![]()
အာရှချန်ပီယံလိဂ် အမျိုးသမီးကလပ် ခြေစစ်ပွဲ၏ အုပ်စု ဒုတိယပွဲစဉ်တွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာသိပ္ပံကိုယ်စားပြု I.S.P.E FC အမျိုးသမီး ဘောလုံးအသင်းနှင့် ဂျပန်နိုင်ငံမှ TOKYO VERDY BELEZA အမျိုးသမီးဘောလုံးအသင်းတို့ အကြိတ်အနယ်ယှဉ်ပြိုင်
ရန်ကုန်၊နိုဝင်ဘာ ၁၂ ရက်
Asian Women’s Champions League (AWCL) 2025/2026 ပြိုင်ပွဲ၏ Group Stage ပြိုင်ပွဲ နောက်ဆုံးအဆင့် အုပ်စုပွဲစဥ်များကို ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့၊ ဝေဇယန္တာလမ်းရှိ လူငယ် အားကစားလေ့ကျင့်ရေးစခန်း သုဝဏ္ဏဘောလုံးကွင်း၌ ကျင်းပခဲ့ရာ ၂၀၂၅-၂၀၂၆ ရာသီအာရှ ချန်ပီယံလိဂ် အမျိုးသမီးကလပ် ခြေစစ်ပွဲ၏ အုပ်စုဒုတိယပွဲစဉ်အဖြစ် အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာသိပ္ပံကိုယ်စားပြု I.S.P.E FC အမျိုးသမီး ဘောလုံး အသင်းနှင့် ဂျပန်နိုင်ငံမှ TOKYO VERDY BELEZA အမျိုးသမီးဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ သည်။
ပထမပိုင်း(၄၅)မိနစ်တွင် နှစ်သင်းစလုံး ဂိုးရရှိရေးအတွက် အကြိတ်အနယ်ယှဉ်ပြိုင်ကစားခဲ့ကြ ရာ ပြိုင်ပွဲပြီးချိန်တွင် TOKYO VERDY BELEZA အမျိုးသမီးဘောလုံး အသင်းက (၁)ဂိုးသွင်းယူနိုင်ခဲ့ပြီး ဒုတိယပိုင်းအား ဆက်လက်ယှဉ်ပြိုင် ကစားခဲ့ရာတွင် I.S.P.E FC အမျိုးသမီးဘောလုံးအသင်းအနေဖြင့် ချေပဂိုးပြန်လည်ရရှိစေရေးအတွက် ထိုးဖောက်တိုက်စစ်ဆင် ကစားခဲ့သော်လည်း တစ်ဖက်အသင်း သည် အာရှအဆင့်၊ ကမ္ဘာ့အဆင့်မီ လက်ရွေးစင်ဘောလုံး ကစားသမားများဖြင့် စုဖွဲ့ထားသည့် အသင်း ကိုယှဉ်ပြိုင်ရသည့်အတွက် ဒုတိယပိုင်းတွင် နှစ်ဖက်စလုံးဂိုးသွင်းယူနိုင်ခဲ့ခြင်းမရှိခဲ့သော်လည်း ပြိုင်ပွဲပြီးဆုံးချိန်၌ TOKYO VERDY BELEZA အမျိုးသမီးဘောလုံး အသင်းက I.S.P.E FC အမျိုးသမီး ဘောလုံးအသင်းကို ( ၁ )ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။
၂၀၂၅ခုနှစ်၊ နိုဝင်ဘာ ၁၅ ရက်နေ့ ၊ မွန်းလွဲ ၃ နာရီတွင် ဂျပန်ကလပ် TOKYO VERDY BELEZA အသင်းနှင့် တောင်ကိုရီးယားကလပ် SUWON FC အသင်း၊ ည ၇ နာရီတွင် I.S.P.E FC အမျိုးသမီးဘောလုံးအသင်းနှင့် မြောက်ကိုရီးယားနိုင်ငံမှ နာဂိုရမ်အသင်း တို့ ဆက်လက်ယှဉ်ပြိုင် ကစားသွားမည်ဖြစ်ကြောင်း သိရသည်။


