကစားကွင်း၌ ကျင်းပခဲ့ပြီး ညနေ(၁၆:၀၀)နာရီအချိန်တွင် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဆက်လက်ကျင်းပခဲ့ရာ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင် ၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်း ၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင် ၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးစိုင်းလိတ်၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင် ၊ […]
ထားဝယ်မြို့တွင် လူငယ်များဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လူငယ်စကားဝိုင်းကျင်းပ
ထားဝယ်မြို့တွင် လူငယ်များဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လူငယ်စကားဝိုင်းကျင်းပ ထားဝယ် စက်တင်ဘာ ၂၄။ နိုင်ငံ၏ဖွံဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့်အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး၊ ဗလငါးတန်နှင့်ပြည့်စုံသောလူငယ်များဖြစ်စေရန်အတွက် ထားဝယ်မြို့နယ်လူငယ်ရေးရာကော်မတီ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီက ထားဝယ်မြို့၊ အမှတ်(၇) အခြေခံပညာထက်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့သည်။ ဆွေးနွေးပွဲတွင် ထားဝယ်မြို့နယ် လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ၊ (ကိုယ်စား)ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစောအောင်မွန်က လူငယ်များအနေဖြင့်အနာဂတ်တွင် အောင်မြင်သောလူငယ်များ ဖြစ်စေရေးအတွက် ယခုချိန်ကတည်းက တန်ဖိုးရှိသောစာပေနှင့် အသိပညာဗဟုသုတများဆည်းပူး လေ့လာရန်လိုအပ်ကြောင်း၊ စာပေများကိုဖတ်ရှုလေ့လာပြီး ရရှိသောအသိပညာဗဟုသုတများကို မိမိ၏မိတ်ဆွေသူငယ်ချင်းများထံ ပြန်လည်မျှဝေပေးရန်လိုအပ်ကြောင်း၊ ကျောင်းသား၊ကျောင်းသူ အချင်းချင်း၊ လူငယ်များအချင်းချင်း ညှိနှိုင်းဆွေးနွေးပြီးအမြင်ချင်းဖလှယ်ရန် လိုအပ်ကြောင်း၊ စာသင်ကျောင်းများတွင် သင်ကြားပေးသော ကျောင်းစာများအပြင် ပြင်ပကလာရောက်ဟောပြော ပို့ချပေးသော အသိပညာဗဟုသုတများကို စိတ်ပါဝင်စားစွာ လိုက်နာမှတ်သားရန်လိုအပ်ကြောင်း ပြောကြားသည်။ ထို့နောက် ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်မိုးမိုးခိုင်က […]
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား (၆)ခရိုင်၊ အသက် (၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ခရစ်ကတ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား (၆)ခရိုင်၊ အသက် (၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ခရစ်ကတ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ ပဲခူး စက်တင်ဘာ ၂၄။ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် ၂၀၂၄ ခုနှစ်၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဖလား (၆) ခရိုင်၊ အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီးခရစ်ကတ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့၊ ညနေပိုင်းက ပဲခူးမြို့ ဟံသာဝတီယူနိုက်တက်ဘောလုံးကွင်း၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက “နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး၊ ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်လာစေရေန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေး” ဆိုသည့်အတိုင်း လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကို ဘက်ပေါင်းစုံမှ အလေးထားမြှင့်တင်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ခရစ်ကတ်အားကစားနည်းသည် အိန္ဒိယနိုင်ငံ၏ အားကစားနည်းတစ်ခုဖြစ်ပြီး အာရှအဆင့်နှင့် အရှေ့တောင်အာရှအဆင့်မှာ ပြိုင်ပွဲများကျင်းပ ယှဉ်ပြိုင်ကစားနေသည့် အားကစားဖြစ်ကာ ဒေသတွင်းနိုင်ငံများအနေဖြင့် အနိုင်ရရှိနိုင်ရေး ကြိုးပမ်းလေ့ကျင့်နေသည့် အားကစားနည်းတစ်ရပ်ဖြစ်ကြောင်း၊ မြန်မာ့ခရစ်ကတ်အားကစားကျယ်ပြန့်စွာတိုးတက်မြင့်မားရေးကို အထောက်အကူပြုစေရေးအတွက် ခရိုင်အလိုက်ခရစ်ကတ်အားကစားသမားများ ပေါ်ထွက်လာရေးကိုရည်ရွယ်၍ မြန်မာနိုင်ငံခရစ်ကတ်အဖွဲ့ချုပ်နှင့် ပူးပေါင်းပြီး အဖွဲ့ချုပ်နည်းပြဆရာများဖြင့် ခရိုင်မြို့များဖြစ်သော ပဲခူး၊ တောင်ငူ၊ ညောင်လေးပင်၊ သာယာဝတီ၊ ပြည်၊ နတ်တလင်းမြို့တို့တွင် ခရစ်ကတ်သင်တန်းများကို တစ်ပြိုင်တည်း ဖွင့်လှစ်ပေးခဲ့ကြောင်း၊ ဒီသင်တန်းများက အရည်အချင်းပြည့်ဝတဲ့သူများကို ရွေးချယ်ပြီး ခရိုင်အသင်းများဖွဲ့စည်းကာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား(၆)ခရိုင်၊ အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ခရစ်ကက်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်ကြောင်း၊ ယခုယှဉ်ပြိုင်ပွဲကနေ စနစ်တကျရွေးချယ်ပြီး ပေါ်ထွက်လာမည့် တိုင်းဒေသကြီးလက်ရွေးစင် ပဏာမအားကစားသမားများကို သတ်မှတ်ရက်များအတိုင်း နည်းစနစ်မှန်မှန် ပြင်းပြင်းထန်ထန် စခန်းသွင်းလေ့ကျင့်ပြီး ပဉ်စအကွိမျအမြိုးသား အားကစားပွဲတော်မှာ အောင်မြင်မှုရရှိအောင်ကြိုးစားသွားကြဖို့ တိုက်တွန်းမှာကြားလိုကြောင်း အဖွင့်မိန့်ခွန်းပြောကြားပြီး ပြိုင်ပွဲအား ဖွင့်လှစ်ပေးခဲ့သည်။ ထို့နောက် ပြိုင်ပွဲဝင်အားကစားအသင်းများမှ အားကစားသစ္စာအဓိဌာန်(၄)ချက်ရွတ်ဆိုကာ အားကစားကွင်းအတွင်းမှ ပြန်လည်ထွက်ခွာသွားကြပြီး မြန်မာနိုင်ငံခရစ်ကတ်အဖွဲ့ချုပ်၊ ဒုတိယဥက္ကဋ္ဌဦးကျော်ကျော်က ငွေကျပ်သိန်း(၃၀၀)တန်ဖိုးရှိ ခရစ်ကတ်အားကစား အထောက်အကူပြုပစ္စည်းများအား ထောက်ပံ့ပေးအပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်မှ လက်ခံရယူခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဖျော်ဖြေတင်ဆက်ခဲ့ကြသည့် ဘင်ခရာအဖွဲ့နှင့် ပန်းပွားအဖွဲ့တို့အား ဂုဏ်ပြုငွေများ ပေးအပ်ခဲ့သည်။ အဆိုပါ ၂၀၂၄ ခုနှစ်၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဖလား(၆)ခရိုင်၊ အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ခရစ်ကတ်ပြိုင်ပွဲကို စက်တင်ဘာလ(၂၃) ရက်နေ့မှ(၂၇)ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်ပြီး တိုင်းဒေသကြီးအတွင်းရှိ ခရိုင်(၆)ခရိုင်မှ ခရိုင်ကိုယ်စားပြု အမျိုးသားအသင်း(၆)သင်း၊ အမျိုးသမီးအသင်း(၆)သင်း၊ စုစုပေါင်း(၁၂)သင်းပါဝင်ကာ အုပ်စုပတ်လည်ယှဉ်ပြိုင် ကစားသွားကြမှာဖြစ်ကြောင်း သတင်းရရှိသည်။
ရပ်စောက်မြို့နယ်တွင် လူငယ်ရေးရာအသိပညာဟောပြောပွဲ ကျင်းပ
ရပ်စောက်မြို့နယ်တွင် လူငယ်ရေးရာအသိပညာဟောပြောပွဲ ကျင်းပ ရပ်စောက်၊ စက်တင်ဘာ ၂၄။ ရပ်စောက်မြို့နယ်တွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာအသိပညာဟောပြောပွဲကို ယနေ့ နံနက် (၁၀) နာရီက အမှတ်(၃)အခြေခံပညာအလယ်တန်းကျောင်း၊ ရပ်စောက်ခန်းမတွင် ကျင်းပခဲ့ပါသည်။ အခမ်းအနားတွင် အမှတ်(၃)အခြေခံပညာအလယ်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်တင်တင်လှိုင်မှ အဖွင့်အမှာစကားပြောကြားခြင်း၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန အားကစားမှူး ဦးမြတ်သူ က လူငယ်နှင့်အားကစားဖွံ့ဖြိုးရေး၊ အားကစားစနစ်တကျဆောင်ရွက်ခြင်းဖြင့် ကျန်းမာကြံ့ခိုင်မှုနှင့်ဉာဏ်ရည်ဖွံ့ဖြိုးရေးဆိုင်ရာများကို ပြောကြားခြင်းနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိမှ စာဖတ်ပါခေါင်းစဥ်ဖြင့်လည်းကောင်း ဟောပြောဆွေးနွေးခဲ့ပါသည်။ ထို့နောက် မြို့နယ်အားကစားမှူးက ကျောင်းသားကျောင်းသူများအတွက် အားကစားပစ္စည်းများပေးအပ်လှူဒါန်းခြင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိတို့မှ စာအုပ်/စာစောင်များ လှူဒါန်းရာ ကျောင်းအုပ်ဆရာမကြီးက လက်ခံရယူခဲ့ပါသည်။ ဆက်လက်၍ အမေးအဖြေကဏ္ဍများ ပြုလုပ်ကျင်းပရာ အဖြေမှန်သူများကို မြို့နယ်အားကစားမှူးနှင့် မြို့နယ် ပြန်/ဆက် […]
ဘိလိယက်နှင့်စနူကာ နည်းပြ/ဒိုင်လူကြီးများ မြန်မာ့အားကစားလှုပ်ရှားမှုများပြခန်းသို့ လာရောက်ကြည့်ရှုလေ့လာ
ဘိလိယက်နှင့်စနူကာ နည်းပြ/ဒိုင်လူကြီးများ မြန်မာ့အားကစားလှုပ်ရှားမှုများပြခန်းသို့ လာရောက်ကြည့်ရှုလေ့လာ နေပြည်တော်၊ စက်တင်ဘာ ၂၃ ။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဘိလိယက်အဖွဲ့ချုပ်တို့ ပူးပေါင်း ဖွင့်လှစ်သည့် နည်းပြ/ဒိုင်လူကြီးများ WORKSHOP သင်တန်းမှ နည်းပြ/ဒိုင်လူကြီးများသည် ဝဏ္ဏသိဒ္ဓိအားကစားကွင်း Social Zone ရှိ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ဖွင့်လှစ် ထားသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက် မြန်မာ့အားကစားလှုပ်ရှားမှုများပြခန်း၊ မြန်မာ့အားကစားမော်ကွန်းခန်းမအတွင်းရှိ မှတ်တမ်းတင်ထားရှိသော နိုင်ငံ့ဂုဏ်ဆောင် မြန်မာ့လက်ရွေးစင်အားကစားသမားများ၏ ပုံတူရုပ်တုများပြခန်း၊ (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် နိုင်ငံ့ဂုဏ်ဆောင် ရွှေတံဆိပ်ရရှိခဲ့ကြသူများနှင့် အားကစားနည်းအလိုက် ပြိုင်ပွဲမှတ်တမ်းဓာတ်ပုံများပြခန်းနှင့် အားကစားပြတိုက် (စိတ်ဓာတ်မြှင့်တင်ရေးခန်းမ)တို့ကို လာရောက်ကြည့်ရှုလေ့လာခဲ့ပြီး သိရှိလိုသည်များကို မေးမြန်းကြရာ ပြခန်းတာဝန်ရှိသူများ က လိုက်လံရှင်းလင်းဖြေကြားခဲ့ကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား (၆)ခရိုင် အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီးကြက်တောင်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား (၆)ခရိုင် အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီးကြက်တောင်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ ပဲခူး၊ စက်တင်ဘာ(၁၈)ရက်။ ထူးချွန်ထက်မြက်သည့်လူငယ်သွေးသစ် ကြက်တောင်အားကစားသမားများ ပေါ်ထွက်လာစေရေးအတွက်ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် ၂၀၂၄ ခုနှစ်၊ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား (၆)ခရိုင် အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီးကြက်တောင်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ခြင်းအခမ်းအနားကို စက်တင်ဘာလ(၁၈)ရက်နေ့ နံနက်ပိုင်းက ပဲခူးမြို့၊ ရွှေမော်ဓောဘုရားလမ်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ပေးခဲ့သည်။ ရှေးဦးစွာ အမျိုးသမီးတစ်ဦးချင်းဗိုလ်လုပွဲအဖြစ် ပဲခူးခရိုင်အသင်းမှ မလင်းသီရိဟန်နှင့် သာယာဝတီခရိုင်အသင်းမှ မလဝန်းမိုမိုတို့၏ယှဉ်ပြိုင်ကစားနေမှု၊ အမျိုးသားတစ်ဦးချင်းဗိုလ်လုပွဲအဖြစ် နတ်တလင်းခရိုင်အသင်းမှ မောင်ကောင်းခန့်ကိုနှင့် သာယာဝတီခရိုင်အသင်းမှ မောင်အောင်ကောင်းမြတ်တို့၏ ယှဉ်ပြိုင်ကစားနေမှုအား ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ အစိုးရအဖွဲ့ဝန်ကြီးများနှင့် ဌာနဆိုင်ရာများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများ၊ အားကစားဝါသနာရှင်များက ကြည့်ရှု့အားခဲ့ပေးခဲ့ကြသည်။ ထို့နောက် ဆုချီးမြှင့်ခြင်းအခမ်းအနားဆက်လက်ကျင်းပပြုလုပ်ရာ အမျိုးသမီးကြက်တောင်ပြိုင်ပွဲတွင် ပူးတွဲတတိယဆုရရှိသော ပဲခူးခရိုင်အသင်းမှမကြယ်စင်လင်းအား ဆုတံဆိပ်နှင့်ငွေသားဆုကျပ်(၁)သိန်းကို ဥပဒေချုပ်ဦးခင်မောင်တင့်မှလည်းကောင်း၊ […]
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း အသက်(၂၃) နှစ်အောက် အမျိုးသားဖိတ်ခေါ်ဘတ်စကက်ဘောပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားတက်ရောက်
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း အသက်(၂၃) နှစ်အောက် အမျိုးသားဖိတ်ခေါ်ဘတ်စကက်ဘောပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားတက်ရောက် မော်လမြိုင်၊ စက်တင်ဘာ ၁၈။ ၂၀၂၄ ခုနှစ် မွန်ပြည်နယ်အစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် မွန်ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပြည်နယ်ဘတ်စကက်ဘောဆပ်ကော်မတီတို့ပူးပေါင်းကျင်းပသည့် အသက်(၂၃)နှစ်အောက် အမျိုးသားဖိတ်ခေါ်ဘတ်စကက်ဘောပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ ပြည်နယ်အားကစားခန်းမ၌ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ခဲ့ကြသည်။ ရှေးဦးစွာ ဘတ်စကက်ဘောပြိုင်ပွဲ ဗိုလ်လုပွဲစဉ်အဖြစ် မော်လမြိုင်မြို့နယ် ဘတ်စကက်ဘောအသင်းနှင့် မုဒုံမြို့နယ် ဘတ်စကက်ဘောအသင်းတို့ ယှဉ်ပြိုင်နေမှုကို ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြသည်။ ထို့နောက် ဆုပေးပွဲအခမ်းအနားကိုကျင်းပရာ ဆုရရှိသော ပြိုင်ပွဲဝင်အားကစားသမားများမှ သတ်မှတ်နေရာများတွင်နေရာယူပြီး မွန်ပြည်နယ်ဘတ်စကက်ဘောဆပ်ကော်မတီက ပြိုင်ပွဲဝင်အသင်းများအား ထောက်ပံ့ချီးမြှင့်ငွေကျပ်သိန်း (၂၀) ပေးအပ်ခဲ့ရာ တာဝန်ရှိသူက လက်ခံရယူခဲ့သည်။ ဆက်လက်၍ ပြိုင်ပွဲများတွင် ဒုတိယဆုနှင့်တတိယဆုရရှိသော ပြိုင်ပွဲဝင်ဘတ်စကက်ဘောအသင်းများအား ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်လူမှုရေးရာဝန်ကြီးတို့က ငွေသားဆုများလည်းကောင်း၊ […]
၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်အကြို ရန်ကုန်တိုင်းဒေသကြီး အားကစားပွဲတော်ဖွင့်ပွဲအခမ်းအနားကျင်းပ
၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်အကြို ရန်ကုန်တိုင်းဒေသကြီး အားကစားပွဲတော်ဖွင့်ပွဲအခမ်းအနားကျင်းပ ရန်ကုန်၊ စက်တင်ဘာ ၁၈ ရက်။ ၂၀၂၄ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီး အားကစားပွဲတော်ဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်၊ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁) သု၀ဏ္ဏ၌ ကျင်းပခဲ့သည်။ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီနာယက၊ တိုင်းဒေသကြီး၀န်ကြီးချုပ် ဦးစိုးသိန်း၊တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်ဇနီးများ၊ တိုင်းဒေသကြီးအားကစားနှင့်ကာယပညာကော်မတီမှ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ အားကစားဆပ်ကော်မတီများမှ အဖွဲ့ဝင်များ၊ အဖွဲ့ချုပ်များမှဥက္ကဋ္ဌများနှင့်အထူးဖိတ်ကြားထားသော ဧည့်သည်တော်များ၊ အုပ်ချုပ်သူ၊ နည်းပြများနှင့် အားကစားသမားများတက်ရောက်ကြသည်။ ဦးစွာ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီနာယက၊ တိုင်းဒေသကြီး၀န်ကြီးချုပ် ဦးစိုးသိန်းကအဖွင့်အမှာစကားပြောကြားပြီး ပြိုင်ပွဲ၀င်အသင်းများကို တိုင်းဒေသကြီး၀န်ကြီးချုပ်နှင့် တိုင်းဒေသကြီး၀န်ကြီးများက ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ကြသည်။ ထို့နောက် တိုင်းဒေသကြီး၀န်ကြီးချုပ်နှင့် တိုင်းဒေသကြီးဝန်ကြီးများက မြန်မာ့သိုင်း၊ တိုက်ကွမ်ဒို၊ Fitness Dance၊ ကျွမ်းဘားအားကစားသမားများသရုပ်ပြမှုများကို ကြည့်ရှု့အားပေးကြပြီး ဂုဏ်ပြုဆုငွေများအသီးသီး […]
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား(၆)ခရိုင် အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီးကြက်တောင်ရိုက်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား(၆)ခရိုင် အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီးကြက်တောင်ရိုက်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ ပဲခူး၊ စက်တင်ဘာ ၁၇။ ထူးချွန်ထက်မြက်သည့် လူငယ်သွေးသစ်ကြက်တောင်အားကစားသမားများ ပေါ်ထွက်လာစေရေးအတွက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် ၂၀၂၄ ခုနှစ်၊ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား(၆)ခရိုင် အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီးကြက်တောင်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ပဲခူးမြို့၊ ရွှေမော်ဓောဘုရားလမ်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးတင်ဆွေက ယနေ့ဖွင့်လှစ်လိုက်သည့် (၆)ခရိုင်အသက်(၂၅)နှစ်အောက် အမျိုးသား၊ အမျိုးသမီးကြက်တောင်ပြိုင်ပွဲကို ကျင်းပပြုလုပ်ခြင်းဖြင့် မိမိတို့ တိုင်းဒေသကြီး၏ ကြက်တောင်အားကစားအဆင့်အတန်းတိုးတက်မြင့်မားရေးကို များစွာအထောက်အကူပြုမယ်လို့ အခိုင်အမာယုံကြည်ပါကြောင်း၊ အားကစားသမားများအနေဖြင့် မိမိကိုယ်စားပြုခရိုင်ရဲ့ဂုဏ်ကို ဖော်ဆောင်နိုင်စေရန်နှင့် ပြိုင်ပွဲကရရှိသည့် အားနည်းချက်၊ အားသာချက်များကို ပြုပြင်ပြီး ဒီဇင်ဘာလမှာ ကျင်းပပြုလုပ်မည့် ပဉ္စမအကြိမ်မြောက်အမျိုးသားအားကစားပွဲတော် အမျိုးသား/အမျိုးသမီးကြက်တောင်ပြိုင်ပွဲမှာ ပဲခူးတိုင်းဒေသကြီးအနေနဲ့ အောင်မြင်မှုများစွာရရှိအောင် ကြိုးစားလေ့ကျင့်ယှဉ်ပြိုင်သွားကြရန် အဖွင့်မိန့်ခွန်းပြောကြားပြီး ပြိုင်ပွဲအားဖွင့်လှစ်ပေးခဲ့သည်။ ထို့နောက် ပြိုင်ပွဲဝင်အားကစားအသင်းများမှ အားကစားသစ္စာအဓိဌာန်(၄)ချက်ရွတ်ဆိုကြပြီး ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဦးတင်ဆွေနှင့် အစိုးရအဖွဲ့ဝန်ကြီးများက ပြိုင်ပွဲဝင်အသင်းများမှ အားကစားသမားများအား လိုက်လံနှုတ်ဆက်ကြသည်။ ယင်းနောက် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းမှ ဘင်ခရာအဖွဲ့က သရုပ်ပြတီးမှုတ်ကပြဖျော်ဖြေကြရာ ပဲခူးတိုင်းဒေသကြီးလမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးတင်ဆွေက တီးမှုတ်ဖျော်ဖြေပေးသော ဘင်ခရာအဖွဲ့အား ဂုဏ်ပြုငွေပေးအပ်ချီးမြှင့်ခဲ့သည်။ ထို့နောက် အမျိုးသားတစ်ဦးချင်းပြိုင်ပွဲမှ နတ်တလင်းခရိုင်နှင့် တောင်ငူခရိုင်၊ အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲမှ ပဲခူးခရိုင်နှင့် ပြည်ခရိုင်အသင်းတို့ ယှဥ်ပြိုင်ကစားနေမှုအား ကြည့်ရှုအားပေးခဲ့ကြသည်။ […]